Monday, November 23, 2009

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

၂ဝ ရက် နိုဝင်ဘာ ၂ဝဝ၉ (သောကြာနေ့)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်များကို ၂ဝဝ၇နှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းကာလများကတည်းက နအဖစစ်အစိုးရမှ မတရားဖမ်းဆီး ထိမ်းသိမ်းခဲ့ပါသည်။ ထိုကဲ့သို့ တနှစ်ကျော်ကြာ ဥပဒေမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ပြီးမှ ၄င်းတို.အား မတရားသည့် တဖက်သတ်တရား စီရင်ချက်များဖြင့် နှစ်ရှည်ထောင်ဒဏ် များချမှတ်ခဲ့ပါသည်။
ယခုကဲ့သို့ နအဖစစ်အစိုးရ၏ တရားဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲနှင့် ထောင်ဒဏ် ၆၅ နှစ်စီ မတရား ချမှတ်ခံထားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ညနေ ၃းဝဝ မှ ၄းဝဝ ထိကျင်းပခဲ့ပါသည်။အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

0 comments: