Saturday, January 30, 2010
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားမှတ်တမ်း
Posted by Than Kyaw Htay at 10:15 AM 0 comments
Labels: သတင်း
ထွက်ခွာခွင့်တားမြစ်ခံခဲ့ရသော ကိုမေတ္တာတို့အဖွဲ့ ဂျပန်လာခွင့်ရသွားပြီ
တိုကျို၊ ဇန္န၀ါရီ(၃၁)
ရေးသားသူ-သန့်မျိုးထွေး
ဂျပန်ဖျော်ဖြေပွဲအတွက် ရန်ကုန်လေဆိပ်တွင် ထွက်ခွာခွင့်ပိတ်ပင်တားဆီးခြင်းခံခဲ့ရသော လူရွင်တော်ကိုမေတ္တာဦးဆောင်သည့် တိုကျိုဆာကူရာအငြိမ့်အဖွဲ့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အကြောင်းပြချက်အနေနှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှမသိရှိလိုက်သည့်အတွက် တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှသိမ်းယူထားလိုက်သော အနုပညာရှင်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ထွက်ခွာခွင့်ကို လွန်ခဲ့သော(၄)ရက်ခန့်က ကိုမေတ္တာအပါအ၀င် မိုးဒီ၊ မောစ့်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်စသည့် အငြိမ့်အဖွဲ့သားအားလုံးကို ခေါ်ယူပြန်လည်ပေးအပ်ပြီး ထွက်ခွာခွင့်ပြုလိုက်သည်ဟုအဆိုပါအဖွဲ့မှအနုပညာရှင်တဦးမှပြောပြသည်။
"ကျနော်တို့ကို မသွားသင့်ဘူးဆိုရင် ပါတ်စ်ပို့တွေ၊ ဒီဖောင်းတွေဘာတွေဖြည့်ကတည်းက ကျနော်တို့ပြန်ကြမယ်၊ အခုတော့သွားခါနီး လာခါနီးလေယာဉ်ပေါ်တက်ခါနီးတော့မှ ခဏလေးလာပါဦးလို့ဆိုပြီးတော့ အဲ့ဒါမျိုးက ကျနော်တို့အနုပညာသမားတွေအတွက် အရှက်တကွဲအကျိုးနည်းဖြစ်တာပေါ့နော်"ဟု အဖွဲ့ခေါင်းဆောင်ကိုမေတ္တာမှ လေဆိပ်တွင်တာဆီးခံရအပြီး မိုးသောက်ကြယ်သို့ပြောကြားခဲ့သည်။
ဆက်လက်၍ကိုမေတ္တာမှ- "အဲ့တော့ကျနော်တို့က ကျနော်တို့အစည်းအရုံးကိုတင်ပြမယ်၊ အစည်းအရုံးကခွင့်ပြုတယ်၊ သူတို့ကိုလည်း အထက်ကနေခွင့်ပြုပြီးသားကိစ္စဖြစ်တယ်။ ပြီးတော့ဂျပန်နိုင်ငံရောက် မြန်မာသံအမတ်ရဲ့ခေါ်ယူခွင့်ပြုချက်ကိုလည်း ရပါပြီလို့ဆိုတော့မှသွားတာကို လေဆိပ်ရောက်တော့မှ အတားခံရတယ်ဆိုတော့ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို မေးမယ်။ ရှင်းပြမယ်။ ကျနော်တို့မှာ မိဘသကဲ့သို့သဘောထားတဲ့ဝန်ကြီးရှိတယ်။ ၀န်ကြီးကိုယ်တိုင်ကလဲ ဒီကိစ္စကိုသိထားပြီးသားဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ဘယ်လိုအဖြေထွက်လာမလဲဆိုတာကိုတော့ မသိသေးဘူး"ဟု လေဆိပ်တွင်တားဆီးခံရအပြီး ရုပ်ရှင်အစည်းအရုံးသို့သွားရောက်မဖြေရှင်းမီ ယခုလို ဆက်လက်ပြောပြခဲ့သည်။
ကိုမေတ္တာတို့အဖွဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရမှုနှင့်ပတ်သက်ပြီး ဂျပန်ရှိ မြန်မာအနုပညာရှင်တဦးက "သူတို့ထွက်ခွင့်မရတာက ပြည်ပရောက်ရင် အနုပညာရှင်တွေ နိုင်ငံရေးလုပ်မှာတို့၊ အစိုးရဆန့်ကျင်ရေးတွေ လုပ်မှာတို့ကို နအဖက စိုးရိမ်မယ်လို့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းနဲ့ပြည်ပက နေရာအနေအထားခြင်း လူထုအပေါ်သက်ရောက်မှုခြင်း ကွာတယ်လေ။ သူတို့စိုးရိမ်တာက သူတို့ဆီမှာ အတွင်းကျကျအမှုထမ်း၊ ၀န်ထမ်းတွေအဖြစ် အလုပ်လုပ်ပြီးမှ စိတ်ပြောင်းပြီး ဘက်ပြောင်းသွားမှာကိုဘဲစိုးတာဗျ။ ဥပမာဗျာ သံအမှုထမ်းတို့၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာကလူတွေ။ လတ်တလောဗျာ ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်တို့လိုပေါ့။ ဒီလိုလူတွေကျတော့ နယ်စပ်ကနေထွက်သွားပြီး ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်တွေလျှောက်ပြီး အတွင်းရေးတွေဖေါ်မှာစိုးလို့ ဖမ်းဆီးမိန့်ကိုတောင့်လျော့ပေါ့ထားတာကိုဘဲ ကြည့်ပေါ့..."ဟု ၎င်း၏ထင်မြင်ချက်ကိုပြောပြသည်။
ထွက်ခွာခွင့်တားဆီးခံခဲ့ရသည့်အတွက် ဇန္န၀ါရီ(၂၄)ရက်နေ့တွင် တိုကျိုမြို့၌ ဖျော်ဖြေမည့်ပွဲမှာ ဖျက်သိမ်းလိုက်ရပြီး နောက်ရက်အနည်းငယ်တွင် ပြန်လည်ဖျော်ဖြေတင်ဆက်နိုင် အောင်ကြိုးစားပါမည်ဟု ပွဲစီစဉ်သူဂျပန်လူမျိုး မစ္စတာခိမိဟိကိုနှင့်ပူးတွဲစီစဉ်သူ မြန်မာလူမျိုးတဦးတို့က ဂျပန်မြန်မာနှစ်ဘာသာဖြင့် ကြေငြာချက်ထုတ်ပြန်၍ ပရိတ်သတ်ကိုတောင်းပန်ခဲ့ပြီး ယခုထပ်မံတင်ဆက်မည့်ဖျော်ဖြေမှုအတွက် ပရိတ်သတ်ကိုနှစ်သိမ့်သည့်သဘောဖြင့် တိုကျိုမြို့တွင် နှစ်ချီနှစ်မောင်း နှစ်ပွဲတိတိ ကျင်းပဖျော်ဖြေမည်ဟုဆိုသည်။
"ကိုမေတ္တာတို့က လာမဲ့ဖေဖေါ်ဝါရီ ၄ ရက် ရန်ကုန်ကနေထွက်ပြီး၊ ၅ ရက်နေ့ရောက်မယ်။ ပထမပွဲကိုလူငယ်တွေအကြိုက် ညလုံးပေါက်ပေါ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိကို တိုကျိုမြို့လယ်ခေါင်က ရှင်ဂျုကု၊ ခါဘုကိချောထဲက Pink Big Pig ဇတ်ရုံမှာ ဖေဖေါ်ဝါရီ ၆ ရက်စနေနေ့ညကနေစပြီး တနင်္ဂနွေနေ့ မနက်မှာပြီးမယ်။ ဒုတိယပွဲကို နာဂါနိုဘူတာနားက Zero Hall ခန်းမမှာ ဖေဖေါ်ဝါရီ(၁၁)ရက်၊ ဂျပန်ရုံးပိတ်ရက်(အနီရက်) ည ၇ နာရီကနေ ၁၀ နာရီအထိကကြမယ်။ ဒါကတော့လူကြီးတွေရော လူငယ်ပါအဆင်ပြေအောင်ပေါ့"ဟု မိုးသောက်ကြယ်သို့ ရှင်းပြသည်။
ယခင်က အငြိမ့်ဖျော်ဖြေပွဲနှင့်အတူ လူရွင်တော်လေးဦးနှင့် ဂျပန်အနုပညာရှင်များပါဝင်သော ဂျပန်မြန်မာချစ်ကြည်ရေး ဒီဗီဒီဇတ်ကားတခုကို ရိုက်ကူးရန် စီစဉ်ထားသော်လည်း ရိုက်ကူးဖြစ်၊ မဖြစ်အခြေအနေကိုမှု ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သတင်းရရှိသည်။
မိုးသောက်ကြယ်လှုပ်ရှားမှုများ(MTK Movement)
Posted by Than Kyaw Htay at 9:16 AM 0 comments
Labels: သတင်း
Friday, January 29, 2010
ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ လာရောက်ဖျော်ဖြေခွင့်ရမည်ဟု သတင်းရရှိ.....
လူရွှင်တော် ကိုမေတ္တာဦးဆောင်သော
တိုကျိုဆာကူရာပျော်စရာအငြိမ့်
(မော့စ်၊မိုးဒီ၊ခင်လှိုင်၊မင်းသမီး-လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်)
မကြာမီရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့ကို ရောက်ရှိလာပါမည်။
တိုကျိုဆာကူရာပျော်စရာ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင်အစီအစဉ်
၂ပိုင်းခွဲပြီး တင်ဆက် ကပြမည်ဖြစ်ပါသည်။ အထူးစောင့်စား မျှော်လင့်နေ
ကြသော ပရိတ်သတ်များအား သတင်းကောင်းပါးအပ်ပါသည်။
ကျင်းပမည့် အချိန်နှင့်နေရာ မကြာမီ ထပ်မံကြေငြာပါမည်။
မျှော်လင့်စောင့်စားနေကြသောပရိတ်သတ်များအား
အထူးကျေးဇူးတင်လျှက်
တိုကျိုဆာကူရာဝိုင်းတော်သားများ
Posted by ဒီမိုဝေယံ
Posted by Than Kyaw Htay at 9:31 AM 0 comments
Labels: သတင်း
Tuesday, January 26, 2010
ရန်ကုန် မီးလောင်ကျွမ်းမှု လျှပ်စစ်မီး ပျက်ရာကစ
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ဘက် ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက တနာရီ ကျော်ကြာမီး လောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၃ လုံးပြာကျသွားပြီး လူဦးရေ ၃၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်း မှုကြောင့် မီးကူးစက် လောင်ကျွမ်းမည်ကို စိုးရိမ်ရသော ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၁၀ လုံးထက် မနည်းလည်း ဖျက်ဆီး ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။
ဈေးသည်များ၊ ကျပန်း အလုပ်သမားများ အပါအ၀င် လက်လုပ် လက်စား ဆင်းရဲသား လူတန်းစားများစွာ နေထိုင်သော ငါးထပ်ကြီး ဘုရား အနောက်ဘက် ရပ်ကွက်၊ အင်ကြင်း လမ်းသွယ်တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း၊ လမ်းများ အလွန် ကျဉ်းမြောင်းပြီး အိမ်များ ကျပ်ညပ် နေသောကြောင့် မီးသတ် ကားများ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသဖြင့် ခက်ခက်ခဲခဲ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးမှ မီးသတ်ကား ၃၀ ခန့် လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် မီးငြိမ်းသတ် နေသည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။
မီးလောင်ကျွမ်းသည့် ရပ်ကွက်တွင် တနေကုန်မီးပျက်နေရာမှ ညနေ ၄ နာရီကျော်တွင် လျှပ်စစ်မီး ပြန်လာပြီး တနာရီအကြာ အင်ကြင်းလမ်းအတွင်းရှိ နှစ်ထပ်အိမ်တအိမ်မှ စတင်မီးလောင်ကျွမ်းပြီး ဘေးအိမ်များသို့ ကူးစက် သွားခြင်းဖြစ်ကြောင်း သိရှိရ သည်။
“ဖြစ်တာက မီးလာပြီးနောက်ပိုင်း တနာရီလောက်မှ ဖြစ်တာ၊ လျှပ်စစ်မီးဖိုမပိတ်ခဲ့လို့ မီးလာတဲ့ အချိန်မှာ မီးထလောင်တာထင် တယ်”ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် အနှေးယာဉ်လုပ်သား တဦးက ပြောသည်
အိမ်ခြေ ၅ လုံးကျော် မီးကူးစက်လောင်ကျွမ်းပြီးမှ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကားများ ရောက်ရှိ မီးငြိမ်းသတ်ခြင်း ဖြစ်ကြောင်း၊ မီးသတ်သို့ အကြောင်းကြားချိန်နောက်ကျခြင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများဝင်ရန် ခက်ခဲခြင်းတို့ကြောင့်
တနာရီကျော်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းခြင်း၏အဓိကမှာ အစိုးရက လျှပ်စစ်မီးပုံမှန်မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရပ်ကွက်နေသူများက ဝေဖန်နေကြ သည်။
“မီးက ပုံမှန်မရဘူး၊ တနေ့ ၆ နာရီပဲ ရတယ်၊ ပျက်ချင်တဲ့အချိန်ပျက်၊ လာချင်တဲ့အချိန်လာတော့ လူတွေလည်း မီးလာတာ၊ပျက် တာကို အလုပ်ကြီးတခုလို သတိထားရတယ်၊ အခု မီးလောင်သွားတာက သတိပေါ့ဆလို့၊ ဒါပေမယ့် မီးမှန်မှန်လာရင် ဒီလို အဖြစ် မျိုးဖြစ်မှာ မဟုတ်ဘူး”ဟု ဗဟန်းဒေသခံ တဦးက ပြောသည်။
အခြေခံပညာ အထက်တန်းစာမေးပွဲများ နီးကပ်ချိန် ရန်ကုန်မြို့တွင် လျှစ်စစ်မီး တနေ့ ၆ နာရီခွဲတမ်းဖြင့်သာ ရရှိနေ သောကြောင့် ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားလာနိုင်သေးကြောင်း ရန်ကုန်မြို့သူ မြို့သားများက ဆိုသည်။
“ကလေးတွေက မီးမလာတော့ ဖယောင်းတိုင်နဲ့ ညဥ့်နက်တဲ့အထိစာကျက်ရ၊ လူကြီးမိဘ တွေကလည်း မီးလာချိန် ချက်ရယ်၊ပြုတ်ရယ်၊ရေတင်တဲ့အလုပ်တွေလုပ်နေရတာဆိုတော့ တချက်လေးသတိလစ်သွားတာနဲ့ လျှပ်စစ်ကတဆင့် မီးလောင်တာတွေ ဖြစ်နေဦးမှာပဲ”ဟု ရန်ကုန်အိမ်ရှင်မ တဦးက ပြောသည်။
၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတ၀န်းမီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျှပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ်ရှိ ကြောင်း၊ လျှပ်စစ်မီးမှ စတင်သောမီးးလောင်မှု ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ပေါင်း ၁၀၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဖွဲ့၏တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
http://www.irrawaddy.org/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Posted by Than Kyaw Htay at 10:45 PM 0 comments
Labels: သတင်း
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊ (၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားဖိတ်ကြားအပ်ပါသည်။
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊ (၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၀၁.၂၀၁၀ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်
ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ရုံးပိတ်ရက်ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်စွာ
ဖြင့် အသံတိတ်ဆန္ဒပြမည်။ ။
Posted by NLD(LA)JB
Posted by Than Kyaw Htay at 6:23 AM 0 comments
Labels: သတင်း
ဟေတီ နဲ့ မြန်မာ - သဘာဝဘေးဒဏ်အတွက် နိုင်ငံတကာအကူအညီ
Posted by ဒီမိုဝေယံ
Posted by Than Kyaw Htay at 4:53 AM 0 comments
Labels: သတင်း
ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမလည်း ဘလောက်အသုံးပြုပြီ
လူထုထောက်ခံမှုနှုန်းကျဆင်းနေတဲ့ ဂျပန်ဝန်ကြီးချုပ် ယုကိအို ဟာတိုယာမက ''Hato Cafe"လို့အမည်ရတဲ့၊ သူ့ကိုယ်ပိုင်အင်တာနက်ဘလောက် စာမျက်နှာအသစ်ကို နှစ်သစ်ကူးနေ့မှာစတင်မိတ်ဆက်လိုက်ပြီး တဦးနဲ့ တဦးအယူအဆဖလှယ်နိုင်တဲ့ ''Twitter''ခေါ် စပ်မိစပ်ရာလူမှုရေး အင်တာနက်စ ကားဝိုင်းစာမျက်နှာကိုလည်း စတင်အသုံးလိုက်ပြီလို့ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ ဆက် ဆံနိုင်ရန်အတွက်လို့ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်စာမျက်နှာများပေါ်က ပြည်သူများရဲ့ထင်မြင်ယူဆချက်တွေကို အခွင့်အခါကြုံသည့်အခါတိုင်း ဖတ်ရှုပါ့ မယ်လို့လဲ ထည့်သွင်းပြောကြား သွားပါတယ်။
ဘလောက်ထဲမှာ''နှစ်သစ်မင်္ဂလာ သမယပါ''လို့ မိတ်ဆက်စကား ဖြင့်ဖွင့်လှစ်ခဲ့ပြီး၊ ပြည်သူနှင့်နိုင်ငံ ရေးကင်းကွာနေမှုများကို အဆုံးသတ်စေဖို့နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို အလေးထားပြီး လုပ်ဆောင်သွားဖို့အထိပါ ကြိုးစားမယ်လို့ဆိုပါတယ်။
ငွေကြေးအရှုပ်တော်ပုံကိစ္စအတွက်တောင်းပန်ထားပြီး ''ပြည်သူများ ရဲ့အသံများကို ကရု တစိုက်နားထောင်ပြီး ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစား ဆောင်ရွက် သွားပါမယ်''လို့ ကတိပေးစကားရေးသားထားပါတယ်။ ''Twitter''စာမျက်နှာ တွင်လည်းအကြောင်းအရာတခုချင်းစီကို အခါအားလျော်စွာတင်ဆက်သွားမယ် လို့လည်းဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ဘလောက်ကို လည်ပတ်ချင်သူတွေအတွက် http://hatocafe.kantei.go.jp/ ဖြစ်ပြီး Twitterကဏ္ဍအတွက် http://twitter.com/hatoyamayukioသို့ ဂျပန်ဘာ သာဖြင့်ဝင်ရောက်လည်ပတ်နိုင်ပါ တယ်။
ကိုအောင်ဌေး (မိုးသောက်ကြယ်)
မူရင်းသတင်း-
Japan PM starts tweeting, launches blog (AFP) – Jan 1, 2010
http://www.google.com/hostednews/afp/article/ALeqM5ioMkTAF5w0J62m3GFTqlyJElx_mg
Posted by Than Kyaw Htay at 3:59 AM 0 comments
Labels: သတင်း
မနက်ဖြန်ဆို ပြည်သူအချစ်တော် သတ္တိရှိတဲ့ လူရွှင်တော်ကြီးရဲ့ မွေးနေ့
ဇန်န၀ါရီလ၂၇ရက် မွေးနေ့ရှင်နိုင်ငံကျော် စွယ်စုံအနုပညာရှင် ကိုဇာဂနာ့အတွက် မွေးနေ့တေးသီချင်းတွေပါ..ကိုမင်းသစ်နဲ့ အမြင့်ပျံငှက်များတေးဂီတအဖွဲ့ က တီးခတ်သီဆိုပေးထားပါတယ်..
DVBကတင်ဆက်ပေးတဲ့အတွက် ဦးဇာဂနာရဲ့  ပြောင်မြောက်လှတဲ့ အနုပညာတွေကို လှလှပပမြင်တွေ့ခွင့်
ရပါတယ်။ကျေးဇူးတင်ပါသည် DVB...
တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်သူ့ရဲ့ တိုက်တွန်းမှုမှမပါဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် အမှန်တရားကို
ကျမတို့ကိုယ်စား ရဲဝံ့စွာ ဖေါ်ထုတ်ပေးနေတဲ့ သတ္တိရှိတဲ့လူရွှင်တော်ကြီး အမြန်ဆုံးပြန်လည် လွတ်မြောက်နိုင်ပါစေ...
ကျန်းမာချမ်းသာစွာနဲ့ အသက်(၁၂၀)ရှည်ပါစေလို့....လေးလေးနက်နက်ဆုတောင်းလိုက်ပါတယ်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 3:49 AM 0 comments
Labels: သတင်း
Monday, January 25, 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုလွတ်မည်ဆိုခြင်းမှာတရားမဝင်ဟုအန်အယ်ဒီပြောကြား
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။
အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။
“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။
ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။
လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။
အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။
(ကိုဝိုင်း တည်းဖြတ်သည်။)
ရင်းမြစ်..မဇ္ဈိမ
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 7:43 AM 0 comments
Labels: သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုပြည်ထဲရေးဝန်ကြီးနိုဝင်ဘာလမှာလွှတ်ပေးမည်ဟုပြော
ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊
ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'။
ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊
ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ' ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။
ရင်းမြစ်. RFA
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 7:38 AM 0 comments
Labels: သတင်း
Sunday, January 24, 2010
ဒေါ်စန္ဒာဝင်းသတင်း
ဇန်န၀ါရီလ ၁၆ ရက်နေ့ က ဒေါ်စန္ဒာဝင်း ကို မိတ်ဆွေများနှင့်ကျမ္မာစွာတွေ့ မြင်ရစဉ်။
သူမရဲ့ ခင်ပွန်းနှင့် သားများကို ဗိုလ်ချုပ်သန်းရွှေ မှာ အကောက်ညဏ်စဉ်က အာဏာသိမ်းဖို့ ကြံစဉ်တယ်ဆိုပြီးမတရားဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ မဆလပါတီလူဟောင်းသားသမီးများကို ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို ၀င်ဖို့  စီစဉ်နေတယ်လို့ လည်း သတင်းရရှိပါတယ်။ ဦးနေ၀င်းသားသမီးတွေက သန်းရွှေသားသမီးတွေထက် ယဉ်ကျေးကြတယ်။ ပညာတတ်ကြတယ်လို့  မဆလပါတီဝင်ဟောင်းများက ချီးကြူးလေ့ရှိကြပါတယ်။ သန်းရွှေမိသားစုကတော့ သိပ်မိုက်ရိုင်းတယ်လို့ ရင်ဖွင့်လေ့ရှိကြပါတယ်။
Posted by Than Kyaw Htay at 9:01 AM 0 comments
Labels: သတင်း
Friday, January 22, 2010
အမေရိကန် အစိုးရ မိစ္ဆာ သန်းရွှေ နှင့် စကားပြောရန် စောင့်ဆိုင်းဖို့ ရာ စိတ်မရှည် နိုင်တော့ကြောင်း ထုပ်ဖော်ပြောဆို
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကာတ်ကမ်ဘဲလ် ( Kurt Campbell )
ဇော်ဝင်း (နယူးရော့ခ်)
စစ်အုပ်စု ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ရေးလုပ်တာ မတွေ့ရသေးဘူး၊ အမေရိကန် နိုင်ငံအနေနဲ့ နအဖ အစိုးရကို စောင့်ဆိုင်းဖို့ စိတ်မရှည် နိုင်တော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကာတ်ကမ်ဘဲလ် ( Kurt Campbell ) က သတိပေးပြောကြားလိုက်ပါတယ်။
"ခွင့်လွတ်နိုင်စရာမရှိတဲ့ မှုခင်းကြီးကို ကျူးလွန်ခဲ့သူ တရုတ်ခေါင်းဆောင် မော်စီတုန်းကိုတောင် တွေ့ဆုံဆွေးနွေးရပါတယ်။ ဒီလို မကောင်းဆိုးဝါးကြီးကို အမေရိကန်သမ္မတ နစ်ဆင် (Nixon) က တွေ့ဆုံဆွေးနွေးတဲ့အတွက် တရုတ်ပြည်ကို တံခါးဖွင့်ပေးနိုင်တာ မဟုတ်ပါလား " လို့ နိုဘယ်လ်ဆု ယူစဉ်က သမ္မတ အိုဘားမား က သူ့ ရဲ့ ပျော့ပျောင်းတဲ့လမ်းစဉ် ၊ ငြိမ်းချမ်းရေး ရှေးရှူ တဲ့ လမ်းစဉ်ကို တင်ပြခဲ့ဖူးပါတယ်။
အရင် ရီပါပလစ်ကန်သမ္မတ မစ္စတာ ဂျော့ ဒဗလူ ဘုရ် အစိုးရက ၀ိုင်းပယ်ထားတဲ့ အီရန် နဲ့ ဗမာစစ်အစိုးရလို အစိုးရမျိုးကို မိတ်စ္ဆာဝင်ရိုးတမ်း နိုင်ငံများ အဖြစ် သတ်မှတ်ထားရာက ဒီမိုကရက်တစ် သမ္မတအိုဘားမား လဲ သမ္မတ ဖြစ်ရော ဗမာစစ်အစိုးရလို အစိုးရမျိုး ကို လူရာသွင်းပြီး ဆက်ဆံဆွေးနွေး မဲ့ မူ ချမှတ်ခဲ့ပါတယ်။ နအဖ ကလဲ အမေရိကန် က စီပွါးရေးပိတ်ဆို့မှုကို အမြန်ရုပ်သိမ်းစေချင်တော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အထက်လွှတ်တော်အမတ် Jim Webb တို့ ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ခွင့်ပြုခဲ့ ပြီး စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းသွားလေ နိုး နဲ့ နိုင်ငံရေး ကစား ခဲ့ တာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း မှာ တွေ့ရမှာဖြစ်ပါတယ် ။
သမ္မတ အိုဘားမား ရဲ့ ဆက်ဆံဆွေးနွေးရေးလမ်းစဉ် က ရက်စက်ကြမ်းကြုတ်တဲ့ ဗမာစစ်အုပ်စုနဲ့ ဆက်ဆံဆွေးနွေးတာဟာလည်း သဘောထားပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဖြစ်ပါတယ်။ အိုဘားမား သမ္မတ မဖြစ်ခင် လွန်ခဲ့တဲ့ (၁၆) နှစ်လောက်ကလည်း ကွန်ဂရက်လွှတ်တော်အမတ် Bill Richardson ဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ဖူးပါတယ်။ နောက်တော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ Alvaro de Soto, Razali Ismail နဲ့ Ibrahim Gambari စတဲ့ ပုဂ္ဂိုလ်တွေကလည်း တွေ့ဆုံဆွေးနွေးပြီး ဗမာစစ်ခေါင်းဆောင်တွေ စိတ်ပြောင်းအောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့မှာ အောင်မြင်မှုဆိုလို့ ပြစရာတခုမှ မရှိခဲ့ပါဘူး။
အမေရိကန် လက်ရှိ သမ္မတကြီး မစ္စတာ အိုဘားမား က သူသမ္မတကြီး ဖြစ်လာပြီး ပြီးချင်း မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီ အသစ်ချမှတ် ဖို့ (၇) လ အချိန်ယူ လေ့လာခဲ့ပါသည်။ သမ္မတကြီး မစ္စတာ အိုဘားမား က ပေါ်လစီသစ်ချမှတ် ပြီး အချက်အလက်စုဆောင်း လေ့လာရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ James Steinberg တို့ ကို မြန်မာနိုင်ငံ ကို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ US Deputy Assistant Secretary Scot Marciel ကလည်း သံတမန်နည်းလမ်းအရ ဦးဆောင်သူတဦးထဲပါဝင်ပါသည်။
သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေးအတိုင်းအတာတွင် တဆင့်ပြီးတဆင့် ပြုလုပ်ရမည့် အဆင့် (၅) ဆင့် ရှိပါသည်။
(၁) ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း ၊ အပြစ်တင်ခြင်း
(၂) ရွှေ့ဆိုင်းခြင်း ၊ ပယ်ဖျက်ခြင်း ၊ ခေါင်းဆောင်များ အလယ်အပတ် မသွားခြင်း ၊ မျက်နှာချင်းဆိုင် အစည်းအဝေးမထိုင်ခြင်း ၊ ပိတ်ဆို့တားဆီးခြင်း
(၃) သံတမန် ဆက်ဆံရေး အဆင့်အတန်း လျှော့ချခြင်း ( သံအမတ်ကြီးရာထူးအဆင့် အဆင့်အတန်းခန့်အပ်၍ မဆက်ဆံခြင်းမျိုး ဖြစ်ပါသည်)
(၄) သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်း
(၅) အစိုးရကို အသိအမှတ်မပြုခြင်း
အရင် ရီပါပလစ်ကန်သမ္မတ မစ္စတာ ဂျော့ ဒဗလူ ဘုရ် အစိုးရက ၀ိုင်းပယ်ထားတဲ့ အီရန် နဲ့ ဗမာစစ်အစိုးရလို အစိုးရမျိုးကို မိစ္ဆာ ဝင်ရိုးတမ်း နိုင်ငံများ အဖြစ် သတ်မှတ်ထား ပြီး မြန်မာနိုင်ငံ အပေါ်ထားရှိသော သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေး အတိုင်းအတာ အဆင့် (၃) ဆင့် ကို ရောက် ခဲ့ ပြီးခဲ့ပါပြီ။
( လူအခွင့်အရေး ချိုးဖောက်မှု အလုံးစုံမှ မကျဉ်းမကျယ် အတိုချုံး ရသော် ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးတွင် ရဟန်းပြည်သူ ကျောင်းသားလူငယ်များ သုံးထောင်ကျော်ကိုသတ်ဖြတ်ခြင်း၊ သူတို့စိတ်ကြိုက် သူတို့ လုပ်သည့် ၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်ကို လစ်လျှူရှူ့ ရုံမက အနိုင်ရသူ အစိုးရ အမတ်မင်း များ အစိုးရ မဖွဲ့ နိုင်အောင် ဖမ်းဆီးထောင်ချ ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ၂၀၀၀ ကျော် ဆက်လက် မတ္တရား ထိမ်းသိမ်းထားခြင်း၊ ဒီချုပ် ကို အာဏာလွှဲပေးရန် အချိန်ဆွဲငြင်းဆန်ခြင်း၊ အထက်မြန်မာပြည် ဒီပဲယင်း တွင် ဒေါ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်း မှသည် ၂၀၀၈ နာဂစ် စစ်ပဒေသရာဇ် အခြေခံဥပဒေအထိ မတ္တရားအနိုင်ကျင့်ရေးဆွဲခြင်း၊ ၂၁ နှစ်ကြာ ဒီမိုကရေစီပေးမည် ဆိုပြီး ဒီမိုကရေစီဘက်တော်သားများကို ဖိနှိပ် နှိပ်ကွပ်ခြင်း မှသည် ပြည်တွင်းစစ်မီးကြီး ကို တရားလက်လွတ် နှိမ်နင်းဖြေရှင်းခြင်း။ စ သည် ။။.)
အမေရိကန် အစိုးရ သစ် အနေဖြင့် အမေရိကန် နိုင်ငံ ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော သံတမန် ဆက်ဆံရေး နှင့် နိုင်ငံရေး အတိုင်းအတာ အဆင့် (၃) ဆင့် ကို ရောက် ခဲ့ ပြီးခဲ့ပါ မှ မအောင်မြင်ဟုဆိုကာ အနီးကတ် ဆက်ဆံရေး နှင့် စီပွါးရေးပိတ်ဆို့မှု ဆက်လက်ထားရှိမည့် မူဖြင့် စောင့်ကြည့် နေခဲ့ပါသည်။ နအဖ နဲ့ သန်းရွှေ အဖို့ ပိုမိုဖိနှိပ်ချိန် ရသွားခဲ့ ပေမဲ့လည်း အမေရိကန် အစိုးရ သစ် ရဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖိအားပေးမှု မူ က သန်းရွှေ အဖို့ ၂၀၁၀ ရွေးကောက်ပွဲ အချိန်ဇယားတောင် မထုပ်ပြန် ရဲ ဖြစ်နေရပါပြီ။
ဒါကြောင့် အမေရိကန်အစိုးရ ဖြစ်စေချင်တာတွေကို စစ်အုပ်စု က မလုပ်နိုင်ဘူးဆိုရင် ဘယ်လို အရေးယူမလဲ ဆိုတာကို ဝါရှင်တန်ပို့စ်သတင်းစာကြီးက ရေးသားလာပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုမှု မအောင်မြင်ခဲ့ရင် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေမှာ ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝ ဓာတ်ငွေ့တွေ ရောင်းရတဲ့ငွေ အမြောက်အမြားကို အိုဘားမား အစိုးရက ထိန်းချုပ်ထားနိုင်ပါတယ် လို့ ရေးသားလာပါတယ်။ အခု အချိန်အထိတော့ အဲဒီလမ်းကို ရွေးချယ်ဖို့ အိုဘားမား အစိုးရက ဆိုင်းငံ့လျက် ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ဖို့၊ ရှောင်ရှားဖို့ ဘဏ်တွေကို ဖိအားပေးခြင်းဟာ အစွမ်းထက်တဲ့ စီးပွားရေး လက်နက်ကောင်း ဖြစ်နိုင်ပါတယ်။ ပုံစံအားဖြင့် မြောက်ကိုရီးယားကို အနုမြူလက်နက်တွေ ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက် ပျက်ပြားစွန့်လွှတ်ရေးအတွက် တွန်းအားပေးဖို့ ဒီ စီးပွားရေး လက်နက်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်က ဘဏ်တွေကို ဖိအားပေးဖို့ အိုဘားမား အစိုးရကို အာဏာ ပေးထားခဲ့ပါတယ်။ အချို့လူ့အခွင့်အရေး အုပ်စုတွေကလည်း သမ္မတ အိုဘားမား ဒီနည်းလမ်းကိုသုံးဖို့ လိုလားလျက်ရှိနေပါတယ်။ အနည်းဆုံးတော့ တိုက်ရိုက် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ဆိုတဲ့ အခြေအနေ မှာ၊ အိုဘားမား အစိုးရက စေ့စပ်ဆွေးနွေးမှု ပျက်ပြားခဲ့ရင် ပိုမိုပြင်းထန်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီး မှာ ဆောင်းပါးနဲ့ သတိပေးခဲ့ပါတယ်။
၂ဝဝ၇ ခု ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ဖမ်းဆီးလိုက်ချိန်မှစပြီး အမေရိကန် ဘဏ္ဍာရေးအရာရှိတွေက စစ်စိုးရရဲ့ လူ ၄ဝ နဲ့ လုပ်ငန်း ၄၄ ခုကို ‘ပစ်မှတ်ပိတ်ဆို့မှု’ပြုလုပ်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းမှာ ငွေသွင်းငွေလွှဲ ပြုလုပ်ခြင်းမှ ပိတ်ပင်တားဆီးလိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့ ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေနဲ့ ဆက်သွယ်လုပ်ဆောင်မှုတွေကိုပါ အကျိုး သက်ရောက်မှု ရှိစေမယ့် အခြေအနေတွေ ပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေက ၂၀၀၈ ခုနှစ်မှာ ခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချမှု တိုးတက်အောင်မြင်နေပါတယ်။ရောင်းရငွေတွေကို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံလွှဲပြောင်းပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်လုပ်ကိုင်နေတဲ့ ဘဏ်တွေကို သူတို့၏ အမေရိကန်ဘဏ်လုပ်ငန်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်နိုင်ကြောင်း လုပ်ပိုင်ခွင့် အသစ်အရ အမေရိကန်က သတိပေးတားမြစ်နိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က ဒီ စီးပွားရေးလက်နက်ဖြင့် မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ်ကနေ အမေရိကန်က ထိရောက်စွာ ထုတ်ပစ်နိုင်ခဲ့ပြီး သမ္မတ ကင်းမ်ဂျွန်အီးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်မှုကြောင့် ကရက်ဒစ်ဆူဇီဘဏ်ဟာ ဒေါ်လာ ၅၃၆ သန်း ဒီလအတွင်းမှာ ဒဏ်ငွေဆောင်ရပါတယ်။ လစ်ဗျား၊ ဆူဒန်နဲ့ မြန်မာနိုင်ငံအတွက်လည်း ငွေလွှဲပြောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြောင်းလည်း အစွပ်စွဲခံခဲ့ရပါတယ်။ ဒီဘဏ်ကြီးရဲ့ အခုဖြစ်ရပ်ကို ကျန် အပြည်ပြည်ဆိုင်ရာ ဘဏ်တွေကလည်း သင်္ခန်းစာယူကြမှာ မလွဲပါဘူး
အခုတော့ အမေရိကန် အစိုးရ သစ် ခမျာ မိစ္ဆာ သန်းရွှေ နှင့် စကားပြောရန် စောင့်ဆိုင်းဖို့ ရာ စိတ်မရှည် နိုင်တော့ကြောင်း ပွင့်အန်လာခဲ့ပါပြီ။
သန်းရွှေ နဲ့ စစ်အုပ်စု ဒေါ်အောင်စန်းစုကြည် နဲ့ မြန်မာ့အရေး မဆွေးနွေးရင်တော့ အပြည်ပြည်ဆိုင်ရာ ဘဏ်တွေမှာ ထားရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝ ဓာတ်ငွေ့တွေ ရောင်းရတဲ့ငွေ အမြောက်အမြားကို အိုဘားမား အစိုးရက ထိန်းချုပ်ထား လိုက် တော့မှာဖြစ်ပါတယ်။ အဲ့ဒီအခါ စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ် နဲ့အဆက်ပြတ်သွား နိုင်ပြီး အိုဘားမားအစိုးရက လဲ ထိထိရောက်ရောက် အရေးယူမဲ့ နိုင်ငံရေး အခင်းအကျင်းကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပေသည်။။
ကိုးကား
ဗွီအိုအေ မဇ္ဈိမ ဝါရှင်တန်ပို့စ် သတင်း
အဝေးရောက်သံတမန်တဦး ဆောင်းပါး
ဇော်ဝင်း (နယူးရော့ခ်)
posted by komoethee
Posted by Than Kyaw Htay at 8:50 AM 0 comments
Labels: သတင်း
မလေးရှားတွင် မြန်မာနိုင်ငံကူးလက်မှတ် အတု ပြုလုပ်သည့်အဖွဲ့အား ဖမ်းဆီး
မလေးရှား (ဇန်န၀ါရီ ၈) - မလေးရှားနိုင်ငံတွင် စာရွက်စာတမ်းအတုများကို ဖန်တီး ပြုလုပ်ပြီး မလေးရှားရင်းဂစ်ငွေ ၃၀ မှ ၁၀၀ အထိ ဈေးနှုန်း အသီးသီးဖြင့် ရောင်းချနေသည့် အဖွဲ့တစ်ခုအား ဖမ်းဆီးလိုက်သည်။
အဆိုပါ အဖွဲ့သည် လွန်ခဲ့သည့် ၃လ ကတည်းက ထိုသို့ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်အတုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှ ထုတ်ပေးသည့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုသော ကဒ်အတုများကို အတုများ ပြုလုပ်၍ ရောင်းချခဲ့သည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒါရိုက်တာ ဖြစ်တာ Abdul Rahman Harun က ထိုအဖွဲ့တွင် ပါဝင်သူများဖြစ်သည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် နိုင်ငံခြားသား ၂ ဦးအား ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ အသက် ၃၃ နှစ် အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို Bukit Mertajam အနီး Jalan Baru လမ်းပေါ်ရှိ ကားအတွင်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါကားကို ရှာဖွေရာတွင် မြန်မာနိုင်ငံကူးလက်မှတ် အတုများ၊ စတစ်ကာများ၊ အလုပ်ပါမစ် စတစ်ကာများ အစရှိသည့် စာရွက်စာတမ်းအတုများကို တွေ့ရှိခဲ့သည်ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် Bukit Mertajam ရှိ အိမ်အတွင်းသို့ ဆက်လက်သွားရောက် ရှာဖွေခဲ့ရာတွင် ကားလိုင်စင်အတုများ၊ စတစ်ကာများ၊ UNHCR ကဒ်များ စသည့် စာရွက်စာတမ်းအတုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ တစ်လုံးအားလည်း သိမ်းဆည်း ရမိခဲ့သည်။
ထို့ပြင် အဆိုပါအိမ်ရှိ အသက် ၄၈ နှစ်အရွယ် မလေးနိုင်ငံသား တစ်ဦးနှင့် အသက် ၄၃ နှစ် အရွယ် တရုတ်အမျိုးသမီးတစ်ဦးအားလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည့် အမျိုးသားမှာ စာရွက်စာတမ်း အတု ပြုလုပ်သည့် အဖွဲ့၏ ခေါင်းဆောင် ဖြစ်ဖွယ် ရှိပြီး မြန်မာနိုင်ငံသားများကို ၎င်း၏ အေးဂျင့်များ အဖြစ် ဆောင်ရွက်စေ၍ ရောင်းချစေခြင်း ဖြစ်မည်ဟု ယူဆရသည်။
၎င်းတို့နှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် တရုတ်အမျိုးသမီးမှာ နိုင်ငံကူးလက်မှတ် ရှိသော်လည်း ပြည်ဝင်ခွင့်ဗီဇာမှာမူ ၁၈ လ ကျော် ရက်လွန်နေခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသားများမှာ နိုင်ငံကူးလက်မှတ် မရှိဘဲ တရားမ၀င်နေထိုင်ခြင်း၊ စာရွက်စာတမ်းများ ပြုလုပ်ခြင်း၊ တရားမ၀င် လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ခြင်း စသည့် အမှုများဖြင့် တရားစွဲခံရဖွယ် ရှိပြီး တရုတ်အမျိုးသမီးမှာမူ ဗီဇာသက်တမ်းထက် ကျော်လွန်၍ နေထိုင်မှုဖြင့် တရားစွဲခံရဖွယ် ရှိသည်ဟု Abdul Rahman က ပြောကြားသည်။
အဖွဲ့၏ ခေါင်းဆောင်မှာမူ အစိုးရစာရွက်စာတမ်း အတုများ ပြုလုပ်မှုနှင့် တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများအား လက်ခံထားမှုတို့ဖြင့် တရားစွဲဆို ခံရဖွယ် ရှိသည်။
သံလွင်အိပ်မက်မှရယူပါသည်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 8:24 AM 0 comments
Labels: သတင်း
အာဖဂန်တွင်ဂျပန်ရေတပ်လောင်စာဆီဖြည့်တင်းခြင်းလုပ်ငန်းအဆုံးသတ်
ဂျပန်နိုင်ငံသည်၂၀၀၁ခုနှစ်မှစတင်ကာအာဖဂန်နစ္စတန်တွင်အမေရိကန်ဦးဆောင်ဆင်နွဲခဲ့သည့်စစ်ရေးအရေးယူမှုအားထောက်ခံပါဝင်ခဲ့သောဂျပန်ရေတပ်၏လောင်စာဆီဖြည့်တင်းကူညီရေးလုပ်ငန်းစဉ်ကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။ အလယ်အလတ် သဘောထား ရှိသည့် ဂျပန်အစိုးရသစ်အနေဖြင့် ဝါရှင်တန်နှင့် ဆက်ဆံရေးတွင် ၎င်း၏မာန်စွယ်ကို ထုတ်ပြလိုက်ခြင်းလည်းဖြစ်သည်။
ကာလရှည်ကြာအုပ်ချုပ်ခဲ့သောကွန်ဆာဗေးတစ်များကိုအနိုင်ရကာလွန်ခဲ့သည့်လေးလကတက်လာခဲ့သူဝန်ကြီးချုပ်သစ် ယူကီယိုဟာတိုယာမာ၏အစိုးရအဖွဲ့သည်အမေရိကန်နှင့်ဆက်ဆံရာတွင်"အမေရိကန်ပေါ်ကျိုးနွံနာခံမှုနည်းမည်" ဟုကတိပြုခဲ့ခြင်းကို ဤလုပ်ရပ်က ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ ကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားခဲ့ခြင်းက ရက်ပိုင်းသာလိုလာတော့သည့် ဝါရှင်တန်-တိုကျိုပူးပေါင်းကျင်းပမည့် လုံခြုံရေးဆိုင်ရာမဟာမိတ်ဖွဲ့မှုနှစ် (၅၀) ပြည့် အထိမ်းအမှတ်ကိုထိခိုက်စေခဲ့သည်။ အာဖဂန်တွင်တာဝန်ထမ်းဆောင်နေသော နိုင်ငံတကာတပ်ဖွဲ့များအသုံးပြုသည့် စစ်သင်္ဘောကြီးများကို လောင်စာဆီနှင့်ရေ ရှစ်နှစ်ကြာထောက်ပံ့ကူညီခဲ့ပြီးနောက် ဂျပန်ရေတပ်သင်္ဘောနှစ်စင်းနှင့် သင်္ဘောသား (၃၄၀) တို့ကိုအိမ်ပြန်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုရှီမီ ကီတာဇာဝါ ကအမိန့်ပေးခဲ့သည်။
လောင်စာဆီထောက်ပံ့ရေးလုပ်ငန်းစဉ် အဆုံးသတ်ခြင်းနှင့်အတူ ဝန်ကြီးချုပ် ဟာတိုယာမာကဤလုပ်ငန်းစဉ်တွင်အာဖဂန်နစ္စတန်ကို လူသာခြင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်သွားမည် ဟုကတိပြုခဲ့သည်။ စစ်ပွဲကြောင့်ယိုယွင်းပျက်စီးသွားသောအာဖဂန်နစ္စတန် နိုင်ငံကိုပြန်လည်ထူထောင်ရာတွင်ဂျပန်နိုင်ငံကလာမည့်ငါနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ (သန်း ၅၀၀၀)ကူညီမည်ဟုသိရသည်။
ငြိမ်းချမ်းရေးကိုအထူးလိုလားသည့် ဆိုရှယ်ဒီမိုကရက်များနှင့် မဟာမိတ်ဖွဲ့ထားသူ ဟာတိုယာမာက ဂျပန်အနေဖြင့် အာဖဂန်သို့ တပ်ဖွဲ့များထပ်မံစေလွှတ်မည်မဟုတ်ကြောင်း အလေးအနက်ပြောကြာခဲ့သည်။
စစ်ပြီးခေတ်နောက်ပိုင်း ငြိမ်းချမ်းရေးကိုအလေးပေးသည့် ဖွဲ့စည်းပုံအောက်တွင် ဂျပန်နိုင်ငံသည် တိုက်ခိုက်ရန်အတွက်ပြည်ပသို့ လက်နက်ကိုင်တက်ဖွဲ့များ စေလွှတ်ခြင်းမှတား မြစ်ခံထားရသည်။ သို့သော် တိုကျိုအနေဖြင့် အီရတ် နှင့် အခြားဒေသများတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် နှင့် စစ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုများဆောင်ရွက်ရန် တပ်ဖွဲ့များစေလွှတ်ခဲ့သည်။
မင်းသက်စံ
ကိုမျိုးချစ်မြန်မာထံရယူပါသည်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 8:18 AM 0 comments
Labels: သတင်း
ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။
ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။
တရုတ်လုပ် ဂျက်တိုက်လေယာဉ် F7 Fighter အမျိုးအစားဟာ ရန်ကုန်လေဆိပ်အဆင်းမှာ ပျက်ကြသွားတာဖြစ်ကြောင်းနဲ့ ပျက်ကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဖူး။
ဒီလေယာဉ်အမျိုးအစားဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။
ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးပြောတာကတော့ ဒီလေယာဉ်ကို လေ့ကျင့်မောင်းနှင်နေစဉ် လေဆိပ်ကို ပြန်အဆင်းမှာ ဖြစ်တာလို့ ပြောပြပါတယ်။ ပိုင်းလော့ ပြည့်ဖြိုးမျိုး သေဆုံးသွားကြောင်း သိရပါတယ်။
သုံးသပ်သူတစ်ဦးပြောတာကတော့ ဒီ ပျက်ကျတဲ့လေယာဉ်ဟာ နအဖကနေ တရုတ်ထံကနေ ၀ယ်ယူခဲ့တဲ့ အစီး (၃၆) စီးထဲက တစ်စီး ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ်ပါတယ်။
ဒီလို ဂျက်တိုက်လေယာဉ်ပျက်ကြခဲ့ဖူးတာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တုန်းကလည်း မန္တလေးလေဆိပ်မှာ လေယာဉ်ကွင်းကနေ ပျံတက်စမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ အသက် (၂၉) နှစ်အရွယ် လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။
နအဖဟာ လေယာဉ်တွေဝယ်ဖို့လောက်ဘဲ သိပြီး လေယာဉ်တွေအကြောင်း၊ လေယာဉ်ထိန်းသိမ်းမှုနည်းစနစ်၊ လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်း အဆင့်အတန်း၊ လေယာဉ်မောင်းနည်းပညာနဲ့ လေယာဉ်မှူးတွေ ပြည်စုံစွာ လိုအပ်တဲ့ လေကျင့်သင်ကြားမှုနည်းပညာတွေကို မသိနားမလည် မဆောင်ရွက်တာကြောင့် မြန်မာပြည်မှာ ခရီးသည်လေယာဉ်တွေတင်မက အခုလို စစ်လေယာဉ်တွေပါ ပျက်ကျမှုတွေ ဖြစ်ရတာပါ။ နှမျောစရာကတော့ လေယာဉ်ပျက်ကျလို့ မသေသင့်ဘဲ သေဆုံးကြရတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေပါဘဲ။ လေယာဉ်ပျက်ကျမှုတွေကိုလည်း တိကျခိုင်လုံတဲ့သတင်းတွေ ထုပ်ပြန်ပြီး ပြည်သူလူထုကို အသိပေးမယ် သတိပေးမယ်ဆိုတာထက် သတင်းအမှောင်ချပြီး သူတို့ပေါ့ဆမှုတွေကို ညံ့ဖျင်းမှုတွေကို ဖုံးကွယ်ဖို့သာ ဦးစားပေးလေ့ရှိပါတယ်။
ဆိုးရွားတာကတော့ လေယာဉ်ဝယ်ရပြီးရော ဈေးပေါပေါနဲ့  အချောင်ရ အချောင်ဝယ်၊ အရည်အသွေးကျနေတဲ့ လေယာဉ်တွေကို ၀ယ်တဲ့သူကလည်း ၀ယ် ရောင်းတဲ့သူကလည်း ရောင်းနဲ့ဖြစ်နေတာပါဘဲ။ ကြားထဲက အသက်ပေး ခံရသူတွေကတော့ ခံရတာပါ။
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 8:08 AM 0 comments
Labels: သတင်း
Wednesday, January 20, 2010
မြန်မာနှင့်ဆက်ဆံရေး စိတ်ရှည်မည် မဟုတ်ဟု အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား
အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ်မရှိ သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြားလိုက်သည်။
၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည်သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာနတွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်းဖြစ်သည်။
အမေရိကန်အစိုးရနှင့် ပြောဆိုဆက်ဆံနေမှုများအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။
(၁၄) နှစ်ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များနှင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တွေ့ဆုံခဲ့သည့် မစ္စတာကာ့တ်ကမ်ဘဲလ်က မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့်အချက်အလက်များကို ကြည့်ရှုရာတွင် ရောထွေးနေသည်ဟု ပြောဆိုခဲ့သည်။
၎င်းက “ကျနော်တို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု တချို့ရှိခဲ့ပါတယ်။ မကြာခင်မှာ ထပ်မံပေါ်ထွန်းလာမယ့် ဆွေးနွေးမှုတချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများကို တွန်းအားပေးရန်ကြိုးစားသည့်အနေဖြင့် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် ပိုမိုနက်ရှိုင်းသည့် ထိတွေ့ဆက်ဆံများ ပေါ်ထွန်းလာစေရန် ယမန်နှစ်က လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပိတ်ဆို့အရေးယူမှုကိုမူ ယခုတိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။
မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆင့်မြင့်ဆက်သွယ်မှုအချို့နှင့် အခြား ဖြစ်ထွန်းတိုးတက်မှုအချို့ ရှိခဲ့သော်လည်း မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် ပြုမှုဆက်ဆံပုံများနှင့် အခြားသော ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာစစ်အစိုးရက မည်သို့လုပ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်းသိနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မကြာမီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောကြားသည်။
မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို အမေရိကန်သမ္မတ အိုဘားမားအစိုးရက ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ်တရပ်ကို ချမှတ်ခဲ့သည်။
ယင်းပေါ်လစီသစ်အရ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရားဝင်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်မြောက် စေရေးအတွက် အမေရိကန်အစိုးရက ဖိအားပေးသွားမည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။
The New Era Journal
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 10:00 AM 0 comments
Labels: သတင်း
Tuesday, January 19, 2010
ဟေတီ နောက်ဆုံးရ နောက်ဆက်တွဲ သတင်း
Visit msnbc.com for breaking news, world news, and news about the economy
ဗွီဒီယို-နောက်ဆုံးကယ်ဆယ်နိုင်ခဲ့သော ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်
ဟေတီမှာ ကယ်ဆယ်ရေးလုပ်သားများ ကို ထောင်ချခံရခြင်းမရှိ၊
ဟေတီမှာ သတင်းထောက်များ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်းမရှိ၊
ဟေတီမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ ဟန့်တားခံရခြင်းမရှိ၊
-တီကေ-
ဟေတီမှာ ပြင်းထန်တဲ့မြေငလျင်ကြောင့် လူပေါင်း ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အကြား ခန့်သေဆုံးကြလိမ့်မယ် လို့ ခန့်မှန်းနေကြာင်း နောက်ဆုံးရရှိတဲ့သတင်းများအရသိရှိရပါသည်။ သီတင်းတပတ်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် တနင်္ဂနွေနေ့ထိ လူပေါင်း ၆၀ ကျော် ကယ်တင်နိုင်ခဲ့ကြောင်း ၊ ၆ ရက် ကြာပြီးသည့် နောက်မှာ အသက်ရှင် ဒဏ်ရာရနေသူ တက္ကသိုလ် ကျောင်းသူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာကြောင့် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများဟာ အသက်ရှင်ကျန်ရစ်နိုင်ကြမဲ့ သူများကို အချိန်မှီ ကယ်တင်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်ပြည့် ဆက်လက်လုပ်ကိုင် နေကြောင်း ဟေတီကလာတဲ့ သတင်းများတွင် ဖော်ပြထားပါသည်။
စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့ရေးအကူအညီ များ ဟေတီကို တဖွဲဖွဲရောက်ရှိနေကြပြီး၊ တလမ်းသွား လေယာဉ်ကွင်းငယ်မှာ တနေ့လေယာဉ်အစင်းပေါင်း ၁၀၀ ကျော် ဆင်းသက်၊ ပျံသန်းလျှက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်စစ်တပ်မှ ဟယ်လီကော်ပတာ အစင်းပေါင်း ၄၈ စင်း ဟာ ကယ်ဆယ်ရေးနှင့် အစားအစာဝေငှရေးများတွင် မနားတမ်း တာဝန်ယူ လုပ်ဆောင်ပေး နေကြောင်း ကြားသိရပါသည်။ ဟေတီတွင် ကုလသမဂ္ဂလုံခြုံရေးတပ် ၉၀၀၀ ၊ အမေရိကန်တပ်သား ၁၂,၀၀၀၊ ကနေဒါတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်တို့က လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ယူ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မယ်လို့ သိရပါသည်။ ဟေတီရှိဒုက္ခရောက်နေသူ ၃ သန်းကျော်ကို အရေးပေါ် အစားအစာ ဝေငှဖို့ တစ်လ စာ အတွက် အစားအစာ အနပ်ပေါင်း သန်း ၁၀၀ ကျော် အရေးပေါ်လိုအပ်နေကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောခဲ့ကြောင်းလည်းသိရှိရပါသည်။
ကနေဒါလူမျိုး ၁၂ ယောက်၊ အမေရိကန်လူမျိုး ၁၆ သေဆုံးမှုအပေါ် အတည်ပြုပြောကြား နိုင်သော်လည်း ထောင်နဲ့ ချီ အမေရိကန်နိုင်ငံသားများနှင့် ကနေဒါလူမျိုးများ ပျောက်ဆုံး လျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ နောက်ဆုံးရရှိတဲ့သတင်းအရ အမေရိကန်လူမျိုး ၅၅၀၀ ပျောက်ဆုံးနေကြောင်း၊ အရေးပေါ်ဆေးကုသဖို့လိုအပ်သူများကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိဆေးရုံးများသို့ သယ်ယူလာပြီး ဆေးဝါးကုသ ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ လောလောဆယ် သေဆုံးသူ ၇၀,၀၀၀ ကို ဟေတီ အစိုးရ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက မြေမြုပ် သဂြိုလ် ခဲ့ပြီးပါပြီ။
မနေ့က ဥရောပနိုင်ငံများအသင်းက အရေးပေါ်ငွေကြေးအကူအညီ နှင့် ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၆ သန်း ( ဥရောပငွေ သန်း ၄၂၂) ကို ကူညီပေးသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ လောလောဆယ် အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒန်းထားပြီး၊ ရေရှည်ပြန်လည်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် သမ္မတဟောင်းနှစ်ဦးဖြစ်သူ ကလင်တန်နှင့် ဂျော့ဘုရှ်တို့ကို အမေရိကန်သမ္မတ အိုဘားမားက ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
အမေရိကန် မှာ ဆဲလ်ဖုန်းသုံးစွဲသူများက အမေရိကန်ဒေါ်လာ ၂၂ သန်း အမေရိကန် ကြက်ခြေနီအသင်း ကို လှူဒန်းခဲ့ကြကြောင်း နှင့် အမေရိကန် ကြက်ခြေနီအသင်း မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ဟေတီသို့ ထောက်ပံ့ကူညီဖို့ အလှူရှင်များမှ လက်ခံရရှိခဲ့ပြီး၊ ကက်သလစ်ဘာသာရေးအဖွဲ့များအပါအ၀င် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ကလည်း အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီ ဟေတီသို့ လှူဒန်းခဲ့ကြကြောင်း သိရပါတယ်။ အာရှနိုင်ငံများမှလည်း အလှူငွေများထပ်မံထည့်ဝင်ဖို့ဂတိပြုခဲ့ကြပါသည်။
posted by komoethee
Posted by Than Kyaw Htay at 6:37 PM 0 comments
Labels: သတင်း
မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး သတင်း
ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး
ဇော်ဝင်း (နယူးရော့ခ်)
မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး အား နအဖ က အမေရိကန်ဒေါ်လာ ၂ သန်း ဖြင့် ရောင်းစားလိုက် ကြောင်း အေပီသတင်း တပုဒ် ဖတ်လိုက်ရပါသည်။
ဝယ်ယူသွားသူ မှာ ဗီယက်နမ် နိုင်ငံသား ဗုဒ္ဓဘာသာဝင် တဦး ဖြစ်သဖြင့် ကျောက်စိမ်းရိုင်းတုံးကြီး မှာ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်ကြ မည့်အကြောင်း သိရှိရ သဖြင့် ဝမ်းနဲဝမ်းသာ ပြိုင်တူခံစားရပါတယ်။
ကျောက်စိမ်းရိုင်းတုံးကြီး အား ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ကိုးကွယ်ကြ မည့် အခမ်းအနားတွင် ခိုငှက် ကလေးများလွှတ်၍ ကောင်းမှုပြုနေပုံ
