Thursday, December 31, 2009

ကိစ္စမရှိဘူး

An award winning music video about an American who expresses his heart felt appreciation for the culture of Myanmar (Burma). All the video footage was taken in Myanmar and woven into the lyrics of this original song for the People of Myanmar (Burma).


Kay Sah Ma She Bu (It Doesn't Matter) @ Yahoo! Video

ပြည်သူချစ် အနုပညာရှင်နှင့် နာရေးကူညီမှုလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် ရုပ်ရှင်မင်းသားကြီး ကိုကျော်သူ၏ (၂၀၁၀) ခုနှစ် ဆုမွန်ကောင်း။



ကိုကျော်သူ၏နှစ်သစ်ဆုတောင်းကိုပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
Read More ...
Thank ...
Posted by မြတ်လေးငုံ

အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရရှိလာ



တိုကျို၊ ဒီဇင်ဘာ(၃၁)
သန့်မျိုးထွေး | ၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီနှင့်ရန်ကုန်တွင် တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းအခြေပြု ရိုက်ကူးနေသည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ဂျပန်နေ့စဉ်ထုတ် အဆာဟိသတင်းစာတွင် ဖော်ပြခဲ့ပြီးသည့်နောက်ပိုင်း ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရှိလာကြောင်း သိရှိရသည်။

ယခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ရိုက်ကူးနေသည့် ဒါရိုက်တာသစ်သား(ဋ္ဌေးသစ်)၏ ဒုတိယခြေလှမ်းဖြစ်သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ချီးဘခရိုင် အဲ့ဒိုဂါဝမြစ်အနီးတွင်ရိုက်ကူးနေပြီး ဇတ်လမ်းတွင်ပါဝင်သည့် ကျေးရွာသူကြီးနှင့်ရွာသားများ စကားပြောဆိုခန်းများ၊ ဘာကြောင့်ရိုက်ကူးရသည်ဆိုသည့် အချက်အလက်များကို ဒီဇင်ဘာ(၅)ရက်နေ့ထုတ် အဆာဟိသတင်းစာတွင် စာမျက်နှာဝက်ခန့် ရေးသားဖော်ပြထားသည်။

`ဒါရိုက်တာသစ်သား`ဟု မြန်မာပြည်အနုပညာအသိုင်းအ၀ိုင်းတွင် လူသိများသော ဦးဋ္ဌေးသစ်မှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏၀ါဒဖြန့်ဇတ်ကားများတွင် ပါဝင်ရန်ငြင်းဆန်မှုဖြင့် ထောက်လှမ်းရေး၏ စောင့်ကြည့်မှုကိုခံခဲ့ရသည်။

အနုပညာသမားတဦးအနေနှင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန်မသင့်တော်သောကြောင့် ၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍ ဂျပန်တွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတဦး ဖြစ်ကြောင်း ယင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်။

"ကျနော်တို့နိုင်ငံမှာတိုက်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ဘယ်လောက်အထိဆိုးရွားပြီး လူတွေကိုထိခိုက်ခဲ့တယ်၊ ဒါဆိုနအဖက လစ်လျူရှု မသိကျိုးကျွံပြုလုပ်ခဲ့တယ်။ ကိုယ်တိုင်လဲ အကူအညီထိရောက်စွာမပေးခဲ့ဘူး၊ နိုင်ငံခြားက လူသားချင်းစာနာပြီး ပံပိုးပေးလာတဲ့ အကူအညီတွေကိုလဲပိတ်ပင်ခဲ့တယ်၊ ဒါ့ကြောင့်ပြည်သူတွေပိုမိုဆိုးရွားစွာ ဒုက္ခတွေခံစားခဲ့ရတယ်။ နောက်ပြီး နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီပေးခဲ့သူတွေကို လည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်တယ်။ ဒါကို ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးတွေသာမကပဲ ဂျပန်အစိုးရနဲ့ ဂျပန်လူမျိုးတွေရောသိအောင် နောက်ပြီး တကမ္ဘာလုံးကပါသိအောင်လို့ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါစာတမ်းထိုးပြီး ပြသမှာဖြစ်တယ်"ဟု ဒါရိုက်တာသစ်သားက မိုးသောက်ကြယ်သို့ ရှင်းလင်းပြောပြသည်။

ပထမအကြိမ် ၂၀၀၇ ခုနှစ်အတွင်းက ရိုက်ကူးဖြန့်ချိခဲ့ပြီးဖြစ်သော `စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ`ဇာတ်ကားကဲ့သို့ ပရိသတ်လက်ခံနိုင်သော ဇတ်ကားမျိုးတခုဖြစ်ရန် ကြိုးစား၍ရိုက်ကူးနေကြောင်းနှင့် ယခုဇာတ်ကားတွင် ဂျပန်နိုင်ငံရှိ `မင်္ဂလာဒိုးအနုပညာအင်အားစု`အပါအ၀င် တိုင်းရင်းသားများကလည်း အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးခဲ့ကြသည်။

ယခင်က ဇတ်လမ်းနှင့်ရိုက်ကူးချိန်ကို ၄၅ မိနစ်ခန့်နှင့် ယခုနှစ် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ဖြန့်ချိပြသရန် ရည်ရွယ်ခဲ့သော်လည်း ဇတ်လမ်းတွင်စိတ်ပါဝင်စား၍ ပါဝင်သရုပ်ဆောင်လာသူများ ပြားလာခဲ့ခြင်းကြောင့် ပြန်သချိန် ၁ နာရီ မိနစ် ၃၀ အထိရှိလာပြီး သရုပ်ဆောင်ကလေးငယ်များ၏ ကျန်မားရေးအခြေအနေနှင့် ရာသီဥတုဆိုးရွားခြင်းကြောင့် ဇတ်သိမ်းပိုင်းရိုက်ကူးမှု နောက်ကျဖွယ် ရှိနိုင်သည်ဟုလည်း ဆက်လက်ပြောဆိုသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်တွင်နေထိုင်နေသည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာမင်္ဂလာပွဲ ကျင်းပချိန်တွင် မုန်တိုင်းတိုက်ခတ်သွားသည့်အတွက် သတိုးသားအပါအဝင်၊ မိဘဆွေးမျိုးမိတ်ဆွေများအားလုံးကို တပေါင်းတစည်းတည်းခေါ်ပြီး သတ်လိုက်မိသလိုခံ စားမိသွား၍ ရူးသွပ်သွားသည့်က ရင်မိန်းကလေးငယ်တဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်တို့နှင့် မုန်တိုင်းကျပြီးနောက် ကူညီရန်ရောက်ရှိလာသည့်အနုပညာရှင်များကို အာဏာပိုင်များမှ အဓိပ္ပါယ်မဲ့ဖမ်းဆီးထောင်ချလိုက်သည့် အဖြစ်အပျက်များနှင့် မုန်တိုင်းကြောင့် ကယ်သူမဲ့သေဆုံးသွားကြသည့် အလောင်များအား ကောက်ယူမီးသဂြိုလ်ပေးသူများကို စစ်အာဏာပိုင်များမှ ဥပဒေမဲ့စွာဖမ်းဆီးခဲ့ပုံတို့ကို တကမ္ဘာလုံးမှမမေ့မပျောက်ပဲ အမှတ်ရစေရန် သဘာဝကျကျရိုက်ကူး တင်ဆက်ကြိုးစားထားကြောင်းသိရသည်။

နောက်ကျမှုနှင်ပါတ်သတ်၍ ဒါရိုက်တာသစ်သားက "အကူဒါရိုက်တာအနေနဲ့ ကိုအောင်လင်းနိုင် (မြိတ်ကလာတဲ့ ငံပြာရည်၏မြေး)က ကူညီပြီး ရှေ့ကရိုက်ပြီးထားတာတွေ ကားကူးကားဆက်နဲ့ စာတမ်းထိုးတဲ့အပိုင်းကို ကြိုးစားပြီးလုပ်နေပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ နေစားရိတ်၊ စားစရိတ်ကလည်း ဈေးကြီးတော့ တဖက်ကလည်း ကိုယ့်စားဝတ်နေရေးအတွက် အလုပ်လုပ်ရသေးတယ်လေ။ အလွန်ဆုံး နာဂစ် ၂ နှစ်ပြည့် နှစ်ပါတ်လည်အချိန်လောက်မှာ အားလုံးအပြီးအစီးအချောသတ် ထုတ်ဝေဖြစ်မယ်လို့ ထင်ပါတယ်"ဟုလည်း ရှင်းပြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြည်တွင်းနှင့်ပြည်ပတွင် Documentary အနေနှင့်ရိုက်ကူး ထုတ်လုပ်မှုသာရှိပြီး ရသမြောက်စွာရိုက်ကူးသည့် အထိမ်းအမှတ် ဇာတ်လမ်းအနှေနှင့် ယခုဇာတ်ကားသည် ပထမဦးဆုံးဖြစ်လာမည်ဖြစ်သည်။
Posted by : ဖြိုးဝေ-mmp

၂၀၁၀ နှစ်သစ် ကို ပျော်ရွှင် ချမ်းမြေ့ မှုတွေ နဲ့ တို့မြန်မာ တွေ လျှောက်လှမ်း နိုင်ပါစေရှင်.။

မြန်မာပြည်သူပြည်သားအပေါင်းတို့လွတ်လပ်မှုရရှိကြမည့်

၂၀၁၀ ခုနှစ်သစ်ဆီသို့ "


[၂၀၁၀ နှစ်သစ် ကို ပျော်ရွှင် ချမ်းမြေ့ မှုတွေ နဲ့ တို့မြန်မာ


တွေပျော်ရွှင်ဘွယ်ရာနစ်သစ်ကိုလျှောက်လှမ်း


နိုင်ကြပါစေရှင်။]
Posted by မြတ်လေးငုံ

အဓမ္မဝါဒီများအတွက် ၂၀၁၀နှစ်သစ်ဆုတောင်း...။



အဓမ္မဝါဒီများအတွက် ၂၀၁၀နှစ်သစ်ဆုတောင်းကို ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

နှစ်သစ်ဆုတောင်း....


မြန်မာပြည်သူပြည်သားအပေါင်းအတွက် ငြိမ်းချမ်းသာယာဝပြောတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်......
Posted by ဒီမိုဝေယံ

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၇လ၊(၇၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားမှတ်တမ်း


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၇လ၊(၇၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၈၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
Posted by NLD(LA)JB

Monday, December 28, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၇လ၊ (၇၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား နှင့် လှုတ်ရှားမှုများ

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၇လ၊ (၇၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၁၂.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သောကြောင့် တိတ်ဆိတ်
ငြိမ်သက်စွာဖြင့် အသံတိတ်ဆန္ဒပြမည်။ ။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် ♥♥♥ ပထမ

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် ♥♥♥ ပဓာန

ချီတက်လမ်းလျှောက်ဆန္ဒပြကြမယ်..
နေ့ရက် ♥♥♥၂၀၁၀-၁-၁၁ ရက် (တနင်္လာ)

အချိန် ♥♥♥ နေ့လည် ၁း၃၀လူစု၍ ၂း၃၀ စတင်ချီတက်ကြမည်။

နေရာ ♥♥♥ EBISUပန်းခြံမှ SETAGAYA(MEIJI)ပန်းခြံအထိ


...............................................။ ။............................................



၂၀၁၀-၁-၁၂ ရက်မှစတင်၍ စစ်အခွန်ရုံးရှေ့(သံရုံး)တွင်နေ့စဉ်ဆန္ဒပြပွဲများ ပြန်လည်စတင်ပါမည်။
Posted by NLD(LA)JB

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ (၂၁)နှစ်ပြည့် အောက်မေ့ဘွယ် အမှတ်တရ.။







Posted by မြတ်လေးငုံ

၂၀၁၀ အကြိုယတြာချေပွဲ


နိုင်ငံတော်အကြီးအကဲ ချိုကုပ်ဒူးကြီး သန်းရွှေ မိမိလုပ်ထားသော မကောင်းမှု့များကို ဖာထေးရန်နှင့်အာဏာတည်မြဲရေးယတြာချေရန်ရည်ရွယ်ချက်တပွေ့တပိုက်ဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့က မွန်ပြည်နယ်ရှိ ဆုတောင်းပြည့် တန်ခိုးကြီးကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ကာ ရွှေတုသက်န်းများ ဆက်ကပ်ခဲ့သည်။

ချိုကုပ်ဒူးကြီး သန်းရွှေအနေဖြင့် မိမိကျူးလွန်ထားသော မကောင်းမှု့ပြစ်မှု့များကို ဤကဲ့သို့ ဆေးကြော၍ ရနိုင်မည်ဟု ထင်နေဟန်တူသည်။ ယခုအချိန်အခါတွင် ကမ္ဘာကြီးသည် ရွာကြီးသဖွယ်ဖြစ်နေသည့် အတွက် ပြည်တွင်းပြည်ပတို့၌ လိမ်ညာ၍ မရတော့ပေ။ အထူးသဖြင့် ချိုကုပ်ဒူးကြီးကျူးလွန်ထားသော အပြစ်များကပင် မှတ်တမ်းဖြစ်ကာ ချိုကုပ်ဒူးကြီးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသော၊ ရဟန်းတော်များကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်နေသော၊ နိုင်ငံကို စုပ်ပြတ်သတ်သွားအောင် ဖျက်ဆီးထားသော၊ တချိန်က အာရှပညာရေးမှာ ထိပ်တန်းက ရှိနေသော မြန်မာပြည်ကို အာရှပညာရေး၏အဆင့်အနိမ့်ဆုံးသို့ ရောက်သွားအောင်ဖျက်ဆီးပစ်သော၊ အာရှစပါးကျီဟု ခေါ်ဆိုနိုင်ခဲ့သော မြန်မာလယ်ယာမြေများကို အတင်းအကျပ်မတရားသိမ်းပိုက်ထားသော ချိုကုပ်ဒူးကြီး သန်းရွှေအနေဖြင့် စိန်ပုတီးကြီးလည်မှာဆွဲ တရားထိုင်တာပဲဟု ပြောနေရုံ၊ ဘုရားသွားပြ၊ သံဃာကို ကြည်ညိုသယောင် ရှိခိုးပြရုံ၊ ပြည်သူ့ငွေများကို မတရားသိမ်းပိုက်ပြီး ရွာသားအလှူ၊ သူကြီးကောင်းမူဟု စာတန်းထိုးပြရုံနဲ့ မိမိကျူးလွန်ထားသော ပြစ်မူများကား ကွယ်ပျောက်သွားမည်မဟုတ်ပေ။ မိမိပြုထားသော ကောင်းမူများက မိမိကို စောင့်ရှောက်သလို မိမိပြုထားသော မကောင်းများက မိမိကို ပြန်လည်၍ ဒုက္ခပေးမည် ဖြစ်သည်။ ရှောင်လွဲ၍ မရနိုင်ပါ။ အပြစ်အသေး အကြီးသာ ကွာခြားနိုင်ပါသည်။
တကယ့်ပြစ်မှု့ကြီးများကို ကျူးလွန်ထားသော ချိုကုပ်ဒူးကြီးအနေဖြင့် ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် ဆိုသလို ဆွေစဉ်မျိုးဆက်အပါအ၀င် သမိုင်းဆိုးနဲ့သေပွဲဝင်ရုံမှ တစ်ပါး အခြားမရှိနိုင်ပါ။ ထို့ကြောင့် သမိုင်းကောင်းကို အဖတ်ဆယ်လိုလျှင် နိုင်ငံနဲ့ပြည်သူ့ အကျိုးကို ကြည့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံရေးကိုသာ ဖေါ်ဆောင်သင့်ပေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည်သာ စစ်မှန်သော ယတြာချေခြင်းနှင့်ချိုကုပ်ဒူးကြီးသန်းရွှေအတွက် ထွက်ပေါက်ဖြစ်ပေသည်။
Posted by minyannaing

Sunday, December 27, 2009

ရင်ထဲက ပြည်သူ့ မေတ္တာ အမှန်ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်သာ.။



ပြည်သူလူထုကလေးစားချစ်ခင်မှုကိုဘာနဲ့ မှ မလုပ်ယူဘဲ ပြည်သူတွေကို မေတ္တာစေတနာ
အပြည့်နဲ့ ထာဝရပြည်သူ့ဘက်ကရပ်တည်မှုတွေကိုယနေ့ထိအပြည့်အဝပေးနေခဲ့တဲ့ပြည်သူတွေ
ချစ်မြတ်နိုးမှုကို ယနေ့ထိတိုင်း ခံယူလျက် ရှိတဲ့ ကျမတို့ ခေါင်းဆောင်အားအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီအောင်နိုင်ရေးလုပ်စဉ်ကပြည်သူတွေတိုင်းနှင့်ပြည်နယ်မြို့ရွာများတွင်တခဲနက်အားပေး
ရွက်ဆိုခဲ့သောခမောက်သျှင်ကဗျာလေးဖြစ်ပါသည်.။ပြည်သူတွေရွတ်စိုခဲ့သောကဗျာလေးအားပြန်
လည်ဖော်ပြလိုက်ပါတယ်ရှင်.။
ကျမတို့လူထုခေါင်းဆောင်အားမေတ္တာစေတနာအပြည့်အဝပေးခဲ့ကြသောပြည်သူတွေရဲ့မေတ္တာကို ဘယ်သူမှရနိုင်မည်မဟုတ်ပါ.။ယနေ့ထိလက်နက်အားကိုးနှင့်ပြည်သူတွေကိုအုပ်ချူပ်နေသော
စစ်အာဏာရှင်နအဖအနေနှင့်လည်းဘယ်တော့မှရနိုင်မည်မဟုတ်သလိုနအဖလက်ပါးစေများသည်
လည်းဘယ်တော့မှပြည်သူ့မေတ္တာကိုရနိုင်မည်မထင်ပါ.။မည်သို့ပင်နည်းမျိုးစုံသုံးပြီးပြည်သူများကို
စည်းရုံးနိုင်ပါစေ.။ရင်ထဲကတကယ်စစ်မှန်တဲ့ပြည်သူ့မေတ္တာဟာပြည်သူလူထုခေါင်းဆောင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်မှတပါးမည်သူမှ ရယူနိုင်မည်.မဟုတ်ပါ.။
ဤအောင်နိုင်ရေး မှတ်တမ်း သည် မြတ်လေးငုံ ၏မှတ်တမ်း သာဖြစ်ပါသည်.။
Posted by မြတ်လေးငုံ

မိဘကျေးဇူး အမှန်တကယ် သိတတ်ရိုသေတယ်ဆိုရင် မိဘစကား မိဘဖြစ်စေချင်တာကို လက်တွေ့ လေးစားလိုက်နာရပါတယ် အောင်ဆန်းဦး။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကိုမှ မထောက်မြန်မာနိုင်ငံ စစ်မိစ္ဆာတွေနဲ့ ပေါင်းပြီးတော့ ဘဝင်မြင့်အောက်ခြေလွတ်နေတဲ့ အောင်ဆန်းဦးကို မြန်မာပြည်သူတို့က နွားလောက်မှ အသိတရားမရှိတဲ့အတွက် မြန်မာနိုင်ငံထဲကို ပြည်သူအားလုံးက ဝင်ခွင့်ပေးစရာ မလိုဘူး။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး အောင်ဆန်ဦးဆိုတာလည်း ပြည်သူအားလုံးက အသိအမှတ်ပြု
စရာမလိုဘူး။ ဘာဖြစ်လို့ အသိအမှတ်ပြုစရာမလိုတာလည်းဆိုရင်ဘဝင်မြင့်အောက်ခြေလွတ်တာ
လည်းမပြောနဲ့ စစ်မိစ္ဆာခွေးတွေဟာ အောင်ဆန်းဦး မြန်မာနိုင်ငံကိုလာပြီး အကုသိုလ်လာလုပ်တဲ့
အချိန်မှာ အသိတရားမရှိတဲ့ အောင်ဆန်းဦးရဲ့နောက်မှာ စစ်မိစ္ဆာခွေးတွေနဲ့ တစ်နှစ်တစ်ခါ
ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်ပါတယ်။


အောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်၊ မြင့်မြတ်တဲ့နှလုံးသား၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားကို မလိုက်တော့ပဲနဲ့ စစ်မိစ္ဆာခွေးတွေရဲ့ အယူဝါဒလမ်းစဉ်ကို
လိုက်သွားတဲ့ အောင်ဆန်းဦးကို ပြည်သူအားလုံးက စစ်မှန်တဲ့ဒီမိုကရေစီကြီးကိုရရှိတဲ့အချိန်
်မှာလည်း အယူဝါဒလွဲမှားနေတဲ့ အောင်ဆန်းဦးကို လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
သားကြီး အောင်ဆန်းဦးလို့ မပြောကြပါနဲ့။

မြန်မာနိုင်ငံအတွက်၊ ပြည်သူအတွက်ကို ကိုယ်ကျိုးစွန့်လွှတ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်
အောင်ဆန်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ခေါ်အောင်ဆန်းစုကြည်တို့ဟာမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်၊ လူသားအားလုံးနဲ့ သတ္တ၀ါအားလုံးအတွက်ကို စွန့်ခြင်းကြီးငါးပါးကို စွန့်ပြတော်
မူခဲ့ပါတယ်။ စွန့်ခြင်းကြီးငါးပါးဟာ ဘယ်လိုလဲဆိုလို့ရှိရင် -

ပစ္စည်းဥစ္စာကို စွန့်တာကဓနပရိစ္စာဂ၊

သားသမီးကို စွန့်တာက ပုတ္တရိစ္စာဂ၊

မယားကို စွန့်တာကဘရိယပရိစ္စာဂ၊

ကိုယ်လက်အင်္ဂါကို စွန့်တာကအင်္ဂါပရိစ္စာဂ၊

ကိုယ့်အသက်ကို စွန့်လွှတ်တာက ဇီဝိတပရိစ္စာဂ - ကို မြတ်စွာဘုရားရှင်က စွန့်ခြင်းကြီးငါးပါးကို လူသားအားလုံးအတွက် နည်းပေးလမ်းပြအဖြစ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအင်္ဂါရပ်တွေနှင့်
ပြည့်စုံတဲ့ လူသားအားလုံးဟာ သေသွားခဲ့သော်လည်း ကမ္ဘာကြီးမပျောက်ကွယ်သရွေ့ထင်
ကျန်နေမှာ အမှန်ပါပဲ။

ရှေးရှေးက မင်းကောင်းမင်းမြတ်တွေကို ကြည့်မနေပဲနဲ့ မိမိတို့ မြန်မာနိုင်ငံသူ/သားတွေကို
ညှင်းပန်းနှိပ်စက်ခဲ့တဲ့ နေမ၀င်အင်ပါယာဆိုတဲ့ (ဗြိတိသျှ)အင်္ဂလိပ်တွေ၊ ဖက်ဆစ်ဂျပန်တွေကို
တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘောသုံးကျိပ်တို့သမိုင်းကို ကြည့်လိုက်ပါ။

အဲဒီသမိုင်းကို စစ်မိစ္ဆာခွေးတွေနှင့် အသိတရား မရှိတဲ့ အောင်ဆန်းဦးတို့ဟာ ကောင်းတဲ့သမိုင်း
နောက်ကို မလိုက်ပဲနဲ့ ခွေးကျင့်ခွေးကြံ ကြံတဲ့ စစ်မိစ္ဆာခွေးတွေနောက်ကို လိုက်သွားတဲ့ အောင်ဆန်းဦး
ဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် မော်ဒယ်မလေးနဲ့ လာပြီးတော့ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်သွားတာကတော့ အမှန်ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ ဒါနမျိုးစေ့ ဘယ်လောက်ပဲ မြှုပ်နေမြှုပ်နေ အောင်ဆန်းဦးရဲ့ ဒါနဟာ
နှမ်းစေလောက်ပဲ ဖြစ်ပါတယ်။ အောင်ဆန်းဦးဟာ ကိလေသာအမှောင်ဖုံးပြီး စစ်မိစ္ဆာတွေနဲ့
ပေါင်းပြီးတော့ ပတ္တမြားလို တောက်ပနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
နွံထဲမြှုပ်ဖို့ကို စစ်မိစ္ဆာခွေးတွေနဲ့ပေါင်းပြီး လုပ်ကြံနေတာကို တို့ပြည်သူ/သားတွေအားလုံးကရပ်
ကြည့်နေတော့မှာလား .... ?

ရပ်ကြည့်မနေကြပါနဲ့။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအားလုံး အဲဒီစစ်မိစ္ဆာခွေးတွေ ရှိနေသ၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်စားထားခဲ့တဲ့ ဆင်းတုတော်တွေကို ခေါင်းတွေဖြတ်၊ ဗိုက်တွေဖောက်
ပြီးတော့ ထာပနာပစ္စည်းတွေကို ထုခွဲရောင်းချပြီး ကိုယ်ကျိုးအတွက် သုံးနေတဲ့ စစ်မိစ္ဆာခွေးတွေကို ငရဲပြည်ပို့ကြရမယ်။

မြန်မာနိုင်ငံသူ/သားတွေ ကြည်ညိုလေးစားခဲ့ရတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုလည်း ဖျက်ဆီးတယ်၊ ရဟန်းသံဃာတွေကိုလည်း သတ်ခဲ့တယ်၊ ကျောင်းသားတွေကိုလည်း သတ်တယ်၊ ပြည်သူအား
လုံးကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့တယ်။

မြန်မာနိုင်ငံကိုလည်းကမ္ဘာ့အလယ်မှာနိမ့်ကျအောင်လုပ်ခဲ့တဲ့စစ်မိစ္ဆာခွေးတွေကိုအ၀ီစိငရဲမပို့
နိုင်ကြဘူးဆိုရင်တော့ မိမိတို့မြန်မာနိုင်ငံမှာ စစ်မိစ္ဆာခွေးတွေကြောင့် မိမိတို့ကြည်ညိုလေးစားရတဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို လေးစားလိုက်နာရမှန်း မသိရတဲ့ မြန်မာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်။

ယခုပစ္စုပ္ပန်မှာလည်း စစ်မိစ္ဆာခွေးတွေ လက်အောက်ရောက်နေတဲ့ စစ်အာဏာရူးလေးတွေဟာ
ဘုရားကို ဘုရားမှန်း မသိ၊ တရားကို တရားမှန်း မသိ၊ သံဃာကိုသံဃာမှန်း မသိ၊ ကျေးဇူးရှင်ကို
ကျေးဇူးရှင်မှန်း မသိတဲ့ စစ်မိစ္ဆာခွေးတွေကို တိုက်ပွဲဝင်ပြီး ငရဲပြည်ပို့လိုက်ကြပါလို့ ဆိုပြီးတော့ နိဂုံးချုပ်လိုက်ပါတယ်။

(ရွှေဝါရောင် နန္ဒာစရိယ)။

ပြန်လည် ဝေမျှ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

ကျမ တို့၏ လူထုခေါင်းဆောင် အပေါ်ယုတ်မာ ကောက်ကျစ် သော ဒေါ်လဲ့လဲ့နွယ်သိန်းအကြောင်း တစ်ပိုင်းတစ်စ။


ဒေါ်လဲ့လဲ့နွယ်သိန်းနှင့်ပတ်သက်ပြီး သိသလောက် ပြောပြပါရစေ ...

ဒေါ်လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ
မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း
ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။

သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး
ရောင်းပါတယ်။သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ
ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက်
ရှိခဲ့ပါတယ်။

သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်
ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။

ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ
တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။(၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသား
တွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ living together ၃-၄ နှစ်နေခဲ့ပါတယ်)။

ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။

ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က
သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။

ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီးနောက် အမျိုးသား (အဖြူ) တစ်ဦးနှင့် ထပ်အိမ်ထောင်ထပ်
ကျဘူးပြီး ကွဲသွားတယ်လို. သိရပါတယ် ( အတိအကျတော့ မသိပါ)။

နောက် တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး ဒေါ်လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် ဦးအောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာပါတော့တယ်။

တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) ဒေါ်လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်က
တော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏
မောင်နှမများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ ဦးအောင်ဆန်းဦးကတော့ တစ်ဦးတည်းသော
နှမဖြစ်သူ မုဆိုးမကို နေအိမ်မှာ မနေနိုင်အောင် ဒုက္ခပေးဘို. ပြင်ဆင်နေသည်မှာ ရင်နာစရာ
ကောင်းပါသည်။

ဦးအောင်ဆန်းဦးရော ဒေါ်လဲ့လဲ့နွယ်သိန်းပါ ယူအက်စ် နိုင်ငံသား ခံယူထားကြပြီး ဖြစ်ပါသည်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင်
မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင်
အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။
(ရေးသားဖေါ် ပြသူ - မောင်မောင်)။

ပြန်လည် ဝေမျှ ပေးပို့ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

ရာဇဝင်ရိုင်းတဲ့သား....

Aung San Oo
ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

ကလိမ်ကကျစ် ကကြိုးဆွဲနေတဲ့ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းနဲ့  မလွန်ဆန်ရဲဘဲ လိုရာကြိုးဆွဲကနေရတဲ့ အောင်ဆန်းဦး။


ကလိမ်ကကျစ်ကကြိုးဆွဲနေတဲ့မိန်းမယုတ်လဲ့လဲ့နွယ်သိန်းနဲ့မလွန်ဆန်ရဲဘဲလိုရာကြိုးဆွဲကနေရတဲ့
အောင်ဆန်းဦး။

ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေတဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်း
အကြောင်းပြောရရင်အောင်ဆန်းဦးတို့ရဲ့နေအိမ်ဟာအမေရိကန်နိုင်ငံဆန်ဒီဂို(SanDiego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့
အောင်ဆန်းဦးတိုဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်ပြီးအာဏာရူးနအဖတွေနဲ့ဆက်ဆံ
ရေးပြုလုပ်ကြပါတယ်။

အောင်ဆန်းဦးရဲ့မိန်းမလဲ့လဲ့နွယ်သိန်းဟာစာရေးဆရာမမေတ္တာဦးအမည်ခံခရီးသွားဆောင်းပါး
တွေရေးနေတဲ့သူဖြစ်ပါတယ်။အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့
ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖ
ကလည်းအောင်ဆန်းဦးလဲ့လဲ့နွယ်သိန်းတို့ကိုအဆောက်အဦးလုပ်ပိုင်ခွင့်တွေပေးပြီးနိုင်ငံရေးမှာ
အသုံးချတာ လုပ်နေပါတယ်။


အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့ မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင်
မဟုတ်ဘဲ၊နအဖအလိုကျတင်မဟုတ်ဘဲကိုယ်ကိုတိုင်ကပါမြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင်
အောင်ဆန်းဦးရဲ့ မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။

လဲ့လဲ့နွယ်သိန်းဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်စဉ်မှာအကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား”
လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံ
ရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လို
မျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာဗိုလ်ချူပ်အောင်ဆန်းသမီးဒေါ်အောင်ဆန်းစုကြည်အပေါ်မှာမနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာ
သော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦး
ဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်း
ဟာအောင်ဆန်းဦးအပေါ်အကြပ်ကိုင်အနိုင်ယူထားတဲ့အချက်တွေကိုခုတုံးလုပ်ပြီးအောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။

အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း
မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့ 
ပြောဆို ခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်
အနစ်နာခံ မှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်း
ဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးနဲ့  မရယူခင်မှာ ယောင်္ကျားရှိခဲ့ဖူးသူဖြစ်ပါတယ်။ လည်ပတ်
လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်
်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်း
ရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ်
လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါ
တော့တယ်။

အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်
တစ်ဦးရဲ့လိုရာကြိုးဆွဲကခံနေတာဟာအောင်ဆန်းဦးအနေနဲ့ရှက်ဖို့အလွန်ကောင်းပါတယ်။
အောင်ဆန်းဦးအနေနဲ့မည်သို့သောအကြပ်ကိုင်မှုအရဖြစ်စေအကြောင်းပြချက်အရဖြစ်စေ
ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့ 
ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့
သင့်တာပါ။

အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့ 
ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်
ခံနေပြီး အဖေဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူ
ကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။

အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး
မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။
ညီမရင်း ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့ 
အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။

ယခုကတော့အောင်ဆန်းဦးဟာမိန်းမယုတ်လဲ့လဲ့နွယ်သိန်းရဲ့မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိ
ကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်
မှုတွေကိုပြည်သူတွေကနေပေးမှာဖြစ်ပါတယ်။အောင်ဆန်းဦးအနေနဲ့အချိန်မီပြန်လည်အဖတ် ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်နှောင့်ယှတ်နေဦးမယ်၊ နအဖအာဏာရူး
တွေနဲ့ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့အောင်ဆန်းဦးဟာအမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်
နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့ 
သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများ
ကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို
အကိုဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှု
ပြုလုပ်နေတာဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို
အနှောင့် အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသား
သစ္စာဖောက်တွေ ဖြစ်နေပါပြီ။

ထို့အတူအမေရိကန်နိုင်ငံကနေဒေါ်အောင်ဆန်းစုကြည်ရဲ့မြန်မာပြည်လွတ်မြောက်ရေးကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသားခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်း
တို့ကဆန့်ကျင်နေတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံကနေစီးပွားရေးပိတ်ဆို့ထားတဲ့အာဏာရူးနအဖတွေနဲ့ပြောင်ပြောင်တင်းတင်းစီးပွားရေး ဆက်ဆံမှုတွေတိုက်ရိုက်သွားရောက်ပြုလုပ်နေပြီးရရှိနေတဲ့ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ဟာအမေရိကန်နိုင်ငံမှာပြန်လည်သုံးစွဲနေတာဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကိုအမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။


ဒီကိစ္စကိုအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့မျိုးချစ်မြန်မာများအနေနဲ့ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ရဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို
စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။

မြန်မာပြည်တွင်းမှာရှိကြတဲ့မြန်မာပြည်သူလူထုအနေနဲ့လည်းအောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကို ရှုတ်ချကန့်ကွက်မှုတွေ၊အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့လိုအမျိုးသားသစ္စာဖောက်တွေရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကိုတားဆီးဟန့်တားမှုတွေပြုလုပ်သင့်ပြီးမြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်
ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။

ဒီလိုစူးငြောင့်ခလုပ်ကန်သင်းတွေကိုမဖယ်ရှားဘဲလစ်လျူရှုထားမယ်ဆိုရင်အဆိုပါအမျိုးသား သစ္စာဖောက်များဟာတဖြည်းဖြည်းနဲ့ပိုမိုအတင့်ရဲလာပြီးပြည်သူလူထုရဲ့အကျိုးကိုနစ်နာထိ
ခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမကအာဏာရူးနအဖတွေကိုထောက်ပံ့ပေး
နေတဲ့နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များ
သဖွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံဖျက်ဆီးနေခြင်းဟာမြန်မာပြည်သူလူထုရဲ့ခေါင်းဆောင်ကို
လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။
ဒီအတွက်မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လူထုခေါင်းဆောင်ရဲ့ဘ၀လုံခြုံမှုကိုအကာအကွယ် ပေးစောင့်ရှောက်ကြရမှာဖြစ်သလိုအနှောင့်အယှက်ပြုသူတွေကိုဖယ်ရှားပစ်ရမှာအရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
သတင်းပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

Friday, December 25, 2009

ပြည်တွင်း သတင်းဂျာနယ်များ `မီးစိမ်းပြ´မှုခင်းသတင်းများသာ ထည့်ခွင့်ရ


မိုးမခ အထောက်တော်၊ ရန်ကုန် | ပြည်တွင်း သတင်းဂျာနယ်များတွင် ပြည်တွင်းမှုခင်းသတင်းများနှင့် ပတ်သက်လျင် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့်သတင်းများကို ရရှိပေမယ့် ရေးသားခွင့်မရှိဘဲ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပေးသည့် `မီးစိမ်းပြ´ သတင်းများကိုသာ ထည့်သွင်း​ဖေါ်ပြခွင့်ရပါတော့တယ်။

ရန်ကုန်မြို့မှာဖြစ်ပျက်တဲ့ မှုခင်းသတင်းများမှာ သတင်းထောက်တွေက အချက်အလက် အစုံအလင်ရရှိပေမယ့် လည်း ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်တဲ့ အမှုတွဲနံပါတ် (ပ နံပါတ်) ကိုမရရင် စာပေစိစစ်ရေးက ဖေါ်ပြခွင့် မပြုတဲ့နည်းကိုလည်းသုံးစွဲ နေတာလည်း ဖြစ်ပါတယ်။

ထိုသို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် စိတ်ကြိုက် ထုတ်ပြန်လိုသည့်သတင်း ကိုသာ ထုတ်ပြန်ပြီး ဂျာနယ်တိုင်းတွင် သူတို့ထုတ်ပြန်သည့် မူရင်းအတိုင်းနီးပါး ပြန်လည်ရေးသား ဖေါ်ပြကြရတာဖြစ်ပါတယ်။

သတင်းထောက်များက ထို့ထက်ပို စုံစမ်းမေးမြန်းပြီး ရေးသားခွင့်မရှိတာ ကိုလည်း တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီဇင်ဘာလ ဒုတိယပတ်တွင် `ရန်ကုန်တွင် လေးရက်အတွင်း အနှိပ်ခန်း ၃ခု ဖမ်းဆီး´ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြည်တွင်းထုတ်ဂျာနယ် တစောင်တွင် ဖေါ်ပြထားရာတွင် နိုဝင်ဘာ ၂၆ရက်မှ ၂၉ရက်အတွင်း မင်္ဂလာဒုံ အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် လှည်းကူးမြို့နယ်တို့ရှိ အနှိပ်ခန်း ၃ ခန်းကို တာဝန်ရှိသူများက ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ် လို့ဖေါ်ပြကြပါတယ်။ အခြားဂျာနယ်များမှာလည်း အလားတူ သတင်းအချက်အလက် အတိုင်းဖေါ်ပြ ခဲ့ကြပါတယ်။


လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်လယ်ဝန်းကျင်မှာ သင်္ဃန်းကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ လင်မယား နှစ်ယောက်အသတ်ခံရမှုကို ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်က သက်ဆိုင်ရာ စခန်းမှာ မေးမြန်းပြီးရေးသားရာက သတင်းထောက် စောမြင့်သန်း (ပေါက်တော) ကို ရန်ကုန်တိုင်းရဲက ခေါ်ယူကြိမ်းမောင်းခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်က လျင်မြန်စွာ အင်တာနက် သတင်းတွေပေါ်ရောက်ရှိခဲ့ပြီး နောက်မှာ သတင်းထောက်ကိုပါ ဆက်လက်ဖမ်းဆီးခံခဲ့ရတဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်နောက်ပိုင်း မှုခင်းသတင်းနဲ့ပတ်သက်လာရင် ရန်ကုန်တိုင်းရဲရုံးကသာ ထုတ်ပြန်ပေးမယ်။ ထုတ်ပြန်တဲ့သတင်းတွေကိုသာ ဖေါ်ပြခွင့်ရမယ်သဘောဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ ရဲတပ်ဖွဲ့ ရံပုံငွေအဖြစ် ထုတ်ဝေလျက်ရှိတဲ့ မှုခင်းဂျာနယ်တွေမှာ လင်မယားဖောက်ပြန်၍ လူသတ်မှု ဒါးထိုးမှု ဖြစ်သည့် သတင်းများ၊ မုဒိမ်းမှုခင်းသတင်းများဖြင့် ဂျာနယ်ရောင်းကောင်း အောင်လုပ်ဆောင်ပြီး တရားရုံးစီရင်ချက်မချမီမှာ “တရားခံ” ဟု သမုတ်ရေးသားခြင်း၊ အဖြစ်အပျက်ကို ပြန်လည် သရုပ်ပြခိုင်း၍ ဓါတ်ပုံရိုက်ထည့်သွင်းခြင်း စတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ဖေါ်ပြမှုများကို ကျယ်ပြန့်စွာ ရေးသားနေကြပါတယ်။

ပုဂ္ဂလိကပိုင်မီဒိယာများ အတွက် မှုခင်းသတင်းတွေဟာ ပရိတ်သတ်စိတ်ဝင်စားဖွယ်ရာ သတင်းအမျိုးအစား တခုဖြစ်တာကြောင့် လွတ်လပ်စွာ သတင်းယူပြီး ရေးသား ဖေါ်ပြလိုကြပေမယ်လို့ ယခုလို ရဲတပ်ဖွဲ့မှ ထုတ်ပေးတဲ့ သတင်းတွေကိုသာ ထုတ်ပေးတဲ့ အချက်အလက်အတိုင်း ပြင်ဆင်ခွင့်မရှိပဲ ရေးသားဖေါ်ပြကြရပါတယ်။
Posted by : ဖြိုးဝေ-mmp

Thursday, December 24, 2009

အကိုဖြစ်သူ၏ကန့်ကွက်မှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ပြင်ဆင်မှုကို ယနေ့ ညနေမှစပြီးစည်ပင်သာယာမှရပ်ဆိုင်းလိုက်ကြောင်း..။


နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်းလိုက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီကနေ့ ညနေကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးက ကန့်ကွက်လို့ဆိုပြီး စည်ပင်က ရပ်ဆိုင်းခိုင်းပါတယ်။ ဒီညနေပဲ ရပ်ဆိုင်းလိုက်ရလို့ ပြင်ဆင်နေတာတွေ တိုးလို့တန်းလန်း ဖြစ်ကုန်ပါတယ်။ ဒီအိမ်ပြင်ဆင်ခွင့် ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ကိုမြို့တော်စည်ပင်မှာ ခွင့်ပြုချက်တောင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်တာပါ.... အခုနေအိမ်ပြင်ဆင်ခွင့် ရပ်ဆိုင်းရာမှာ မေးမြန်းခြင်း၊ စီစစ်ခြင်းမရှိပဲ ရပ်ဆိုင်းခိုင်းပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကလည်းရပ်ဆိုင်းပေးမယ် ပြောပါတယ် ဟု အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား
ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်(မေတ္တာဦးကလောင်နာမည်ဖြင့် သရဖူ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ) တို့ ပါဝင်ပတ်သတ်နေကြောင်း၊ ဦးအောင်ဆန်းဦး၏ လက်မှတ်ကို သံရုးံမှ တဆင့်ရယူ စေခဲ့ကြောင်း ထိုစဉ်က အမေရိကန်နိုင်ငံ၌သံမှုးကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော စစ်ထောက်
လှမ်းရေးဗိုလ်မှုးဟောင်းဦးအောင်လင်းထွဋ်မှတွေ့ဆုံမေးမြန်းခန်းတခုတွင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဦးအောင်ဆန်းဦး၏ ဇနီးဒေါ်လဲ့လဲ့နွယ်ဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်းပေးပို့သူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ

Wednesday, December 23, 2009

၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်

သျှမ်းသံတော်ဆင့်

သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009 .

ယခုလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထူထောင်ကြောင်းထုတ်ပြန်ကြေငြာချက်ဖြင့်၂၀၁၀ စိန်ခေါ်မှုအား ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အခု ပအိုဝ်းအမျိုးသားညီလာခံ ကနေ ဖွဲ့စည်းထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ဟာ လက်ရုံးရည် နှလုံးရည်နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် နအဖ ၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ် မြောက် ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” - ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်ဟု ကြေငြာချက်၌ဖေါ်ပြထား ပါသည်။

ရွေးချယ်တင်မြောက်ခံရသည့် ပအိုဝ်းခေါင်းဆောင်များ (ဓါတ်ပုံ ခွန်အောင်ခမ်း)

၁၁/၁၂/၀၉ ၌ကျရောက်သည့် နှစ်ခြောက်ဆယ်ပြည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးနေ့မတိုင်မှီ ပအိုဝ်း အဖွဲ့အစည်း အားလုံး စုစည်းပြီး ၃ ရက်ကြာ ညီလာခံ ကျင်းပကာ PNLO ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထူထောင်ကြောင်း လည်း ကြေငြာခဲ့သည်။

“အခြားအဖွဲ့အစည်းနာမည် မသုံးတော့ဘူး၊ ဆိုင်ရာလုပ်ငန်းတွေတော့ ဆက်လုပ်မယ်။ အမှုဆောင်သစ် ဥက္ကဌသစ်ရွေးချယ် တယ်။ အနာဂတ်အမျိုးသားရေးအတွက် စည်းရုံးမှုရခဲ့တယ်ဆိုတော့ဝမ်းသာတယ်ဗျာ”- ညီလာခံတက်ရောက် သူပအိုဝ်း လူငယ် ခွန်အောင်ခမ်းက ပြောပါသည်။

အသစ်ဖွဲ့စည်းလိုက်သည့် PNLO သည် ခွန်တိဆောင် ဦးဆောင်သည့် PNLO နှင့် အမည်တူသော်လည်း အခြားအဖွဲ့အ စည်းများစွာ၏ အမည်တို့ပူးပေါင်း၍ မှည့်ထားခြင်းဖြစ်သည့်အလျောက် ခေါင်းဆောင်သစ် ကော်မတီအသစ် ဖြင့်ပြန် လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အမျိုးသားတန်းတူရေးရပ်တည်ချက် ရည်မှန်းချက်ပန်းတိုင်နှင့် အဖွဲ့အစည်းမူကိုတော့ ပြောင်းလဲခြင်းမရှိဟု ဆို၏။

“ကျနော်တို့ ပအိုဝ်းအမျိုးသား တစုတစည်းဖြစ်အောင်လုပ်နိုင်ခဲ့သလို အမိသျှမ်းပြည်ကြီးလွတ်မြောက်ဖို့ မိမိမွေးရာပါ အခွင့် အရေးတိုက်ယူဖို့ ဦးတည်ချက်ချနိုင်ခဲ့တယ်။ တခြားတိုင်းရင်းသားတွေလဲ အဲလိုဖြစ်စေချင်တယ်။ ဒါမှ သျှမ်းပြည်သား အချင်း ချင်းကြား သတင်းပြန်ကြားရေးမှာရော ပူးပေါင်းဆောင်ရာမှာရော အလွယ်တကူလက်တွဲနိုင်မှာ” - ဟု ပအိုဝ်းလူငယ် ခွန်အောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

ဒီဇင်ဘာ ၇ - ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံ (ဓါတ်ပုံ ခွန်အောင်ခမ်း)

ထိုင်း - မြန်မာနယ်စပ်တနေရာ၌ ကျင်းပသည့် သုံးရက်ကြာညီလာခံမှ ဖွဲ့စည်းနိုင်ခဲ့သော PNLO ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်တွင် SPNLO ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်သည့် PNLO အဖွဲ့ ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင် သည့် PPLO အဖွဲ့အပြင် အခြားအဖွဲ့အစည်းအများအပြားပါဝင်ကြောင်း၊ ညီလာခံတက်ရောက်သူ ကိုယ်စားလှယ် ၁၀၀ ကျော်ရှိကြောင်း သိရပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ကရင်ပြည်၊ မွန်ပြည်၊ ပခူးတိုင်း၊ မန္တလေးတိုင်း၊ ကယား ခေါ် ကရင်နီပြည်နှင့် သျှမ်းပြည် တောင်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ပြီး ၁၉၄၉ ဒီဇင်ဘာ ၁၁ ရက်နေ့၌ ‘ပအိုဝ်း လုံးဘူး’ PaO Solidarity ဖွဲ့စည်းကာ ပဒေသရာဇ်သျှမ်းစော်ဘွားများ ကို စတင်တော်လှန်ခဲ့သည်။ ထိုနေ့ကိုအစွဲပြု၍ ပအိုဝ်းတော်လှန်ရေးနေ့ဖြစ်လာခဲ့သည်။

သျှမ်းပြည်စော်ဘွားများ အာဏာစွန့်ရန် ဆုံးဖြတ်ပြီးနောက် ၁၉၅၈ တွင် လက်နက်ချသည်။ သို့သော် ၈ နှစ်အကြာတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အမည်ဖြင့် စစ်အစိုးရကို ပြန်လည်ဆန့်ကျင်တော်လှန်ခဲ့သည်။

နောက်ပိုင်း တာခဲလယ်ခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ထောက်ခံသည့် SNPLO (၁၉၉၄ အပစ်ရပ် ) ခေါ် ပအိုဝ်းနီ တပ်ဖွဲ့ နှင့် ပအိုဝ်းဖြူခေါ် ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO (၁၉၉၁ အပစ်ရပ် ) အဖွဲ့ဟူ၍နှစ်ဖွဲ့ကွဲသွား ခဲ့သည်။ အခု ဖွဲ့စည်းလိုက်သည့် PNLO မှာ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO အပစ်ရပ်အဖွဲ့ မပါဝင်သေးသော်လည်း ရန်ဆောင်တိုက်ပွဲများ ဆင်နွဲမည်မဟုတ်ကြောင်း ညီလာခံအတွင်းပြောဆိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါဖွဲ့စည်းလိုက်သည့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ဒီမိုကရေစီစနစ်ဖြင့် ပထမဆုံးရွေးချယ် တင်မြောက်ခံရသည့် ပုဂ္ဂိုလ်များမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဥက္ကဌ၊ ဗိုလ်မှူးချုပ် ခွန်တိဆောင် ဒု ဥက္ကဌ၊ ခွန်မြင့်ထွန်း အထွေထွေ အတွင်းရေးမှူး၊ ဗိုလ်မှူးခွန်သူရိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ၊ ခွန်မျိုး တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ၊ ခွန်အိုဝ်း နှင့် ခွန်အောင်ကျော် ဗဟိုကော်မတီဝင် အပါအ၀င်ကော်မတီဝင် ၁၅ ဦးရှိသည်ဟုသိရသည်။

နအဖ ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ်များ ၀ယ်ယူမှု အပေါ် ၀ိုင်းရှုံ့ချကြ



"ကမ္ဘာ့စီးပွားရေးကပ်ဆိုး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များ ၀ယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်"


-WFWW-

နအဖ စစ်အုပ်စုဟာ ဒီသီတင်းပတ်မှာပဲ တိုင်းပြည်ရှိ သံယာဇာတများ ကို တရုတ်အစိုးရ ကို လက်ညိုးထိုး ရောင်းစားလိုက်ပြီး နောက် ရရှိခဲ့သည့်ဝင်ငွေဖြင့် ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် အစင်း ၂၀ ကို ၀ယ်ယူခဲ့ကြောင်း ဂျိမ်းစ် ထောက်လှမ်းရေးမဂ္ဂဇင်း၊ ဘီဘီစီ သတင်းဌာန အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာ များ တွင် ဖော်ပြထားပါသည်။ ရုရှားအစိုးရ က ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် များကို မြန်မာစစ်အုပ်စုထံရောင်းချဖို့ သဘောတူ စာချုပ်ရေးထိုးခဲ့ကြောင်း ရုရှားသတင်းဌာနက လည်း အတည်ပြု ရေးသားခဲ့ပါသည်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖ စစ်အုပ်စု က ဒီ တိုက်လေယာဉ်တွေကို ၀ယ်ဖို့အတွက် ဥရောပငွေ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) သုံးစွဲလိမ့်မယ်လို့ ဖော်ပြထား ပါသည်။

နအဖ စစ်ခေါင်းဆောင်များက နားဂစ် ဆိုင်ကလုန်မုန်တိုင်း ဒုက္ခသည်များ အတွက် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားသော အထောက်အပံ့ အကူအညီပေး ရန် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ပြီး၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများ အပါအ၀င် နိုင်ငံတကာ အစိုးရတွေ က လည်း အလှူငွေ သန်း ရာချီ ပေးအပ်ခဲ့ပြီး ဖြစ်တယ်။

ဒီသတင်းကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေးကပ်ဆိုး၊ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များဝယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားကြောင်း သတင်းများတွင်ဖော်ပြထားသည်။နိုင်ငံတကာ မှ လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့အကူအညီ များ ထပ်မံရရှိဖို့ ရာ ရပ်ဆိုင်း သွားနိုင်တယ်လို့ ခန့်မှန်းရပါသည်။

နိုင်ငံတကာ အစိုးရ နှင့် အလှူရှင်များ က တိုင်းပြည်ရဲ့ ၀င်ငွေ ကို ဆင်းရဲသား ပြည်သူများအတွက် မသုံးပဲ၊ စစ်လက်နက်များဝယ်ယူမှု အပေါ် သုံးစွဲခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်ရှုံ့ချကြပါလိမ့်မည်။

ပြည်တွင်း ပြည်ပ မှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးအနေဖြင့်နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို နည်းလမ်းပေါင်းစုံ ဖြင့် ၀ိုင်းဝန်းရှုံ့ချကြပါလို့ ။

Obama has powerful tool to pressure Myanmar


By FOSTER KLUG (AP) –

WASHINGTON — If talks with Myanmar over democratic reforms fail, the Obama administration could tie up large amounts of money that the country's ruling generals stash in international banks from the sale of natural gas.

So far the administration has been hesitant to go that route.

But pressuring banks to avoid doing business with Myanmar's leaders could be a powerful economic weapon — one that already is being used elsewhere. It's an approach, for example, that has been used to try to push North Korea to give up its nuclear weapons ambitions.

Congress already has provided the power for the administration to go after the banks and some rights groups want President Barack Obama to use it right away, or at least if direct talks fail.

U.S. officials have just started face-to-face negotiations and want to give them more time to show results. Imposing the banking sanctions would be expensive and time-consuming, and Myanmar isn't a top priority on a crowded foreign policy agenda that includes Afghanistan and Iran.

Still, the administration has warned of tougher action if engagement breaks down with Myanmar, also known as Burma. And the mere threat could add force to the U.S. negotiating position.

"We will reserve the option of tightening sanctions on the regime and its supporters to respond to events in Burma," Obama's top diplomat for East Asia, Kurt Campbell, told lawmakers in September.

Myanmar has one of the most repressive governments in the world and has been controlled by the military since 1962. For years, the United States has used punishing sanctions to try to force change on the country, with little success. Former President George W. Bush's administration favored shunning Myanmar, and Bush's wife, Laura, and many in Congress were strong advocates of the nascent democracy movement there.

Now, the Obama administration has reversed the isolation policy in favor of engagement, which it hopes will persuade the generals to grant greater freedoms to opposition parties and minorities and to free political prisoners.

Myanmar has since made a few symbolic gestures of good will, letting detained democracy leader Aung San Suu Kyi meet with Campbell, for instance, and releasing some political prisoners. At the same time, it has continued to persecute ethnic minorities, journalists and student activists.

Obama himself spoke of a possibly stronger position on Myanmar in his Nobel Peace Prize acceptance speech. There will be engagement and diplomacy with Myanmar, he said, "but there must be consequences when those things fail."

Activists say financial measures that hinder Myanmar's ruling generals' ability to access the international banking system might do what broader economic sanctions have failed to do.

"What the Burmese government values is not its commerce with the outside world but the financial proceeds of that commerce," said Tom Malinowski of Human Rights Watch. "Once the Burmese government deposits the checks in its bank accounts, there's a lot the United States government can do to prevent that money from being used in the international banking system."

Treasury officials have targeted 40 people and 44 entities since the Myanmar junta killed and arrested protesters during demonstrations in 2007. Being added to the sanctions list prevents people from making transactions in the banking system of the United States.

But a 2008 law grants the Treasury Department authority to impose conditions on banking relationships, meaning sanctions could affect activities of international banks.

Myanmar has lucrative natural gas deals with its neighbors and with some European and U.S. companies, with revenues going into foreign banks. Under its new authority, the U.S. can let these banks know it has concerns about their association with Myanmar that could hurt these banks' ability to work with U.S. financial institutions, said Jennifer Quigley, advocacy director for the U.S. Campaign for Burma.

Supporters of the banking sanctions often raise North Korea, saying that the United States effectively froze the North out of the international banking system in 2005, hurting leader Kim Jong Il.

For the moment, the Obama administration is urging patience as it pursues talks.

Next year's elections in Myanmar will provide a good look at the junta's intentions. A big question will be whether high-level U.S.-Myanmar talks lead to true participation by minorities and opposition groups or merely let the generals consolidate power.

aljazeera သတင်းဋ္ဌာနက ထုတ်လွှင်တဲ့(Myanmar: Beneath the surface)..။


Two years ago the world watched in dismay as Myanmar's military junta brutally crushed the so-called Saffron Revolution. It was the only show of mass opposition to have occurred inside the country in almost 20 years.

Now, that same junta is moving towards elections some time in 2010, but no one expects them to be either free or fair, based as they are on a constitution seemingly designed to ensure the survival of those in power.

Filmmaker Hazel Chandler entered the country undercover for People & Power, to find out how Myanmar's people are fairing, and to investigate disturbing claims that the regime may be trying to develop nuclear weapons.

This episode of People & Power can be seen from Wednesday, December 23, 2009, at the following times GMT: Wednesday: 0600, 1230; Thursday: 0130, 1400, 1930; Friday: 0630, 1630; Saturday: 0330, 2030; Sunday: 0030, 0530; Monday: 0830.
Read More ...
Thank ...
Posted by မြတ်လေးငုံ

လုပ်အားခိုင်းစေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ

ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)

ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ တောင်ငူဒေသအတွင်း လုပ်အားခိုင်းစေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သံတောင်နှင့် ထန်းတပင်မြို့နယ် စပ်ကြားဒေသများအတွင်း အခြေစိုက် လှုပ်ရှားနေ သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၅)လက်အောက်ခံ တပ်ရင်း၊ စစ်ကြောင်းများက ၎င်းတို့ တပ်စခန်းများ ပြုပြင်ဆောက် လုပ်ရန်နှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရန် ပြီးခဲ့သည့်လမှစ၍ ဒေသခံရွာသူရွာသားများကို ခေါ်ယူခိုင်းမှု ပိုမို လုပ်ဆောင်လာသည့် အတွက် နယ်မြေခံ ကေအဲန်အယ်လ်အေတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု များလာခြင်းဖြစ်သည်။

ယခု ဒီဇင်ဘာလဆန်းမှစ၍ အဆိုပါ နအဖတပ်နှင့် ကေအဲန်အယ်လ်အေတပ်တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ထိုတိုက်ပွဲများကြောင့် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်သေဆုံးမှု မရှိသော်လည်း နအဖတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ သည်။

ဒီဇင်ဘာ ၁၆ရက်နေ့က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ တိပ်ပု(ဖလေးဆာလို)ဂွင်တွင် အခြေစိုက်သည့် နအဖ- စကခ (၅) လက်အောက်ခံ တပ်ရင်းတရင်းက ၎င်းတို့ဗျူဟာမှူးနှင့်အတူ တိပ်ပုစခန်းမှ သပြေညွန့်စခန်းသို့သွားရန် ကမူလိုနှင့် ထီးမူထာ့အ ကြားတွင် ရောက်ရှိစဉ် နယ်မြေခံ ကေအဲန်အယ်လ်အေတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဗျူဟာမှူးအပါအဝင် တပ်ဗိုလ်တပ်သား ၁၄ဦး ကျဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယခုလ ၂၂ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုလ ၁၈ရက်နေ့တွင် အဆိုပါမြို့နယ်အတွင်းရှိ ကလောမီးဒဲနှင့် ပလက်ဝါ့ဒေသအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၅ဦး ကျဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး လွန်ခဲ့သော ၁၁ရက်နေ့ကလည်း သံတောင်မြို့နယ်ရှိ ခလယ့်လာ(ဘောဂလိ) နှင့် မော်ကိုဒဲဒေသအကြားတွင် နအဖ စကခ(၅)လက်အောက်ခံတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ကြောင့် နအဖဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီးတဦး အပါအဝင် ၇ဦးကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း ကေအဲန်ယူ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။



တောင်ငူဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ နအဖဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသော်လည်း ကေအဲန်ယူ တောင်ငူခရိုင်မှ တာဝန်ရှိသူတဦးက “နအဖတပ်တွေ ကျနော်တို့ဒေသမှာ ဝင်ရောက်လှုပ်ရှားနေသရွေ့၊ လူထုတွေအ ပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေသရွေ့တော့ တိုက်ပွဲတွေ ဖြစ်နေဦးမှာပဲ”ဟု ကေအိုင်စီကို ပြောဆိုခဲ့သည်။

အဆိုပါ တောင်ငူဒေသများအတွင်း လှုပ်ရှားနေသော နအဖ စကခ(၅)မှူး ဗိုလ်မှူးကြီးခင်မောင်ဆင့်၏ ညွန်ကြားချက်ဖြင့် ယခုလ ၁၀ရက်နေ့ သံတောင်မြို့နယ်ရှိ ဒဲဒို့ရွာသူရွာသား ၁၇၅ဦး၊ မော်ကိုဒဲရွာသူရွာသား ၁၂၅ဦး၊ ပယ်ကော်ဒဲရွာသူရွာသား ၄၀၀ဦးကို ခေါ် ယူပြီး ၎င်းစစ်ကြောင်းတပ်စခန်းတည်ရှိရာ ဘောဂလိမှ မော်ကိုဒဲစခန်းသို့ တပ်ရိက္ခာများ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံ များက ပြောသည်။

အလားတူ ပြီးခဲ့သော နိုဝင်ဘာလကလည်း အဆိုပါဒေသမှ ရာနှင့်ချီသည့် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေခြင်း၊ ရွာသားများ၏ ကားများ၊ ဆိုင်ကယ်များကိုလည်း ချောဆွဲအသုံးပြုခဲ့ခြင်းကြောင့် ယခုလ ဒီဇင်ဘာ ၃ရက်နေ့က ဘောဂလိနှင့် ကော်သေးဒဲရွာသူရွာ သားများ၏ ကား(၈)စီးကို တပ်ရိက္ခာသယ်ပို့ရန်အတွက် ခေါ်ယူအသုံးပြုရာ ကားတစီးမိုင်းထိ၍ ရွာသား ၁ဦး သေဆုံးကာ ၂ဦး ဒဏ် ရာရရှိခဲ့သည်။

ကေအဲန်ယူ တောင်ငူဒေသတွင် နအဖ စကခ (၅)မှ ခမရ (၃၄၆၊ ၃၇၀၊ ၃၇၂၊ ၃၇၃၊ ၅၄၂၊ ၅၄၃၊ ၅၄၄၊ ၅၆၂၊ ၅၆၃၊ ၅၆၆) တပ် ရင်းများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခမှ တပ်ရင်းများ အခြေစိုက်လှုပ်ရှားလျှက်ရှိပြီး တပ်စခန်း စုစုပေါင်း ၇၈ခု ရှိသည်ဟု သိ ရသည်။
Posted by minyannaing

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေရာယူ

ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။



အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။
Posted by minyannaing

ရုရှားကမြန်မာစစ်အစိုးရကို MiG-29 အမျိုးစား တိုက်လေယာဉ် အစီး ၂၀ ပေးမယ်ဆိုပဲ


မြန်မာစစ်အစိုးရကို MiG-29 အမျိုးစား တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။
posted by minyannaing

ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ



(ခေတ်ပြိုင်) NEJ / ၂၃ ဒီဇင်ဘာ ၂၀၀၉

ရုရှနိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုး လိုက်ကြောင်း ယနေ့ထုတ် Kommersant သတင်းစာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ လက်မှတ်ရေထိုးခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက်အရောင်းကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာနိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယတို့အပြင် ရုရှနိုင်ငံကပါ လက်နက်များ လက်ခံရရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ၏ စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
Posted by minyannaing

လက်ရှိထောင် ၃၅ နှစ်ကျနေသော ကိုဇာဂနာ လွတ်မြောက်ရေး AI ခေါ်လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ခွဲ၏လှုပ်ရှားမှု


Posted by minyannaing

Burma VJ မှတ်တမ်းတင်ဇာတ်ကား စင်္ကာပူတွင် ရုံတင်မည်



စင်္ကာပူ (ဒီဇင်ဘာ ၂၃) - ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို အခြေခံ၍ မှတ်တမ်းတင် ရိုက်ကူးထားသည့် Documentary ဇာတ်ကားဖြစ်သော Burma VJ (Reporting from a closed country) အား စင်္ကာပူရှိ Cathay ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသသွားမည်ဟု သိရသည်။

ထိုဇာတ်ကားကို ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ဆိုသူက ရိုက်ကားထားပြီး ပြသချိန် ၈၄ မိနစ် ကြာမြင့်သည်။ ထိုဇာတ်ကားသည် Sundance ရုပ်ရှင်ပွဲတော်တွင် World Cinema Documentary Film Editing Award ၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် Golden Gate Persistence of Vision Award အစရှိသည့် ဆုတံဆိပ်များအပြင် အခြား ဆုတံဆိပ်ပေါင်း ၃၃ ခု ရရှိခဲ့သည်။

ထို့ပြင် ၂၀၁၀ ခုနှစ် အကယ်ဒမီ အော်စကာဆု လျာထားသည့် Best Documentary ဇာတ်ကား ၁၅ ကား စာရင်းတွင် လျာထားခြင်း ခံခဲ့ရပြီး အော်စကာဆုအတွက် နောက်ဆုံး ဆန်ကာတင် ၅ ကား စာရင်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာမည် ဖြစ်သည်။ အော်စကာဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် ဟော်လီးဝုဒ်၌ ကျင်းပသွားမည် ဖြစ်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၄)တွင်လည်း ထိုဇာတ်ကား၏ အညွှန်းကို ဖော်ပြထားသည်။

အဆိုပါ ဇာတ်ကားကို စင်္ကာပူတွင် NC16 ဟု သတ်မှတ်ထားပြီး ဤနေရာ မှတဆင့် ကြိုတင်လက်မှတ် ၀ယ်ယူနိုင်သည်ဟု သိရသည်။

(သံလွင်သတင်း)
Posted by minyannaing

Tuesday, December 22, 2009

အကြွေ မရှိတဲ့ ခေတ်

တိုင်း ပြည်က ပျက်နေတော့ တရားဥပဒေက လည်းမရှိ။
ဈေးထဲသွားတော့လည်း အကြွေမရှိ။ သန်းရွှေ ခေတ်မှာ ပျက်ဆီးယိုယွင်းနေတဲ့ မြန်မာ စီးပွားရေးဘ၀ ကြီးတခုလုံးကို ဟာသ ပညာရှင်တွေ က ဖေါ်ထုတ်တင်ပြထားပုံပါ။

ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ



ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။

“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။
Posted by : ဖြိုးဝေ-mmp

Monday, December 21, 2009

တရုတ်ဒုသမ္မတ မြန်မာနိုင်ငံသို့ လာရောက် သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုးသွား



တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ်အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့်သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း နအဖဘက်က သတင်းထုတ်ပြန်ထားပြီး သူ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒုသမ္မတ Xi သည် ၂၀၁၂ တွင် ပါတီခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၃ တွင် သမ္မတ အဖြစ်လည်းကောင်း ရာထူး လွှဲပြောင်းရယူမည် ဖြစ်သည်။ ၎င်း၏ ဒေသတွင်း ၄ နိုင်ငံ ခရီးစဉ်မှာ ဂျပန်နိုင်ငံတွင် စတင်ခဲ့ပြီး ကမ္ဘာဒီးယားသို့ သွားရောက်ပြီးနောက် အင်္ဂါနေ့တွင် အဆုံးသတ်မည် ဖြစ်သည်။
Posted by minyannaing

တိုကျိုမြို့တွင် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ် ဆန္ဒပြတောင်းဆိုပွဲ ဓါတ်ပုံမှတ်တမ်း


၇၁-နှစ်မြောက် ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ် အခမ်းအနား နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ၂၈-လမြောက် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ-တိုကျိုရှိ နအဖအခွန်ရုံးရှေ့ တွင် ကျင်းပပြုလုပ်ရာ အဖွဲ့အစည်း အသီသီးမှ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
Posted by : ဖြိုးဝေ-mmp

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း ..။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
Posted by မြတ်လေးငုံ

Sunday, December 20, 2009

(၇၁)နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးထိမ်းသိမ်းထားခြင်း (၂၈)လမြောက် လွတ်မြောက်ရေးတောင်းဆိုဆန္ဒ

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် အင်္ဂလိပ်နယ်ချဲ့တို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်မှာ
(၇၁)နှစ် ပြည့်မြောက်ခဲ့ပြီ။ မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး သွေးမြေကျခဲရ့ သော ကျောင်းသားခေါင်း
ဆောင် တယောက်ဖြစ်သည်။ ထို့ကြောင့် ၁၉၃၈-ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ကျဆုံးခဲ့ရသော
ကိုအောင်ကျော်အား ဂုဏ်ပြုသည့်အနေဖြင့် ထိုနေ့ကို ဗိုလ်အောင်ကျော်နေ့ဟု သတ်မှတ်ခဲ့သည်။
လွန်ခဲ့သော ၇၁-နှစ်မှသည် ယနေ့အချိန်အထိ အစိုးရအဆက်ဆက်၏ မတရားရက်စက်မှုများ
ကြောင့် သွေးမြေကျခဲ့ရသော ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်များ အမြောက်အများ ရှိခဲ့ပေ
သည်။ ယနေ့ နအဖခေတ်တွင် မတရားဖမ်းဆီး၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရသော ကျောင်းသားခေါင်း
ဆောင် အမြောက်အများ ရှိနေဆဲ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များကို မတရားဖမ်းဆီးထားသည်မှာ ယခုလ ၂၁ ရက်နေ့တွင် (၂၈)လ ပြည့်ခဲ့ပြီ။
‘မဟုတ်မခံ’စိတ်ဓာတ်ရှိသော ကျောင်းသားများအပေါ် ယခုကဲ့သို့ နအဖစစ်အစိုးရ၏ တရားဥပဒေ
မဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲနှင့် ထောင်ဒဏ် ၆၅ နှစ်စီ မတရား ချမှတ်ခံထား
ရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများ
အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကိုပြုလုပ်မည် ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တတ်စွမ်းသ၍ ကြိုးပမ်းဆောင်ရွက်နေသူအားလုံးကို
ပူးပေါင်း ပါဝင်ကြရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။
နေ့ရက်။ ။ ၂၁ ရက် ဒီဇင်ဘာ ၂ဝဝ၉(တနင်္လာနေ့)
အချိန်။ ။ ညနေ ၃းဝဝ မှ ၄းဝဝ
နေရာ။ ။ မြန်မာသံရုံး၊ ရှိနာဂါဝါ၊ တိုကျို-ဂျပန်
ဆက်သွယ်ရန် - ဝ၈ဝ-၁၁၃၇-ဝ၆၇၂၊ ဝ၈ဝ-၁၁၂၆-၃၅ဝဝ၊ ဝ၉ဝ-၅၅၂၆-၅၅ဝ၇၊ ဝ၈ဝ-၅ဝ၇ဝ-ဝဝ၈ဝ
ဝ၈ဝ-၃၄၂၄-၂၇၅၉၊ ဝ၉ဝ-၄၂၂၁-၁၉၈၈
Posted by NLD(LA)JB

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားသင့်သော မိန့်ခွန်းများ....။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ....
Posted by မြတ်လေးငုံ

Saturday, December 19, 2009

နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဉ်ကြည့်ခြင်း


သားသမီးမကောင်း၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နဲ့ တွေနဲ့နာမည်ကြီးနေတဲ့ လူငယ်များကို ကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်။

သူတို့တွေဟာ လူငယ်တွေမို့လို့ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ပြောတာပိုမှန်ပါလိမ့်မယ်… ရှေးလူကြီးတွေရဲ့ဆိုရိုးစကား သာမှန်တယ်လို့ပြောရင် သေချာပေါက် မိဘ ဖြစ်တဲ့ ဗိုလ်မှုး၊ ဗိုလ်ချူပ် တွေမကောင်းတာပါလို့ပြော ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နှုတ်ကြမ်းရင် အမိယုတ်လို့ ၊ ကိုယ်ကြမ်းရင် အဖ ယုတ်တယ် လို့ဆိုရိုးစကားရှိပါတယ်။


အခု ဆိုးသွမ်းပြီးမိုက်ရိုင်းတဲ့ လူငယ်တွေဟာဖြင့် နှုတ်ရော ကိုယ်ရော ကြမ်းတာကြောင့် အမိကော ၊ အဖ ကော ကမျိုးမစစ်ဘူးဆိုတာ အတိုင်းသာပေါ်လွင်နေပါတယ်။ ဒီလို လူငယ်တွေရဲ့ဘ၀ က အမှန်တကယ်တော့ အလွန်ကိုသနားစရာကောင်းပါတယ်။ မိဘ ရယ် စည်းစိမ်ရယ် အာဏာရယ်က ၀ိုင်းပြီး ထိုးနှက်လိုက်ချိန်မှာတော့ သူတို့တွေဟာ လူဆိုးဘ၀ နဲ့ ပြည်သူတွေနှာခေါင်းရှုံ့ရတဲ့ဘ၀ ချိုးရောက်သွားရတာပါ။

နအဖ ဗိုလ်ချူပ်သား၊ သမီးတွေနဲ့အပြိုင် ဆိုးသွမ်းနေသူများကတော့ ပိုက်ဆံရှိသားသမီးများပင်ဖြစ်ပါတယ်။ အဲဒီထဲမှာ ၀န်ကြီးသားတွေ၊ အဆိုတော်တွေ၊ ဖောလံဖားနေတဲ့ လူကြီးသားသမီးများလည်းပါပါတယ်။ သူတို့တွေဟာ နိုင်ငံထဲမှာ ဆိုးသွမ်းလို့ မ၀ဘဲ နိင်ငံခြားကို ပါလှည့်ပြီး မကောင်းတဲ့ အကျင့်စရိုက်တွေကို မြန်မာလူမျိုး သိက္ခာကျလောက်အောင် လုပ်ပြပါတော့တယ်။

ဗိုလ်ချူပ်သားတွေ သမီးတွေမိုက်ရိုင်းတာ ကတော့ သိနေလို့ အဖတ်လုပ်ပြီး ပြောမနေချင်ပေမယ့် တချို့လူငယ်တွေ အတုခိုးနေတဲ့ ရုပ်ရှင် အနုပညာရှင်တွေ နိုင်ငံခြားရောက်ရင် အားလုံးပဲချွတ်လိုက်ပါတော့ လို့မပြောရုံတမယ် လုပ်နေတာကတော့ မြန်မာနိုင်ငံကို ဖာနိုင်ငံဖြစ်နေပြီလို့ ကမ္ဘာကို ကြေငြာနေသလို ပါပဲ..အရမ်းကို ရုပ်ဆိုးလွန်းပါတယ်။ ကိုယ့်နိုင်ငံထဲမှာတော့ ယဉ်ကျေးတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေလို့ မလုပ်ရဲပေမယ့် ပြင်ပ နိုင်ငံလည်းရောက်သွားရော သွေးက စကားပြောတော့ တာပဲလေ။ ပြည့်တန်စာ မတစ်ယောက်လို ဆိုပြမှ၊ __သည်တစ်ယောက်လို တင်လှုပ်ပြမှ အထင်ကြီးမှာလားဗျာ။


ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ရှိပါ့ဗျား…… တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး တကမ္ဘာလုံး ကလူတွေ တအားလိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကို ရရှိထားသူ... ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီကိုသာဝတ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာအမျိုးသမီးတစ်ယောက်ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့အခွင့်အရေးကို ဘ၀အဆုံးခံပြီး ယူပေးနေသူ.... အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည် ပါပဲခင်ဗျာ။ ကျွန်တော် ချီးမွမ်းတာ လွန်နေရင်ပြောပါဗျာ။

အခု ဗိုလ်ချူပ်ကြီးရဲ့ သမီး စိန်စီပြီး ဒေါ်လာတွေခဲဖိုးပေးနေချိန်မှာ သူဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရတတ်မအေးဖြစ်နေတာပါ။ စင်ပေါ်တတ်ပြီး ကိုယ့်အနုပညာကို ဖင်ပေါ်၊ ခေါင်းပေါ် နဲ့ဖြစ်နေတဲ့အချိန်မှာ သူဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ မြန်မာလူမျိုးပီသစွာ အနောက်တိုင်းဝတ်စုံတောင်မ၀တ်ဘဲ ရိုးရာ အကျီ် င်္နဲ့ နိုင်ငံကိုကိုယ်စားပြုခဲ့တာပါ။

ကျွန်တော်တို့နိုင်ငံဟာ သူများတွေထက် အတော်ကြီးကိုနောက်ကျနေခဲ့ပါပြီ ကိုယ်ကျင့်သီလ နဲ့ ယာဉ်ကျေးမှုပါ ပျောက်ရင်တော့ မြန်မာလူမျိုးဆိုတာ မရှိတော့ပါဘူး။ ရေဆာနေတဲ့ လူကို ရေတိုက်မှ အငတ်ပြေမှာပါ။ ရေမတိုက်ဘဲနဲ့ ထမင်းကျွေးရင် စားပိုးနင့်ပြီးသေသွားမှာပါ။ အနောက်နိုင်ငံတွေမှာ အတုယူစရာတွေ ဒီလောက်အများကြီး ရှိရက်နဲ့ မကောင်းတဲ့ အပြုအမှုကိုမှ ရွေးယူတာကို သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးလေး စားပုံတွေ.. လူတစ်ယောက်ရဲ့ အခွင့်အရေးတွေကို အသုံးချပုံတွေ.. အစားအသောက် အနေအထိုင်ဆင်ခြင်ပုံတွေ.. Gentleman တစ်ယောက်ရဲ့ ထိန်းသိမ်းအပ်တဲ့ အချက်တွေ… အများကြီးရှိနေပါတယ်။

အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကတော့ ကိုယ်ကျင့်တရားဆိုတာ အိနြေ္ဒ နှင့် အရှက် ကို လုံခြုံစွာစောင့်ထိန်းခြင်းလို့ဆိုထားပါတယ်။ မြန်မာ လူမျိုးတွေမှာအိနြေ္ဒ တွေ အရှက်တွေ ရှိပါသေးရဲ့လားဗျာ…..ရှိတဲ့လူတွေကျတော့ ထောင်ထဲမှာဘဲ သက်တမ်းစေ့ သွားအောင်ချ၊ မနေနိုင်အောင် အမျိုးမျိုးလုပ်၊ နအဖရဲ့ လက်ပါးစေတွေက သားကောင်း၊ သမီးကောင်းတွေကိုဖျက်ဆီး၊ နအဖက လည်းသူ့ ထိုင်ခုံကိုမြဲဖို့အတွက် အပြစ်မဲ့တဲ့ပြည်သူတွေကို မကောင်းတဲ့အရာမျိုးစုံနဲ့ ဖျက်ဆီး၊ ဒီလို မကောင်းတဲ့အရာတွေ လွယ်လွယ်ကူကူလုပ်နိုင်ဖို့အတွက် မူးတဲ့အရာတွေကို ဖော်ဖော်သီသီရအောင် လုပ်၊ အဲလိုနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီးနေပါတယ်။ အဲလို ဖျက်ဆီးနေတာကို တော်လှန်တဲ့ သူရဲကောင်းများကိုတော့ ဂျပန်နှိပ်စက်တာ အများကြီးသက်သာတယ်လို့ပြောလို့ရတယ်။

စာသင်နေတဲ့ ကျောင်းသားလေးတွေ၊ သမာဓိရှိတဲ့ ဘုန်းဘုန်းတွေဟာ သူတို့ရဲ့ စစ်ဖိနပ်အောက်မှာ သွေးထွက်ခဲ့ရပါတယ်။ ပြည်သူကိုယ်ကျင့်တရားမရှိလို့ ဆိုးသွမ်းတဲ့ အစိုးရတတ်တယ်လို့ဆိုလို့ရှိရင် ဒီလိုဆိုးသွမ်းတဲ့ အစိုးရရှိလို့လည်း ပြည်သူတွေ ကိုယ်ကျင့်တရားပျက်ရတာပါ။

ဒါကြောင့် မြန်မာပြည်သူတွေဟာ ဘယ်ဘာသာဝင်မဆို ဘာသာတရားကို အလွန်ပဲ ယုံကြည်လေးစားလိုက်နာကျပါတယ်.. အဲဒါကြောင့် ဘာသာတိုင်းမှာ ပြဠာန်းထား တဲ့ ကိုယ်ကျင့်တရား သီလကို လက်နက်သဖွယ်အသုံးပြု၍ ဘာသာမဲ့ နအဖ အစိုးရကို တိုက်ထုတ်ကြပါစို့လို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါတယ်။

ကိုသီလ
ဖြိုးဝေ-mmp

Friday, December 18, 2009

တရုတ် ဒုသမ္မတနှင့် ဗိုလ်ချုပ်ကြီးများ တွေ့မည်



Friday, 18 December 2009 18:14 ရန်ပိုင်
မနက်ဖြန်တွင် စတင်မည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင် (Xi Jinping) ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရာတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့် တရုတ် မြန်မာ နယ်စပ်အရေး နှင့် နှစ်နိုင်ငံ သွယ်တန်းနေသည့် ဓာတ်ငွေ့ပိုက်လိုင်း အရေးတို့ကို ဆွေးနွေးလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ခန့်မှန်းနေကြသည်။

တနင်္လာနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရသော တရုတ် ဒုတိယသမ္မတ (ဓာတ်ပုံ - AP)
ယခင်က တရုတ်ပြည်သည် ကွန်မြူနစ်စနစ်ကိုသာ ဦးစားပေးခဲ့သည့် အတွက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွားခဲ့ကြောင်း၊ လက်ရှိ တရုတ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးသည် စစ်အေးခေတ် နိုင်ငံတကာ ဆက်ဆံရေးနှင့် မတူတော့ကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက သုံးသပ်လိုက်သည်။

“အရင်တုန်းက နယ်စပ်တိုက်ပွဲတွေမှာ တရုတ်လက်ရာတွေချည်းပဲ ၊ အခုတော့ ကိုးကန့်ကိစ္စတောင် တရုတ်က သိပ်ပြီးပါတော့တာမှ မဟုတ်တာ၊ စီးပွားရေး အကျိုးအမြတ် ရှိတယ်လေ” ဟု သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောပြသည်။ ယနေ့ခေတ် တရုတ်နိုင်ငံသည် စီးပွားရေး ဦးစားပေးသော နိုင်ငံ ဖြစ်လာပြီဟု သူက ဆိုသည်။

တရုတ် ဒုသမ္မတ ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ တဦး ဖြစ်သူ မစ္စတာ ရစ်ချတ်ဟူ ကလည်း သခင်ချန်ထွန်းနည်းတူ သုံးသပ်မိသည်ဟု ဆိုသည်။

တရုတ်မြန်မာ နယ်စပ် တလျှောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများအပြား အခြေစိုက်ထားကြသည်။ မကြာသေးမီက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင်လည်း တင်းမာမှုများ ပေါ်ပေါက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရေးအတွက် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ အထိ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကြီးတခုကိုလည်း စတင်နေပြီ ဖြစ်သည်။

တရုတ် ဒုသမ္မတ မစ္စတာရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့မှ စတင်ပြီး ၂၂ရက်နေ့ အထိ အာရှနိုင်ငံများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ ခရီးလှည့်လည်ရန် စီစဉ်ထားသည်ဟု သိရသည်။

မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။ ပါတီ၏ ပေါ်လစ်ဗျုရို အဖွဲ့တွင် ဆဋ္ဌမ အရေးအပါဆုံး ခေါင်းဆောင်ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်သည့် ၂၀၀၉ခုနှစ်အတွက် နိုင်ငံတကာရှိ သြဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲတွင် မစ္စတာရှီကျင့်ဖျင်သည်လည်း တဦး အပါအ၀င် ဖြစ်သည်။

၁၇ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ညီလာခံ ပြုလုပ်စဉ် ဗဟိုစစ်ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် မစ္စတာ ရှီကျင့်ဖျင် ရွေးချယ်ခံရမည်ဟု ယူဆမှုများ ထွက်ပေါ်လာခဲ့ဖူးသည်။ သို့သော်လည်း ရွေးကောက်ခြင်း မခံခဲ့ရပေ။

ဗဟိုစစ်ကောင်စီတွင် ထိုသို့ တာဝန်ပေးအပ်ခြင်း မခံရသည့်အတွက် မစ္စတာ ရှီကျင့်ဖျင်သည် အနာဂတ်တွင် တရုတ်နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည် မဟုတ်ဟု အကဲခတ်တချို့က ဆိုကြသည်။

သို့သော်လည်း မြန်မာ အပါအဝင် အာရှတိုက်နိုင်ငံများသို့ ခရီးလှည့်နေသည့် မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ပြည်၏ သမ္မတ ဖြစ်လာဖွယ် ရှိသည်ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ရစ်ချတ်ဟူက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်ကို တွေ့ရသည်။

မကြာသေးမီက ယူနန်ပြည်နယ်၊ ချန်ဒူးစစ်ဒေသမှ ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူယောင်(Ai Husheng) မြန်မာပြည်သို့ သွားရောက်ခဲ့သည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဒုသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ်သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

Thursday, December 17, 2009

ရွှေခမောက် စာစောင် အမှတ်စဉ် (၁၀၆)

Shwekhamauk 106
Posted by : ဖြိုးဝေ-mmp

အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲအပေါ် ဘဘဦးဝင်းတင်ရဲ့ အမြင်


ဘီဘီစီအင်တာဗျူး၊ သရုပ်ဖော် - ကာတွန်းစောငို

ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်ဒီခေါင်းဆောင်ပိုင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမယ်လို့ ပြောလိုက်ပါပြီ။ ခေါင်းဆောင်လူကြီးတွေကလည်း သဘောတူတယ်လို့ သိရပါပြီ။ ဒီကနေ့ကာလ အခြေအနေနဲ့ကိုက်ညီတဲ့ ပါတီ ခေါင်းဆောင်မှုကို ဘယ်လိုပုံစံမျိုး ဖွဲ့စည်းသင့်ပါသလဲ။

အန်အယ်ဒီပါတီ လက်ရှိ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဘီဘီစီက ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစု ကြည် စတင်ပြောဆိုလာပြီဖြစ်တဲ့ ပါတီခေါင်းဆောင်မှု ပြောင်းလဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရပါလဲလို့ မေးကြည့်တော့ …

ဦးဝင်းတင်။ ။ ဒီဟာက ဖြစ်လာရမယ့် ကိစ္စပဲလို့ ကျနော် ယူဆပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပုဂ္ဂိုလ်ကြီးများလည်း ပါတီမှာ ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းကို ဆယ်စုနှစ်ကို ကျော်သွားပြီနော်၊ အသက်တွေလည်းကြီးလှပြီ၊ ကျန်းမာရေး တွေကလည်း ချို့တဲ့လာပြီ ဆိုတဲ့အခါကျတော့ ဘာပဲပြောပြော သူတို့က အနားယူရမယ့် အချိန်လည်းရောက်လာတယ်။ အဲဒီအခါကျတော့ စီအီးစီက တိုးချဲ့တယ်ပဲခေါ်ခေါ်၊ အားဖြည့်တယ်ပဲခေါ်ခေါ်၊ လုပ်ရတော့မယ့် ကိစ္စပဲဗျ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့လေ့လာစုံစမ်းမိသလောက် အန်အယ်ဒီ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက ပါတီ ခေါင်းဆောင်မှုအပိုင်းကို စနစ်တကျ ရွေးကောက်တင်မြှောက်တဲ့ပုံစံနဲ့ သွားချင်တယ်ဆိုတဲ့သဘောမျိုးတွေ တွေ့ရပါတယ်။ အဲဒါရော တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေက အဲလိုမျိုးဖြစ်ဖို့ကို သဘောတူမယ်လို့ ထင်ပါသလားခင်ဗျ။


ဦးဝင်းတင်။ ။ ဟာ ထင်တာပေါ့ခင်ဗျာ။ ထင်တာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အဖွဲ့အစည်းက နာမည်ကိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗျ၊ ဒီမိုကရေစီအဖွဲ့အစည်း။ ကျနော်တို့က အာဏာရှင်အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီမိုကရေစီကျင့်ထုံးတွေ၊ ဒီမိုကရေစီလုပ်ရပ်တွေ၊ ဒီမိုကရေစီမျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ၊ ဒီမိုကရေစီလုပ်ဟန်တွေကို ကျနော်တို့ မူအားဖြင့်တော့ အားလုံးလက်ခံမှာပဲဗျ။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ စသည် ဒီခေါင်းဆောင်တွေရှိနေတဲ့ (အကျဉ်းကျနေတဲ့ခေါင်းဆောင်တွေပေါ့ဗျာ) ဒီခေါင်းဆောင်တွေထဲမှာ လည်း (ခေါင်းထဲမှာလည်း၊ ရင်ထဲမှာလည်း) ဒီမိုကရေစီရေးအတွက် လုပ်လာခဲ့သူတွေ။ ဒီလူတွေဟာ မနေ့တနေ့ကမှ တက်လာတဲ့လူတွေ၊ ကြားဖြတ်ပြီးတော့မှ ဝင်လာတဲ့ လုပ်တဲ့လူတွေ မဟုတ်ဘူး။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ထဲကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ ဆိုတော့ အဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဒီမိုကရေစီနည်းဟန်တွေနဲ့ ပတ်သက်ပြီးတော့ တွန့်ဆုတ်ခြင်း ဘာဆိုဘာမှ မရှိဘူးလို့ ပြောနိုင်တယ်။

အဲ … တခုပဲရှိတယ်။ လူငယ်တွေ အင်အားသစ်တွေကနေပြီးတော့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီနည်းကျတင်မြှောက်ခြင်း၊ ဒီမိုကရေစီနည်းကျရွေးချယ်ခြင်း ဆိုတာတွေက တခါတလေကျတော့ အခု ဗမာပြည်မှာ အနေအထားက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့ကသာ ဒီမိုကရေစီ စိတ်ထားနေတာ၊ ဒီမိုကရေစီ ရှေးရှုနေတာ။ တိုင်းပြည်ရဲ့အနေအထားက ဒီမိုကရေစီနဲ့က ကျနော်ထင်တယ် တယူဇနာ မဟုတ်တောင်မှ အတော် ကွာကွာလှမ်းလှမ်းကို ရှိနေတယ်လို့ ကျနော်တို့ ပြောရမလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဘာလွတ်လပ်ခွင့်မှမရှိဘူးဗျာ။

ဘာပဲပြောပြော ကျနော်တို့က အားနဲ့မာန်နဲ့၊ ခွန်အားနဲ့ စိတ်ဓာတ်နဲ့ တွန်းတွန်းတိုက်တိုက်ကလေး လုပ်မယ်ပေါ့ဗျာ။ ထားရာနေ စေရာသွားဆိုတဲ့ စိတ်မဟုတ်ဘဲနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျနော်ထင်တယ် အခုခင်ဗျားပြောခဲ့တဲ့ ခေါင်းဆောင်သစ် ဖော်ထုတ်ရေးတို့၊ အင်အားသစ်ဖော်ထုတ်ရေးတို့၊ လုပ်ငန်းသစ်များ ဖော်ထုတ်ရေးတို့ဆိုတာတွေဟာ တနည်းမဟုတ်တနည်း အနှေးနဲ့အမြန် ပေါ်လာမှာပဲလို့ ကျနော်ကတော့ အဲဒီလိုယုံကြည်ပါတယ်ဗျာ။
ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၉ ခုနှစ်၊ ဘီဘီစီ(မြန်မာပိုင်း) ညပိုင်းအစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

http://www.scribd.com/doc/24213931/16th-DEC-2009-MoeMaKa-Daily
Posted by : ဖြိုးဝေ-mmp

Wednesday, December 16, 2009

ကယ်သူမဲ့ နားကျည်းခံပြင်းဖွယ် ရွှေမြန်မာ တို့၏ဒုက္ခများ


ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်အလုပ် လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုသည် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင် ကြသူများ ဖြစ်ကြသည်။ ထိုသို့တရားမဝင် အလုပ်လုပ်ကြရသဖြင့် တရားဝင် ထိုင်းအလုပ်သမား များနည်းတူ အခြေခံအလုပ်သမား အခွင့်အရေး မရ ကြ။ ထိုင်း အလုပ်သမား ဥပဒေ အရလည်း အကာအကွယ် မရကြသည့်အပြင် နယ်စပ်မှ ဖြတ်ကျော်ပြီး သွားရောက်စဉ် တွင်သော်လည်းကောင်း၊ ရောက်ရှိပြီး တရားမဝင် အလုပ်လုပ်ကြရာတွင် လည်းကောင်း အသက်အန္တရာယ် နှင့် ကြုံပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

(၂ဝဝ၈)ခုနှစ်၊ ဧပြီလ(၉)ရက် တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဖူးကက်သို့ သွားရောက်သည့် အအေးခန်း ကွန်တင်နာယာဉ်တွင် အသက်ရှူ မွန်းကြပ်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅၄)ဦး သေဆုံးခဲ့ရသည်။ နှစ်နိုင်ငံ တာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကိုယ်ရေးအချက်အလက် ပြည့်စုံသည့် (၄၁)ဦး အတွက် လျော်ကြေးငွေ စုစုပေါင်း ထိုင်းဘတ်ငွေ (၁.၄၃၅)သန်း ရရှိခဲ့ကြသည်။

အသက်ဆုံးရှုံးမှုမျိုး အလားတူဖြစ်သည့် ဖြစ်စဉ်တစ်ရပ် အဖြစ် (၂ဝဝ၉)ခုနှစ်၊ သြဂုတ်လ (၂၈)ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း အဝင်လမ်းအနီးမှာ အလောင်း(၃)လောင်း တွေ့ရှိခဲ့ကြသည်။ စိစစ်ကြည့်သောအခါ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလောင်းများဖြစ်ကြောင်း၊ တင်ဆောင် လာသည့်ကားတစ်စီးမှ အသက်ရှူမွန်းကြပ် သေဆုံးကြသည့်အတွက် ပစ်ချသွားခြင်း ဖြစ်ကြောင်း၊ ဆေးရုံဆေးစစ်ချက် မှတ်တမ်းများက ဆိုသည်။ တင်လာသည့်ကားက လူသေမှုအပြင် လူကုန်ကူးမှုနှင့်ပါ အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက် အခုလို အလောင်းကို အလျှင်အမြန် လာပစ်သွားခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

(၂ဝဝ၉)ခုနှစ်၊ မေလအတွင်း ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့နယ်၏ ရွာတစ်ရွာရှိ အိမ်တစ်အိမ်သည် တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ကျော်စောသတင်းရှိမှုကြောင့် ထိုင်းနိုင်ငံအာဏာပိုင်များက ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်။ ထိုအိမ်သည် နယ်စပ်မှတရားမဝင် ဝင်ရောက်လာသူများကို အခြားနေရာဒေသများသို့ ပို့ဆောင်ပေးသည့် ကြားစခန်းအဖြစ် အသုံးပြုထားသည်ကို တွေ့ရသည့်အပြင် ရေခဲပုံးများထဲတွင် ထည့်ထားသော မြန်မာအလုပ်သမား (၃၄)ဦးကို တင်ဆောင်ထားသည့် ကုန်တင်ကားနှစ်စီးကို တွေ့ရှိခဲ့ကြသည်။ ထိုကားနှစ်စီးစလုံးသည် ဖန်ငနှင့် ဖူးခက်ဘက်သို့ ထွက်ရန် ပြင်ဆင်နေစဉ် တွေ့ရခြင်းဖြစ်သည်။ အချိန်မီ ဖော်ထုတ်တားဆီးနိုင်ခဲ့ကြ၍သာ အသက်ဆုံးရှုံးမှုမရှိခြင်း ဖြစ်သည်။



ထိုသို့သွားလာစဉ်တွင် အသက်အန္တရာယ်ရှိသည်သာမက ထိုင်းနိုင်ငံအတွင်း အိမ်ဖော်အလုပ် လုပ်ရသည့် အမျိုးသမီးများသည် ပြင်ပနှင့် ဆက်သွယ်ခွင့် မရကြသည့် အတွက် အိမ်ရှင်များ၏ အနိုင်အထက်ပြုမှုခြင်း အမျိုးမျိုးကို ခံနေရကြဆဲဖြစ်သည်။ (၂ဝဝ၉)ခုနှစ်၊ ဇွန်လ(၇)ရက်ညပိုင်းတွင် ဘန်ကောက်မြို့၊ ဘန်ကပိရပ်ကွက်၊ လဖလောင်း (၁ဝ၁)လမ်းရှိ အိမ်တစ်အိမ်တွင် အိမ်ဖော်လုပ်ကိုင်စဉ် အိမ်ရှင်များမရှိသည့် အခိုက် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုကို ရဲမှအမှုစုံစမ်းဆဲဖြစ်သည်။

အလားတူဖြစ်စဉ်မျိုး (၂ဝဝ၉)ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက် ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင်၊ ကော့စမွေမြို့တွင် မြန်မာအိမ်ဖော်တစ်ဦး အသတ်ခံရသည့်ဖြစ်စဉ် ရှိခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဘန်ကောက်သို့ သွားရောက်လည်ပတ်နေစဉ် အိမ်ဖော်တစ်ဦး တည်းရှိနေခိုက် အမျိုးသားတစ်ဦးက အဓမ္မကျင့်ရန် ကြံစည်စဉ် ခုခံရင်း အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအမျိုးသား အများစုသည် ပင်လယ်ပြင်သွား ထိုင်းငါးဖမ်းလှေများတွင် အလုပ်လုပ်ကိုင်ကြရာ ကမ်းသို့ ဆိုက်ကပ်ခြင်းမရှိသဖြင့် နှစ်လကြာ အလုပ်လုပ်ရခြင်း နှင့် လုပ်အားခမရခြင်း တို့ကြောင့် လွတ်မြောက်ရန် ရေကူး၍ ကမ်းသို့ ကူးခတ်ရင်း ရေနစ် သေဆုံးကြသူများလည်း ရှိသည်။ (၂ဝဝ၉)ခုနှစ်၊ ဧပြီလ(၄) ရက်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရဌာနီ၊ ခနောင်လှေဆိပ် ပင်လယ်ပြင်တွင် ထိုင်းပလာ တူးလှေမှ မြန်မာရေလုပ်သား နှစ်ဦး ရေကူးထွက်ပြေးရင်း ရေလယ်တွင် ရေနစ်သေဆုံးခဲ့သည်။ ရေမကူးတတ်သူများမှာမူ ထိုလှေပေါ်တွင် ဆက်လက် ကျွန်ခံနေရဆဲ ဖြစ်သည်။

ဒေသခံလှေလုပ်သားတစ်ဦး ပြောပြချက်အရ ထိုင်းလူပွဲစားများသည် ထိုင်းရဲများနှင့် ပေါင်းကာ အချုပ်ခန်းထဲမှ လူများကိုရွေးပြီး ငါးဖမ်းလှေများသို့ ရောင်းစားကြကြောင်း၊ ထိုလှေများသည်ကမ်းသို့ ပြန်မကပ်တော့ဘဲ ပင်လယ်ပြင်တွင် ဖမ်းလို့ရသည့် ငါးများကို တခြား လှေတစ်စီးပေါ်သို့ ပြောင်းကဲ့ယူသွားကြကြောင်း ပင်လယ်ပြင်တွင် နာမကျန်းဖြစ်က ဆေးကုသပေးမှုမရှိဘဲ ပင်လယ်ထဲသို့ ပစ်ချလေ့ရှိကြောင်း သိရသည်။

(၂ဝဝ၉)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊ နံနက်စောစောပိုင်းတွင် Chawsanlam အမှတ် (၁) ငါးဖမ်းလှေသည် မဟာချိုင် Palarsaphan ငါးဖမ်းလှေဆိပ်မှ အင်ဒိုနီးရှားပင်လယ် ပြင်တွင် ငါးဖမ်းရာ ဖမ်းမိသည့် ငါးအလေးချိန် အလွန်များကာ လှေမှောက်နစ်မြုပ်သဖြင့် လှေပေါ်ရှိ မြန်မာ အလုပ်သမား၊ ထိုင်းအလုပ်သမား(၁၉)ဦး ပျောက်ဆုံးခဲ့သည်။ ထိုင်းနှစ်ဦး၊ ဗမာနှစ်ဦးနှင့် မွန်တစ်ဦးတို့သာ အသက်ရှင် ကျန်ရစ်သည်။ လှေပိုင်ရှင်မှ ¤င်း၏လှေလည်း ဆုံးရှုံးရသဖြင့် ပျောက်ဆုံးခဲ့သူများ၏ မိသားစုများသို့ ထိုင်းဘတ်ငွေ (၃ဝဝဝဝ)စီ လျော်ကြေးအဖြစ်သာ ပေးခဲ့သည်။
Source : http://www.hanthawaddy.org/2009/12/blog-post_5770.html
Posted by : ဖြိုးဝေ-mmp