Friday, January 22, 2010

အမေရိကန် အစိုးရ မိစ္ဆာ သန်းရွှေ နှင့် စကားပြောရန် စောင့်ဆိုင်းဖို့ ရာ စိတ်မရှည် နိုင်တော့ကြောင်း ထုပ်ဖော်ပြောဆို


အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကာတ်ကမ်ဘဲလ် ( Kurt Campbell )


ဇော်ဝင်း (နယူးရော့ခ်)

စစ်အုပ်စု ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ရေးလုပ်တာ မတွေ့ရသေးဘူး၊ အမေရိကန် နိုင်ငံအနေနဲ့ နအဖ အစိုးရကို စောင့်ဆိုင်းဖို့ စိတ်မရှည် နိုင်တော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကာတ်ကမ်ဘဲလ် ( Kurt Campbell ) က သတိပေးပြောကြားလိုက်ပါတယ်။

"ခွင့်လွတ်နိုင်စရာမရှိတဲ့ မှုခင်းကြီးကို ကျူးလွန်ခဲ့သူ တရုတ်ခေါင်းဆောင် မော်စီတုန်းကိုတောင် တွေ့ဆုံဆွေးနွေးရပါတယ်။ ဒီလို မကောင်းဆိုးဝါးကြီးကို အမေရိကန်သမ္မတ နစ်ဆင် (Nixon) က တွေ့ဆုံဆွေးနွေးတဲ့အတွက် တရုတ်ပြည်ကို တံခါးဖွင့်ပေးနိုင်တာ မဟုတ်ပါလား " လို့ နိုဘယ်လ်ဆု ယူစဉ်က သမ္မတ အိုဘားမား က သူ့ ရဲ့ ပျော့ပျောင်းတဲ့လမ်းစဉ် ၊ ငြိမ်းချမ်းရေး ရှေးရှူ တဲ့ လမ်းစဉ်ကို တင်ပြခဲ့ဖူးပါတယ်။

အရင် ရီပါပလစ်ကန်သမ္မတ မစ္စတာ ဂျော့ ဒဗလူ ဘုရ် အစိုးရက ၀ိုင်းပယ်ထားတဲ့ အီရန် နဲ့ ဗမာစစ်အစိုးရလို အစိုးရမျိုးကို မိတ်စ္ဆာဝင်ရိုးတမ်း နိုင်ငံများ အဖြစ် သတ်မှတ်ထားရာက ဒီမိုကရက်တစ် သမ္မတအိုဘားမား လဲ သမ္မတ ဖြစ်ရော ဗမာစစ်အစိုးရလို အစိုးရမျိုး ကို လူရာသွင်းပြီး ဆက်ဆံဆွေးနွေး မဲ့ မူ ချမှတ်ခဲ့ပါတယ်။ နအဖ ကလဲ အမေရိကန် က စီပွါးရေးပိတ်ဆို့မှုကို အမြန်ရုပ်သိမ်းစေချင်တော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အထက်လွှတ်တော်အမတ် Jim Webb တို့ ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ခွင့်ပြုခဲ့ ပြီး စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းသွားလေ နိုး နဲ့ နိုင်ငံရေး ကစား ခဲ့ တာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း မှာ တွေ့ရမှာဖြစ်ပါတယ် ။


သမ္မတ အိုဘားမား ရဲ့ ဆက်ဆံဆွေးနွေးရေးလမ်းစဉ် က ရက်စက်ကြမ်းကြုတ်တဲ့ ဗမာစစ်အုပ်စုနဲ့ ဆက်ဆံဆွေးနွေးတာဟာလည်း သဘောထားပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဖြစ်ပါတယ်။ အိုဘားမား သမ္မတ မဖြစ်ခင် လွန်ခဲ့တဲ့ (၁၆) နှစ်လောက်ကလည်း ကွန်ဂရက်လွှတ်တော်အမတ် Bill Richardson ဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ဖူးပါတယ်။ နောက်တော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ Alvaro de Soto, Razali Ismail နဲ့ Ibrahim Gambari စတဲ့ ပုဂ္ဂိုလ်တွေကလည်း တွေ့ဆုံဆွေးနွေးပြီး ဗမာစစ်ခေါင်းဆောင်တွေ စိတ်ပြောင်းအောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့မှာ အောင်မြင်မှုဆိုလို့ ပြစရာတခုမှ မရှိခဲ့ပါဘူး။

အမေရိကန် လက်ရှိ သမ္မတကြီး မစ္စတာ အိုဘားမား က သူသမ္မတကြီး ဖြစ်လာပြီး ပြီးချင်း မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီ အသစ်ချမှတ် ဖို့ (၇) လ အချိန်ယူ လေ့လာခဲ့ပါသည်။ သမ္မတကြီး မစ္စတာ အိုဘားမား က ပေါ်လစီသစ်ချမှတ် ပြီး အချက်အလက်စုဆောင်း လေ့လာရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ James Steinberg တို့ ကို မြန်မာနိုင်ငံ ကို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ US Deputy Assistant Secretary Scot Marciel ကလည်း သံတမန်နည်းလမ်းအရ ဦးဆောင်သူတဦးထဲပါဝင်ပါသည်။

သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေးအတိုင်းအတာတွင် တဆင့်ပြီးတဆင့် ပြုလုပ်ရမည့် အဆင့် (၅) ဆင့် ရှိပါသည်။

(၁) ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း ၊ အပြစ်တင်ခြင်း
(၂) ရွှေ့ဆိုင်းခြင်း ၊ ပယ်ဖျက်ခြင်း ၊ ခေါင်းဆောင်များ အလယ်အပတ် မသွားခြင်း ၊ မျက်နှာချင်းဆိုင် အစည်းအဝေးမထိုင်ခြင်း ၊ ပိတ်ဆို့တားဆီးခြင်း
(၃) သံတမန် ဆက်ဆံရေး အဆင့်အတန်း လျှော့ချခြင်း ( သံအမတ်ကြီးရာထူးအဆင့် အဆင့်အတန်းခန့်အပ်၍ မဆက်ဆံခြင်းမျိုး ဖြစ်ပါသည်)
(၄) သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်း
(၅) အစိုးရကို အသိအမှတ်မပြုခြင်း

အရင် ရီပါပလစ်ကန်သမ္မတ မစ္စတာ ဂျော့ ဒဗလူ ဘုရ် အစိုးရက ၀ိုင်းပယ်ထားတဲ့ အီရန် နဲ့ ဗမာစစ်အစိုးရလို အစိုးရမျိုးကို မိစ္ဆာ ဝင်ရိုးတမ်း နိုင်ငံများ အဖြစ် သတ်မှတ်ထား ပြီး မြန်မာနိုင်ငံ အပေါ်ထားရှိသော သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေး အတိုင်းအတာ အဆင့် (၃) ဆင့် ကို ရောက် ခဲ့ ပြီးခဲ့ပါပြီ။

( လူအခွင့်အရေး ချိုးဖောက်မှု အလုံးစုံမှ မကျဉ်းမကျယ် အတိုချုံး ရသော် ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးတွင် ရဟန်းပြည်သူ ကျောင်းသားလူငယ်များ သုံးထောင်ကျော်ကိုသတ်ဖြတ်ခြင်း၊ သူတို့စိတ်ကြိုက် သူတို့ လုပ်သည့် ၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်ကို လစ်လျှူရှူ့ ရုံမက အနိုင်ရသူ အစိုးရ အမတ်မင်း များ အစိုးရ မဖွဲ့ နိုင်အောင် ဖမ်းဆီးထောင်ချ ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ၂၀၀၀ ကျော် ဆက်လက် မတ္တရား ထိမ်းသိမ်းထားခြင်း၊ ဒီချုပ် ကို အာဏာလွှဲပေးရန် အချိန်ဆွဲငြင်းဆန်ခြင်း၊ အထက်မြန်မာပြည် ဒီပဲယင်း တွင် ဒေါ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်း မှသည် ၂၀၀၈ နာဂစ် စစ်ပဒေသရာဇ် အခြေခံဥပဒေအထိ မတ္တရားအနိုင်ကျင့်ရေးဆွဲခြင်း၊ ၂၁ နှစ်ကြာ ဒီမိုကရေစီပေးမည် ဆိုပြီး ဒီမိုကရေစီဘက်တော်သားများကို ဖိနှိပ် နှိပ်ကွပ်ခြင်း မှသည် ပြည်တွင်းစစ်မီးကြီး ကို တရားလက်လွတ် နှိမ်နင်းဖြေရှင်းခြင်း။ စ သည် ။။.)

အမေရိကန် အစိုးရ သစ် အနေဖြင့် အမေရိကန် နိုင်ငံ ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေး အတိုင်းအတာ အဆင့် (၃) ဆင့် ကို ရောက် ခဲ့ ပြီးခဲ့ပါ မှ မအောင်မြင်ဟုဆိုကာ အနီးကတ် ဆက်ဆံရေး နှင့် စီပွါးရေးပိတ်ဆို့မှု ဆက်လက်ထားရှိမည့် မူဖြင့် စောင့်ကြည့် နေခဲ့ပါသည်။ နအဖ နဲ့ သန်းရွှေ အဖို့ ပိုမိုဖိနှိပ်ချိန် ရသွားခဲ့ ပေမဲ့လည်း အမေရိကန် အစိုးရ သစ် ရဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖိအားပေးမှု မူ က သန်းရွှေ အဖို့ ၂၀၁၀ ရွေးကောက်ပွဲ အချိန်ဇယားတောင် မထုပ်ပြန် ရဲ ဖြစ်နေရပါပြီ။

ဒါကြောင့် အမေရိကန်အစိုးရ ဖြစ်စေချင်တာတွေကို စစ်အုပ်စု က မလုပ်နိုင်ဘူးဆိုရင် ဘယ်လို အရေးယူမလဲ ဆိုတာကို ဝါရှင်တန်ပို့စ်သတင်းစာကြီးက ရေးသားလာပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုမှု မအောင်မြင်ခဲ့ရင် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေမှာ ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝ ဓာတ်ငွေ့တွေ ရောင်းရတဲ့ငွေ အမြောက်အမြားကို အိုဘားမား အစိုးရက ထိန်းချုပ်ထားနိုင်ပါတယ် လို့ ရေးသားလာပါတယ်။ အခု အချိန်အထိတော့ အဲဒီလမ်းကို ရွေးချယ်ဖို့ အိုဘားမား အစိုးရက ဆိုင်းငံ့လျက် ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ဖို့၊ ရှောင်ရှားဖို့ ဘဏ်တွေကို ဖိအားပေးခြင်းဟာ အစွမ်းထက်တဲ့ စီးပွားရေး လက်နက်ကောင်း ဖြစ်နိုင်ပါတယ်။ ပုံစံအားဖြင့် မြောက်ကိုရီးယားကို အနုမြူလက်နက်တွေ ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက် ပျက်ပြားစွန့်လွှတ်ရေးအတွက် တွန်းအားပေးဖို့ ဒီ စီးပွားရေး လက်နက်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်က ဘဏ်တွေကို ဖိအားပေးဖို့ အိုဘားမား အစိုးရကို အာဏာ ပေးထားခဲ့ပါတယ်။ အချို့လူ့အခွင့်အရေး အုပ်စုတွေကလည်း သမ္မတ အိုဘားမား ဒီနည်းလမ်းကိုသုံးဖို့ လိုလားလျက်ရှိနေပါတယ်။ အနည်းဆုံးတော့ တိုက်ရိုက် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ဆိုတဲ့ အခြေအနေ မှာ၊ အိုဘားမား အစိုးရက စေ့စပ်ဆွေးနွေးမှု ပျက်ပြားခဲ့ရင် ပိုမိုပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီး မှာ ဆောင်းပါးနဲ့ သတိပေးခဲ့ပါတယ်။

၂ဝဝ၇ ခု ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ဖမ်းဆီးလိုက်ချိန်မှစပြီး အမေရိကန် ဘဏ္ဍာရေးအရာရှိတွေက စစ်စိုးရရဲ့ လူ ၄ဝ နဲ့ လုပ်ငန်း ၄၄ ခုကို ‘ပစ်မှတ်ပိတ်ဆို့မှု’ပြုလုပ်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းမှာ ငွေသွင်းငွေလွှဲ ပြုလုပ်ခြင်းမှ ပိတ်ပင်တားဆီးလိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့ ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေနဲ့ ဆက်သွယ်လုပ်ဆောင်မှုတွေကိုပါ အကျိုး သက်ရောက်မှု ရှိစေမယ့် အခြေအနေတွေ ပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေက ၂၀၀၈ ခုနှစ်မှာ ခွင့်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချမှု တိုးတက်အောင်မြင်နေပါတယ်။ရောင်းရငွေတွေကို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံလွှဲပြောင်းပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်လုပ်ကိုင်နေတဲ့ ဘဏ်တွေကို သူတို့၏ အမေရိကန်ဘဏ်လုပ်ငန်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်နိုင်ကြောင်း လုပ်ပိုင်ခွင့် အသစ်အရ အမေရိကန်က သတိပေးတားမြစ်နိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က ဒီ စီးပွားရေးလက်နက်ဖြင့် မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ်ကနေ အမေရိကန်က ထိရောက်စွာ ထုတ်ပစ်နိုင်ခဲ့ပြီး သမ္မတ ကင်းမ်ဂျွန်အီးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်မှုကြောင့် ကရက်ဒစ်ဆူဇီဘဏ်ဟာ ဒေါ်လာ ၅၃၆ သန်း ဒီလအတွင်းမှာ ဒဏ်ငွေဆောင်ရပါတယ်။ လစ်ဗျား၊ ဆူဒန်နဲ့ မြန်မာနိုင်ငံအတွက်လည်း ငွေလွှဲပြောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြောင်းလည်း အစွပ်စွဲခံခဲ့ရပါတယ်။ ဒီဘဏ်ကြီးရဲ့ အခုဖြစ်ရပ်ကို ကျန် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေကလည်း သင်္ခန်းစာယူကြမှာ မလွဲပါဘူး

အခုတော့ အမေရိကန် အစိုးရ သစ် ခမျာ မိစ္ဆာ သန်းရွှေ နှင့် စကားပြောရန် စောင့်ဆိုင်းဖို့ ရာ စိတ်မရှည် နိုင်တော့ကြောင်း ပွင့်အန်လာခဲ့ပါပြီ။

သန်းရွှေ နဲ့ စစ်အုပ်စု ဒေါ်အောင်စန်းစုကြည် နဲ့ မြန်မာ့အရေး မဆွေးနွေးရင်တော့ အပြည်ပြည်ဆိုင်ရာ ဘဏ်တွေမှာ ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝ ဓာတ်ငွေ့တွေ ရောင်းရတဲ့ငွေ အမြောက်အမြားကို အိုဘားမား အစိုးရက ထိန်းချုပ်ထား လိုက် တော့မှာဖြစ်ပါတယ်။ အဲ့ဒီအခါ စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ် နဲ့အဆက်ပြတ်သွား နိုင်ပြီး အိုဘားမားအစိုးရက လဲ ထိထိရောက်ရောက် အရေးယူမဲ့ နိုင်ငံရေး အခင်းအကျင်းကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပေသည်။။

ကိုးကား
ဗွီအိုအေ မဇ္ဈိမ ဝါရှင်တန်ပို့စ် သတင်း
အဝေးရောက်သံတမန်တဦး ဆောင်းပါး

ဇော်ဝင်း (နယူးရော့ခ်)
posted by komoethee

0 comments: