
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ဘက် ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက တနာရီ ကျော်ကြာမီး လောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၃ လုံးပြာကျသွားပြီး လူဦးရေ ၃၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်း မှုကြောင့် မီးကူးစက် လောင်ကျွမ်းမည်ကို စိုးရိမ်ရသော ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၁၀ လုံးထက် မနည်းလည်း ဖျက်ဆီး ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။
ဈေးသည်များ၊ ကျပန်း အလုပ်သမားများ အပါအ၀င် လက်လုပ် လက်စား ဆင်းရဲသား လူတန်းစားများစွာ နေထိုင်သော ငါးထပ်ကြီး ဘုရား အနောက်ဘက် ရပ်ကွက်၊ အင်ကြင်း လမ်းသွယ်တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း၊ လမ်းများ အလွန် ကျဉ်းမြောင်းပြီး အိမ်များ ကျပ်ညပ် နေသောကြောင့် မီးသတ် ကားများ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသဖြင့် ခက်ခက်ခဲခဲ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးမှ မီးသတ်ကား ၃၀ ခန့် လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် မီးငြိမ်းသတ် နေသည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။
မီးလောင်ကျွမ်းသည့် ရပ်ကွက်တွင် တနေကုန်မီးပျက်နေရာမှ ညနေ ၄ နာရီကျော်တွင် လျှပ်စစ်မီး ပြန်လာပြီး တနာရီအကြာ အင်ကြင်းလမ်းအတွင်းရှိ နှစ်ထပ်အိမ်တအိမ်မှ စတင်မီးလောင်ကျွမ်းပြီး ဘေးအိမ်များသို့ ကူးစက် သွားခြင်းဖြစ်ကြောင်း သိရှိရ သည်။
“ဖြစ်တာက မီးလာပြီးနောက်ပိုင်း တနာရီလောက်မှ ဖြစ်တာ၊ လျှပ်စစ်မီးဖိုမပိတ်ခဲ့လို့ မီးလာတဲ့ အချိန်မှာ မီးထလောင်တာထင် တယ်”ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် အနှေးယာဉ်လုပ်သား တဦးက ပြောသည်
အိမ်ခြေ ၅ လုံးကျော် မီးကူးစက်လောင်ကျွမ်းပြီးမှ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကားများ ရောက်ရှိ မီးငြိမ်းသတ်ခြင်း ဖြစ်ကြောင်း၊ မီးသတ်သို့ အကြောင်းကြားချိန်နောက်ကျခြင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများဝင်ရန် ခက်ခဲခြင်းတို့ကြောင့်
တနာရီကျော်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းခြင်း၏အဓိကမှာ အစိုးရက လျှပ်စစ်မီးပုံမှန်မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရပ်ကွက်နေသူများက ဝေဖန်နေကြ သည်။
“မီးက ပုံမှန်မရဘူး၊ တနေ့ ၆ နာရီပဲ ရတယ်၊ ပျက်ချင်တဲ့အချိန်ပျက်၊ လာချင်တဲ့အချိန်လာတော့ လူတွေလည်း မီးလာတာ၊ပျက် တာကို အလုပ်ကြီးတခုလို သတိထားရတယ်၊ အခု မီးလောင်သွားတာက သတိပေါ့ဆလို့၊ ဒါပေမယ့် မီးမှန်မှန်လာရင် ဒီလို အဖြစ် မျိုးဖြစ်မှာ မဟုတ်ဘူး”ဟု ဗဟန်းဒေသခံ တဦးက ပြောသည်။
အခြေခံပညာ အထက်တန်းစာမေးပွဲများ နီးကပ်ချိန် ရန်ကုန်မြို့တွင် လျှစ်စစ်မီး တနေ့ ၆ နာရီခွဲတမ်းဖြင့်သာ ရရှိနေ သောကြောင့် ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားလာနိုင်သေးကြောင်း ရန်ကုန်မြို့သူ မြို့သားများက ဆိုသည်။
“ကလေးတွေက မီးမလာတော့ ဖယောင်းတိုင်နဲ့ ညဥ့်နက်တဲ့အထိစာကျက်ရ၊ လူကြီးမိဘ တွေကလည်း မီးလာချိန် ချက်ရယ်၊ပြုတ်ရယ်၊ရေတင်တဲ့အလုပ်တွေလုပ်နေရတာဆိုတော့ တချက်လေးသတိလစ်သွားတာနဲ့ လျှပ်စစ်ကတဆင့် မီးလောင်တာတွေ ဖြစ်နေဦးမှာပဲ”ဟု ရန်ကုန်အိမ်ရှင်မ တဦးက ပြောသည်။
၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတ၀န်းမီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျှပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ်ရှိ ကြောင်း၊ လျှပ်စစ်မီးမှ စတင်သောမီးးလောင်မှု ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ပေါင်း ၁၀၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဖွဲ့၏တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
http://www.irrawaddy.org/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Rangoon: Extracted from Twentieth Century Impressions of Burma (3)
-
*RANGOON: PAGODAS.*
In a town like Rangoon, never the seat of the native Burmese Government,
and a capital established by the British, where at the presen...
1 day ago
poster1.jpg)
0 comments:
Post a Comment