Wednesday, December 23, 2009

နအဖ ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ်များ ၀ယ်ယူမှု အပေါ် ၀ိုင်းရှုံ့ချကြ



"ကမ္ဘာ့စီးပွားရေးကပ်ဆိုး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များ ၀ယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်"


-WFWW-

နအဖ စစ်အုပ်စုဟာ ဒီသီတင်းပတ်မှာပဲ တိုင်းပြည်ရှိ သံယာဇာတများ ကို တရုတ်အစိုးရ ကို လက်ညိုးထိုး ရောင်းစားလိုက်ပြီး နောက် ရရှိခဲ့သည့်ဝင်ငွေဖြင့် ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် အစင်း ၂၀ ကို ၀ယ်ယူခဲ့ကြောင်း ဂျိမ်းစ် ထောက်လှမ်းရေးမဂ္ဂဇင်း၊ ဘီဘီစီ သတင်းဌာန အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာ များ တွင် ဖော်ပြထားပါသည်။ ရုရှားအစိုးရ က ရုရှားလုပ် မစ် ၂၉ တိုက်လေယာဉ် များကို မြန်မာစစ်အုပ်စုထံရောင်းချဖို့ သဘောတူ စာချုပ်ရေးထိုးခဲ့ကြောင်း ရုရှားသတင်းဌာနက လည်း အတည်ပြု ရေးသားခဲ့ပါသည်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖ စစ်အုပ်စု က ဒီ တိုက်လေယာဉ်တွေကို ၀ယ်ဖို့အတွက် ဥရောပငွေ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) သုံးစွဲလိမ့်မယ်လို့ ဖော်ပြထား ပါသည်။

နအဖ စစ်ခေါင်းဆောင်များက နားဂစ် ဆိုင်ကလုန်မုန်တိုင်း ဒုက္ခသည်များ အတွက် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားသော အထောက်အပံ့ အကူအညီပေး ရန် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ပြီး၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများ အပါအ၀င် နိုင်ငံတကာ အစိုးရတွေ က လည်း အလှူငွေ သန်း ရာချီ ပေးအပ်ခဲ့ပြီး ဖြစ်တယ်။

ဒီသတင်းကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေးကပ်ဆိုး၊ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နေသည့် အချိန်၊ တိုင်းပြည်မှာ ဆိုင်ကလုန် နားဂစ်ကြောင့် လူသန်းနဲ့ချီ ဒုက္ခရောက်နေသည့်အချိန်တွင် ဒေါ်လာ သန်းရာပေါင်းများစွာ စစ်လက်နက်များဝယ်ယူခဲ့မှု အပေါ် လူသားချင်းစာနာထောက်ထားပြီးအထောက်အပံ့အကူအညီပေးနေသော နိုင်ငံများအနေဖြင့် အတော်လေးစိတ်ပျက်သွားကြောင်း သတင်းများတွင်ဖော်ပြထားသည်။နိုင်ငံတကာ မှ လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့အကူအညီ များ ထပ်မံရရှိဖို့ ရာ ရပ်ဆိုင်း သွားနိုင်တယ်လို့ ခန့်မှန်းရပါသည်။

နိုင်ငံတကာ အစိုးရ နှင့် အလှူရှင်များ က တိုင်းပြည်ရဲ့ ၀င်ငွေ ကို ဆင်းရဲသား ပြည်သူများအတွက် မသုံးပဲ၊ စစ်လက်နက်များဝယ်ယူမှု အပေါ် သုံးစွဲခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်ရှုံ့ချကြပါလိမ့်မည်။

ပြည်တွင်း ပြည်ပ မှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးအနေဖြင့်နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို နည်းလမ်းပေါင်းစုံ ဖြင့် ၀ိုင်းဝန်းရှုံ့ချကြပါလို့ ။

0 comments: