Friday, November 28, 2008

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2059-2008-11-27-09-07-47.html

Thursday, November 27, 2008

in front of UN ( in japan )

ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်

Tuesday, November 25, 2008

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

25 November 2008

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေ
ဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံ
ထားရတဲ့ မဂ္ဂင်ကျောင်းတိုက် ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း
Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦး
ကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ
အခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက
နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစု
တွေနဲ့ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ
လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း
ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊
အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ်
အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ်
ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍ၀ံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း
အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊
ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊
အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊
ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်
လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ်
ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ
သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး
ကုန်ဈေးနှုန်းကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ
ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေ
အားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်း
အရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ
ဆက်ပြီးရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ်
ကို ၈ နှစ်စီချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့
ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ
တကာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိ
ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အေအေပီပီအဖွဲ့က
ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စာရင်း
ဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက
ထောင်ဘယ်လောက်ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့
စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ
ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ
ခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက်
အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူဆောင်ရွက်နိုင်အောင်
တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေ
ပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း
ပူးတွဲကြေညာချက်တစောင် ထွက်လာတာရှိပါတယ်။"
မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့
ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲ
တွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ်ဆိုတာကို
အတိအကျ စုံစမ်းလို့မရတဲ့အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ
ဖြစ်နေကြပါတယ်။
http://www.voanews.com/burmese/2008-11-25-voa6.cfm

တပ်တွင်း အပြောင်းအလဲ ပြုလုပ်

ဆော်လမွန် အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:18 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတဦးက တပ်တွင်း အပြောင်းအလဲများကို မကြာမီက တောတွင်းမြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သည်ဟု ယနေ့ အရိပ်အမြွက် ပြောဆိုသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးတွင် တပ်တွင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးက ပြောဆိုခြင်း ဖြစ်သည်။

"အပြောင်းအလဲတချို့နဲ့ ရာထူးတိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး" ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော် သူက အသေးစိတ် ပြောကြားရန် ငြင်းဆိုသွားခဲ့ပြီး၊ အစိုးရက ဤအပြောင်းအလဲများ၊ ရာထူး အပြောင်းအရွှေ့များကို မကြာမီ ကြေညာမည်ဟု ပြောဆိုသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် ၄ လပတ် အစည်းအဝေးများကို ပုံမှန် ပြုလုပ်လေ့ရှိပြီး၊ ယခု နောက်ဆုံး ကျင်းပခဲ့သော အစည်းအဝေးမှာ လွန်ခဲ့သော စနေနေ့က ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် ယခု စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဆွေးနွေးခဲ့ကြပြီး၊ တပ်တွင်း အပြောင်းအရွှေ့များကိုလည်း ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လတွင် နောက်ဆုံး ကျင်းပခဲ့သော ၄ လပတ် အစည်းအဝေးတွင် စစ်အစိုးရသည် စစ်အရာရှိ ၁ဝဝ နီးပါးကို ပြောင်းရွှေ့ခန့်ထားမှုများ ဆောင်ရွက်ခဲ့သည်။

"စစ်တပ်ကို ခိုင်မာတောင့်တင်းအောင် လုပ်ရမှာမို့လို့ ဒီတခါလည်း တပ်ထဲမှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ၃ ယောက်ကို ဒုဗိုလ်ချုပ်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် စစ်ရေးသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။

သို့သော် ဤအပြောင်းအလဲများနှင့် ယခု ၄ လပတ် အစည်းအဝေးသည် ၂ဝဝ၈ ခုနှစ်အတွက် နောက်ဆုံး ဖြစ်သည်နှင့်အညီ သိပ်အရေးမပါလှဘဲ စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကိုသာ ပိုမို အာရုံစိုက် ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

"ဒီတခါတော့ ဝန်ကြီးတွေထဲမှာ နဲနဲပဲ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်တယ်။ ဒါတွေက နောက်အစည်းအဝေးကျမှ လုပ်မှာ" ဟု သူက ဆိုသည်။

မြန်မာစစ်တပ်တွင်း ထိပ်တန်းရာထူးကြီးများ တက်ရောက်သည့် လေးလပတ် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ (SPDC) ၊ တန်ခိုးထွားလှသော စစ်တိုင်းမှူးများ၊ ကစထ (BSO) မှူးများပါဝင် တက်ရောက်ကြသည်၊

မည်သို့ပင်ဖြစ်စေ သတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားသည်မှာ အငြိမ်းစားယူသွားသည့် ကစထမှူးများ ဖြစ်ကြသော ဗိုလ်ချုပ်မောင်ဘို၊ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဝင်းတို့သည် ယခုအစည်းအဝေးကို လာတက်ခဲ့ကြသဖြင့် သူတို့သည် နအဖ အဖွဲ့ဝင်များအဖြစ် ရှိဆဲပင်ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆိုကြသည်။

ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရန်၊ အထူးသဖြင့် တဒါဇင်ခွဲခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်ရာတွင် သူတို့၏ အခန်းကဏ္ဍကို အသုံးချရန်အတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုလားသည်ဟု သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

"သန်းရွှေနဲ့ သူ့ဗိုလ်ချုပ်တွေက ကာကွယ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်ကလို ပုံစံတမျိုးပေါ့" ဟု အဆိုပါ နေပြည်တော် သတင်းရပ်ကွက်တခုက ပြောသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလအတွက် ရုံးများဖွင့်ရန် ပြင်ဆင်နေပြီး ယင်းရုံးများသည် တောတွင်းမြို့တော်ရှိ ကာကွယ်ရေးဌာန၏ အဆောက်အဦတချို့တွင် ဖွင့်လှစ်လိမ့်မည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးမြမောင်ကမူ မကြာသေးခင်က ပြီးဆုံးသွားခဲ့သော အစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေနှင့် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဗိုလ်ချုပ်ကြီးတွေက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်နေကြတာ။ လုံခြုံရေးကိစ္စတွေ၊ ပြည်ထဲရေးကိစ္စတွေနဲ့ ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားဖို့ပဲဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်အရ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်ပြုကာ အာဏာလွှဲပြောင်းပေးမည်ဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

သို့သော် အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှစ်ရှည် ထောင်ဒဏ်ချခြင်းဖြင့် သူတို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်ထားမှုများကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ရှိသည်။ ထို့ပြင် တိုင်းပြည်တဝှမ်း ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပခဲ့သော မြို့များ၊ မြို့ကြီးများတွင် လုံခြုံရေးအစီအမံများ ပြုလုပ်ထားသည်။

အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေနှင့် တပ်တွင်းတွင် ရာထူးနေရာ အများအပြားကို အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိသည်ဟု ဦးမြမောင်က ပြောသည်။ အချို့ကို အငြိမ်းစားယူစေပြီး၊ အချို့ကို အရပ်သား အစိုးရဘက်သို့ ပို့ကာ၊ ရဲတပ်ဖွဲ့ကိုမူ အရန်စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု ဆိုသည်။

"ဘယ်လိုဆန္ဒပြမှုမျိုးပဲ ဖြစ်လာဖြစ်လာ၊ ရဲတပ်ဖွဲ့က နှိမ်နင်းနိုင်ဖို့ စစ်အစိုးရက ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်နေတယ်။ စစ်တပ်ကတော့ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်ဖို့ ဆက်ထားမှာဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

တိုင်းပြည်တဝှမ်းတွင် အနည်းဆုံး ရဲတပ်ဖွဲ့ ၁၆ ရင်းမှ ၁၈ ရင်းထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ တပ်ရင်းတရင်းလျှင် ရဲတပ်ဖွဲ့ဝင် ၄ဝဝ ကျော်ရှိသည်ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ သုတေသီဖြစ်သူ ဦးဌေးအောင်ကမူ မကြာခင်က ကျင်းပခဲ့သော စစ်အစိုးရ၏ ၄ လပတ် အစည်းအဝေးတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လတ်တလော ဖြစ်ပွားနေသည့် ရေကြောင်းနယ်နိမိတ် ပြဿနာ အစရှိသည့် အရေးပါသော ပြဿနာကြီး အနည်းငယ်မျှကိုသာ ဆွေးနွေးဖွယ်ရှိသည်ဟု ပြောသည်။

"ကျနော်ထင်တာ စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲလို၊ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဖြစ်ခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို အကြပ်အတည်းတွေနဲ့ စီးပွါးရေး အကြပ်အတည်းတွေ ဆိုတာလောက်ပဲ အရေးကြီးတာတွေ ဆွေးနွေးမှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

မည်သူတွေက နိုင်ငံရေးပါတီ ဖွဲ့ရမည်၊ မည်သူတွေက စစ်တပ်ထဲတွင် ကျန်ခဲ့ရမည် ဆိုတာကိုလည်း စစ်အစိုးရက ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိသည်ဟုလည်း ဦးဌေးအောင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ၄ လပတ် အစည်းအဝေးများ၌ ပြုလုပ်သော တပ်တွင်း အပြောင်းအလဲများသည် ပုံမှန်သာဖြစ်ပြီး စစ်တပ်တခုလုံး၏ ဖွဲ့စည်းမှုအပေါ်တွင်မူ အနည်းငယ်သာ အရေးပါလိမ့်မည်ဟုလည်း သူက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2034-2008-11-25-07-02-40.html

Monday, November 24, 2008

THITSARMAGAZINE 19

သတင်းစာဆရာကြီး ဦးဝင်းတင်

နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ့ ထောင်တွေဆီကို ရွှေ့ပစ်နေ

24 November 2008

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရသူ မဟန်နီဦး
အပါအ၀င် အယောက် ၂၀ ကျော်ကို မိသားစုနဲ့ဝေးတဲ့ ထောင်တွေဆီကို အာဏာပိုင်
တွေက ရွှေ့ပစ်နေပါပြီ။ ဒီအထဲမှာ ၈၈ မျိုးဆက် ကျောင်းသူကျောင်းသားတွေရော၊
အန်န်အယ်လ်ဒီ ပါတီဝင်တွေပါ ပါဝင်ကြပါတယ်။ အရောက်အပေါက် ခက်ခဲလှတဲ့
ထောင်တွေဆီကို ရွှေ့ပစ်နေတာဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်
အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထိတွေ့လို့မရအောင်၊ ထောင်တွင်း
သတင်းတွေကို ကမ္ဘာကမသိနိုင်အောင် စီစဉ်လုပ်နေတာလို့ ထိုင်းအခြေစိုက် နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့ ထောင်တွေကို ပြောင်းရွှေ့လိုက်တဲ့စာရင်းကို အန်န်အယ်လ်ဒီပါတီဝင် လူငယ်တဦး
က ရှင်းပြပါတယ်။

"ဒီနေ့ ထောင်ပြောင်းတာ ၁၈ ယောက်ရှိတယ်။ သန့်ဇော်မြင့် လှိုင်သာယာက သထုံ၊
ရဲမြတ်ဟိန်းက ကလေး၊ ကိုထွန်းထွန်းနိုင်က မိတ္ထီလာ၊ ဦးသဒ္ဒမခေါ် သက်ဇော်ကို
မိတ္ထီလာ၊ ရှဲခေါ် အောင်သိန်းလွင်ကို ဗန်းမော်၊ စိုးမြင့်ထိန်ကို တောင်ကြီး၊ လူတင်ဝင်း
ထားဝယ်၊ နေလင်းအောင်နဲ့ ကျော်ကျော် ပေါင်းတည်၊ မဟန်နီဦး လားရှိုး၊
မကြည်ကြည်ဝါ ပေါင်းတည်၊ မအိ ပေါင်းတည်၊ မငယ် သာယာဝတီ၊ သန်းလွင်ဦး
ထားဝယ်၊ အောင်မင်းနိုင်ခေါ် သားကြီး မော်လမြိုင်၊ မျိုးခိုင်ခေါ် ကုလားလေး သာယာ
ဝတီ၊ ရဲမင်းဦး မြင်းခြံ၊ ဦးဉာဏ်ဝင်းခေါ် ဦးဇာဏေယျ မိတ္ထီလာ"

အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ စုစုပေါင်း ၂၁ ယောက် ထောင်ပြောင်းရွှေ့ခံရ
တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက ကိုလှိုင်မင်း သီပေါထောင်၊ ကိုမျိုးရန်နောင်သိန်းက
သံတွဲထောင်၊ ကိုမျိုးခင်က ဗန်းမော်ထောင်တို့ ဖြစ်ပါတယ်။

အခုလို မိသားစုတွေနဲ့ ဝေးလံတဲ့ ထောင်တွေကို ပြောင်းရွှေ့တဲ့အတွက် ထောင်ဝင်စာ
သွားတွေ့ဖို့ မိသားစုတွေအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒီနေ့ ထောင်ပြောင်း
ခံလိုက်ရတဲ့ မကြည်ကြည်ဝါရဲ့ မောင်ဖြစ်သူက အခုလိုပြောပါတယ်။

"အခက်အခဲကတော့ အများကြီးပေါ့၊ ရန်ကုန်မှာကျတော့လည်း ထောင်ဝင်စာတွေ့လို့
မရ၊ ဘာမရနဲ့။ နယ်ဝေးဘက်ကိုပို့လိုက်တော့ မိသားစုတွေမှာ အခု ဘယ်လိုလုပ်လို့
လုပ်ရမှန်းမသိတဲ့ အခြေအနေမျိုးကို ရောက်နေတာပေါ့။ လက်ထဲမှာ သူတို့ကိုတွေ့ဖို့
အတွက် ပိုက်ဆံမရှိတာတို့၊ လမ်းစရိတ်မရှိတာတို့ အဲလို အခက်အခဲတွေနဲ့ အကုန်လုံး
ကြုံနေရပါတယ်။"

မြန်မာစစ်အစိုးရဘက်က အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ဘာဖြစ်လို့ ဝေးလံတဲ့
ထောင်တွေဆီ တဦးချင်းစီ ခွဲပြီးပို့နေရလဲဆိုတဲ့ အကြောင်းပြချက်တော့ မပေးပါဘူး။
ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေးအသင်း မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က သူ့ရဲ့
ခန့်မှန်းချက်ကို ရှင်းပြပါတယ်။

"အဓိကကတော့ သူတို့ကို နိုင်ငံတကာမြင်ကွင်းမှာ မရှိစေချင်ဘူး။ တခြား သတင်း
အချက်အလက်တွေအရရော သူတို့ကို နီးနီးစပ်စပ် မရှိစေချင်လို့ ထောင်ပြောင်းလိုက်
တာဖြစ်တယ်။ ဒါက ထောင်ပြောင်းတဲ့ကိစ္စတခုပါ။ ဒါပေမယ့် တယောက်ကို တထောင်
စီ ပြောင်းလိုက်တယ်ဆိုတာကတော့ အဓိကက သူတို့တင်မက သူတို့မိသားစုတွေပါ
ဒုက္ခရောက်စေတော့ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။"

နိုင်ငံတကာမြင်ကွင်းဆိုတာကို နည်းနည်းရှင်းပြပေးပါခင်ဗျ။

"ဥပမာ အင်းစိန်ထောင်မှာရှိတယ်ဆိုရင် ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားတွေရဲ့
အခြေအနေ၊ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရမှု အခြေအနေတွေ၊ စတဲ့
သတင်းအချက်အလက်တွေ ပြင်ပကိုရောက်ဖို့ နီးစပ်တယ်။ ဒီနေရာမှာ သူတို့ကို မရှိစေ
ချင်ဘူး။

"နောက်တခုက နာမည်ရှိတဲ့လူတွေဆိုရင် မြို့နဲ့ပိုဝေးတဲ့ ဒေသမှာရှိတဲ့ ထောင်တွေကို
ပို့တယ်။ အညိုရောင်နယ်မြေဖြစ်တဲ့အတွက် ဘယ်နိုင်ငံခြားသားမှ သွားလို့မရတဲ့
နေရာတွေဖြစ်တယ်။ အဲလိုပို့လိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ အကြောင်းပြချက်တခု
ရသွားတာပေါ့။

"မစ္စတာကင်တားနားတို့ သွားမယ်ဆိုရင်တောင်မှ၊ ဥပမာ မင်းကိုနိုင်ကို တွေ့ချင်တယ်
ဆိုရင် သွားတွေ့လို့မရတော့ဘူး၊ ကိုပြုံးချိုကို တွေ့ချင်တယ်ဆိုရင် သွားတွေ့လို့မရတော့
ဘူး။ ကော့သောင်းကို နိုင်ငံခြားသား မြန်မာပြည်ထဲကနေ ဖြတ်သွားလာခွင့်မရှိဘူး။
အဲဒါက နိုင်ငံတကာ မျက်စိအောက်ကနေ၊ နိုင်ငံတကာ မြင်ကွင်းအောက်ကနေ
ဖျောက်ချင်တဲ့သဘော ရှိပါတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင် ရှင်းပြ
သွားတာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက အခုလို ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို နှစ်ရှည်ထောင်ဒဏ်
တွေချမှတ်၊ ဝေးလံတဲ့ထောင်တွေကို ပို့နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ
လို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် မြန်မာအာဏာပိုင်တွေဘက်ကတော့
ဘယ်လိုမှ တုံ့ပြန်ချက်တွေ မပေးပါဘူး။ ဖမ်းဆီးထားပြီး ထောင်ဒဏ်မချမှတ်သေးတဲ့
သူတွေလည်း အများအပြား ကျန်နေပါသေးတယ်။
http://www.voanews.com/burmese/2008-11-24-voa5.cfm

သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်

သစ္စာ အမှတ် (၁၈) သြဂုတ် ၂၀၀၈ခုနှစ်ထုတ် တော်လှန်ရေး စာပေမဂ္ဂဇင်း






ဆရာကြီးမောင်စွမ်းရည်

(၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ 





Wednesday, November 12, 2008

အတွေး

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်တော စာနယ်ဇင်းတွေ ထွက်ဖို့ အခက်အခဲ ရှိလာခဲ့တယ်။ ဒါ့ကြောင့်ထင်ပါရဲ့။ အပတ်စဉ်။ လစဉ်ထွက်နေကျ ဂျာနယ်မဂ္ဂဇင်းတွေ အထွက်နောက်ကျခဲ့ရတယ်။ တလနှစ်လ နောက်ကျမှ ထွက်လာတဲ့ မဂ္ဂဇင်းဂျာနယ်တွေ မှာလဲဖတ်စရာ ကဗျာ ဆောင်းပါးခပ်ရှားရှားပဲ။ စာနယ်ဇင်း ဆရာတချို့အဖမ်းခံရ။ တချို့ တိမ်းရှောင်ကြရ ဆိုတော့နဂိုကထဲက ရသပိုင်းဆိုင်ရာချိနဲ့ နေရှာတဲ့ ဂျာနယ်မဂ္ဂဇင်းတွေ ရှော့ဖြစ်ကုန်တယ်ပဲ ဆိုပါတော့။ ဒီအထဲမှာ စိုင်းဝင်းမြင့်ရဲ့ ကဗျာတပုဒ် နှစ်သက်မိလို့ ကူးထားလိုက်တယ်။ စိုင်းဝင်းမြင့်ကဗျာတွေကို အရင်ထဲကကြိုက်ပါတယ်။ မိသားစု။ သူစိမ်း။ တခြားသော။ တစ်ဖက်ကမ်းစသဖြင့် ဆရာမောင်သားနိုးကတော့ “စိုင်းဝင်းမြင့်ဟာ ခေတ်ရဲ့စကားလုံးတွေကို မလွတ်တမ်း သုံးစွဲတတ်တဲ့ ကဗျာဆရာတစ်ယောက်”လို့ပြောပါတယ်။ ဆရာအောင်ခင်မြင့်ကတော “ခေတ်ကို တိုက်ရိုက်တွေ့ဆုံရင် ဆိုင်ပြီးဖွဲ့ဆိုတဲ့ လမ်းပေါ်က ကဗျာဆရာ တစ်ယောက်”လို့ ဆိုပြီး စိုင်းဝင်းမြင့်အပေါ် ကောက်ချက်ချပါတယ်။ ကျနော်ကတော့ စိုင်းဝင်းမြင့် ကဗျာတွေကို ဘာသာစကားကဗျာတွေ လို့ပြောချင်ပါတယ်။သူ့ကဗျာတွေဟာ လူထုထဲက စကားလုံးတွေနဲ့ ရက်ရှယ်ထားတာ တွေ့ရတတ်ပြီး ခေတ်ကို ထင်ဟပ်ထားလို့ ဖြစ်တယ်။ ၂၀၀၇ခု နိုဝင်ဘာလ ထုတ်မဟေသီ မဂ္ဂဇင်းထဲက တနှစ်ကြာပြီဖြစ်တဲ့ကဗျာတပုဒ် ဖြစ်ပေမဲ့ ပြန်ဖတ် ကြည့်တော့ ခံစားမှုအသစ်နဲ့ ရင်ခုန်လာလို့ မျှဝေလိုက်ပါရစေ။

လူငယ်ရှိတယ်

် မိုးက နေ့စဉ်ရက်ဆက် ရက်စက
ငါတို့လည်း ဆက်၍ဆက်၍ ဆက်၍သာ
လမ်းစကိုဖော်သလိုလိုနဲ့လွမ်းစကိုဖော်
ငါအတွင်းထဲကြေကွဲ ဖွယ်ပြန် ဆုံ
သူတို့အဖေပြန်လာတဲ့အခါ
တစ်ခုခုပါမှာပဲ
အိတ်ကိုဆွဲယူဖွင့် ပန်းတွေ ပွင့်နေတာ
မိုးရွာရင် မိုးရေချိုးမယ် ဖေဖေလာရင် မိုးချုပ်မယ်
အိမ်ကိုစောစောပြန် သမီးလေးတွေကိုစောစောချီ
သမီးငယ်လေးဟာ ဟိုထိုးသည်ထိုး လက်ညိုးပဲ
လမ်း လမ်း လမ်း လမ်းနေ့နေ့ညည လမ်းပြ နေတာ
တစ်နှစ်ပဲကွာတဲ့ သမီးကြီး က
ပါးစပ်ထဲရှိတာအော် မုန့် မုန့် မုန့်မုန့်
အို အိုး အို အိုး တစ်ခုမရ တစ် ခု လှည့် အော်
နာကျင်တဲ့အခါလည်း ရယ်မောဖို့ နောက်မကျ သူတွေပါဘဲ
မိသားစု အရေးဟာ အရာရာ ပဲလေ
ဘာမြင်သလဲ ဆိုတော့ ဘ၀ပဲ
ပျော်စရာ မကောင်းဘူးလား ။
စိုင်းဝင်းမြင့်

ငိုတဲ့ကလေးနို့စို့တတ်ရသလိုဆာတဲ့ကလေးမုန့်ကျွေးရမယ်မဟုတ်လား ဗမာပြည်ကငိုတဲ့ကလေးတွေအတွက်တော့- - -
ဒါပေမဲ့ကလေးတွေဆက်လက်ငိုနေကြရအုံးမှာပဲ။

Sunday, November 9, 2008













၉ရက် ၁၁လ ၂၀၀၈ခုနှစ်

  • သစ္စာတော်လှန်ရေး မဂ္ဂဇင်း လစဉ်ပါတ် အစည်အဝေး