Thursday, October 22, 2009

ကိုမင်းကိုနိုင် မွေးနေ့ ပြည်တွင်း၊ ပြည်ပ မှာ ကျင်းပ


ကိုမင်းကိုနိုင် မွေးနေ့ ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီးကျင်းပ

ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် နှင့် ဒီမိုကရေစီလှုပ်ရှားမှုတိုက်ပွဲ ၏ ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ အသက်၄၇ နှစ်မြောက်မွေးနေ့ကို ပြည်တွင်း၊ ပြည်ပ မှာရောက်ရှိနေကြတဲ့ သူ့ရဲ့ မိတ်ဆွေများ နှင့် သူ့ကို အားပေးထောက်ခံ နေသူများ က မွေးနေ့ပွဲ အမှတ်တရ ကျင်းပပေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံတွင်လည်း ၁၈-၁၀-၂၀၀၉ နေ့ က Tokyo ရှိ IKebukuro ရှိ Kumin center တွင် ကိုမင်းကိုနိုင် မွေးနေ့ ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီးကျင်းပကြသည်။ အခမ်းအနား ကို ကိုမြတ်သူ က ဖတ်ကြားပြီး၊ တတ်ရောက် လာတဲ့နိုင်ငံရေး အဖွဲ့စည်း အသီးသီးနှင့် JAPAN NGO - HUNMAN RIGHT မြန်မာ့အရေး ကို စိတ်ဝင်စားတဲ့ ဂျပန် လူမျိုးများ က မွေးနေ့ရှင် အတွက် မွေးနေ့ဆုတောင်းများ ဖတ်ကြား ကြပြီးအခမ်းအနား ကိုရုပ်သိမ်းလိုက်ကြသည်။

အခမ်းအနားကို အင်အား ၁၅၀ ခန့်တတ်ရောက် ပြီးညနေ ၅ နာရီ မှ ည ၉ နာရီ အထိ ကျင်းပခဲ့ပါသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့မှုတွင် ဦးဆောင် ခဲ့မှုဖြင့် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသည်။ လက်ရှိတွင် ရှမ်းပြည်နယ် ကျိုင်းတုံ ထောင်သို့ ပို့ဆောင်ခံထားရသည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တရားဝင်ဖြစ်မြောက်ရေး ဗဟိုကော်မတီ ( ယာယီ) ပထမအကြိမ် ကျောင်းသားညီလာခံ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုမင်းကိုနိုင်ကို ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။

0 comments: