Friday, August 14, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်နေပြည်တော်သို့ သွားရောက်။...။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် ယနေ့နေ့လည် ၁၂နာရီမှာ နေပြည်တော်သို့ ထွက်ခွာ သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် ဟာလည်း ယနေ့ ရန်ကုန်မှတဆင့် နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး ဒီနေ့နေလည် ၁၂နာရီက နေပြည်တော်ကို သွားရောက်နေပါပြီ။ ဖိတ်စာထဲမှာတော့ အရေးကြီးပုဂ္ဂိုလ်နဲ့ တွေ့ဆုံရန်လို့ပဲ ရေးထားပါတယ်။ ဘယ်သူနဲ့တွေ့ရမယ် ဆိုတာတော့ ရေးမထားပါဘူး။ ဖိတ်ကြားခံရတဲ့ လူကြီးတွေက ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း နဲ့ ဦးစိုးမြင့်တို့ ဖြစ်တယ်။ အန်ကယ်ဦးလှဖေက နေမကောင်းလို့ လိုက်မသွားနိုင်ပါဘူး။ CEC ၃ဦးပဲလိုက်သွားနိုင်ပါတယ်။ နေပြည်တော်မှာ ညအိပ်ပါမယ်။ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် လည်း ဒီနေ့ ရန်ကုန်ကတဆင့် နေပြည်တော်သွားမယ် လို့ကြားပါတယ်။ အန်ကယ်ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့တော့ ဖိတ်ကြားတဲ့ထဲမှာ မပါပါဘူး ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့အခေါက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း လာရောက်စဉ်တုန်းကလည်း NLD CEC များအား ဖိတ်စာထဲမှာ အရေးကြီးပုဂ္ဂိုလ်နဲ့ တွေ့ဆုံရန်ဆိုပြီး ဖိတ်ကြားခဲ့ဘူးပြီး ၁၅မိနစ်သာတွေ့ဆုံခွင့် ရခဲ့ပါတယ်။ NLD CEC လူကြီးများဟာ အသက်၈၀ကျော် အရွယ်များဖြစ်ပြီး ပြီးခဲ့တဲ့ အခေါက်နေပြည်တော်သို့ သွားရောက်ခဲ့စဉ်က စစ်တပ်အရာရှိများရဲ့ ဧည့်ဝတ်မကျေပြွန်မှုနဲ့ ခရီးပန်းမှုဒဏ်ခံခဲ့ရပြီး အချိန်ကုန်လူပင်ပန်း ဖြစ်ခဲ့ရပါတယ်။

0 comments: