ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်။
အန်ကယ်တို့ တရားရုံးကို မနက်၁၀နာရီမှာ ရောက်တယ် ။ တခါမှနောက်မကျဘူးတဲ့ ရုံးက ၁၁နာရီမှ စဖြစ်တယ်။ တရားသူကြီးက စီရင်ချက်ချတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၊ဒေါ်ခင်ခင်ဝင်း၊ဒေါ်ဝင်းပပ တို့နဲ့အတူထောင်ဒဏ် ၃နှစ်စီရင် ချက်ချတယ်။ တရားသူကြီး စီရင်ချက်ချပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရောက်လာပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပြင်ဆင်မိန့်ကို ဖတ်ပြတယ်။ ကြားပြီးတဲ့ အတိုင်းပေါ့ ဆိုင်းငံ့ထောင်ဒဏ် ၁နှစ်ခွဲဆိုပြီး ဖတ်ပြသွားတယ်။အခုစီရင်ချက်တွေဟာ တဘက်သတ်ဖြစ်တယ် ဥပဒေအကြောင်းအရ လုံးဝလက်မခံနိုင်ဘူး။ ၁၉၇၄ ဥပဒေကို မသုံးဘူး သုံးရမရ ဘေးဖယ်ထားတယ်ပြောတယ်။ ပြင်ပသို့ဆက်သွယ်တဲ့ စည်းကမ်းချက်တဲ့၊ ဆက်သွယ်တာကို လက်ခံလို့တဲ့။ ဒေါ်အောင်ဆန်းစုကြည် ကသူကိုယ်တိုင် ဆက်သွယ်တာလည်း မဟုတ်ဘူး သူ့သဘောနဲ့ သူရောက်လာတာ။ ဘာတခုနဲ့မှ မငြိဘူး။ ဥပဒေရှုထောင့်ကကြည့်ရင် ဒေါ်စုမှာဘာမှ အပြစ်မရှိဘူး။ အခုထုတ်တဲ့ နေအိမ်အကျယ်ချုပ်နဲ့ ပတ်သတ်တဲ့ စည်းကမ်းချက်တွေက သူတို့တင်းတင်းကြပ်ကြပ် ကိုင်လည်းရတယ် မကိုင်လည်းရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုပြီးပြီးချင်း နေအိမ်ပြန်ပို့ဖို့လုပ်တယ်။ အန်ကယ်တို့နဲ့တောင် စကားမပြောလိုက်ရဘူး။ ဒီနေ့သံတမာန် ၃၀ ကျော်လောက်လာတယ်။ အရှေ့ရော အနောက်ရောပေါ့။ အိန္ဒိယနဲ့ ပါကစ္စတန်တို့လည်းပါတယ်။ နောက်ဘန်ကောက်မှာ အခြေဆိုက်တဲ့ သံတမာန်တွေလည်းလာတယ်။ နော်ဝေးတို့၊ ဆွီဒင်တို့လည်းပါတယ်။သူတို့စကားပြန်တွေလည်းပါတယ်။ ပြည်တွင်းက နိုင်ငံခြားသတင်းထောက် တွေလည်းတွေ့ပါတယ်။ ပြည်ထဲရေးက အမိန့်ကသက်သက်ပေါ့၊ တရားရုံး အမိန့်ကိုတော့ အယူခံဝင်မယ်။ ၁၂ရက် နေ့မှာ အမှုနဲ့ပတ်သတ်ပြီး NLDက ကြေငြာချက်ထုတ်မယ်။
ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့
အလည်ရောက်ခြင်း အမှတ်တရ
-
မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည်
အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း
ပြုရန...
14 years ago
0 comments:
Post a Comment