Thursday, August 27, 2009

ဂျပန်နိုင် ငံတိုကျိုမြို့ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံး ရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ှဆန္ဒပြ


၂၀၀၉ဩဂုတ်လ၂၁ရက်။ ယနေ့နေ့လည်၁နာရီမှ၂နာရီအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ှ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ ဦးခွန်ထွန်း ဦးကိုမင်းကိုနိုင် နှင့် ကျောင်းသားများ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးကိုရည်ရွယ်၍ ဆန္ဒပြခဲ့ကြရာစုစုပေါင်းအင် အား၆၀ခန့်ပူးပေါင်းပါဝင်လာမည့်၀၁ရက်နေ့(တနင်္ဂံနွေ)တွင်YAMANOTE LINE ,EBISU STATIONရှိ EBISU KOEN ပန်းခြံမှစတင်ထွက်ခွာမည့်
ချီတက် ဆန္ဒပြပွဲရှိကြောင်း သိရှိရပါသည်။ နေ့လည်ဝနာရီခွဲတွင်စုရုံး၍ ၁နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း လေးစားစွာအသိ
ပေးဖိတ်ကြားအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက်ဖြစ်ပါသည်။
ဩဂုတ်လ ၁၂နှင့်၀၃ရက်နေ့ များတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရရောက်ရှိလာ သူဗိုလ်ချုပ်ဌေးဦးနှင့်ပတ်သက်
သည့်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံး ရှေ့တွင်ပြုလုပ်သွားမည်ဖြစ်ရာ ဤပွဲသို့လည်းပူးပေါင်းပါဝင်ကြပါရန်အသိ
ပေးဖိတ်ကြားအပ်ပါသည်။ ၁နာရီမှ၂နာရီတွင်ပြုလုပ်မည်ဖြစ်ပြီး MARUNO UCHILINE ,KASUMIGA SEKI STATIONEXIT A4&A8တို့မှ သွားရောက်နိုင်ပါသည်။
သတင်းဓါတ်ပုံ စိုးအောင်ဝင်း
"sunny quinlivan"

0 comments: