Thursday, July 30, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းကို ခွဲစိတ်ရောင်းချပြီးဖြစ်ကြောင်း မြန်မာသတင်းစာများတွင် ကြော်ငြာချက်ထုတ်ပြန် အသိပေး


တက္ကသိုလ်ရိပ်သာလမ်း (အမှတ် ၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ ၄၄ စီ နှင့် ၆၄ စီ) ဟု သတ်မှတ်ထားသည့် ခြံဝင်းထဲမှ ပေ ၁၀၀×၇၀ ကို ခွဲစိတ်ရောင်းချပြီးဖြစ်၍ ဥပဒေအရ ကန့်ကွက်လိုက ၇ ရက်အတွင်း လာရောက်ကန့်ကွက်ကြရန် ကြော်ငြာတခု ဇူလိုင်လ ၂၄၊ ကြေးမုံသတင်းစာတွင် ပါရှိခဲ့သည်။ ထိုခြံမြေကို ဒေါ်အောင်ဆန်းစုကြည်လက်ရှိနေထိုင်သော အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ခြံဝင်းအဖြစ် ယူဆထားကြရာ စစ်အုပ်စုနှင့် မတရားအမှု စီရင်ခြင်းကို အင်းစိန်ထောင်အတွင်းမှ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုနှင့် အပေါင်းအပါးများက ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေသည့် ခြေလှမ်းသစ်တခုအဖြစ် မြန်မာလူထုက မခံမရပ်နိုင်ဖြစ်ကြရသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီက ၎င်း၏ အမဖြစ်သူ ဒေါ်ခင်ကြီး၏ သားတဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးတဦးဖြစ်သူ ဦးခင်မောင်အေး ကို ထိုမြေကွက်၏ အစိတ်အပိုင်းအား မေတ္တာလက်ဆောင်ပေးခဲ့သည်ဆိုပြီး အမှုတခု ၁၉၈၈ ၀န်းကျင်က ဖြစ်ပွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုတောင်းဆိုမှုကို ငြင်းဆိုပြီး တရားရင်ဆိုင်နေခဲ့ရာ၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားချိန်အတွင်း ထို ဦးခင်မောင်အေးက အခြားဝယ်သူတဦးထံ လက်လွှဲရောင်းချလိုက်သည့်အတွက် ထိုကြော်ငြာချက်ကို အများပြည်သူတို့ တွေ့ရခြင်း ဖြစ်သည်။ ဦးခင်မောင်အေးသည် (စာရေးဆရာ - တက္ကသိုလ်ခင်မောင်အေး ) အမည်နှင့် စာရေးသည်ဟု ဆိုသည်။ ယခင်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ဖူးသည်။
ထိုအကြောင်းကို အင်န်အယ်ဒီပါတီ၏ ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ဂျာမနီက ဒီပီအေသတင်းဌာနက မေးမြန်းရာ - ဒေါ်စုကို သူက အကြောင်းကြားပြီးဖြစ်ကြောင်း၊ ဒေါ်စုက ဥပဒေဘောင်အတွင်းက ပြန်လည်ဖြေရှင်းမည်ဟု ပြောကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုခြံဝင်းအားလုံးကို ဒေါ်စုသာ လုံးဝ ပိုင်ဆိုင်ကြောင်း၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အကြပ်အတည်းမျိုးစုံဖြင့် ဖိနှိပ်ထားရန် စစ်အုပ်စု၏ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ကြံသည့် ကြိုးပမ်းချက်တခုအဖြစ် ထင်မြင်ကြောင်း ၎င်းက ဆိုသည်ဟု ဆိုသည်။
စစ်အုပ်စုသည် ၁၉၉၀ ခုနှစ်များအတွင်းက အမေရိကန်နိုင်ငံသားခံယူထားသူ အောင်ဆန်းဦး (ဒေါ်စု၏ အကိုရင်း) အား ဒေါ်စု၏ နေအိမ်ခြံဝင်းကို ပိုင်ဆိုင်ခွင့်ရယူရန် တရားရင်ဆိုင်နိုင်ရန် အားပေးစီစဉ်ပေးခဲ့ဖူးသည်။ သို့သော် ထိုစဉ်က တရားရုံးက နိုင်ငံခြားသားတဦးအား နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရာ၊ ထို အောင်ဆန်းဦးမိသားစုက ၎င်းမိခင်နေအိမ်ကို ထိမ်းသိမ်းခွင့် ဆက်လက်တောင်းဆိုရန် ကြိုးစားနေကြောင်း သိရှိရသည်။ ထိုအတောအတွင်း ၂၀၀၀ ခုနှစ်များအတွင်း အောင်ဆန်းဦးမိသားစုကို မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များ စစ်အုပ်စုက ချမှတ်ပေးခဲ့သည်ကို တွေ့ရသည်။
စစ်အုပ်စုသည် အတိုက်အခံနိုင်ငံရေးသမားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်း မိသားစုများကို အထွေထွေ အကြပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ရရန်၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့စေရန် မျက်ခြေမပြတ် အစဉ်တစိုက် အငြိုးတကြီး ဆောင်ရွက် လုပ်ကြံမှုများနှင့် ထင်ရှားသည်ဟု စာနယ်ဇင်းပညာရှင်ကြီးတဦးက မှတ်ချက်ပေးသည်။
“ စီးပွားရေးလုပ်ငန်းတွေ၊ အဝေးပြေးကားလုပ်ငန်း၊ ပွဲရုံလုပ်ငန်းနဲ့ ဈေးဆိုင်တွေကို အနှောက်အယှက်ပေးတာ၊ တားဆီးတာတွေ အများကြီးပဲ။ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေဆိုပြီး ဖိနှိပ်ပြီး အမှုဆင်တာ ထောင်ချတာတွေလည်း အများကြီးပဲ။ လက်ရှိထင်ရှားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိစ္စ။ ပြီးတော့ အင်န်အယ်ဒီပါတီ ရုံးချုပ်နေရာ။ စစ်အုပ်စုက ဒါကို ပိတ်ပစ်နိုင်ဖို့ မျိုးစုံ ဖိအားပေးနေတယ်။ နောက် ထောင်က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်။ သူရထားတဲ့ တိုက်ခမ်းကို စစ်တပ်က ပြန်သိမ်းတယ်။ ဆရာ့မှာ နေစရာ ထောင်က လွတ်လာတော့ မရှိဘူး။ မိတ်ဆွေကြီး ကိုမောင်မောင်ခင့်အိမ်မှာ နေရတယ်။ အိမ်ငှားနေပြန်တော့လည်း အိမ်ရှင်ကို အကြိမ်ကြိမ် လာရောက်ခြိန်းခြောက်တယ်။ အိမ်ရှင်တွေက မငှားရဲဘူး။ အတိုက်အခံတွေက အကြပ်အတည်းဖြစ်လို့ အိမ်လေး ခြံလေး ဖဲ့ရောင်းချင်ရင်လည်း သာမန်လူတွေက မ၀ယ်ရဲဘူး။ စစ်တပ်က ငြိုငြင်မှာ စိုးလို့။ အတိုက်အခံတွေကို အိမ်တွေကနေ မောင်းချဖို့ နှင်ချဖို့ ဆိုရင် စစ်တပ်က လက်မနှေးပြန်ဘူး။ ၂၀၀၂ တုန်းက ရန်ကုန် ၀ဂ္ဂီရပ်ကွက်က မောင်စွမ်းရည်၊ ရွှေကူမေနှင်းတို့ အိမ်ကို ညတွင်းချင်း စက်နဲ့ထိုး ဖျက်ခဲ့တယ် မဟုတ်လား” ဟု သူက ပြန်ပြောင်းပြောပြပါသည်။
၎င်းက ဆက်လက်ပြောကြားရာတွင်
“ စစ်အုပ်စုနောက်ကွယ်ကနေ ကြိုးကိုင်တဲ့ အခု မြေကွက်ခွဲခြမ်းရောင်းချမှုမှာ ရောင်းချတဲ့သူအပြင် ဒီလို မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီးရဲ့ မိသားစု အစဉ်အဆက်နေထိုင်ခဲ့တဲ့ သမိုင်းဝင်နေရာ၊ လက်ရှိ ဒီမိုကရေစီအရေးတော်ပုံ ခေါင်းဆောင်တဦးအတွက် တခုတည်းသော ကြံ့ကြံ့ခံရပ်တည်နေတဲ့ နေရာကို ဘယ်လိုလူမျိုးက အမဲဖျက်သလို ဖျက်ဆီးပြီး ၀ယ်ယူ သိမ်းပိုက်ဝံ့သလဲဆိုတာကလည်း ခံပြင်းအမျက်ထွက်စရာ မေးခွန်းတခုပဲ ဖြစ်ပါတယ်။”
ဟု မှတ်ချက်ပေးသည်။
မိုးမခမှ...

Sunday, July 26, 2009

၁၂ရက် ၇လ ၂၀၀၉ခုနှစ် သစ္စာ တော်လှန်ရေး မဂ္ဂဇင်း၏ ညှိနိုူုူင်းဆွေးနွေးပွဲ

新宿区立新宿消費生活センタ-169-0075 新宿区高田馬場4-10-2(03)3365-6100
မှာကျင်းပခဲ့ပါတယ်။

ビルマ(現ミャンマー)独立の父

Monday, July 20, 2009

အာဇာနည် ကိုးဦကို ဂုဏ်ပြုအလေး........ပြု




မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားသွားသော အာဇာနည်ကြီးကိုးဦးမှာ -

(၁) ဗိုလ်ချုပ်အောင်ဆန်း၊ နတ်မောက်မြို့ ဦးဖာ-ဒေါ်စုတို့မှ ၁၉၁၅-ခုနှစ် မွေး၊ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့၌ ကျဆုံး။

(၂) သခင်မြ၊ ပြည်ခရိုင် ထုံးဘိုမြို့ ဦးဘိုးချွန်- ဒေါ်သက်လယ်တို့မှ ၁၈၉၇-ခုနှစ်မွေး၊ ၁၉၄၇-ကျဆုံး။

(၃) မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ မိုင်းပွန် စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မဟာဒေ၀ီ နန်းစိန်ဥတို့မှ၁၉၀၇-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။

(၄) ဒီးဒုတ်ဦးဘချို ၊ မြောင်းမြမြို့ ဦးဘိုးစာ ဒေါ်မြစ်တို့မှ ၁၈၉၃-ခုနှစ် မွေး၊ ၁၉၄၇-ခုနှစ်ကျဆုံး။

(၅) ဦးရာဇတ်၊ မိတ္ထီလာမြို့ မစ္စတာ အေရာမန်- ဒေါ်ငြိမ်းလှတို့မှ ၁၈၉၈-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။

(၆) မန်းဘခိုင်၊ ဟင်္သာတမြို့နယ် ယုန်သလင်းရွာ မန်းပေကုန်း ဒေါ်ပုတို့မှ ၁၉၀၃-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။

(၇) ဦးဘ၀င်း၊ နတ်မောက်မြို့ ဦးဖာ-ဒေါ်စုတို့မှ ၁၉၀၁-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။

(၈) ဦးအုန်းမောင်၊ မင်းဘူးမြို့ မစ္စတာ အိပ် (ခ်ျ) ဒယလျူ ထရပ်(တ်) ၀ိန် - ဒေါ်ရွှေမြင့်တို့မှ၁၉၁၃-ခုနှစ်မွေး၊ ၁၉၄၇-နှစ် ကျဆုံး။

(၉) သက်တော်စောင့် ရဲဘော်ကိုထွေး၊ မန္တလေးမြို့ တောင်ပြင်သိပ္ပံရပ် ဦးကိုကိုလေး- ဒေါ်မင်ရီတို့မှ ၁၉၂၉-ခုနှစ်မွေး၍ ၁၉၄၇-ခုနှစ်၌ ကျဆုံးရသည်။

Sunday, July 19, 2009

၆၂နှစ်ပြည့် အာဇာနည်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းကြီးကျောင်း၌ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ ဓာတ်ပုံမှတ်တမ်း။...။


၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာဘုန်းကြီးကျောင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကြီးမှုး၍ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ အားရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းခြင်း၊ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သတင်း၊ဓာတ်ပုံ ။....။ဦစိုးအောင်ဝင်း(ပြန်ကြားရေး)NLD(LA)JB
..........................ဒီမိုဝေယံ

Wednesday, July 8, 2009

ခေါင်းငုံ နှာချေးသုတ်ခံပြီး ပြန်လာတဲ့ ဘန်ကီကြီးရဲ့ အကြောင်း..

Ban Ki-moon is half way through his five years as UN secretary-general and has shown signs of wanting a second term. Inside Story looks at the ups and downs of the UN secretary-general's first term. Compared to his predecessors, has he been successful?

AlJazeeraEnglish news
သန်းရွှေ ကို မနိုင်တာ ဘင်ကီတော့ ပျားတုတ်နေပြီ။ အားလုံးအသံတော့ ထွက်နေပြီ။

Walk On (Tributo a Aung San Suu Kyi) - U2-360º@Camp Nou-Barcelona (30.06.2009) (Calidad 777)

ဒါ ဟောလိဝုဒ်က ကင်မရာ လှည့်စားနေတာမဟုတ်ဖူး..တကဲ့ ဖြစ်ရပ်မှန်

အရှက်ပြေ...

Monday, July 6, 2009

ယနေ့ တိုင် မမေ့သေးဖူးဟေ့..သွေးစွန်းတဲ့ ဇူလိုင် (ရ)

သွေးနံ့ ဆိုတာ ဖျက်မရဖူး..
တိုတောင်းတဲ့ ဘ၀လူမှန်ရင်မေ့ မရ အမှတ်တရနေ့ တွေ ရှိစမြဲ။သာယာလှပပျော်ရွှင်စရာနေ့ ..အောင်မြင်မှုရ..၀မ်းမြောက်စရာနေ့ ငိုကြွေးသောက..ဗျာပါဒရဲ့နေ့ ..ဘ၀ရဲ့ ဖြတ်သန်းမှု မှတ်တိုင်တွေထဲ..ဒီအမည်းရက်က သေရာပါတယ်။ကျိမ်စာသင့် တဲ့ ရက်ညည ခြောက်လှန့်  အိမ်မက်ဆိုးဝါးရက်စက် ၀င်္ဂဘာထဲ တလည်လည်..၁၉၆၂ ဇူလိုင်လရဲ့ ခုနှစ်ရက်..ကျနော့ ဆယ်ကျော်သက် ကတက္ကသိုလ်ရဲ့ ရက်တစ်ရက်..ဖျက်မရတဲ့ သွေးရေးပန်းချီ

ဒီနေ့  ဇူလိုင် (၇) ရက်နေ့မနက်..သားကြီး ခွဲသွားခဲ့တာ ၄၇ နှစ်အမေ စောစော ထတယ်..ဆွမ်းလောင်းပြီးတရားနာ..ရေစက်ချမယ်…သားကြီးရယ်..ကောင်းရာသုဂတိလားပါစေ။၁၉၆၂..လွန်ခဲ့တဲ့ နှစ် ၄၀ကျော်ကပေါ့ကျမသား အမည်က မောင်အောင်ခင်အသက်ငယ်ငယ် ဆယ်ကျော်သက်..ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး အသစ်စက်စက်အရပ်မြင့်မြင့်..ရုပ်ချောချော..နှုတ်ခမ်းမွေးနု ရေးရေး..အသံသြသြကျမ ချစ်သော အဖေတူသား..ကျမ ရဲ့ မျှော်လင့်ချက်များ..သူ့ အပေါ် စုပုံထားတယ်။

Saturday, July 4, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ


NEJ / ၄ ဇူလိုင် ၂၀၀၉

ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်တောင်းဆိုချက်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်တွင် တရားရေးဆိုင်ရာလုပ်ငန်းများကို အနှောင့်အယှက် မဖြစ်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းပြသည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။“ကျနော်အနေနဲ့ အင်မတန်စိတ်ပျက်မိပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့ ထပ်မံတွေ့ဆုံအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။မစ္စတာဘန်ကီမွန်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်းပင် နေပြည်တော်သို့ သွားရောက်၍ နအဖစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုကြောင်း မေတ္တာရပ်ခံခဲ့ပြီး တွေ့ခွင့်ရမရ သိရှိရန် အဖြေကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေသည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။“သူက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြောတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။မစ္စတာဘန်ကီမွန်းကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးသည် ယခုခရီးစဉ်၏အဓိက အချက်တချက်ဖြစ်သည့် အတွက် ၎င်း မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမချင်း စောင့်ဆိုင်းနေမည်ဟု ပြောဆိုခဲ့သည်။ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးအကြောင်းပြကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု အန်အယ်လ်ဒီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။ထို့ပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတွေ့တာ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျနော်တို့ လုံးဝနားမလည်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားစွဲတာကိုက နိုင်ငံရေးအရ စွဲထားတာပဲ။ ဒါတွေက လုပ်မယ်ဆိုလည်း အကုန်လုံးဖြစ်တယ်၊ မလုပ်ဘူးဆိုလည်း အကြောင်းပြချက် တွေပေါ့လေ” ဟု ၎င်းက ပြောသည်။မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံခဲ့ရာတွင် ဒီမိုကရေစီရေး တိုးတက်မှု အထောက်အကူဖြစ်စေမည့် အချက် (၅) ချက်ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။ရှေ့နှစ်ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရန်၊ အစိုးရနှင့်အတိုက်အခံတို့ တွေ့ဆုံကာ စစ်မှန်သည့် ဆွေးနွေးရေးကို အကောင်အထည်ဖော်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရန်တို့အတွက် တိုက်တွန်းတင်ပြခဲ့သည်ဟု သိရသည်။၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကတိပေးခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များ အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိစေရန် အလေးထား လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။မြန်မာနိုင်ငံသို့ လာရောက်သည့် ယခုခရီးစဉ်ကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က ခက်ခဲသည့်ခရီးစဉ်တခုအဖြစ် ကြိုတင်တွက်ဆထားကြောင်း ပြောဆိုခဲ့ပြီး နှစ်ပေါင်း (၄၇) နှစ်ကျော် စစ်အာဏာရှင်များက အုပ်ချုပ်လာခဲ့သည့် မြန်မာနိုင်ငံကို ယခုကဲ့သို့ တညအိပ် ခရီးတိုလေးအတွင်းတွင် အခြေခံကျသည့် ပြောင်းလဲမှုများကို သူ့အနေဖြင့် မျှော်လင့်မထားကြောင်းလည်း ပြောကြားခဲ့သည်။ယခု ၎င်း၏ခရီးစဉ်အပေါ် မြန်မာစစ်အစိုးရက နိုင်ငံရေးအရ အသုံးချခံရမည်ကို စိုးရိမ်မိကြောင်း မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဇူလိုင် (၃) နှင့် (၄) ရက်ခရီးစဉ်အတွင်း နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ၎င်း၏တောင်းဆိုချက်များကို တင်ပြခြင်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် ယနေ့ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟုသိရသည်။မစ္စတာဘန်ကီမွန်းသည် ယမန်နေ့ညနေပိုင်းတွင် အန်အယ်လ်ဒီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တရားဝင် နိုင်ငံရေးပါတီ (၁၀) ခုနှင့် ငြိမ်းချမ်းရေးအဖွဲ့အချို့တို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးကမူ ကုလသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုထားသော်လည်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြန်လွှတ်ပေးခြင်းမျိုးသည် အောင်မြင်သည့်ရလဒ်မဟုတ်ဟု အဖွဲ့၏ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားသည်။မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဇူလိုင် (၃) ရက်နေ့သည် အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုကို ဆက်လက် စစ်ဆေးသည့်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကြားနာမှုကို ဇူလိုင် (၁၀) ရက်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲထားပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။