မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့ တွင်၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့) ညနေ (၃) နာရီမှ (၅) နာရီထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ)အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။
ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့
အလည်ရောက်ခြင်း အမှတ်တရ
-
မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည်
အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း
ပြုရန...
14 years ago
0 comments:
Post a Comment