ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဆုရာ အိုကာဒါက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ဖို့ ထပ်မံ တောင်းဆို လိုက်ပါတယ်။.
စစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ်လို့ ပြောတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပဖို့ ပြောကြား လိုက်ပါတယ်။
မစ်စတာ အိုကာဒါက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို ပြောကြားရာမှာ ဂျပန် နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့မဲ့ အစီအစဉ် တွေဟာ ရွေးကောက်ပွဲ အခြေအနေပေါ်မှာမူတည် နေတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ အများကြီး မျှော်လင့် တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်လွတ်မြောက် နယ်မြေဂျပန် နိုင်ငံရဲ့ဥက္ကဌ ကိုသန့်ဇင်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဘက်ဟိုဘက် နိုင်ငံရေးအဖွဲ့အစည်း တွေအပြင်နိုင်ငံခြားတိုင်းပြည်တွေကပါ လေးစားရတဲ့ ခေါင်းဆောင်ဖြစ်တယ်။
တိုင်းပြည် ကိုလည်း ပျက်ရာပျက်ကြောင်း လုပ်မယ့်သူ မဟုတ်ဘူး၊ ရွေးးကောက်ပွဲနဲ့ ပတ်သကပြီး သူ့ရဲ့ ထင်မြင်ယူဆချက် တွေဟာ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတယ်၊
ဒါကြောင့်လွှတ်ပေးမယ် ဆိုရင် တိုင်းပြည်အတွက်အ များကြီး ကောင်းတယ်၊ လွှတ်ပေးဖို့ အချိန်လည်းရောက်နေပြီလို့ ဦးသန့်ဇင်ဦးက ပြောပါတယ်။
BBC မြန်မာပိုင်းမှရယူပါသည်။
Posted by Aye Nandar Aung
ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့
အလည်ရောက်ခြင်း အမှတ်တရ
-
မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည်
အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း
ပြုရန...
15 years ago
0 comments:
Post a Comment