Tuesday, January 19, 2010

ဟေတီ နောက်ဆုံးရ နောက်ဆက်တွဲ သတင်း

Visit msnbc.com for breaking news, world news, and news about the economy


ဗွီဒီယို-နောက်ဆုံးကယ်ဆယ်နိုင်ခဲ့သော ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်

ဟေတီမှာ ကယ်ဆယ်ရေးလုပ်သားများ ကို ထောင်ချခံရခြင်းမရှိ၊

ဟေတီမှာ သတင်းထောက်များ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်းမရှိ၊

ဟေတီမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ ဟန့်တားခံရခြင်းမရှိ၊

-တီကေ-

ဟေတီမှာ ပြင်းထန်တဲ့မြေငလျင်ကြောင့် လူပေါင်း ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အကြား ခန့်သေဆုံးကြလိမ့်မယ် လို့ ခန့်မှန်းနေကြာင်း နောက်ဆုံးရရှိတဲ့သတင်းများအရသိရှိရပါသည်။ သီတင်းတပတ်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် တနင်္ဂနွေနေ့ထိ လူပေါင်း ၆၀ ကျော် ကယ်တင်နိုင်ခဲ့ကြောင်း ၊ ၆ ရက် ကြာပြီးသည့် နောက်မှာ အသက်ရှင် ဒဏ်ရာရနေသူ တက္ကသိုလ် ကျောင်းသူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာကြောင့် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများဟာ အသက်ရှင်ကျန်ရစ်နိုင်ကြမဲ့ သူများကို အချိန်မှီ ကယ်တင်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်ပြည့် ဆက်လက်လုပ်ကိုင် နေကြောင်း ဟေတီကလာတဲ့ သတင်းများတွင် ဖော်ပြထားပါသည်။

စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့ရေးအကူအညီ များ ဟေတီကို တဖွဲဖွဲရောက်ရှိနေကြပြီး၊ တလမ်းသွား လေယာဉ်ကွင်းငယ်မှာ တနေ့လေယာဉ်အစင်းပေါင်း ၁၀၀ ကျော် ဆင်းသက်၊ ပျံသန်းလျှက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်စစ်တပ်မှ ဟယ်လီကော်ပတာ အစင်းပေါင်း ၄၈ စင်း ဟာ ကယ်ဆယ်ရေးနှင့် အစားအစာဝေငှရေးများတွင် မနားတမ်း တာဝန်ယူ လုပ်ဆောင်ပေး နေကြောင်း ကြားသိရပါသည်။ ဟေတီတွင် ကုလသမဂ္ဂလုံခြုံရေးတပ် ၉၀၀၀ ၊ အမေရိကန်တပ်သား ၁၂,၀၀၀၊ ကနေဒါတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်တို့က လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ယူ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မယ်လို့ သိရပါသည်။ ဟေတီရှိဒုက္ခရောက်နေသူ ၃ သန်းကျော်ကို အရေးပေါ် အစားအစာ ဝေငှဖို့ တစ်လ စာ အတွက် အစားအစာ အနပ်ပေါင်း သန်း ၁၀၀ ကျော် အရေးပေါ်လိုအပ်နေကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောခဲ့ကြောင်းလည်းသိရှိရပါသည်။

ကနေဒါလူမျိုး ၁၂ ယောက်၊ အမေရိကန်လူမျိုး ၁၆ သေဆုံးမှုအပေါ် အတည်ပြုပြောကြား နိုင်သော်လည်း ထောင်နဲ့ ချီ အမေရိကန်နိုင်ငံသားများနှင့် ကနေဒါလူမျိုးများ ပျောက်ဆုံး လျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ နောက်ဆုံးရရှိတဲ့သတင်းအရ အမေရိကန်လူမျိုး ၅၅၀၀ ပျောက်ဆုံးနေကြောင်း၊ အရေးပေါ်ဆေးကုသဖို့လိုအပ်သူများကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိဆေးရုံးများသို့ သယ်ယူလာပြီး ဆေးဝါးကုသ ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ လောလောဆယ် သေဆုံးသူ ၇၀,၀၀၀ ကို ဟေတီ အစိုးရ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက မြေမြုပ် သဂြိုလ် ခဲ့ပြီးပါပြီ။

မနေ့က ဥရောပနိုင်ငံများအသင်းက အရေးပေါ်ငွေကြေးအကူအညီ နှင့် ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၆ သန်း ( ဥရောပငွေ သန်း ၄၂၂) ကို ကူညီပေးသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ လောလောဆယ် အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒန်းထားပြီး၊ ရေရှည်ပြန်လည်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် သမ္မတဟောင်းနှစ်ဦးဖြစ်သူ ကလင်တန်နှင့် ဂျော့ဘုရှ်တို့ကို အမေရိကန်သမ္မတ အိုဘားမားက ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

အမေရိကန် မှာ ဆဲလ်ဖုန်းသုံးစွဲသူများက အမေရိကန်ဒေါ်လာ ၂၂ သန်း အမေရိကန် ကြက်ခြေနီအသင်း ကို လှူဒန်းခဲ့ကြကြောင်း နှင့် အမေရိကန် ကြက်ခြေနီအသင်း မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ဟေတီသို့ ထောက်ပံ့ကူညီဖို့ အလှူရှင်များမှ လက်ခံရရှိခဲ့ပြီး၊ ကက်သလစ်ဘာသာရေးအဖွဲ့များအပါအ၀င် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ကလည်း အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီ ဟေတီသို့ လှူဒန်းခဲ့ကြကြောင်း သိရပါတယ်။ အာရှနိုင်ငံများမှလည်း အလှူငွေများထပ်မံထည့်ဝင်ဖို့ဂတိပြုခဲ့ကြပါသည်။
posted by komoethee

0 comments: