Monday, July 6, 2009

ယနေ့ တိုင် မမေ့သေးဖူးဟေ့..သွေးစွန်းတဲ့ ဇူလိုင် (ရ)

သွေးနံ့ ဆိုတာ ဖျက်မရဖူး..
တိုတောင်းတဲ့ ဘ၀လူမှန်ရင်မေ့ မရ အမှတ်တရနေ့ တွေ ရှိစမြဲ။သာယာလှပပျော်ရွှင်စရာနေ့ ..အောင်မြင်မှုရ..၀မ်းမြောက်စရာနေ့ ငိုကြွေးသောက..ဗျာပါဒရဲ့နေ့ ..ဘ၀ရဲ့ ဖြတ်သန်းမှု မှတ်တိုင်တွေထဲ..ဒီအမည်းရက်က သေရာပါတယ်။ကျိမ်စာသင့် တဲ့ ရက်ညည ခြောက်လှန့်  အိမ်မက်ဆိုးဝါးရက်စက် ၀င်္ဂဘာထဲ တလည်လည်..၁၉၆၂ ဇူလိုင်လရဲ့ ခုနှစ်ရက်..ကျနော့ ဆယ်ကျော်သက် ကတက္ကသိုလ်ရဲ့ ရက်တစ်ရက်..ဖျက်မရတဲ့ သွေးရေးပန်းချီ

ဒီနေ့  ဇူလိုင် (၇) ရက်နေ့မနက်..သားကြီး ခွဲသွားခဲ့တာ ၄၇ နှစ်အမေ စောစော ထတယ်..ဆွမ်းလောင်းပြီးတရားနာ..ရေစက်ချမယ်…သားကြီးရယ်..ကောင်းရာသုဂတိလားပါစေ။၁၉၆၂..လွန်ခဲ့တဲ့ နှစ် ၄၀ကျော်ကပေါ့ကျမသား အမည်က မောင်အောင်ခင်အသက်ငယ်ငယ် ဆယ်ကျော်သက်..ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး အသစ်စက်စက်အရပ်မြင့်မြင့်..ရုပ်ချောချော..နှုတ်ခမ်းမွေးနု ရေးရေး..အသံသြသြကျမ ချစ်သော အဖေတူသား..ကျမ ရဲ့ မျှော်လင့်ချက်များ..သူ့ အပေါ် စုပုံထားတယ်။

0 comments: