Monday, August 31, 2009
Sunday, August 30, 2009
Depeyin 75 month Anniversary ディペーイン事件から75ヶ月
၃၀-၈-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၃၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
Posted by Than Kyaw Htay at 8:44 AM 0 comments
Labels: ဓါတ်ပုံ။ဗွီဒီယို။ ။ကိုပွား သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ
Posted by Than Kyaw Htay at 8:32 AM 0 comments
Labels: NLD(LA)JB Youth News, သတင်း ဓါတ်ပုံ
Saturday, August 29, 2009
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မည်
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၈.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။အများပြည်သူရုံးပိတ်ရက်(တနင်္ဂနွေနေ့)ဖြစ်သောကြောင့်တိတ်ဆိတ်စွာဖြင့်ဆန္ဒပြကြပါမည်။
Posted by Than Kyaw Htay at 10:02 AM 0 comments
Labels: NLD(LA)JB Youth News, သတင်း
Thursday, August 27, 2009
ဂျပန်နိုင် ငံတိုကျိုမြို့ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံး ရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ှဆန္ဒပြ
Posted by Than Kyaw Htay at 9:53 AM 0 comments
Labels: သတင်း
Sunday, August 23, 2009
ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း (၂)။..။
Posted by Than Kyaw Htay at 5:20 AM 0 comments
Labels: ဒီမိုဝေယံ, သတင်း ဓါတ်ပုံ
ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း(၁)။..။
Posted by Than Kyaw Htay at 5:12 AM 0 comments
Labels: ဓာတ်ပုံ
Tuesday, August 18, 2009
Info about preparation for 23-8-09 Demo
သို့
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းခေါင်းဆောင်များ
၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။
1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။ သို့ပါ၍ ရဲခွင့်ပြုချက် ပုံစံဖြည့်ရန်အတွက် လိုက်ပါလိုသူများ တနင်္လာနေ့ (၁၇-၈-၂ဝဝ၉) မွန်းလွဲ (၃)နာရီတွင် Kasumigaseki ဘူတာအနီး ရဲချုပ်ရုံးရှေ့တွင် စောင့်ဆိုင်း၍ အတူတကွ ပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်ပါသည်။
2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။
3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။
4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။
ဆက်သွယ်ရန်
သန်းဆွေ - (090-4964-9718)
မိုင်ကျော်ဦး (03-5968-4440)
မြင့်ဆွေ (090-7247-6099)
လွင်အောင်စိုး (090-6505-6858)
Posted by Than Kyaw Htay at 7:23 PM 0 comments
Labels: သတင်း-
Monday, August 17, 2009
American Leaves Myanmar After Prison Release
Posted by Than Kyaw Htay at 9:18 AM 0 comments
Labels: ဗီဒီယို
Senator Wins Release of US Prisoner in Myanmar
Posted by Than Kyaw Htay at 8:34 AM 0 comments
Labels: သတင်း-အာဇာနည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်။..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ခုနပဲ အန်ကယ်ဦးဝင်းတင်ရဲ့ အမျိုးတွေဆီက ဖုန်းဝင်လာပါတယ်။ အန်ကယ်ဦးဝင်းတင် ကိုနေ့လည် ၃နာရီခွဲမှာ စတင်ခွဲစိတ်ပြီး ၅နာရီခွဲမှာ ခွဲစိတ်မှုပြီးဆုံးပါတယ်။ အောင်မြင်တယ်လို့ပြောပါတယ်။ အန်ကယ်တို့တော့ မတွေ့ရသေးပါဘူးဟု ပြောဆိုပါတယ်။" ဘဘဦးဝင်းတင်ဟာ နှလုံးခုန်နှုန်းမမှန်တဲ့ အတွက် နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်တာဖြစ်ပါတယ်။ စနေနေ့ညက အာရှတော်ဝင် ဆေးခန်းကိုတင်ပို့ခြဲ့ပီး ဒီနေ့မှာခွဲစိတ်မှု ခံယူတာဖြစ်ပါတယ်။ အသက် ရ၉ ကျော်ရှိပါပြီ။။
မနေ့က NLD CEC တွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ၂၅မိနှစ်ခန့် တွေ့ဆုံခဲ့ရာမှာ အဓိကပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အဓိကပြောဆိုခဲ့ပါတယ်။ ဒေါ်စုဟာအမျိုးသားခေါင်းဆောင် ဖြစ်တယ် ။ ဒေါ်စုကို မလွှတ်ပဲ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီ့လိုပြောလိုက်တော့ မစ္စတာ ဂျင်မ်ဝက်ဘ်က ဒီကိစ္စကို အာဏာပိုင်တွေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်ဟာ ဒေါ်စုနေအိမ်သို့ တရားမဝင် ဝင်ရောက် ခဲ့မှုဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ကျခံရသော အမေရိကန်နိုင်ငံသား မစ္စတာယက်တောအား ခေါ်ဆောင်၍ ယနေ့ညနေပိုင်းက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါသည်။...။
Posted by Than Kyaw Htay at 8:27 AM 0 comments
Labels: သတင်း-ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများ မနေ့က နေပြည်တော်မှာ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါ တွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက် ၃ခုတောင်းဆို ခဲ့ပါတယ်။
မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှု ရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့
၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
Posted by Than Kyaw Htay at 8:14 AM 0 comments
Labels: သတင်း-ဒီမိုဝေယ
Saturday, August 15, 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ် ဝက်ဘ် သီးခြားတွေ့ဆုံ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်သည် ယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို သီးခြားစီ တွေ့ဆုံ ကြောင်း သိရသည်။
ယခုတွေ့ဆုံမှုသည် အမေရိကန်လွှတ်တော်အမတ် တဦးနှင့် မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တို့၏ ၁၀ နှစ် တာ ကာလအတွင်း ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။
မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတခု၌ တွေ့ဆုံ သည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တဦးကို ကိုးကား၍ အေပီ သတင်းကဖော်ပြထားသည်။
ယနေ့ နံနက်ပိုင်းကလည်း မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် နေပြည်တော်တွင် တွေ့ဆုံ ကြောင်း သိရသည်။
၎င်းတို့ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများကိုမူ အသေးစိတ် မသိရှိရသော်လည်း လာမည့် ၂၀၁၀ ခုနှစ် တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စ အပါအဝင် စီးပွားရေးပိတ်ဆို့ အရေးအယူမှုများနှင့် ပတ်သက်နိုင်သည်ဟု လေ့လာသူများက ပြောဆိုလျက်ရှိသည်။
ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့(CEC) အဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ တို့သည်လည်း မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် တွေ့ဆုံရန်ရှိကြောင်း NLD ပြန်ကြား ရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။
“ကျနော်တို့ CEC တွေကို အခုလိုတွေ့တာကတော့ သာမန်နိုင်ငံရေးကိစ္စပါပဲ၊ စီးပွားရေး ပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ကိစ္စလည်း မေးချင်မေးမှာပေါ့၊ အပြောင်းအလဲကတော့ ချက်ချင်းဖြစ်မှာ မဟုတ်ပါဘူး၊ စောင့်ကြည့်ရဦးမှာပါ”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုသည် NLD ၏ တောင်းဆိုမှု မဟုတ်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံ၏ သဘောထားပင်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ရဲ အထူးသတင်းတပ်ဖွဲ့(အက်စ်ဘီ)က NLD ဥက္ကဌ ဦးအောင်ရွှေ၏ နေအိမ်သို့ CEC များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ ၊ ဦးလှဖေ တို့အား နေပြည်တော်သို့ လာရောက်ရန် တဦး ချင်း အမည်တပ်ထားသော ဖိတ်စာများကိုပေးပို့ခေါ်ဆောင်ခဲ့သော်လည်း ဦးလှဖေမှာ ကျန်းမာရေး မကောင်း၍ ၃ ဦးသာလျင် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် တွေ့ဆုံရခြင်းဖြစ်သည်။
NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက မစ္စတာ ဂျင်မ် ဝက်ဘ် ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းတို့ အနေနှင့် စိတ်ဝင်စားမှု မရှိကြောင်း RFA အသံလွှင့်ဌာန သို့ ပြောဆိုထားသည်။
ယမန်နေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb)သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့နှင့် တွေ့ဆုံကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ ယမန်နေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာခြင်းဖြစ်သည်။
ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက် မထားကြောင်း နိုင်ငံရေးလေ့လာသူများကလည်း ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က“မြန်မာ့ နိုင်ငံရေးအခြေ အနေအရ အမေရိကန်အစိုးရက အပြောင်းအလဲ တခုဖြစ်စေချင်တယ်၊ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးတွေကို ပြောင်းလဲစေချင်တဲ့ သဘောထားတွေရှိတယ်၊ အခုဟာက မပြောင်းလဲတဲ့ အပြင် ဒေါ်အောင်ဆန်း စုကြည် ကိုပါ ပြစ်ဒဏ်ချလိုက်ပြီ၊ ဒီအပေါ်မှာ သူလာတဲ့ ခရီးစဉ်အနေနဲ့တော့ သိပ်ပြီးတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ချက်မထားဘူး”ဟု ပြောခဲ့သည်။
Posted by Than Kyaw Htay at 7:15 AM 0 comments
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏ ထုတ်ပြန်ကြေငြာချက်။...။
Posted by Than Kyaw Htay at 6:59 AM 0 comments
Labels: ဗီဒီယို
Friday, August 14, 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်နေပြည်တော်သို့ သွားရောက်။...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် ယနေ့နေ့လည် ၁၂နာရီမှာ နေပြည်တော်သို့ ထွက်ခွာ သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် ဟာလည်း ယနေ့ ရန်ကုန်မှတဆင့် နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ၃ဦး ဒီနေ့နေလည် ၁၂နာရီက နေပြည်တော်ကို သွားရောက်နေပါပြီ။ ဖိတ်စာထဲမှာတော့ အရေးကြီးပုဂ္ဂိုလ်နဲ့ တွေ့ဆုံရန်လို့ပဲ ရေးထားပါတယ်။ ဘယ်သူနဲ့တွေ့ရမယ် ဆိုတာတော့ ရေးမထားပါဘူး။ ဖိတ်ကြားခံရတဲ့ လူကြီးတွေက ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း နဲ့ ဦးစိုးမြင့်တို့ ဖြစ်တယ်။ အန်ကယ်ဦးလှဖေက နေမကောင်းလို့ လိုက်မသွားနိုင်ပါဘူး။ CEC ၃ဦးပဲလိုက်သွားနိုင်ပါတယ်။ နေပြည်တော်မှာ ညအိပ်ပါမယ်။ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် လည်း ဒီနေ့ ရန်ကုန်ကတဆင့် နေပြည်တော်သွားမယ် လို့ကြားပါတယ်။ အန်ကယ်ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့တော့ ဖိတ်ကြားတဲ့ထဲမှာ မပါပါဘူး ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့အခေါက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း လာရောက်စဉ်တုန်းကလည်း NLD CEC များအား ဖိတ်စာထဲမှာ အရေးကြီးပုဂ္ဂိုလ်နဲ့ တွေ့ဆုံရန်ဆိုပြီး ဖိတ်ကြားခဲ့ဘူးပြီး ၁၅မိနစ်သာတွေ့ဆုံခွင့် ရခဲ့ပါတယ်။ NLD CEC လူကြီးများဟာ အသက်၈၀ကျော် အရွယ်များဖြစ်ပြီး ပြီးခဲ့တဲ့ အခေါက်နေပြည်တော်သို့ သွားရောက်ခဲ့စဉ်က စစ်တပ်အရာရှိများရဲ့ ဧည့်ဝတ်မကျေပြွန်မှုနဲ့ ခရီးပန်းမှုဒဏ်ခံခဲ့ရပြီး အချိန်ကုန်လူပင်ပန်း ဖြစ်ခဲ့ရပါတယ်။
Posted by Than Kyaw Htay at 9:33 AM 0 comments
Labels: သတင်း
Thursday, August 13, 2009
Wednesday, August 12, 2009
ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီး စီရင်ချက်ချမှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲ ( ဂျပန်နိုင်ငံခြားရုံးရှေ့)ဓာတ်ပုံမှတ်တမ်း။...။
Posted by Than Kyaw Htay at 9:33 AM 0 comments
Labels: ဓါတ်ပုံ
ဒေါ်စု အမှုစီရင်ချက်ချသည့်နေ့ ရှေ့နေကြီး ဦးဥာဏ်ဝင်း အဖွဲ့ချုပ်ရုံးအတွင်း Interview။...။
Part - 1
Part - 2
Part - 3
Posted by Than Kyaw Htay at 9:26 AM 0 comments
Labels: video
ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ဟာ တဘက်သတ်ဖြစ်တယ်၊ ဥပဒေအရလုံးဝ လက်မခံနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်။
အန်ကယ်တို့ တရားရုံးကို မနက်၁၀နာရီမှာ ရောက်တယ် ။ တခါမှနောက်မကျဘူးတဲ့ ရုံးက ၁၁နာရီမှ စဖြစ်တယ်။ တရားသူကြီးက စီရင်ချက်ချတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၊ဒေါ်ခင်ခင်ဝင်း၊ဒေါ်ဝင်းပပ တို့နဲ့အတူထောင်ဒဏ် ၃နှစ်စီရင် ချက်ချတယ်။ တရားသူကြီး စီရင်ချက်ချပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရောက်လာပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပြင်ဆင်မိန့်ကို ဖတ်ပြတယ်။ ကြားပြီးတဲ့ အတိုင်းပေါ့ ဆိုင်းငံ့ထောင်ဒဏ် ၁နှစ်ခွဲဆိုပြီး ဖတ်ပြသွားတယ်။အခုစီရင်ချက်တွေဟာ တဘက်သတ်ဖြစ်တယ် ဥပဒေအကြောင်းအရ လုံးဝလက်မခံနိုင်ဘူး။ ၁၉၇၄ ဥပဒေကို မသုံးဘူး သုံးရမရ ဘေးဖယ်ထားတယ်ပြောတယ်။ ပြင်ပသို့ဆက်သွယ်တဲ့ စည်းကမ်းချက်တဲ့၊ ဆက်သွယ်တာကို လက်ခံလို့တဲ့။ ဒေါ်အောင်ဆန်းစုကြည် ကသူကိုယ်တိုင် ဆက်သွယ်တာလည်း မဟုတ်ဘူး သူ့သဘောနဲ့ သူရောက်လာတာ။ ဘာတခုနဲ့မှ မငြိဘူး။ ဥပဒေရှုထောင့်ကကြည့်ရင် ဒေါ်စုမှာဘာမှ အပြစ်မရှိဘူး။ အခုထုတ်တဲ့ နေအိမ်အကျယ်ချုပ်နဲ့ ပတ်သတ်တဲ့ စည်းကမ်းချက်တွေက သူတို့တင်းတင်းကြပ်ကြပ် ကိုင်လည်းရတယ် မကိုင်လည်းရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုပြီးပြီးချင်း နေအိမ်ပြန်ပို့ဖို့လုပ်တယ်။ အန်ကယ်တို့နဲ့တောင် စကားမပြောလိုက်ရဘူး။ ဒီနေ့သံတမာန် ၃၀ ကျော်လောက်လာတယ်။ အရှေ့ရော အနောက်ရောပေါ့။ အိန္ဒိယနဲ့ ပါကစ္စတန်တို့လည်းပါတယ်။ နောက်ဘန်ကောက်မှာ အခြေဆိုက်တဲ့ သံတမာန်တွေလည်းလာတယ်။ နော်ဝေးတို့၊ ဆွီဒင်တို့လည်းပါတယ်။သူတို့စကားပြန်တွေလည်းပါတယ်။ ပြည်တွင်းက နိုင်ငံခြားသတင်းထောက် တွေလည်းတွေ့ပါတယ်။ ပြည်ထဲရေးက အမိန့်ကသက်သက်ပေါ့၊ တရားရုံး အမိန့်ကိုတော့ အယူခံဝင်မယ်။ ၁၂ရက် နေ့မှာ အမှုနဲ့ပတ်သတ်ပြီး NLDက ကြေငြာချက်ထုတ်မယ်။
Posted by Than Kyaw Htay at 9:21 AM 0 comments
Riz Khan - Myanmar's verdict - 11 Aug 09 - Part 1
Part 2
Posted by Than Kyaw Htay at 9:00 AM 0 comments
Labels: video
Tuesday, August 11, 2009
MWD News about DASSK -1 by www.photayokeking.org
Posted by Than Kyaw Htay at 10:27 AM 0 comments
Labels: သတင်း-
ဒေါ်စု အမှုစီရင်ချက်ချသည့်နေ့ ဂျပန်နိုင်ငံစစ်အခွန်ရုံးရှေ့ ။...။(ရဲများနှင့်ထိပ်တိုက်တွေ့)
ဦးသောင်းမြင့်ဦး(အမျိုးသားဒီ
MARUNOUCHI LINE ,KASUMIGASEKI STATION,EXIT A4&A8 တို့မှသွားရောက်နိုင်ကြောင်း
အသိ
၂။ ထိုမမှန်ကန်သောစီရင်ချက်ကို ဂျပန်နိုင်ငံအစီုးရ နှင့် ဂျပန်ပြည်သူတို့က သဘောပေါက်နားလည်ပြီး ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီရန် တောင်းဆိုလိုက်သည်။
၃။ စစ်အစီုးရ၏ ယခုလုပ်ရပ်ကြောင့် အခြေအနေ ပိုမိုဆိုးဝါးလာမှုများ မှာ စစ်အစိုးရ၏ တာဝန်သာဖြစ်သည်။
တို့ဖြစ်ပါသည်။ ညနေ ၅နာရီခွဲ တွင် ဆန္ဒပြပွဲ ပြီးဆုံ့းခဲ့ပါသည်။
သတင်း။..။စိုးအောင်ဝင်း ဒီမိုဝေယံ
Posted by yahutha at 10:19 AM 0 comments
Labels: သတင်း
Daw Aung San Suu Kyi News - 2 by www.photayokeking.org
Posted by Than Kyaw Htay at 8:37 AM 0 comments
Daw Aung San Suu Kyi News - 1 by www.photayokeking.org
Posted by Than Kyaw Htay at 8:22 AM 0 comments
Sunday, August 9, 2009
Saturday, August 8, 2009
ဂျပန်ရောက်မြန်မာများ (၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့ ချီတက်ဆန္ဒပြပွဲ
ယနေ့သည်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတစ်ရပ်လုံးမှ စစ်အာဏာရှင်အစိုးနှင့် ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်အား ရှုတ်ချဆန့်ကျင်ခဲ့သော (၈၈၈၈)အရေးတော်
ပုံကြီး၏ (၂၁)နှစ်မြောက်နေ့ဖြစ်ပါသည်။
(၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့အဖြစ် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီလူပ်ရှားသူများ ယနေ့ချီတက်ဆန္ဒပြကြရာ စုစုပေါင်း လူဦးရေ တထောင် ခန့် ဆန္ဒပြခဲ့ကြပါသည်။
あの悲しい歴史的なビルマ民主化活動から21年立ちましたビルマの歴史上最も悲しい歴史です。軍の武器に因って多くの人々が命を失い多くの国民が死の一歩手前でした。今尚も続いている独裁ミャンマー軍事政権がビルマの国民にそこに住むすべての民族は、これまで非人道的な軍事独裁政権の支配下に置かれてきた。そこには、民主的な権利も、少数民族への平等な人権もない。 その結果、経済、社会、教育、健康などさまざまな分野において衰退が進み、その衰退は、現在、極限にまで達している。2009年8月8日に年に一度8888(ビルマ語でシッ・レーロン=4つの8と呼ぶ)デモ行進を五反田からミャンマー大使館前から品川まで行いました。今回は1340人以上が参加しデモ行進行いビルマに起こっている事を日本の政府や皆様に訴えた�
携帯電話からこのアルバムにアクセスします。
ဓါတ်ပုံ-ကိုပွား
Posted by Than Kyaw Htay at 12:56 PM 0 comments
Labels: သတင်း-
Wednesday, August 5, 2009
ဂျပန်ရောက်မြန်မာများ ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲပြုလုပ်မည်
Invitation for 8888 Demonstration in Tokyo this Saturday (8-8-2009)
Invitation for 8888 Demonstration in Tokyo
Posted by Than Kyaw Htay at 12:07 PM 0 comments
Labels: သတင်း-
၂၁ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် ပို့စ်စကဒ်
Posted by Than Kyaw Htay at 9:30 AM 0 comments
Labels: ပိုစတာ