Friday, October 30, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

Sunday, October 25, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ကြေငြာချက်။...။

22-10-2009tw

Saturday, October 24, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊ (၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဖိတ်ကြားလွှာ

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊ (၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၁၀.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

Thursday, October 22, 2009

ကိုမင်းကိုနိုင် မွေးနေ့ ပြည်တွင်း၊ ပြည်ပ မှာ ကျင်းပ


ကိုမင်းကိုနိုင် မွေးနေ့ ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီးကျင်းပ

ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် နှင့် ဒီမိုကရေစီလှုပ်ရှားမှုတိုက်ပွဲ ၏ ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ အသက်၄၇ နှစ်မြောက်မွေးနေ့ကို ပြည်တွင်း၊ ပြည်ပ မှာရောက်ရှိနေကြတဲ့ သူ့ရဲ့ မိတ်ဆွေများ နှင့် သူ့ကို အားပေးထောက်ခံ နေသူများ က မွေးနေ့ပွဲ အမှတ်တရ ကျင်းပပေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံတွင်လည်း ၁၈-၁၀-၂၀၀၉ နေ့ က Tokyo ရှိ IKebukuro ရှိ Kumin center တွင် ကိုမင်းကိုနိုင် မွေးနေ့ ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီးကျင်းပကြသည်။ အခမ်းအနား ကို ကိုမြတ်သူ က ဖတ်ကြားပြီး၊ တတ်ရောက် လာတဲ့နိုင်ငံရေး အဖွဲ့စည်း အသီးသီးနှင့် JAPAN NGO - HUNMAN RIGHT မြန်မာ့အရေး ကို စိတ်ဝင်စားတဲ့ ဂျပန် လူမျိုးများ က မွေးနေ့ရှင် အတွက် မွေးနေ့ဆုတောင်းများ ဖတ်ကြား ကြပြီးအခမ်းအနား ကိုရုပ်သိမ်းလိုက်ကြသည်။

အခမ်းအနားကို အင်အား ၁၅၀ ခန့်တတ်ရောက် ပြီးညနေ ၅ နာရီ မှ ည ၉ နာရီ အထိ ကျင်းပခဲ့ပါသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့မှုတွင် ဦးဆောင် ခဲ့မှုဖြင့် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသည်။ လက်ရှိတွင် ရှမ်းပြည်နယ် ကျိုင်းတုံ ထောင်သို့ ပို့ဆောင်ခံထားရသည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တရားဝင်ဖြစ်မြောက်ရေး ဗဟိုကော်မတီ ( ယာယီ) ပထမအကြိမ် ကျောင်းသားညီလာခံ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုမင်းကိုနိုင်ကို ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။

ကိုမင်းကိုနိုင်(၄၇)နှစ်ပြည့် မွေးနေ့အမှတ်တရစာလွှာ။...။




၁၈ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့ (၄၇)နှစ်မြောက် မွေးနေ့မှာ ကိုမင်းကိုနိုင်နှင့် တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လည် လွတ်မြောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


ပေးပို့လာသူ အကိုတော် ကို E B.......

ဒီပဲရင်းလုပ်ကြံမှု၏တရားခံများ...

Fresh Report on Black Friday

Wednesday, October 14, 2009

ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ)


ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ) လပါတ်ညီလာခံ အစည်းအဝေး အခမ်းအနားကို ၁၁ရက် ၊ ၁၀လ ၊ ၂၀၀၉ခုနှစ် ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ ဆုံဆွေးနွေးချက် မှတ်တမ်း ဓာတ်ပုံ။

Sunday, October 11, 2009

မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း.။....။(ဂျပန်နိုင်ငံ)




"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပထမ" "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိက" ဟူသော ဆောင်ပုဒ်ဖြင့် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား(၃၅၀)ခန့်က ယနေ့ညနေ (၅)နာရီကဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံတွင် ခတ္တရောက်ရှိနေသော NCUB နှင့် FTUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်မှ အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက အမှာစကားများပြောကြားကြပါတယ်။ ယနေ့ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၏ ကြွေးကြော်သံများတိုင်ကာ လူစည်ကားရာ Ikebukuro မြို့ကိုဖြတ်သန်းပြီး ဂျပန်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်နိုင်ငံအကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများကို ဝေငှခဲ့ပါတယ်။ ဆန္ဒပြပွဲ အခမ်းအနားကို ညနေ(၆)နာရီ တွင် Ikebukuro ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။...။
ဓာတ်ပုံ၊သတင်း.....ဒီမိုဝေယံ။...။

Wednesday, October 7, 2009

ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးအကျဉ်းသားများနှင့်ကျောင်းသားများအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်

၂၀၀၉ အောက်တိုဘာ ၁ရက်။ ။
ဂျပန်နိုင်ငံတိုကျိုမြို့ရှီဘူယမြို့နယ်ကုလသမဂ္ဂရုံးရှေ့တွင်ယနေ့ ၃နာရီမှ၎နာရီအတွင်းဆန္ဒုပြပွဲကျင်းပခဲ့ပါသည်။



今週のビルマのニュース 
在日ビルマ人抗議行動のお知らせ:明日スーチーさん控訴審・判決言渡しをうけて
━━━━━━━━━━━━━━━━━━━━━━━━━━━━━━
    ビルマ市民フォーラム メールマガジン     2009/10/1
People's Forum on Burma   
━━━━━━━━━━━━━━━━━━━━━━━━━━━━━━

米国人を無断で自宅に泊めたとして、一審で有罪判決をうけ、
現在自宅軟禁中のビルマ民主化指導者アウンサンスーチーさんの
控訴審につき、明日、10月2日(金)判決が言い渡される予定
です。

これを受けて、在日ビルマ人の民主化活動家の皆さんは、アウン
サンスーチーさんの無罪を主張、氏の早期釈放と民主化に向けた
対話の開始を求め、下記の通り抗議行動を行いますので、
在日ビルマ人に代わってお知らせいたします。

万が一、判決言い渡しが延期された場合等は、抗議行動への
参加人数は少なくなることが予想されますが、予定時間通り
実施するそうです

Sunday, October 4, 2009

ဂျပန်နိုင်ငံ သံဃာ့ပဝါရဏာ ကံဆောင်ပွဲနှင့် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဓာတ်ပုံမှတ်တမ်း။...။



ဂျပန်နိုင်ငံ၌ သံယာပဝါရဏ ကံဆောင်ပွဲကို ဂျပန်လူမျိုးထေရဝါဒ ရဟန်းတော်များနှင့် သီတင်းကျွတ်လပြည့်နေ့ နံနက် ၉နာရီခွဲခန့်က အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ ယနေ့နေ့လည်ပိုင်းက မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို တိုကျိုမြို့ OOYAMA မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။....။

ဓာတ်ပုံ....သတင်း...ကိုမင်းဇော်၊ ဒီမိုဝေယံ

သစ္စာ တော်လှန်ရေးစာပေအင်အားစုအဖွဲ့ဝင်များရဲ့ဓါတ်ပုံ,
ဓာတ်ပုံ....သတင်း...သစ္စာ တော်လှန်ရေးစာပေအင်အားစုအဖွဲ့ဝင် လူငယ်ဌာန သန်းကျော်ဌေး

Thursday, October 1, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ


၃၀-၉-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၂၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。 軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。  国民民主連盟の副議長ウーティンウー氏と総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行い参加者は120人以上に居た。

2nd Anniversary of Saffron Revolution (27-9-2009)


မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့ တွင်၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့) ညနေ (၃) နာရီမှ (၅) နာရီထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ)အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။