ထုလုပ်ပြီးသည့် အခါတွင် တန်ချိန် ၂၀ မျှ အလေးချိန် ရှိဦးမည်
အကယ်၍ ကျွန်တော် တို့နိုင်ငံ မှာ ဒီမိုကရေစီသာရှိပါက ဆရာတော် သံဃာတော်များက ကြီးမှူးပြီး ပန်းပုပညာရှင် များနှင့်တိုင်ပင်ကာ ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်တွင်ကိုးကွယ်ကြ မှာ သေချာလှပါတယ်။ အခုတော့ မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိ တဲ့ ကျောက်စိမ်းရိုင်းတုံးကြီး ဟာ ရွှေ ဘုရား မျိုးဘုရား အဖြစ် ဗီယက်နမ် မှာ စံပယ်တော် မူတော့ မှာဖြစ်လို့ မြန်မာနိုင်ငံသား များ ဗီယက်နမ် နိုင်ငံကို သွားပြီး ဖူးမျှော်ခွင့် သာ ရရှိတော့မှာ ဖြစ်ပါသည်။
ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး
ဗီယက်နမ် သမ္မကြီး Nguyen Minh Triet ကိုယ်တိုင် တက်ရောက် ပူဇော်နေပုံ
အေပီသတင်း အရ ဗီယက်နမ် ကျောက်မျက်သတ္တုတွင်းပိုင်ရှင်ဖြစ်သူ Mr Dao Trong Cuong ဟာ မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီးအား ယမန်နှစ်က ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲမှ တဆင့် အမေရိကန်ဒေါ်လာ ၂ သန်း ဖြင့် ၀ယ်ယူခဲ့ကာ အောက်တိုဘာလတွင် ဗီယက်နမ်သို့ တင်သွင်းယူဆောင်ခဲ့ကြောင်းသိရှိရပါသည်။
ဗီယက်နမ် ရောက် မြန်မာနိုင်ငံမှ ၃၅ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကြီး
ဗီယက်နမ် သမ္မကြီး Nguyen Minh Triet ကိုယ်တိုင် တက်ရောက် ပူဇော်နေပုံ
ရွတ်ဖတ်ပူဇော် နေကြသော သံဃာတော် များ
ထိုကျောက်စိမ်းရိုင်းတုံးကြီးအား ကျောက်မျက်နှင့် ပန်းပုပညာရှင် ၅၀ ဦးခန့်က ဗုဒ္ဓဆင်းတုတော်အဖြစ် ထုလုပ်ပြီးသည့် အခါတွင် တန်ချိန် ၂၀ မျှ အလေးချိန် ရှိဦးမည်ဟု ခန့်မှန်းကြကြောင်း သိရှိရပါတယ်။
အဆိုပါ ကျောက်စိမ်းရိုင်းတုံးကြီးအား ဖွင့်လှစ်ပြသသည့် အခမ်းအနားသို့ လူဦးရေ ၂,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ထိုအခမ်းအနားတွင် Mr cuong က Guinness ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ခံရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကျောက်စိမ်းရိုင်းတုံးကြီးသည် အမြင့်ပေ ၁၀ ပေ (၃ မီတာ) မြင့်ပြီး အလျား ၆.၅ ပေ (၂ မီတာ) ရှည်လျား၍ အနံ ၆.၅ ပေ (၂ မီတာ) ရှိသည်ဟု သိရသည်။
ရွတ်ဖတ်ပူဇော် နေကြသော သံဃာတော် များ
ထိုအခမ်းအနားသို့ ဗီယက်နမ် သမ္မကြီး Nguyen Minh Triet လည်း တက်ရောက်ခဲ့ပြီး သံဃာ ၂၅၀ ခန့်က ခေါင်းလောင်းများတီးကာ တရားစာများ ရွတ်ဖတ်ခဲ့သည်။
အဆိုပါ ဆင်းတုအား ထုလုပ်ရန်အတွက် အချိန် ၂ နှစ်မျှ ကြာမြင့်မည် ဖြစ်သည်။
ဗီယက်နမ် မီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဗုဒ္ဓ ဆင်းတုတော်မှာ တန်ချိန် ၄ တန်ရှိပြီး ဥာဏ်တော် ၉ ပေ (၂.၇ မီတာ) မြင့်သည်ဟု သိရသည်။
Source & Photo: AP
ဇော်ဝင်း (နယူးရော့ခ်)
Posted by Than Kyaw Htay at 8:24 AM 0 comments
Labels: သတင်း
Sunday, January 17, 2010
နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ခန့် သျှမ်းပြည်အလယ်ပိုင်းသို့ တက်ဖြည့်တင်း
သျှမ်းပြည်အလယ်ပိုင်း အရှေ့ပိုင်း အပစ်ရပ်တပ်ထိန်းချုပ်ဒေသများဆီသို့ နအဖ စစ်ယာဉ်တန်း အများအပြား တက်လာ ကြောင်း SSA လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းရပ်ကွက်က ပြောပါသည်။
“တပ်မ ၅၅ (ကလော) နည်းဗျူဟာ ၅၅၃ က စစ်ကားအစီး ၈၀ လောက် တောင်ကြီးကနေ မိုင်းကိုင်ဘက်တက်သွားတယ်။ တပ်မ ၃၃ လဲ ကျေးသီးဘက်သွားတယ်”- ဟု SSA ဌာနချုပ် အရာရှိတဦးက ပြောပါသည်။
ဇန္ဖ၀ါရီ ၁၃ ရက် နေ့ တပ်မ ၅၅ (ကလော) ၊ တပ်မ ၃၃ (ရွာထောင်) တို့မှ စုစုပေါင်း နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ထက် မနည်း သျှမ်းပြည်အလယ်ပိုင်းသို့ တက်သွားခြင်းဖြစ်ပြီး၊ လက်နက်ခဲယမ်း စစ်ပစ္စည်း/ရိက္ခာ နဲ့ စစ်သားတချို့ တင်ဆောင် သွားကြောင်း ၊ “ကားအစီးရေများပေမဲ့ တပ်မ နှစ်ခု ထဲက တပ်အင်အားက နည်းဗျူဟာ ၂ ခုဘဲ သွားတယ်တဲ့၊ လူသူ လက် နက်အင်အား ၄၀၀ ကျော်နိုင်တယ်” - ဟု တောင်ကြီး - မိုင်းကိုင် - ကျေးသီး ခရီးသွားကုန်သည်တဦးက ပြောပါသည်။
“တပ်မ ၃၃ က နည်းဗျူဟာတခု ၊ စစ်ကား အစီး ၂၀ တဲ့။ ကျေးသီးမြို့ကနေ မိုင်းနောင်- မိုင်းရှူးဘက်တချို့ဆက်သွား တယ်။ တချို့သံလွင်ကူးတို့ဆိပ်အထိဆင်းသွားပြီး ၀ နယ်ခြား မော်ဖှာ့ဘက်ကူးသွားတာလဲရှိမယ်လို့ လဲပြောနေတယ်” - ဟု လည်း မိုင်းနောင်မြို့ခံတဦးက ပြောပါသည်။
ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSA မှ (သျှမ်းပြည်အလယ်ပိုင်းလှုပ်ရှားနေသော) တပ်မှူး တဦးက နအဖ စစ်ယာဉ်တန်းချီတက်လာမှု အကြောင်းရင်း သုံးခု ရှိနိုင်ကြောင်း -
၁။ အပစ်ရပ် သျှမ်း နှင့် ၀ ထိန်းချုပ်နယ်မြေ အကြားဖြတ်တောက်လိုခြင်း၊ အထူးသဖြင့် အပစ်ရပ် SSA တပ်မဟာ ၁ နှင့် တပ်မဟာ ၇ ကြား - ကြားခံလှုပ်ရှားဖြတ်တောက်လိုခြင်း။
၂။ အပစ်ရပ် SSA ထိန်းချုပ်နယ်မြေ နှင့် ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် SSA ထိန်းချုပ် နယ်မြေကြားပိတ်ဆို့ ထားလိုခြင်း။
၃။ အပစ်ရပ် SSA ၊ ၀ ပြည်သွေးစည်းရေးတပ်မတော်၊ မိုင်းလားတပ်ဖွဲ့များ ကူးလားဝင်ထွက်မှု အဆက်အသွယ်မလုပ်နိုင် စေရန် ဖြတ်တောက်လိုခြင်းများ ဖြစ်နိုင်ကြောင်း - သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
သျှမ်းပြည်မြောက်ပိုင်း စစ်ရေးသုံးသပ်သူတဦးကလည်း ယခုလ ၈-၁၅ ရက်နေ့ကလည်း မန္တလေး - မေမြို့ ဘက်မှ လားရှိုး သိန္နီ၊ ကွတ်ခိုင်၊ ကွန်လုံ - ဟိုပန် ဘက်တက်သွားသော နအဖ စစ်ယာဉ်တန်း တရက်အနည်းဆုံး ၁၅-၂၀ စီးခန့် ရှိကြောင်း၊ လက်ရှိအနေအထားများ ပေါင်းစပ်ကြည့်ပါက အပစ်ရပ်တို့အပေါ် ချက်ခြင်းလက်ငင်းထိုးစစ်ဆင်နိုင်မည့် အလားအလာ မရှိသေးသော်လည်း ယုံကြည်စိတ်ချရမည့် အနေအထား မဟုတ်ကြောင်း၊ နဂိုထက် ပိုမိုပြင်ဆင်သတိထား ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုပါသည်။
http://www.mongloi.org/ မှကူးယူဖော်ပြသည်။
Sunday, January 17, 2010,Posted by minyannaing
Posted by Than Kyaw Htay at 9:53 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ ဂျပန်ထပ်တောင်းဆို
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဆုရာ အိုကာဒါက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ဖို့ ထပ်မံ တောင်းဆို လိုက်ပါတယ်။.
စစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ်လို့ ပြောတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပဖို့ ပြောကြား လိုက်ပါတယ်။
မစ်စတာ အိုကာဒါက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို ပြောကြားရာမှာ ဂျပန် နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့မဲ့ အစီအစဉ် တွေဟာ ရွေးကောက်ပွဲ အခြေအနေပေါ်မှာမူတည် နေတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ အများကြီး မျှော်လင့် တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်လွတ်မြောက် နယ်မြေဂျပန် နိုင်ငံရဲ့ဥက္ကဌ ကိုသန့်ဇင်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဘက်ဟိုဘက် နိုင်ငံရေးအဖွဲ့အစည်း တွေအပြင်နိုင်ငံခြားတိုင်းပြည်တွေကပါ လေးစားရတဲ့ ခေါင်းဆောင်ဖြစ်တယ်။
တိုင်းပြည် ကိုလည်း ပျက်ရာပျက်ကြောင်း လုပ်မယ့်သူ မဟုတ်ဘူး၊ ရွေးးကောက်ပွဲနဲ့ ပတ်သကပြီး သူ့ရဲ့ ထင်မြင်ယူဆချက် တွေဟာ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတယ်၊
ဒါကြောင့်လွှတ်ပေးမယ် ဆိုရင် တိုင်းပြည်အတွက်အ များကြီး ကောင်းတယ်၊ လွှတ်ပေးဖို့ အချိန်လည်းရောက်နေပြီလို့ ဦးသန့်ဇင်ဦးက ပြောပါတယ်။
BBC မြန်မာပိုင်းမှရယူပါသည်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 9:33 AM 0 comments
Labels: သတင်း
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း
ဝီရ / ၁၅ ဇန်န၀ါရီ ၂၀၁၀။ ။၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက်မဲမထည့်ဘဲ လူထုပါဝင်ပတ်သက်မှုမရှိသော မတရားသည့် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
“မြန်မာပြည်မှာ ရွေးကောက်ပွဲ (၅) ခါ လုပ်ခဲ့တဲ့အထဲမှာ မဲမပေး မနေရ၊ မဖြစ်မနေ မဲပေးရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းထားတာမျိုး မရှိခဲ့ဘူး။ မဲဆန္ဒရှင်တွေရဲ့ သဘောအတိုင်း မဲပေးလိုရင် ပေးနိုင်ခွင့် ရှိတဲ့စနစ်ကိုပဲ ကျင့်သုံးထားတယ်။ ကျနော်တို့က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်။ ဒါကြောင့် မဲရုံကိုသွားပြီး မဲမထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းတာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေ ရေးရာသုံးသပ်ရေးဌာနမှ တာဝန်ခံ ဦးမျိုးက ပြောကြားသည်။
ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ လုပ်ဆောင်နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အတိုက်အခံ နိုင်ငံရေးပါတီများ၏ စည်းရုံးရေး လုပ်ငန်းများ လုံလောက်သည့်အချိန်ကာလ ရရှိတော့မည်မဟုတ်ကြောင်း၊ မဲပေးနိုင်သူ စာရင်း၏ ထက်ဝက်က မဲရုံများသို့ သွားရောက်၍ မဲပေးခြင်းမပြုခဲ့လျှင် ရွေးကောက်ပွဲသည် တရားမဝင်သည့် လူထုပါဝင်မှုမရှိသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်ကြောင်း ဦးမျိုးက ပြောသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်းခြင်း မရှိသေးကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိသည့် ဥပဒေ (၁၃) ရပ်ကို နအဖစစ်အစိုးရက ဖျက်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထောက်ပြထားသည်။
ဦးမျိုးက “ပြည်သူတဦးကို တလွဲအာဏာသုံးပြီး အတင်းမဲပေးဖို့ အစိုးရတရပ်အနေနဲ့ လုပ်ခွင့်မရှိဘူး။ စိုက်ပျိုးရေးချေးငွေ၊ အခြားဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေတွေနဲ့ ဆွယ်ပြီး မဲပေးအောင် လုပ်တာဟာ အဂတိလိုက်စားမှုဆိုင်ရာ Corruption ဥပဒေနဲ့ တရားစွဲလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ခေတ်ပြိုင်(The New Era Journal)မှရယူပါသည်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 9:19 AM 0 comments
Labels: သတင်း
Friday, January 15, 2010
ဒီနေ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နအဖဆက်ဆံရေးဝန်ကြီး အောင်ကြည်တို့  တွေ့ ဆုံ .။
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့
၂၀၁၀ ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် ယနေ့တွေ့ဆုံကြောင်း သိရှိရပါသည်.။ယနေ နေ့လယ်
၁နာရီမှ၁နာရီ၂၀မိနစ်အထိ၂၀မိနစ်ကြာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်
တွေ့ဆုံ ကြကြောင်း သိရပါသည်။
လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ အောက်တိုဘာ
၂၅ ရက်နေ့က စတင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ၉ ကြိမ်ရှိပြီဖြစ်သည်။
ဒီနေ့တွေ့ဆုံမှုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီကို တိုးချဲ့ ဖွဲ့စည်းတဲ့
သတင်း ပေါ်ထွက်ခဲ့ ပြီးနောက် ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့တွေတဲ့ ကိစ္စ သတင်းအသေးစိတ် ကိုတော့ မသိရှိသေးကြောင်း သိရှိရပါသည်.
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 9:19 AM 0 comments
Labels: သတင်း
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ တွေ့ မြင်ခဲ့ရသော နေကြတ်မှု ဓါတ်ပုံများ။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ တွေ့ မြင်ခဲ့ရသော နေကြတ်မှု ဓါတ်ပုံများ။
အောက်ကပုံတွေကတော့ မြန်မာပြည်မှာ တွေ့ ရတဲ့ နေကြတ်မှုပုံတွေ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ပြီး ဖေါ်ပြပေးလာကြသော မိတ်ဆွေများအားလုံးအား ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် မြန်မာမြားနတ်မောင်စကားဝိုင်းအား အထူးကျေးဇူးတက်ရှိပါတယ်။
နေကြတ်တာဟာ နအဖတွေအတွက် မကောင်းတဲ့လက္ခဏာလို့  ယူဆနေကြတဲ့အတွက် နေကြတ်ချိန် အမှောင်ကြသွားမှာကို ကြောက်ရွံ့ စိုးရိမ်နေတဲ့ နအဖကတော့ နေပြည်တော်မှာ နေကြတ်ချိန်အတွင်း လျှပ်စစ်မီးတွေ ထွန်းထားတယ်လို့  ကြားသိရပါတယ်။
နေကြတ်မှုကို မြင်တွေ့ ရဖို့  ရန်ကုန်မြို့ အပါအ၀င် မြို့ တွေအတော်များများမှာ လမ်းမတွေပေါ် ထွက်ကြည့်ကြသူတွေ မနည်းလှဖူးလို့ လည်း သိရှိရပါတယ်။
Posted by Than Kyaw Htay at 8:17 AM 0 comments
Labels: ဓါတ်ပုံ
Thursday, January 14, 2010
၂၀၁၀ ရွေးကောက်ပွဲအတွက် ဂျပန်တွင်လာရောက်ရှင်းပြမည့်ဘိုဥာဏ်ဝင်းကို ဆန္ဒပြပွဲများနှင့်ကြိုဆိုကြမည်
မကြာမီရက်များတွင်ဂျပန်နိုင်ငံ၊တိုကျိုမြို့၌ကျင်းပပြုလုပ်မည့်အရှေ့အာရှနှင့်လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံရေး
ဝန်ကြီးများအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့နအဖစစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဆိုသူဘိုဥာဏ်ဝင်းတက်ရောက်မည်ဟု သိရှိရသဖြင့်ု ဂျပန်ရောက်မြန်မာ့ဒီမိုအင်အားစုများမှ အင်အားအပြည့်နှင့် ကန့်ကွက်ဆန္ဒပြဖို့ပြင်ဆင်နေလျက်ရှိသည်။
ရေးသားသူ ။ ။ moethaukkye
ကိုစိုးဝင်းရှိန်မှပေးပို့ပါသည်။
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 8:09 AM 0 comments
Labels: သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ နှိုးဆော်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ဒု-ဥက္ကဌသူရဦးတင်ဦးအားနအဖစစ်အုပ်စုမှမတရားဖမ်းဆီး၍နေအိမ်၌အကျယ်ချုပ်ချထားသည်မှာ၁၄-၁-၂၀၁၀နေ့တွင်(၆)နှစ်တိတိပြည့်ပြီဖြစ်ပါသည်။ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းချခံနေရသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ဒု-ဥက္ကဌသူရဦးတင်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများအား
ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရေးအတွက်ဆန္ဒပြတောင်းဆိုပွဲကို
အောက်ပါအစီအစဉ်အတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှဦေးဆာင်၍ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။
ကျင်းပမည့်နေ့ရက်----၁၄ရက်ဇန်နဝါရီလ၂၀၁၀
ကျင်းပမည့်နေရာ-----ဂျပန်နိုင်ငံ နအဖ စစ်အခွန်ရုံးရှေ့ 
ကျင်းပမည့်အချိန်-----ညနေ၃နာရီမှညနေ၅နာရီ
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 7:57 AM 0 comments
Labels: သတင်း
Tuesday, January 12, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ထပ်မံတွေ့ဆုံ
Tuesday, 12 January 2010 19:33 ကိုထွေး
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဖြစ်သူများ ယနေ့ ထပ်မံတွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ခွင့်နှင့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်ခွင့် လျှောက်လဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သွားရောက် တွေ့ဆုံသည့် ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လည်၂ နာရီမှ ၄ နာရီ အထိ အချိန် ၂ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဦးဉာဏ်ဝင်းက “ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ပြင်ဆင်ခွင့် ရပ်ဆိုင်း ထားခြင်း ခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မြို့တော် စည်ပင်မှာ စာတင် ထားတယ်၊ ကန်ကွက် ချက်ဟာ ဘာလဲ ကျနော် တို့ကို မိတ္တူပေးပါ၊ ဒါမှ ကျနော်တို့လည်း ပြန်လည် ဖြေရှင်းလို့ ရမယ်၊ အဲဒီ ကန့်ကွက်ချက်ကို ကျနော်တို့ အချိန်အတိုင်း အတာ တခုအထိ စောင့်ဆိုင်း နေပါတယ်၊ ရရှိဖို့လည်း ဆောင်ရွက်မှာပါ” ဟု ပြောသည်။
နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒီဇင်ဘာလ ၂၃ ရက်က စတင် ကန့်ကွက်ထားမှုကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ် လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့်ရပ်ဆိုင်းခံထားရသော်လည်း ကန့်ကွက်စာကို ယခုအချိန်အထိ မရရှိသေးကြောင်း၊ ကန့်ကွက်ချက်ကို မရရှိပါက ယင်းအခြေအနေအပေါ်မှာပင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည့် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အယူခံမှု ၃မှု အတွက် ဥပဒေ အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံခဲ့သည်။
ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက်ပေး၍ အမိန့်ချမှတ်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။
source by : http://www.irrawaddy.org
Posted by နော်မန်
Posted by Than Kyaw Htay at 9:06 AM 0 comments
Labels: သတင်း
Monday, January 11, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ
Posted by Than Kyaw Htay at 5:13 AM 0 comments
Labels: ချီတက်ဆန္ဒပြ ပွဲ
Sunday, January 10, 2010
The Voice ဂျာနယ်။
The Voice ဂျာနယ်။
ပေးပို့ပေးသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်........
Posted by ဒီမိုဝေယံ
Posted by Than Kyaw Htay at 11:29 AM 0 comments
Labels: စာစောင်များ
Saturday, January 9, 2010
၂၀၁၀ ဇန်န၀ါရီ ၁၅ ရက်နေ့ တွင် နေကြတ် မည်.။
နေကြတ်နေပုံ .
၂၀၁၀ဇန်နဝါရီလ၁၅ရက်နေ့တွင်အာရှနိုင်ငံများဖြစ်သောမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနိုင်ငံများတွင်
နေကြတ်ခြင်းကိုတွေ့မြင်တွေ့ကြရမည်ဟုကမ္ဘာ့နက္ခတပညာရှင်ခန့်မှန်းကြပါသည်။ပုဂံနှင့်မန္တလေးမြို့
တွင်သိသာထင်ရှားစွာမြင်တွေ့ရမည်ဟုလည်းခန့်မှန်းကြပါသည်။ယင်းအတွက်ကမ္ဘာလှည့်ခရီးသည်
များသည်ပုဂံမြို့တွင်လာရောက်လည်ပတ်ကြည့်ရှုကြမည်ဟုခရီးသွားလုပ်ငန်းအချို့မှ သိရှိရပါသည်။
(၂၂-၇-၂၀၀၉ နေကြတ်ရက် သည် ကရကဋ် ရာသီ ၌ ဖြစ်သည်။)နေ၊ လကြတ်ခြင်းသည် မကာရ
ရာသီ၌ ကျရောက်လျှင် ဝန်ကြီးများ နှင့် သူတို့၏ မိသားစုများ၊ ထို့အပြင် အိမ်တွင်းအမှုလုပ်များ၊ သက်ကြီးရွယ်အိုများ နှင့် လူသတ်လက်နက် ကိုင်ဆောင်သူများ ပျက်စီးမည်၊ ဖျက်ဆီးခြင်း ခံရမည်။ (၁၅-၁-၂၀၁၀ နေကြတ်ရက်သည် မကရ ရာသီ၌ ဖြစ်သည်။)
နွေ အခါတွင် မီးဘေး ဂရုပြုပါ ။ မီးလောင်ခဲ့ပါကယမန်နှစ်ထက်ပိုမိုကြီးမားသောဆုံးရှုံးမှုများဖြစ်အံ့။
နိုင်ငံတကာ၏ ဖိအားများ အတွေးသစ် ၊ အမြင်သစ်များ ဖြင့် ဆန်းသစ်လာအံ့ ။ နယ်ခြားဒေသများတွင်
စစ်မက် အင်္ဂါရပ်များ ကြီးထွားအံ့ ၊ ပြဿနာများ ပိုမို ရှုပ်ထွေးလာအံ့။ သာသနာ့ဝန်ထမ်းများ နှင့် အစိုးရ၀န်ထမ်းများ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ ရအံ့ ။ အကြီးအကဲ အထက်ပိုင်းများကြားတွင် မကြေလည်မှုများ တိုးပွားလာအံ့ ။ မင်းစိုးရာဇာ မိသားစု အသိုင်းအ၀ိုင်းတွင် နာရေးကြုံရအံ့။ နေကြတ်
ပြီး ၉လ အတွင်း နိုင်ငံတော် အကြီးအကဲ သို့ မဟုတ် ကြင်ယာတော် ကျန်းမာရေးကြောင့် ခွဲစိတ်ခံကိန်း ရှိလာနိုင်အံ့ ။ ၂၀၁၀ တွင် ပြုလုပ်မည့် အမှုကိစ္စများ လမ်းညွှန်ပေးမည့်သူ ကင်းမဲ့ခြင်းကြောင့် ဝေ့လည်ကြောင်ပတ် ဖြစ်အံ့။ကမ္ဘာ့နက္ခတပညာရှင်ခန့်မှန်းကြပါသည်
နေကြတ် နေပုံ ကိုဤသို့ ကြည့်ပါကမျက်စိ ထိခိုက်မှုအား သက်သာပါသည်.။
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 9:25 PM 0 comments
Labels: သတင်း.
Friday, January 8, 2010
ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါ
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် ဆိုးရွားစွာ ပျက်စီးရသည့် နာဂစ် ဒုက္ခသည်များသည် ယနေ့အချိန်ထိ ပြန်လည် နလန်မထူနိုင်သေးကြောင်း သိရပါသည်။ ထိုနာဂစ်ဆိုင်ကလုန်း ရိုက်ခက်မှုကြောင့် အနည်းဆုံး လူတစ်သိန်းသုံးသောင်း (၁၃၀,၀၀၀) ခန့်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သည်ဟု wiki-မြန်မာတွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း စေတနာ့ဝန်ထမ်း အလုပ်သမားများ အများအပြားပေါ်ထွက်လာသလို အမြတ်ထုတ်သူများလည်း ရှိခဲ့သည်။ စစ်အုပ်စုအနေနဲ့ ပြည်သူများမည်သို့ပင် ဒုက္ခရောက်နေပါစေ လစ်လှူရှုဝံ့တယ်ဆိုတာ နာဂစ်ဒဏ်သင့်နေသည့်ကြားမှ ၂၀၀၈ ခုနှစ် အခြေခံမူကြမ်းကို မရမက ရေးဆွဲသွားတာကို ကြည့်ရင် သိနိုင်ပါသည်။ အမြတ်ထုတ်သူများနှင့် စစ်အုပ်စု၏ လစ်လှူရှုမှုများကြောင့် နာဂစ် ဒုက္ခသည်များမှာ ယနေ့တိုင် ပြန်လည်နလန်မထူနိုင်သေးခြင်းဖြစ်ကြောင်း သိရပါသည်။
နာဂစ် ဒုက္ခသည်များ ပြန်လည်နလန်ထူလာနိုင်ရေးအတွက် စာဖတ်သူ၏ အကူအညီများ လိုအပ်နေပါသည်။ ထိုကြောင့် မိမိတို့တက်နိုင်သည့်ဘက်မှ မိမိတို့၏ အဆက်အသွယ်များနှင့် ဆက်သွယ်ကာ ကမ်းလင့်မယ့်လက်များဖြင့် လက်ကမ်းလို့ကူပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။
Posted by : ဖြိုးဝေ-mmp
Posted by Than Kyaw Htay at 9:46 AM 0 comments
Thursday, January 7, 2010
နအဖ တပ်ကြပ်ကြီး တဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကို သတ်သေ
မင်းအောင်(နိရဉ္စရာ) အိန္ဒိယ- မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် စစ်ကြောင်း တကြောင်းမှ နအဖ စစ်သား တဦးသည် အထက် အရာရှိနှင့် စကား အချေအတင်များရာမှ နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဒေသခံများက ပြောသည်။
မိမိကိုယ်ကို အဆုံးစီရင်သွားသူ နအဖ စစ်သားမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်ကျော်ဦးဖြစ်သည်။
“သူနဲ့ တပ်ရင်းမှူးနဲ့ စကားများကြတယ်လို့သိရပါတယ်။ ဘာအကြောင့် စကားများ ကြတယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တနင်္လာနေ့ ညဥ့်အချိန်မှာ သူကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ သတ်သေသွားတာဖြစ်ပါတယ်။” ဟု ချင်းလက်ဝ ကျေးရွာသား တဦးက ပြောသည်။
တပ်ကြပ်ကြီး ကျော်ကျော်ဦးသည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝ ကျေးရွာတွင် ရှေ့တန်း တာဝန်များကို ထမ်းဆောင် နေစဉ် မိမိကိုင်ဆောင်ထားသော သေနတ်ဖြင့် ယခုလ ၄ ရက်နေ့က သတ်သေသွားခဲ့သည်ဟု တခြား ဒေသခံများကလည်း အတည်ပြု ပြောကြားသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မောင်မောင် ဦးစီးသည့် ခလရ ၂၃၄ မှာ လွန်ခဲ့သည့် လအနည်းငယ် ကတည်းက အိန္ဒိယ- မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်ကြပ်ကြီး ကျော်ကျော်ဦးမှာ နောက်တန်းတွင် ဇနီးဖြစ်သူနှင့် သားသမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။ ကျန်ရစ်သူ မိသားစုမှာ တပ်ကြပ်ကြီး ကျော်ကျော်ဦး၏ ပိုင်ရှန်းလစာကို ခံစားရမည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ကျော်ကျော်ဦးမှာ မိမိကိုယ်ကို သတ်သေသွာ၍ ဖြစ်သည်ဟု စစ်တပ် သတင်းရပ်ကွက်အရ သိရသည်။
Posted by minyannaing
Posted by Than Kyaw Htay at 8:11 AM 0 comments
Labels: သတင်း
သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။
စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
http://www.irrawaddy.org/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Posted by Than Kyaw Htay at 7:54 AM 0 comments
Labels: သတင်း
Wednesday, January 6, 2010
မင်္ဂလာပါရှင် နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့... လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်။
၂၀၁၀ခုနှစ်အတွက်တော့ LAN PYA KYE အမည်နဲ့ ပြက္ခဒိန်လေးတစ်စောင်ထုတ်ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့နေ့တွေဆိုတာ ရှိပါတယ်။ အခုမြန်မာပြည်မှာ လက်ရှိနိုင်ငံတော်အာဏာကို နှစ်ရှည်လများ မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေဟာ မြန်မာ့သမိုင်းဝင်နေ့ရက်အချို့ ကို ပျောက်ပျက်သွားအောင် မှေးမှိန်သွားအောင် ကြိုးစားနေကြပါတယ်။ (ဥပမာ..အာဇာနည်နေ့ လိုမျိုးပေါ့)။ အခုခေတ် မြန်မာပြည်က ကလေးတွေဆိုရင်''အာဇာနည်'' ဆိုတာကို အဆိုတော်တစ်ဦးရဲ့ နာမည်ကလွဲလို့ မသိတော့တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။အလွန်ကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်ပါ။ ဒီလိုပဲ စစ်အာဏာရှင်တွေဟာ အသစ်ဖြစ်ပေါ်လာတဲ့ မြန်မာ့သမိုင်းမှာ ဘယ်လိုမှဖျောက်ဖျက်လို့မရတဲ့ သွေးစွန်းနေ့ရက်တွေကိုလည်း အသိအမှတ်ပြုဖို့ နေနေသာသာ အနက်ရောင်အာဏာနဲ့ လွှမ်းခြုံပြီး သမိုင်းမတွင်အောင်၊ လူတွေမေ့သွားအောင် အတင်းကို ဖျောက်ဖျက်နေပါတယ်။ ဖွံဖြိုးတိုးတက်တဲ့ ပြည်ပနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ပြည်ပရောက်
ဒီမိုကရေစီအင်အားစုတွေရဲ့  လစဉ်လတိုင်းလိုလို လှုံ့ဆော်မှုကြောင့် မြန်မာ့သမိုင်းဝင်နေ့ဟောင်း၊နေ့သစ်တွေကိုမမေ့ကြဘူး
ဆိုပေမယ့် ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မတရားနှိပ်စက်ဖမ်းဆီးမှုတွေအောက်မှာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာပြည်တွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နယ်စပ်မှာအလွန်တရာမှ ဆင်းရဲနွမ်းပါးချို့တဲ့စွာဒုက္ခသည်အဖြစ်
ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအဖို့တော့ ဒီလိုနေ့မျိုးတွေကိုသတိထားမိချင်မှ ထားမိဖြစ်ကြပါလိမ့်မယ်။
မိမိတို့ရဲ့မျိုးဆက်သစ်ကလေးသူငယ်များကိုလည်း နားလည်အောင်ပြောပြဖို့အခြေအနေလည်း ရှိချင်မှရှိပါလိမ့်မယ်။
အဲသည်လို လိုအပ်ချက်လေးတစ်ခုလိုဖြစ်နေတာလေးကို ကျမတို့အနေနဲ့ ဖြည့်စည်းပေးချင်တဲ့ဆန္ဒဖြစ်မိလို့ပါပဲ။
ဒါနဲ့ပဲ နီးစပ်ရာဆွေမျိုးမိတ်ဆွေများကို အကူအညီတောင်းပြီး ကလေးသူငယ်များပါ စိတ်ဝင်စားပြီး နားလည်မှတ်သားလွယ်မယ့် ပြက္ခဒိန်အနေအထားမျိုးဖြစ်အောင်တတ်နိုင်သမျှ ကြိုးစားထားပါတယ်။
လိုအပ်ချက်တွေကတော့ ရှိနေမှာပါ။သေချာပါတယ်။
လိုအပ်ချက်တွေအတွက်လည်း အားလုံးကိုတောင်းပန်ရင်း အပြုသဘောဆောင်တဲ့ဝေဖန်အကြံပေးမှုများကိုလည်း
တောင်းခံပါတယ်။ဒီပြက္ခဒိန်ကို မြန်မာပြည်တွင်းနဲ့ နယ်စပ်များအထိပို့မှာဖြစ်ပါတယ်။
မေတ္တာနဲ့ကူညီပို့ပေးချင်တဲ့မိတ်ဆွေများကိုလည်း ကြိုဆိုပါတယ်။ဒီပြက္ခဒိန်ဖြစ်မြောက်ရေးအတွက်
ကူညီပေးတဲ့ ဂျပန်လူမျိုးမိတ်ဆွေများ၊မြန်မာနိုင်ငံသားမိတ်ဆွေများ၊မမြင်ဖူး မတွေ့ဖူးပေမယ့် အားလုံးအတွက်သဘောထားကြီးစွာနဲ့သတင်း၊ဓါတ်ပုံများကိုအင်တာနက်စာမျက်နှာများပေါ်မှာ
လွတ်လပ်စွာ ကူးယူအသုံးပြုခွင့်ပေးထားတဲ့ မြန်မာနိုင်ငံသား ညီအကိုမောင်နှမအားလုံးကို လေးလေးနက်နက်ကြီးကို ကျေးဇူးတင်ပါတယ်။
နှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။
နန္ဒာ
posted by Aye Nandar Aung
Posted by Than Kyaw Htay at 8:18 AM 0 comments
Labels:ီပြက္ခဒိန်
ဂျပန်နိုင်ငံရှိ အချိန်ပိုင်းအလုပ်နေရာလွတ်များ
မင်္ဂလာပါရှင်..
ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ အချိန်ပိုင်းအလုပ်နေရာလွတ်များထဲမှ မြန်မာလူမျိုးများနှင့်
အဆင်ပြေနိုင်တယ်လို့ ယူဆရတဲ့ အချိန်အလုပ်များကို internet စာမျက်နှာပေါ်မှ
ဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပါတ်တွေကတင်ခဲ့တဲ့ အလုပ်နေရာများနှင့်ပါတ်သက်ပြီး အချို့ မိတ်ဆွေများက
စားသောက်ဆိုင်နေရာလွတ်တင်မဟုတ်ဘဲ အခြားအလုပ်နေရာလွတ်များပါ တင်ဖို့ပြောလာတဲ့
အတွက် ဒီတပါတ်မှာတော့ တခြားအလုပ်နေရာလွတ်များပါ တင်လိုက်ပါတယ်။
ဂျပန်မှာ ၁လပိုင်း၊၂လပိုင်းဆိုရင် အလုပ်နေရာလွတ်တွေနည်းတတ်ပါတယ်။
အောက်မှာရေးထားတဲ့ အလုပ်များနှင့်ပါတ်သက်ပြီး ရေးထားတာထက်ပိုပြီးအသေးစိတ်
သိလိုပါလျှင်(ဥပမာ...အလုပ်နေရာလိပ်စာ အတိအကျ၊ခရီးစားရိတ်..စသဖြင့်ပေါ့)
nandarmyanmar@gmail.com ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။
internetထဲမှာရေးထားသမျှတော့ ပြန်ဖြေနိုင်ပါလိမ့်မယ်။
ကျမ အလုပ်ပွဲစားမဟုတ်ပါ။
ဂျပန်နိုင်ငံ၊အထူးသဖြင့် တိုကျိုမှာရှိကြတဲ့မြန်မာလူမျိုးအားလုံးကို ကျမနဲ့သိသိ၊မသိသိ
ကျမမိတ်ဆွေများ လို့ပဲသဘောထားပါတယ်။
ကျမရဲ့  ဒီအလုပ်နေရာလွတ်လေးတွေကိုဖတ်မိပြီး အတိုင်းအတာတခုလောက် အဆင်ပြေသွားတယ်
ဆိုရင်ပဲကျေနပ်ပါတယ်။
အဲသည့်ပီတိကို(ကုသိုလ်ကို)လိုချင်လို့ ကျမတတ်နိုင်တာလေးကို အသုံးချပြီး ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။
တနင်္လာနေ့တိုင်း အလုပ်နေရာအသစ်တွေ ပေါ်ပါတယ်။ကျမမိတ်ဆွေများအတွက် အသုံးဝင်ပါစေလို့ ဆန္ဒပြုပါတယ်။
Work 3
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 8:10 AM 0 comments
ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက်ဝယ်ယူ
အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်းမထွက်ပေါ်ခင် ဒီဇင်ဘာလနှောင်းပိုင်းကာလက စစ်ဗိုလ်ချုပ်မိသားစုများနှင့် ဌာနဆိုင်ရာ အရာရှိမိသားစုများသည် ရွှေပိဿာလိုက် ၀ယ်ယူစုဆောင်းမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ထမ်း လစာတိုးမြှင့်သည့် သတင်းကိုကြိုတင်သိရှိထားပြီး ထိုသတင်းကြောင့် ငွေကြေး ဖောင်းပွမှုဖြစ်ကာ ရွှေဈေးတက်မည်ကို ရိပ်စားမိခဲ့ကြသဖြင့် ထိုသို့ ၀ယ်ယူခဲ့ကြကြောင်း ရန်ကုန်နှင့်မန္တလေးအခြေစိုက် ရွှေကုန်သည်နှင့် ရွှေသန့်စင်ရေး လုပ်ကိုင် သူများက ပြောသည်။
“ဒီဇင်ဘာလ ၂၉ ရက်အထိ ရွှေအ၀ယ်မရှိဘူး။လကုန်တော့ ရွှေအ၀ယ် ရုတ်တရက်တက်တယ်။ ၀ယ်ကြတာက စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာလူကြီး မိသားစုတွေများတယ်” ဟု အစိုးရ အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် မန္တလေးသား ရွှေကုန်သည်တဦးက ဆိုသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်နီးစပ်မှုရှိသော ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင်တဦးကလည်း အစိုးရအရာရှိကြီးများ ရွှေပိဿာလိုက် ဝယ်ယူသည့်သတင်း မှန်ကန်ကြောင်း အတည်ပြုသည်။
ရွှေပိဿာလိုက် ၀ယ်ယူမှုသည် ရန်ကုန်နှင့် မန္တလေး ဈေးကွက်နှစ်ခုစလုံးတွင် ဖြစ်ပေါ်ခဲ့ပြီး ဈေး လှုပ်ရှား ထိုးတက်မှုလည်း စတင်ခဲ့ကြောင်း နှစ်သစ်ကူးကာလ အပြည်ပြည်ဆိုင်ရာ ရွှေဈေးကွက် ရပ်နားချိန်တွင် မြန်မာ့ရွှေဈေးမှာ ချက်ချင်းဆိုသလို ထိုးတက်ခဲ့ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ ပိဿာလိုက် ရွှေဝယ်တာတွေကြောင့် ရွှေဈေးက မူလ အကယ်ဒမီ အခေါက်ရွှေတကျပ်သားကို ကျပ် ၅၉၄၅၀၀ ရှိရာကနေ ၅၉၈၅၀၀ အထိ ဆက်တိုက် ထိုးတက်တယ်။ ဒါက ဒီဇင်ဘာလကုန်နဲ့ ဇန်န၀ါရီ ၃ ရက်ပိုင်းအတွင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့တာ” ဟု မန္တလေးရွှေကုန်သည်က ဆိုသည်။
ပိတ်ရက်များကြောင့် ရွှေဈေးကွက် ရပ်နားထားရာမှ ပြန်လည်ဖွင့်လှစ်သည့် ဇန်န၀ါရီလ ၅ ရက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၀၂၁၀၀ ဈေးအထိ တက်ခဲ့သည်။
ရွှေကုန်သည်တဦးကလည်း ရန်ကုန်မြို့နေ စစ်ဗိုလ်ချုပ် မိသားစုတစုသည် သူ့ထံမှ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေသုံးပိဿာ ၀ယ်ယူသွားခဲ့သည်ဟု ဆိုသည်။
တည်ငြိမ်နေသော ဈေးကွက်တွင် ရွှေပိဿာလိုက်ဝယ်ယူမှုကြောင့် ဈေးထိုးတက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသည် ကုန်သည်များ၏ ၀ိသမလောဘကြောင့် ဈေးတက်သည်ဟု အမြဲတမ်း ပြစ်တင်ဝေဖန်လေ့ ရှိသောကြောင့် ဈေးနှုန်း ထိုးတက်သည့် အခါတိုင်း အရောင်းအ၀ယ်မလုပ်ရဲကြဘဲ လက်သိပ်ထိုးရောင်းဝယ်မှုသာ ပြုကြသည်ဟု ရွှေကုန်သည် အသိုင်းအဝန်းက ပြောသည်။
“ဈေးတက်တော့ ကုန်သည်တွေခေါ်ကြိမ်းတယ်။ တကယ်ဈေးတက်အောင် လုပ်တာက အစိုးရ ကိုယ်တိုင်ပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့။ ရွှေဈေးတက်တာ ပိဿာလိုက် အရမ်းဝယ်လို့ပါ”ဟု မန္တလေးသား ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်း ဆက်လက်မြင့်တက်လျှင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ဈေးနှုန်း ထိန်းသိမ်းရေး အစည်းဝေး ခေါ်ယူမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။
ယနေ့ ရွှေ နောက်ဆုံးပေါက်ဈေးမှာ ကျပ် ၅၉၉၈၀၀ အထိ ကျဆင်းသွားပြီဖြစ်ကြောင်း ကြားသိရသည်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အစိုးရ ၀န်ထမ်းများကို ပေါကြွယ်စရိတ်အဖြစ် တလလျှင် လစာကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေးမည်ဟု သတင်းရရှိသော်လည်း ယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။
http://www.irrawaddy.org/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Posted by Than Kyaw Htay at 7:13 AM 0 comments
Labels: သတင်း
မလွတ်လပ်သေးသော (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲအခမ်းအနား (ဂျပန်နိုင်ငံတိုကျိုမြို့ နအဖစစ်အခွန်ရုံးရှေ့)
Posted by Than Kyaw Htay at 7:07 AM 0 comments
Labels: သတင်း
Tuesday, January 5, 2010
မြန်မာ့စစ်အစိုးရ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ အမေရိကန် သံသယ ဖြစ်..။
၆၂ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး နေ့ သ၀ဏ်လွှာတွင် မြန်မာ စစ်ခေါင်းဆောင်က ယခုနှစ်ထဲတွင် ရွေးကောက်ပွဲကျင်းပပေးမည် ဟု ထပ်မံပြောကြားသော် လည်း အတိုက်အခံ ပါတီ အပါအ၀င် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များ နှင့် တွေ့ ဆုံဆွေးနွေးမှု မပြုမခြင်း အမေရိကန် အစိုးရ အနေဖြင့် ထိုရွေးကောက်ပွဲ အပေါ်သံသယ ရှိသည်ဟု တနင်္လာနေ့ က ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် အီရန်ကယ်လီက “လွတ်လပ်၍ တရားမျှတသည့်
ရွေးကောက်ပွဲ ဆိုသည်မှာ အားလုံးပါဝင် နိုင်ခွင့်ရှိရမည် ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှား
သူများကို ထိန်းသိမ်းထားခြင်း၊ထောင်သွင်း အကျဉ်းချထားခြင်း တို့ ပြုလုပ်ပြီး ရွေးကောက်
ပွဲပြုလုပ်ခြင်းသည် မရိုးဖြောင့်ရာ ရောက်သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန် သည် မြန်မာ စစ်အစိုးရ နိုင်ငံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သစ်တစ်
ရပ် အားထပ်မံကမ်းလှမ်းမှု သစ်တစ်ရပ် ပြုလုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် တွင် စစ်တပ်မှ အာဏာသိမ်း ပြီးနှစ်နှစ် အကြာတွင် အထွေထွေရွေးကောက်
ပွဲ ကျင်းပပေးခဲ့သည်။ထိုရွေးကောက် ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရရှိသော် လည်း စစ်အစိုးရက အာဏာလွှဲပြောင်း
ပေးခြင်းမရှိချေ။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည် ဟု ဆိုသော်
လည်း နေ့ ရက် အချိန် အတိအကျ ကို ထည့်သွင်းမပြောကြားချေ။ယခုနှစ်တွင် ကျင်း
ပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ မှ အာရုံစိုက် နေချိန် တွင် မြန်မာ စစ်အာ
ဏာပိုင်များက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့ အစည်း အချို့ အား မဲဆွယ်
စည်းရုံးခွင့်များ ကန့် သတ်ထားသည်။
ရင်းမြစ် Freedom News Group
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 6:57 AM 0 comments
Labels: သတင်း
Monday, January 4, 2010
သွေးနှင့်ချွေးနှင့် ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေး
မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်
မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်၏။ ယင်းသို့နေထိုင်ခဲ့ကြရာ၌ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်စသည့် ခေတ်အသီးသီးကို ဖြတ်ကျော်ခဲ့ကြသည်။
လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း
ကုန်းဘောင်ခေတ်ဦးကာလ ၁၈၂၄ ခုနှစ်တွင် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းပိုင်ဆိုင်မှုပြဿနာကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် စစ်ပွဲကို ရန္တပိုစာချုပ်ဖြင့် အဆုံးသတ်ခဲ့ရာ စာချုပ်အရ ရခိုင်နှင့်တနင်္သာရီနယ်များကို စတင်လက်လွှတ်ခဲ့ရ၏။
တစ်ဖန် ၁၈၅၂ ခုနှစ်တွင် ချန်ပီယံနှင့်မိုးနတ်သင်္ဘောကပ္ပတိန်နှစ်ဦးအား ရန်ကုန်မြို့ဝန်က ဒဏ်ရိုက်ရာမှ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြန်၏။ မင်းတုန်းမင်း နန်းတက်စတွင် စစ်ပွဲအဆုံးသတ်ခဲ့သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုလုံးကို ဗြိတိသျတို့က အဓမ္မသိမ်းယူခဲ့ကြ၏။
သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် တတိယကျူးကျော်စစ်ပွဲကို ဆင်နွှဲခဲ့ကြပြန်ကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ကြသည်။ ၁ ဇန်န၀ါရီ ၁၈၈၆ တွင် မြန်မာနိုင်ငံအား ဗြိတိသျအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းလိုက်ရာ ထိုစဉ်ကာလမှစ၍ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
သူ့ကျွန်မခံလိုသူများ
မြန်မာနိုင်ငံနယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်စတွင် နယ်ပယ်အသီးသီးမှ သူ့ကျွန်မခံလိုသူ မျိုးချစ်အင်အားစုများက ရရာလက်နက်စွဲကိုင်လျက် အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျတို့သည် နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများအား အိန္ဒိယမှစစ်တပ်များကိုပင် ခေါ်ယူကာ ၁၀ နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။
မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး
၁၈၂၆ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးစက ရခိုင်ဒေသကို အနောက်ဘင်္ဂလားပြည်နယ် ကော်မရှင်နာမင်းကြီး၏ လက်အောက်၌လည်းကောင်း ၊ တနင်္သာရီဒေသကို ၀န်ရှင်တော်မင်းကြီးတစ်ဦး၏ လက်အောက်၌လည်းကောင်း၊ ထားရှိခဲ့သည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံအောက်ပိုင်းကို ခရိုင်ဝန်ရှင်တော်မင်းကြီးတစ်ဦးအား ခန့်အပ် အုပ်ချုပ်စေခဲ့သည်။ ယင်းနောက် ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံး ဗြိတိသျအောက်သို့ ကျရောက်သွားသောအခါ မဟာဝန်ရှင်တော်မင်းကြီးတစ်ဦးကို သီးခြားခန့်အပ် အုပ်ချုပ်စေခဲ့၏။
မဟာဝန်ရှင်တော်မင်းကြီးလက်အောက်တွင် ခရိုင်ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့အုပ်၊ ရွာသူကြီးစသည်ဖြင့် ရာထူးအဆင့်ဆင့် ခန့်အပ်ထားရှိပါသည်။ ယင်းမဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးမှာ ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။
ဒုတိယဘုရင်ခံအုပ်ချုပ်ရေး
၁၈၉၇ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်သည့်စနစ်မှ အိန္ဒိယအင်ပါယာ၏ ပြည်နယ်ကြီးတစ်ခုအဖြစ်သတ်မှတ်ကာ ဒုတိယဘုရင်ခံတစ်ဦး ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ဒုတိယဘုရင်ခံအား အကြံပေးရန် အဖွဲ့ဝင် ၉ ဦးပါ ဥပဒေပြုကောင်စီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ယင်းအဖွဲ့မှာ မည်သည့်အခွင့်အာဏာမျှ မရရှိခဲ့ပေ။ ၁၉၁၅ ခုနှစ်တွင် အိန္ဒိယကောင်စီအက်ဥပဒေအရ မင်းတိုင်ပင်အမတ်များကို ၂၈ ဦးအထိ တိုးမြှင့်လိုက်၏။
ဝိုင်အမ်ဘီအေမှဂျီစီဘီအေသို့
၁၉၀၆ ခုနှစ်တွင် ခေတ်ပညာတတ်လူငယ်အချို့၏ ဦးဆောင်မှုဖြင့် ခရစ်ယာန်လူငယ်အသင်းကို အတုယူလျက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို တည်ထောင်ခဲ့ကြသည်။ ယင်းအသင်းမှာ တစ်စတစ်စ တွင်ကျယ်ပြန့်လာကာ မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘာသာရေးအသင်းများပါ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ၀ိုင်အမ်ဘီအေနှင့် အလားတူအသင်းများ စုစည်းထားသောအဖွဲ့ကြီးမှာ နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေးအတွက် ရည်မှန်းလျက် ဂျီစီဘီအေခေါ် မြန်မာလူမျိုးအသင်းများ၏ မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနှစ်၌ပင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သော ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ဒိုင်အာခီမှသည် ၉၁ ဌာနအုပ်ချုပ်ရေးဆီသို့
၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီခေါ် ဒွိသန္တကအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ယင်းအုပ်ချုပ်ရေးကာလမှာ ၁၉၃၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။ ထိုအတောအတွင်း မြန်မာနိုင်ငံကိုအုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးရေးအတွက် ဆာဂျွန်ဆိုင်မွန်စုံစမ်းရေးကော်မရှင်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဒိုင်အာခီအုပ်ချုပ်ရေးကာလအတွင်း မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ်ထက်သန်လာခဲ့ကြရာ ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့သည့် နည်းတူတောင်သူလယ်သမား အရေးတော်ပုံကြီးလည်း ပေါ်ပေါက်လာခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း မြန်မာတို့၏ နိုးကြားတက်ကြွမှုများကို လမ်းလွှဲသည့်အနေဖြင့် အိန္ဒိယ-မြန်မာ၊ တရုတ်-မြန်မာ အဓိကရုဏ်းများကို ဖန်တီးခဲ့ကြသည်။ ယင်းသို့သောအခြေအနေ၌ပင် ၁၉၃၆ ခုနှစ်တွင် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့၏။
ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး
ဆိုင်မွန်ကော်မရှင်က ဒိုင်အာခီထက် တစ်ဆင့်သာသောအုပ်ချုပ်ရေးစနစ်မျိုး တီထွင်ပေးအပ်သင့်ကြောင်း အစီရင်ခံချက်အရ ဥပဒေပြုကောင်စီအစည်းအဝေးတွင် အိန္ဒိယမှခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ခွဲရေးတွဲရေးနှင့်ပတ်သက်သော ပြဿနာတစ်ရပ် ပေါ်ပေါက်လာတော့သည်။
ဤသို့ဖြင့် ၁ ဧပြီ ၁၉၃၇ တွင် မြန်မာနိုင်ငံကို သီးခြားခွဲထုတ်ကာ ၉၁ ဌာနအုပ်ချုပ်ရေးကို ချမှတ်ကျင့်သုံးခဲ့သည်။ တစ်နှစ်နီးပါးအကြာ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်မှသည် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအဖြစ်သို့တိုင် ပမာဏကြီးမားစွာ ပေါ်ပေါက်လာခဲ့ရ၏။ ယင်းအရေးတော်ပုံကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော တတိယကျောင်းသားသပိတ်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။
ရဲဘော်သုံးကျိပ်
နိုင်ငံရေးစိတ်ဓာတ်နိုးကြားတက်ကြွလာကြသည့် မြန်မာလူငယ်များသည် ၁၉၃၉ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို လျို့ဝှက်စွာဖွဲ့စည်းကာ မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်းဦးစီးသော မြန်မာလူငယ် ၃၀ တို့ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့၌ လျို့ ၀ှက်စွာ စစ်ပညာသင်ယူခဲ့ကြ၏။
ဂျပန်ခေတ်ကာလ
ရဲဘော်သုံးကျိပ်ဦးဆောင်သော ဘီအိုင်အေတပ်များသည် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာကာ ၁၉၄၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ကို ဗြိတိသျတို့လက်မှ ပြန်လည်သိမ်းပိုက်ခဲ့၏။ ဂျပန်ခေတ်ကာလအတွင်း ၁ သြဂုတ် ၁၉၄၃ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း အစစ်အမှန်လွတ်လပ်ရေး မဟုတ်ပေ။ သို့ဖြင့် ၂၇ မတ် ၁၉၄၅ တွင် မြန်မာ့တပ်မတော်နှင့် မျိုးချစ်အင်အားစုတို့က ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ခဲ့ကြ၏။
လုံးဝလွတ်လပ်ရေးသို့
ဂျပန်များ မြန်မာမြေပေါ်မှ ဆုတ်ခွာသွားပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ရောက်ရှိလာကာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြပြန်သည်။ ထို့နောက် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံဆာဒေါ်မန်စမစ် ရောက်ရှိလာကာ စက္ကူဖြူစာတမ်းအရ မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့၏။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဖဆပလကကြီးမှူး၍ စက္ကူဖြူစာတမ်းကို ကန့်ကွက်ခဲ့ရာ ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာပြီးနောက် ဖဆပလမှ ဦးဆောင်၍ လွတ်လပ်ရေးတောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၇ ဇန်န၀ါရီ ၁၉၄၇ တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ဗြိတိသျတို့ထံမှ အာဏာလွှဲပြောင်းရယူနိုင်ရေးအတွက် ပြင်ဆင်ကြသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ဆဲကာလ၌ပင် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ သို့သော် တိုင်းရင်းသားလုပ်သားပြည်သူများ၏ သွေးစည်းညီညွတ်စွာကြိုးပမ်းမှုများကြောင့် ၄ ဇန်န၀ါရီ ၁၉၄၈ တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
သွေးနှင့်ချွေးနှင့်ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ထိမ်းသိမ်းစောင့်ရှောက်ကြရန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ပါသည်။
ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်(မြဟန်)
၂။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း(ဖိုးအောင်လေး)
၃။ မြန်မာ့နိုင်ငံရေးသမိုင်း(ဦးလေးမောင်)
http://www.first-11.com/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Posted by Than Kyaw Htay at 8:28 AM 0 comments
Labels: ဆောင်ပါး