Monday, November 30, 2009
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဓာတ်ပုံမှတ်တမ်း။
Posted by Than Kyaw Htay at 9:53 AM 0 comments
Labels: သတင်း
ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသူတိုင်းသိထားသင့်သောဒုက္ခသည်လျှောက်ထားမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
2009ခုနှစ် BRSAအသင်း၏ အသင်းသားစုံညီအစည်းအဝေးကို
၂၀၀၉ခုနှစ်နိုဝင်ဘာလ၂၂ရက်တနင်္ဂနွေနေ့ ညနေ၅နာရီမှည၉နာရီအထိ IKEBUKUROရှိ
ECO TOSHIMAPLAZA (၈)ထပ်တွင် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့BRSAအသင်းအားလေ့လာလိုသူ ဂျပန်လူမျိုးများ၊အသင်းဝင်ဂျပန်လူမျိုးများ၊
မြန်မာလူမျိုးများနှင့်အလုပ်အမှုဆောင်ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌အသင်းနှင့်ပါတ်သက်သည့်အမျိုးမျိုးသော ကိစ္စရပ်များကို
တာဝန်ရှိသာအသီးသီးကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့အပြင် အသင်း၏အသင်းဝင်တစ်ဦးလည်းဖြစ်ပြီးဂျပန်နိုင်ငံရှိမြန်မာလူမျိုးတို့၏
အရေးကိစ္စများကို ကူညီဆောာင်ရွက်ပေးနေသော ဂျပန်လူမျိုးKUMAZAWA SANမှ
ဒုက္ခသည်လျှောက်ထားမှုနှင့်ပါတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊VISA အမျိုးအစားများ
အကြောင်းကိုအောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါသည်။
ပထမဦးစွာ ဒုက္ခသည်နှင့်ပါတ်သက်၍ ရရှိသော VISAအမျိုးအစားအား အကြမ်းအားဖြင့်(၃)မျိုး
ခွဲခြားနိုင်ကြောင်း....
(၁)[R]ဟုအများကသိထားသော TEIJUSHA VISA (Long Time Resident)(ယျေဘုယျအားဖြင့်
သက်တမ်း၃နှစ်ရှိ)
(၂)[S.S]ဟုအများကသိထားသောTEIJUSHA VISAနှင့် TOKUTEI KATSUDO (ယျေဘုယျအားဖြင့် သက်တမ်း၁နှစ်ရှိ)
TEIJUSHA VISAမှာ အများအားဖြင့် ဂျပန်နိုင်ငံတွင် ၁၂နှစ်မှ၁၃နှစ်ကျော်နေထိုင်သူများ
ထဲမှရရှိနိုင်ပါသည်။
TOKUTEI KATSUDO မှာ ကန့်သတ်ချက်မရှိပါ။
(၃)ဒုက္ခသည်လျှောက်ထားစဲသူများအားချပေးသော TOKUTEI KATSUDO VISA(သက်တမ်း
၃လစ၍ရရှိ)
(TOKUTEI KATSUDO VIS (၃)လသက်တမ်းရရှိပြီးဒုက္ခသည်အဖြစ်ငြင်းပယ်ခြင်းခံရသောအခါ
VISAသက်တမ်း (၃)လရနေရာမှ (၁)လသာရတော့သော အခြေအနေမျိုးလည်းရှိ)
နောက်တစ်မျိုးအနေဖြင့် VISA(လုံးဝ)မဟုတ်သော်လည်း အပြင်တွင်နေထိုင်နိုင်ခြင်းနှင့်ပါတ်သက်၍...
KARIHOMEN
KARITAIZAI
ဒုက္ခသည်လျောက်ထားသော ဖြတ်ပိုင်းစာရွက်တို...ဟူ၍(၃)မျိုးရှိကြောင်း။
KARIHOMEN(၁လ.၂လ.၃လ ဟူ၍ လျှောက်ထားသူ၏အခြေအနေအလိုက် သက်တမ်းအမျိုးမျိုး
ရရှိနိုင်)
KARIHOMEN၊KARITAIZAIနှင့်ဒုက္ခသည်လျောက်ထားသော ဖြတ်ပိုင်းစာရွက်တိုဟူသော
အခြေအနေ(၃)မျိုးမှာ Overstayမျှသာဖြစ်ကြောင်းနှင့် အချိန်မရွေး
ထိန်းသိမ်းခံရဖွယ်ရှိကြောင်းရှင်းလင်းပြောပြခဲ့ပါသည်။
ဆက်လက်၍၄င်းကဒုက္ခသည်လျှောက်ထားပုံ ပုံစံအဆင့်ဆင့်ကိုလည်း အောင်ပါအတိုင်း
ဆက်လက်ရှင်းပြခဲ့ပါသည်။
မည်သည့်လူမျိုးမဆို ဂျပန်နိုင်ငံတွင်ဒုက္ခသည်အဖြစ်လျှောက်ထားမည်ဆိုပါက...................
(၁)လျှောက်လွှာတင်ရပါသည်။
(၂)အင်တာဗျူးဖြေဆိုရပါသည်။(သည်နောက်ပိုင်းတွင် ၁ကြိမ်ခန့်သာ ဖြေဆိုရပါတော့သည်)
(၃)ပထမအကြိမ်ရလဒ်ထွက်ပါသည်။ရလဒ်အနေဖြင့်.....၁-(R)
၂-(R)မပေးပါ။သို့သော်(S.S)ရပါသည်။
၃-(R)လည်းမရ(S.S)လည်းမရ ပယ်ပါသည်။
နံပါတ်(၂)နှင့်(၃)ရထားသူများ အယူခံဝင်နိုင်ပါသည်။
(၄)အယူခံဝင်လျှင် ODAIBAဟုအများကသိထားသော အင်တာဗျူးကို ဖြေရပါသည်။
(၅)အင်တာဗျူးဖြေပြီးလျှင် အဖြေမှာအထက်ပါနံပါတ်(၃)အတိုင်းထွက်ပါသည်။
အယူခံဝင်ပြီးသည့်တိုင်အောင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းမခံရလျှင်.............
---တရားရုံးသို့တက်နိုင်ပါသည်။(တရားရိုးတက်သောကိစ္စမှာ အလွန်ခက်ခဲရှုပ်ထွေးသောကြောင့်
ဖြစ်နိုင်ပါက တရားရုံးမတက်ကြရန် ၄င်းကတိုက်တွန်းထားပါသည်။)
---အစမှပြန်လျှောက်နိုင်ပါသည်။
ဤသည်မှာဒုက္ခသည်လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ပါသည်။
ဒုက္ခသည်လျှောက်ထားစဲသူများနှင့်ပါတ်သက်၍....................................
၃လVISA
KARIHOMEN
KARITAIZAIဟူ၍(၃)မျိုးရှိသည့်အနက် KARIHOMENနှင့်KARITAIZAIတို့မှာ အလုပ်လုပ်ခွင့်
မရှိဟု စည်းမျဉ်း၌ ဖေါ်ပြထားပါသည်။
၃လVISAနှင့်ပါတ်သက်၍ အောက်ပါအတိုင်းရှင်းပြခဲ့ပါသည်။
ဂျပန်နိုင်ငံသို့ အလည်အပါတ် VISAနှင့်ဖြစ်စေ၊အလုပ်VISAနှင့်ဖြစ်စေဝင်ရောက်လာပြီးVISA
သက်တမ်းမကုန်ခင် ဒုက္ခသည်အဖြစ်လျှောက်ထားသူများသည် SHINAGAWA လ.ဝ.က၏ဒုတိယထပ်တွင်
(၃)လVISA(TOKUTEI KATSUDO VISA) ရရှိကြောင်း၊ (မြန်မာလောက၌အပြင်လျှောက်ဟုခေါ်တွင်သည်။)
အဆိုပါအပြင်လျှောက်များသည် ၃လVISAရရပြီးချင်းအလုပ်လုပ်ခွင့်မရှိဟု စည်းမျဉ်း၌ဖေါ်ပြထားပါသည်။
ထို့နောက် ၆လကြာလျှင်VISAအမျိုးအစားအားပြောင်းပေးပါသည်။ထိုပြောင်းပေးသောVISAတွင် အလုပ်လုပ်ခွင့်
ပေးထားပါသည်။ထိုကဲ့သို့ (၃လ-TOKUTEI KATSUDO VISA)ရပြီး၆လကြာလျှင် အလုပ်လုပ်ခွင့်ရှိသော
(TOKUTEI KATSUDO VISA)အဖြစ်သို့ပြောင်းနိုင်ကြောင်းကို သိသူများရှိသကဲ့သို့
မသိသူများလည်းရှိနေကြာင်း ၄င်းကပြောကြားခဲ့ပါသည်။အထူးသတိပြုရန်အချက်မှာ ဂျပန်နိုင်ငံသို့
အလည်အပါတ် VISAနှင့်ဖြစ်စေ၊အလုပ်VISAနှင့်ဝင်ရောက်ပြီး ရောက်ရောက်ခြင်း အလုပ်လုပ်ခြင်းအား
လ.ဝ.ကမှ တင်းကျပ်စွာတားမြစ်ပြီး၊သိရှိပါကလည်း ချက်ချင်းဖမ်းပါသည်။
သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏
ဒုက္ခသည်လျှောက်ထားမှုအဆင့်နေရာကို ကောင်းစွာသိနားလည်စေရန်ရည်ရွယ်၍KUMAZAWA SAN
မှရှင်းလင်းပြောပြခဲ့ပါသည်။
အထက်ဖေါ်ပြပါအချက်အလက်များထက် ပိုမို၍အသေးစိတ်သိလိုပါက
KUMAZAWA SAN(090 7182 5594)သို့ ဂျပန်ဘာသာဖြင့်
ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မြန်မာဘာသာဖြင့် မေးမြန်းလိုပါက
brsa.japan@gmail.comသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Posted by Burma's Refugees Serving Association(Japan)
Posted by Than Kyaw Htay at 8:53 AM 0 comments
Labels: သတင်း
အကျဉ်းထောင်ထဲ က အလင်းရောင်..။
ထောင်စခန်းဆိုတာ
အမှောင်လမ်းပါဘဲ
ဒါပေမယ့် အောင်ပန်းဆွတ်တဲ့
အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ.....
သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ
သူတွေရဲ့ နိဗ္ဗာန်
တိရ စ္ဆာန် ရုံမဟုတ်ပါ...
အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံးသွေးမို့
အရေးတော်ပုံ ရဲ့ သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ...
မြန်မာစာနယ်ဇင်းလောကမှာ
အတောက်ပဆုံး
ကလောင်ဘုရင်
ဟံသာဝတီဦးဝင်းတင်တဲ့
ဂန္တဝင်မြောက်
စံတင်လောက်အောင်
ပြောင်းမြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ် ရဲ့ မင်းမဟော်
ပူဇော်ထိုက်သူအမှန်ပါ....
ပြည်သူကိုသူကချစ်
သူ့ကိုလည်းပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင်
မီးရှူးတန်ဆောင်အစစ်ပါ..
အကျဉ်းထောင်က
အလင်းရောင်ပြနေတဲ့
အာဂသတ္တိရှင်
မိခင်မြန်မာရဲ့
သားရတနာကောင်းကို
ညွှတ်ပျောင်းဦီးခိုက်
ကန်တော့လိုက်ပါရဲ့
မိုးမှောင်ကင်း၍
အလင်းရောက်ပါစေ
ဆရာ.......
(တင်မိုး)
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 8:25 AM 0 comments
Labels: ကဗျာ
Wednesday, November 25, 2009
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ကော့သောင်းထောင်တွင် ကျန်းမာရေးမကောင်း ။
( အလယ်တွင်ကိုပြုံးချို )
လက်ရှိ တနင်္သာရီတိုင်း ကော့သောင်းထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုဟာ သွေးကြောကျဉ်းဝေဒနာခံစားနေရတယ်လို့ ဒီနေ့ ထောင်ဝင်စာတွေ့ပြန်လာတဲ့ သူ့ရဲ့အဖေ ဦးဝင်းမောင်က ပြောပါတယ်။ လက်ရှိအနေအထားအရ ဆရာဝန်တွေက သွေးကြောကျဉ်းတယ်လို့ ယူဆထားပြီး ငှက်ဖျားတက်တဲ့အခါလည်း တက်ကြောင်းနဲ့ ဆေးကိုမှန်မှန်သောက်တဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ဆရာဝန်တွေက ပြောတယ်လို့ ဦးဝင်းမောင်က ပြောပါတယ်။
“ကျန်တဲ့ အနေအထားက သိပ်မဆိုးပါဘူး။ ဟိုမှာ ၁ နာရီ ကျော်ကျော်လောက် သွားစောင့်ပြီးတော့ပစ္စည်း လိုအပ်တာတွေ၊ စာအုပ်တွေလည်း ပေးခဲ့လို့ ရပါတယ်။” အသက် ၈ဝ ရှိပြီဖြစ်တဲ့ ဦးဝင်းမောင်က ဆောင်းအဝင် အေးချမ်းတဲ့ရာသီမှာ သားရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ ကိုယ်တိုင်သွားတွေ့တာဖြစ်ပြီး သားကျန်းမာရေး ဆိုးဆိုးဝါးဝါး မဖြစ်တဲ့အတွက် စိတ်သက်သာရာရသလိုမကြာခဏမလာဖို့ သားကမှာ လိုက်တယ်လို့ ဦးဝင်းမောင်ကပြောပါတယ်။
ကိုပြုံးချိုအပါအဝင်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာလောင်စာဆီဈေးကျဆင်းရေး
လမ်းလျောက်ဆန္ဒထုတ်ဖော်အပြီးမှာတခြားခေါင်းဆောင်တွေနဲ့အတူကိုပြုံးချိုအဖမ်းခံခဲ့ရပြီး
ထောင်ဒဏ် ၆၅ နှစ်ချခံရပါတယ်။
နှစ်ရှည် ထောင်ဒဏ်ချပြီး မိသားစုတွေနဲ့ ဝေးလံတဲ့ထောင်တွေဆီ ပို့ဆောင်ထားတာနဲ့ ပတ်သက်ပြီး ဦးဝင်းမောင် ပြောပါတယ်။ “မိဘနဲ့ နီးတဲ့နေရာမှာ ထားနိုင်ရင် သူ့အတွက်ရော ကိုယ့်အတွက်ရော အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျနော်တို့က သူ့ရဲ့ကျန်းမာရေး အခြေအနေ စိုးရိမ်တဲ့အခါ မြန်မြန်ဆန်ဆန် မလာနိုင်တဲ့ အနေအထားလေးတွေ ရှိလာတယ်။
ကျနော်တို့တွေကလည်း အသက်အရွယ်ကြီးနေတော့ ကျနော်တို့ ကျန်းမာရေး အခြေအနေကိုလည်း သူက သိချင်ပြီး ပူပန်နေရတဲ့ အနေအထားမျိုးတွေ သူက ပြောပြပါတယ်။ အဲဒါတွေကျတော့ တော်တော်လေး အခက်အခဲတွေ့ပါတယ်။ နီးကပ်တဲ့ နေရာကို ရောက်မယ်ဆိုရင်တော့ မိဘတွေက ကျေနပ်မယ့်သဘောတွေ ရှိပါတယ်။” ဦးဝင်းမောင်ဟာ ရန်ကုန်ကနေ ၁၇ ရက်နေ့က ထွက်လာပြီး ဒီနေ့မှ ကိုပြုံးချိုကို တွေ့ရတာ ဖြစ်ပါတယ်။ သူ့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွံတေးမြို့နယ်အဖွဲ့ဝင် ဦးချစ်ခင်ရဲ့ ဇနီးလည်း ထောင်ဝင်စာ လာတွေ့တယ်လို့ ပြောပါတယ်။
ဦးချစ်ခင်ရဲ့ အခြေအနေကို ထောင်ဝင်စာလာတွေ့တဲ့ ဇနီးက ပြောပါတယ်။ “ကျန်းမာရေး ကောင်းပါတယ်။ အခန်းထဲမှာ ဘာမှ မလုပ်ရဘူး၊ နေရတာ သက်သာပါတယ်တဲ့။ ကောင်းကောင်းမွန်မွန်ပဲ။ သားသမီးတွေကိုလည်း ပူပင်တယ်။ နောက် အသက်က အသက်က ၆၇ နှစ် ဆိုတော့ မျက်စိတွေ သိပ်မကောင်းဘူး၊ မျက်စိက ဝေတယ်တဲ့။ သူက အထဲထဲမှာနေတော့ ရဲတွေကြားမှာစိုးလို့ သိပ်မပြောရဲဘူး။ ရဲတွေကလည်း အပြင်မှာ စာရေးပြီး စောင့်နေတယ်။ သူက ၁၂ လပိုင်းကုန်ရင် လွတ်မယ်လို့တော့ ပြောနေတယ်။ သူလည်းငို၊ ကျမလည်းငိုခဲ့ရတာ စိတ်မကောင်းဘူး။” ဦးချစ်ခင်က လာမယ့်လမှာ သူလွတ်မယ်လို့ ပြောနေပေမယ့် သူ့လွတ်ရက်ရောက်ဖို့ တနှစ်ကျန်သေးတယ်လို့ သူက ဆက်ပြောပါတယ်။
၂ဝဝ၈ ဇွန် ၁၉ ရက်က အဖွဲ့ချုပ် ဌာနချုပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲက အပြန်မှာ ဦးချစ်ခင်အပါအဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ ဆူပူအုံကြွမှုမှာ ပါဝင်မှုတွေနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပြီး မိသားစုနဲ့ ဝေးတဲ့ထောင်တွေဆီ ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအထဲက ဦးချစ်ခင်ကိုတော့ ကော့သောင်းထောင် ပို့လိုက်တာပါ။
ရန်ကုန်တိုင်း တွံတေးမြို့ကနေ နိုင်ငံရဲ့တောင်ဘက်အစွန်းက ကော့သောင်းမြို့အထိ ထောင်ဝင်စာ တခါတွေ့ဖို့ ၆ သိန်းဝန်းကျင်လောက် ကုန်ကျတဲ့ အတွက် တနှစ်အတွင်း ထောင်ဝင်စာ သုံးကြိမ်သာ တွေ့နိုင်တယ်လို့ ဦးချစ်ခင်ရဲ့ ဇနီးက ပြောပါတယ်။
ရင်းမြစ်..DVB..။
Posted by Than Kyaw Htay at 7:44 AM 0 comments
Labels: သတင်း
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကျိုင်းတုံထောင်တွင် ကျန်းမာရေး မကောင်း
ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ကျန်းမာရေးမကောင်းဘူးလို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် မင်းကိုနိုင်ဟာ သွေးတိုးရောဂါ ဆိုးဆိုးဝါးဝါးခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု အရေးပေါ်လုပ်ပေးဖို့ လိုနေတယ်လို့ သူရဲ့ မိသားစုက ပြောကြောင်း အင်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့မှ ဦးခင်မောင်ဆွေ က ပြောပါတယ်။
မနေ့ညနေက ဦးခင်မောင်ဆွေနဲ့ ပါတီဝင်တချို့ သင်္ဃန်းကျွန်းမှ လွှတ်တော်အမတ် ဦးသိန်းညွန့် နေအိမ်ကိုသွားရင်းနဲ့ မင်းကိုနိုင်တို့ နေအိမ်ကို သတင်းသွားမေးချိန်မှာ မင်းကိုနိုင် ရဲ့အစ်မက ပြောလိုက်တာလို့ ဦးခင်မောင်ဆွေ ကပြောပါတယ်။ “ကျနော်၊ ဦးသိန်းညွန့်၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်ရယ် ဝင်ပြီး သူ့မိသားစုနဲ့ တွေ့တော့ သူ့အစ်မကြီးနဲ့ပဲ တွေ့တယ်။ စကား ခဏပဲ ပြောလိုက်ရတယ်။
မင်းကိုနိုင် ထောင်ထဲမှာ တော်တော်နေမကောင်းဘူးဖြစ်နေတယ်တဲ့။ အရဆကသအိးက က တော့ သွေးတွေ တအားတိုးပြီး နေလို့ ထိုင်လို့ မရဘူးပေါ့။ သူတို့လည်း စိုးရိမ်နေပြီး ဆေးတွေ ယူသွားဖို့ ပြင်ဆင်နေတယ်ပေါ့။ သူတို့က စိတ်ပူတဲ့အထဲမှာ အနေအထား မကောင်းတော့ စိတ်ဆင်းရဲနေလိမ့်မယ်လို့ သူထင်ပေမယ့် စိတ်ရဆကသအားတ်က မကျဘူး၊ ဒီအတိုင်းပါပဲတဲ့။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို တခြားခေါင်းဆောင်တွေနဲ့အတူ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မစမီ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲအပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခု ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံထောင်မှာ ရှိနေပြီး ရှေ့လထဲမှာ မိသားစုက ထောင်ဝင်စာ သွားတွေ့ဖွယ် ရှိတယ်လို့ သိရပါတယ်။
ရင်းမြစ်..DVB..။
Posted by Than Kyaw Htay at 7:37 AM 0 comments
Labels: သတင်း
Tuesday, November 24, 2009
ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အထူးဧည့်သည်တော်များ။
Posted by yahutha at 10:40 PM 0 comments
Labels: သတင်း
Monday, November 23, 2009
ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပ
Monday, 23 November 2009
Posted by Than Kyaw Htay at 8:09 AM 0 comments
Labels: သတင်း
သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ ဦးခွန်မြင့်ထွန်း
၂၃-၁၁-၂၀၀၉ ရက်နေ့တွင် NLD(LA)JB မှတာဝန်ယူကျင်းပပြုလုပ်မည် ရွှေဂုံတိုင်
ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲအား တက်ရောက်မည့် သထုံမြို့နယ်အမတ်ဦးခွန်မြင့်ထွန်း
၏ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ
U KHON
source မြတ်လေးငုံ http://myatlayngon.blogspot.com/
Posted by NLD(LA)JB Youth News & Information Channel
Posted by Than Kyaw Htay at 7:00 AM 0 comments
Labels: သတင်း
အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍
Shwe Gon Daing Declaration Symposium in Japan 2009_Part-1
Shwe Gon Daing Declaration Symposium in Japan 2009_Part-2
Shwe Gon Daing Declaration Symposium in Japan 2009_Part-3
ဓါတ်ပုံ-ကိုပွား၊ ဗွီဒီယို၊သတင်း။ ။စိုးမိုးနိင်
Posted by Than Kyaw Htay at 6:19 AM 0 comments
Labels: ဗီဒီယို
မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ
၂ဝ ရက် နိုဝင်ဘာ ၂ဝဝ၉ (သောကြာနေ့)
Posted by Than Kyaw Htay at 5:43 AM 0 comments
Labels: သတင်း ဓါတ်ပုံ
ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပး၊၊ ၊၊
(シュエゴンダイ宣言)シンポジウム
Posted by yahutha at 12:30 AM 0 comments
Labels: သတင်း-
Wednesday, November 18, 2009
ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ
အဖွဲ့ချုပ်အဖွဲ့ဝင်မျုား ခင်ဗျား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော
ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း
နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှ အဓိကတာဝန်ယူ၍ အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်
သွာမည်ဖြစ်ပါသောကြောင့် အောက်ပါအစီစဉ်အတိုင်း အဖွဲ့ချုပ်အဖွဲ့ဝင်မျုားအားလုံးမပျက်မကွက်
တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
(သွားလာလှုတ်ရှားမည့် တာဝန်ခံများမှလွဲ၍အဖွဲ့ချုပ်တူညီဝတ်စုံများဖြင့် တက်
ရောက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။)
၂၃-၁၁-၂၀၀၉ ရက်နေ့တွင် NLD(LA)JB မှတာဝန်ယူကျင်းပပြုလုပ်မည် ရွှေဂုံတိုင်
ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲအား အဖွဲ့ချုပ်တူညီဝတ်စုံများဖြင့် မပျက်မကွက်တက်
ရောက်ကြပါရန် လေးစားစွာဖြင့်အသိပေး အကြောင်းကြားအပ်ပါသည်။
နေ့ရက်။ ။ ၂၃-၁၁-၂၀၀၉(တနင်္လာနေ့)
အချိန် ။ ။ နံနက် ၁၀း၀၀မှ ညနေ၄း၀၀အထိ ။ အဖွဲ့ချုပ်အဖွဲ့ဝင်မျုား ၉း၃၀အရောက်။
နေရာ ။ ။ Marunouchi Line မှလာလျှင် Awajicho Station မှ ၄မိနစ်၊
Chiyoda Line မှလာလျှင် Shinochanomizu Station Exit-B3 မှထွက်ထွက်ချင်း
Rengo အဆောက်အဦး၊
အောက်ပါမြေပုံညွှန်းအတိုင်းကြွရောက်ပါ။
Posted by NLD(LA)JB
Posted by Than Kyaw Htay at 8:39 AM 0 comments
Labels: ဖိတ်ကြားစာ
Tuesday, November 17, 2009
ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။
Posted by yahutha at 10:44 PM 0 comments
Labels:်ကြေငြာစာတမ်း
Monday, November 16, 2009
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ)
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(ဂျပန်ဌာနခွဲ) လပါတ်ညီလာခံ အစည်းအဝေး အခမ်းအနားကို ၁၅ရက် ၊ ၁၁လ ၊ ၂၀၀၉ခုနှစ် ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ ဆုံဆွေးနွေးချက် မှတ်တမ်း ဓာတ်ပုံ။ C.N.Y.B
Posted by Than Kyaw Htay at 8:13 AM 0 comments
မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်များကို ၂ဝဝ၇နှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းကာလများကတည်းက နအဖစစ်အစိုးရမှ မတရားဖမ်းဆီး ထိမ်းသိမ်းခဲ့ပါသည်။ ထိုကဲ့သို့ တနှစ်ကျော်ကြာ ဥပဒေမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ပြီးမှ ၄င်းတို.အား မတရားသည့် တဖက်သတ်တရား စီရင်ချက်များဖြင့် နှစ်ရှည်ထောင်ဒဏ် များချမှတ်ခဲ့ပါသည်။
ယခုကဲ့သို့ နအဖစစ်အစိုးရ၏ တရားဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲနှင့် ထောင်ဒဏ် ၆၅ နှစ်စီ မတရား ချမှတ်ခံထားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ပြုလုပ်မည် ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တတ်စွမ်းသ၍ ကြိုးပမ်းဆောင်ရွက်နေသူအားလုံးကို ပူးပေါင်းပါဝင်ကြရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။
နေ့ရက်။ ။ ၂ဝ ရက် နိုဝင်ဘာ ၂ဝဝ၉ (သောကြာနေ့)
အချိန်။ ။ ညနေ ၃းဝဝ မှ ၄းဝဝ
နေရာ။ ။ မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်
Posted by NLD(LA)JB
Posted by Than Kyaw Htay at 7:57 AM 0 comments
Labels: သတင်း
Monday, November 9, 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ) မှကျင်းပပြုလုပ်သည့် (၈၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း။..။
Posted by Than Kyaw Htay at 8:51 AM 0 comments
Labels: သတင်း
Saturday, November 7, 2009
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေးနွေးလျှင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြောဆို။..။
Posted by yahutha at 10:09 PM 0 comments
Labels: သတင်း
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ကန့်ကွက်ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း...။...။
Saturday, November 07, 2009
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြပွဲ(ဂျပန်လွှတ်တော် အဆောက်အဦးရှေ့) ။
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲ(ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CECနှင့် အမေရိကန် အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်တို့ တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်း။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဆွေးနွေးပွဲ ဓာတ်ပုံများ။...။
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ကန့်ကွက်ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း...။...။
Posted by Than Kyaw Htay at 6:58 AM 0 comments
Labels: Posted by ဒီမိုဝေယံ, သတင်း
Friday, November 6, 2009
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲ(ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့)
ပေးပို့လာသူ ကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။..။
Posted by Than Kyaw Htay at 8:37 AM 0 comments
Labels: Posted by ဒီမိုဝေယံ, ဓာတ်ပုံ
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြပွဲ(ဂျပန်လွှတ်တော် အဆောက်အဦးရှေ့) ။
၂၀၀၉နိုဝင်ဘာလ၅ရက်။ ။
ယနေ့မွန်းလွဲ ၃နာရီမှ၎နာရီအထိ မနက်ဖြန်မှာ လာရောက်မည့် စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ လွှတ်တော် အမှတ်(၂)အဆောက်အဦးရှေ့ မျက်နှာစာတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှပူး ပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါသည်။
Posted by Than Kyaw Htay at 8:04 AM 0 comments
Labels: NLD(LA)JB သတင်းနှင့်ပြန်ကြားရေး, သတင်း၊ဓါတ်ပုံ စိုးအောင်ဝင်း
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖိတ်ခေါ်မှုနှင့်ပတ်သတ်၍ ဂျပန်ဝန်ကြီးချုပ်သို့ပေးစာ။..။
Posted by Than Kyaw Htay at 7:43 AM 0 comments
Labels: Posted by ဒီမိုဝေယံ ကြေငြာချက်
Thursday, November 5, 2009
JAC-MOVEMENTS
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 (JAC) 参加団体
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများ သို့
ဒီမိုကရေစီ ဂျပန်နိုင်ငံသို့ နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲ ရှိသည်ဖြစ်၍ အောက်ပါအစီအစဉ်အတိုင်း တက်တက်ကြွကြွ ပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။
နေ့ရက်
နေရာ
အချိန်
ရည်ရွယ်ချက်
၆-၁၁-၂ဝဝ၉
၇-၁၁-၂ဝဝ၉
NEW OTANI HOTEL-
YOTSUYA ဘူတာ SOPHIA UNIVERSITY ထွက်ပေါက်
မနက် ၉ နာရီမှ၁၁နာရီအထိ
ဒီမိုကရေစီ ဂျပန်နိုင်ငံသို့ နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲ
JAC- Information
၅-၁၁-၂ဝဝ၉
Posted by Than Kyaw Htay at 8:02 AM 0 comments
Labels: သတင်း-
Wednesday, November 4, 2009
- ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့ တွေ့ဆုံ ......
The most senior US official to visit Myanmar for 14 years held talks with pro-democracy icon Aung San Suu Kyi Wednesday after the ruling junta granted the Nobel laureate a rare break from detention. Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell also met Myanmar's prime minister as the administration of President Barack Obama seeks a new era of engagement with the military regime. Duration: 01:39.
news by ...YouTube - AFP
Posted by yahutha at 10:22 AM 0 comments
Labels: သတင်း-
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ဦးဆောင်သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ ယနေ့မနက် ၁၁နာရီမှ ၁နာရီအထိ အင်းလျားလိတ်ဟိုတယ်တွင် (၂)နာရိကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နေ့လည်(၃)နာရီခွဲမှ(၄)နာရီခွဲ အထိ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်း၌ အဘဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနှင့် (၁)နာရီကြာထပ်မံ တွေဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ မနက်(၁၁)နာရီကနေ နေ့လည်(၁)နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်င့်တို့ ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ (၂)နာရီကြာ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေတော့ မသိရပါဘူး။ နေ့လည်(၃)နာရီခွဲကနေ(၄)နာရီအထိ အဖွဲ့ချုပ်ရုံးမှာ မစ္စတာကာ့တ်ကမ်ဘဲလ် တို့ကိုယ်စားလှယ်လေးဦးရယ် ဒီကဋ္ဌာနေကိုယ်စားလှယ် နှစ်ဦးရယ် ပေါင်း(၆)ဦးနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနဲ့ ထပ်မံတွေဆုံပါတယ်။ အန်ကယ်လည်းပါပါတယ်။ သူတို့လာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အကျိုးစီးပွားကို သိပ်တော့မပြောပါဘူး။ အခုမှ အစပဲရှိသေးတာရယ်၊ နောက်ဆက်လုပ်ရမယ့် အလုပ်တွေကရှိသေးတာရယ် အခြေအနေက မဆုံးသေးတာရယ်ကြောင့်ပါ။
အဓိက သူတို့ရည်ရွယ်ချက်က မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ မြန်မာပြည်အတွင်းနိုင်ငံသား အချင်းချင်း အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုပါတယ်။ သူတို့ဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် တစ်ယောက်ပဲအဓိကပြောဆိုပါတယ်။ အဖွဲ့ချုပ်ရုံးမှာ တွေ့ခွင့်ရတဲ့အတွက် အန်ကယ် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ရတာပါ။ မကြာခင်အချိန်မှာ ထပ်လာဦးမယ်လို့ ပြောသွားပါတယ်။ သူတို့ဒီနေ့ ညနေ(၆)နာရီခွဲ ပြန်ဘို့စီစဉ်ထားပေမယ့် နေပြည်တော်က ထွက်လာတာနောက်ကျတဲ့ အတွက်ကြောင့် (၇)နာရီခွဲမှ ပြန်ဖြစ်မယ်ပြောပါတယ်။ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
အိုဘားမားအစိုးရ၏ မြန်မာပြည်နှင့် ပတ်သတ်တဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအသစ်ချမှတ်သည့် အချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် အမေရိကန်အစိုးရကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာပါတယ်။ ယခုအကြိမ်လာရောက်မှုသည် ၁၉၉၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် လာရောက်ပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံမှုဖြစ်ပါတယ်။
သတင်း....ဒီမိုဝေယံ။..။
Posted by yahutha at 10:21 AM 0 comments
Labels: သတင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဆွေးနွေးပွဲ ဓာတ်ပုံများ။...။
Posted by yahutha at 10:19 AM 0 comments
Labels: ဓါတ်ပုံ
Tuesday, November 3, 2009
စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြပွဲ(ဂျပန်လွှတ်တော် အဆောက်အဦးရှေ့) ။
၂-၁၁-၂၀၀၉
မဲခေါင်မြစ်ဝှမ်း ဖွံဖြိုးတိုးတက်ရေးစီမံကိန်း ၀န်ကြီးအဆင့် အစည်းအဝေးနှင့် ထိုအစည်းအဝေးသို့ တက်ရောက်
လာမည့် ၀န်ကြီးချုပ်သိန်းစိန်အား ဆန့်ကျင်ဆန္ဒပြပွဲကို Tokyo Kokaigijido ရှိ ဂျပန်လွှတ်တော်ရှေ့တွင် ၃နာရီမှ၎နာရီအထိ ကျင်းပခဲ့ရာ ဂျပန်ရောက်မြန်မာဒီမိုကရေစီလှုတ်ရှားသူ၄၀ခန့် ပါဝင်ပူးပေါင်းခဲ့ကြောင်းသိရသည်။
Posted by Than Kyaw Htay at 6:26 AM 0 comments
Labels: ဓါတ်ပုံ-ကေသီသိန်း
Sunday, November 1, 2009
ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော်ဆန္ဒပြမှုများ ပြုလုပ်နိုင်ရန် ကြိုပမ်းနေ
နအဖဝန်ကြီးချုပ် သိန်းစိန်သည် မဲခေါင် အစည်းအဝေး အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် လာရောက်မည်ဟုသိရသည်။ အဆိုပါအစည်းအဝေးအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရရှိသည်။ နအဖ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန် အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဆန္ဒသဘောထားအမှန်ကို ထင်ဟပ်စေမည့် ထုတ်ဖော်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျန်ခဲ့သော စတင်ဘာလ၊ ၂၅ ရက်နေ့က အမေရိကန်သို့ သွားရောက်ခဲ့စဉ် အမေရိကန်ရောက် ဒီမိုကရေစီအင်အားစုများမှ ဖိနပ်နှင့်ပေါက်ကာ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန်အား အသိပေး ထုတ်ဖော်ဆန္ဒပြခဲ့ ကြသေးသည်။ ယခုဂျပန်နိုင်ငံခရီးစဉ်တွင် ထိရောက်သော ထုတ်ဖော်ဆန္ဒပြမှုများ ပြုလိုပ်နိုင်ရန် ဂျေအေစီမှ (Joint Action Committee of Burmese Community in Japan) ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
www.phyowai-myanmar.co.cc/မှကူးယူဖ်ါပြသည်
Posted by Than Kyaw Htay at 8:29 AM 0 comments
Labels: သတင်း
သန်းရွှေအရေးပေါ်ဆေးဝါးကုသမှုခံယူရ
၎င်း၏မြေးဖြစ်သူစိန်မျောက်မျောက်ဓားထိုးခံရလို့ပန်းလှိုင်ဆေးရုံရောက်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ နေပြည်တော်ရှိ ၎င်း၏လုံခြုံရေး
တင်းကျပ်စွာချထားသော အိမ်မှာပင် ၂၉ ရက်နေ့ ည ကတည်းက အရေးပေါ်ဆေးဝါးကုသမှု
ခံယူနေရ ကြောင်း သတင်းရရှိသည်။
ကိုယ်တစ်ခြမ်းသေ အာရုဏ်ကြောများရပ်ဆိုင်းသည့် ဝေဒနာ ကဲ့သို့ ရောဂါတစ်
မျိုး ဗုဒ္ဓဟူနေ့ ညကတည်းက စတင်ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန် မြို့ ရှိစစ်ဆေးရုံမှ
ဆရာဝန်များ နှင့် စင်္ကာပူ နိုင်ငံမှ သမားတော် တစ်ဦးအရေးပေါ်လာရောက်ကုသခံရ
သည် ဟု သတင်းရရှိသည်။
ရန်ကုန် နှင့် နေပြည်တော် တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ ကျန်းမာရေး အတွက် ရန်ကုန် စစ်ဆေးရုံ မှ ဆရာဝန်များက အချိန်ပြည့်စောင့်
ရှောက်ပေးရသည် ။
အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် အောက်တိုဘာလ ၂၆
ရက် (တနင်္လာ)နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက်အာ
ဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့ တွင်
လေဖြတ်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အရေးပေါ်ဆေးဝါးကုသခံရခြင်းနှင့်ပတ်သက်၍သတင်းမျိုးစုံထွက်ပေါ်
နေသော်လည်း အတည် မပြုနိုင်သေးသည့် သတင်းတစ်ရပ် အရ
၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန်
လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုးခံရသည် ဟု သိရသည်။
စိုးရိမ်ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန်အ
ခြေစိုက် စာနယ်ဇင်းဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေမတွေ့ မကောင်းတွေ့မကောင်းလို့တမင်နေမကောင်း
ချင်ယောင်ဆောင်တာလားမသိဘူး “ဟု သုံးသပ်ပြောကြးသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိဆေးရုံတစ်ခုတွင် သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။
longwalktofreedom.wordpress.com/မှကူးယူဖေါ်ပြသည်
Posted by Than Kyaw Htay at 8:15 AM 0 comments
Labels: သတင်း
FREE DAW AUNG SAN SUU KYI!
19 July General Aung San (Myanmar) Martyr's day
All Burma Federation of Student Unions (ABFSU)သမိုင်းဝင် ကျောင်းသားသမဂ္ဂ
Daw Aung San Suu Kyi's speech, 1996
ကိုမင်းကိုနိုင် မိန့်ခွန်း...
မမေ့နိုင်ဘွယ်ရာ ” ၈၈ “ ရဲ့ ပုံရိပ်များ (ကမ္ဘာမကြေဘူး)
U Gawsita, Saffron Revolution
Revolution of the Monks in Burma (with Song)
Monks in Myanmar Protest BBC News (25 Sept 07)
Monks Revolution Continue in Burma
Myanmar's Army shoot and kill a Japanese news photographer
鎮壓
Myanmar New Video!
နာဂစ်တနှစ်ပြည့်ကြေကွဲမှူ
မြန်မာပြည် နာဂစ်လေမုန်တိုင်း တိုက်ခိုက်ပြီး ( ၆ ) လ အကြာ.....။
ငြိမ်းချမ်းရေး နဲ့ ညီညွတ်ရေး တေးသံ
|
ကမ္ဘာအရပ်ရပ်မှ
အိန္ဒိယ ရောက် ဒီမိုကရေစီ အင်အားစုများ၏ "အောင်ပွဲဆင်ဖို့  ထောင်ထဲဝင်စို့" သံချပ်များ (2009 သင်္ကြန်)
Thitsar photo
ဘလောဂ့်မိတ်ဆွေများ
ဆီပုံး
ကျွန်တော်ဖတ်သော ဘလောက်များ
-
ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ အလည်ရောက်ခြင်း အမှတ်တရ - မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည် အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း ပြုရန...15 years ago
-
-
-
-
-

Labels
- (သုံးသပ်ချက်) (1)
- 19 july (1)
- 1998 - 2008 Mizzima News (1)
- ၈၈မှတ်တမ်း- NLD(LA)JB လူငယ်ဌာန (1)
- Labels: ဓါတ်ပုံ-ရွှေနန္ဒ သတင်း-၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ (1)
- Labels: အမှတ်တရ (1)
- media (1)
- News (1)
- news photo (1)
- NLD(LA)JB Youth News (3)
- NLD(LA)JB သတင်းနှင့်ပြန်ကြားရေး (1)
- Photo and information MAUNG MAUNG TIN (2)
- Posted by ဒီမိုဝေယံ (3)
- Posted by ဒီမိုဝေယံ ကြေငြာချက် (1)
- POSTED BY အာဇာနည် (1)
- Reported by: Thant Myo Htway(Moe Thauk Kye) (1)
- Slideshow (11)
- tw23tinwin (2)
- video (29)
- ကဗျာ (4)
- ကာတွန်း (2)
- ချီတက်ဆန္ဒပြ ပွဲ (1)
- ဂျာနယ် (1)
- စာအုပ် (1)
- စာစောင် (3)
- စာစောင်များ (1)
- ဆုတောင်း (1)
- ဒီမိုဝေယံ (1)
- ဓာတ်ပုံ (1)
- ဓါတ်ပုံ (6)
- ဓာတ်ပုံ (8)
- ဓါတ်ပုံ (4)
- ဓါတ်ပုံ- ကေသီ သတင်း-NLD(LA)JB လူငယ်ဌာန (2)
- ဓါတ်ပုံ-ကိုထွဏ်းမြင့် (1)
- ဓါတ်ပုံ-ကိုပွား၊ ရုပ်သံသတင်း-ကိုစိုးအောင်ဝင်း (1)
- ဓါတ်ပုံ-ထွဏ်းမြင့် သတင်း-NLD(LA)JBလူငယ်ဌာန (1)
- ဓါတ်ပုံ-ထွဏ်းမြင့်၊ သတင်း-NLD(LA)JB လူငယ်ဌာန (4)
- ဓါတ်ပုံ-ကေသီသိန်း (1)
- ဓါတ်ပုံ။ဗွီဒီယို။ ။ကိုပွား သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန (1)
- ပန်းချီ (1)
- ပိုစတာ (1)
- ပိုစတာ (1)
- ဖတ်ရန် (10)
- ဖိတ်ကြားစာ (4)
- ဗီဒီယို (16)
- ဗီဒီယို ကိုဆန်နီ သတင်း-NLD(LA)JBလူငယ်ဌာန (2)
- မှတ်တမ်း (3)
- မျှဝေခြင်း (2)
- မိန့်ခွန်းများ (1)
- သံချပ်များ (1)
- သစ္စာ တော်လှန်ရေးစာပေအင်အားစုအဖွဲ့ဝင် လူငယ်ဌာန (2)
- သတင်း (150)
- သတင်း ဓါတ်ပုံ (7)
- သတင်း မှတ်တမ်း ဓာတ်ပုံ (2)
- သတင်း သန်းကျော်ဌေး (3)
- သတင်း- (17)
- သတင်း-NLD(LA)JB လူငယ်ဌာန (2)
- သတင်း-NLD(LA)JBလူငယ်ဌာန (1)
- သတင်း-ဒီမိုဝေယ (1)
- သတင်း-ဒီမိုဝေယံ (1)
- သတင်း-လူငယ် နှင့် ကျောင်းသားရေးရာဌာန NLD(LA)JB (1)
- သတင်း-သစ္စာ လူငယ်ဌာန (3)
- သတင်း-သစ္စာအင်အားစုအဖွဲ့ဝင် လူငယ်ဌာန (1)
- သတင်း-သစ္စာအင်အားစုအဖွဲ့ဝင် လူငယ်ဌာန (2)
- သတင်း-အာဇာနည် (1)
- သတင်း. (1)
- သတင်း၊ဓါတ်ပုံ စိုးအောင်ဝင်း (1)
- သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန (3)
- သန်းကျော်ဌေး (2)
- သင်္ကြန်သီချင်း (1)
- သာထက် (DFB-JP/ WFWW)Tokyo Japan 18-10-2009 (1)
- သီချင်း (2)
- အခမ်းအနားဖိတ်စာ by ဒီမိုဝေယံ (1)
- အဆုံးအထိဆက်ဖတ်ရန် (1)
- အထူးကဏ္ဍ (1)
- အငြိမ့်video (1)
- အမှတ်တရ (2)
- အာဇာနည် (1)
-ီပြက္ခဒိန် (1)
- ဆောင်ပါး (1)
- ဆောင်းပါး (4)
- ပျော်ရွှင်ဘွယ်ရာ နှစ်သစ် (1)
- ကြေညာချက် (6)
- ကြေငြာချက် (1)
- ကြော်ငြာ (3)
- မောင်မောင်တင် (1)
- အောက်မေ့ဘွယ် (1)
-်ကြေငြာစာတမ်း (1)
- နှိုးဆော်ခြင်း (1)
မှတ်တမ်းဟောင်းများ
-
▼
2009
(288)
-
▼
November
(28)
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြ...
- ဂျပန်နိုင်ငံတွင်ဒုက္ခသည်လျှောက်ထားသူတိုင်းသိထားသင့်...
- အကျဉ်းထောင်ထဲ က အလင်းရောင်..။
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ကော...
- ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကျ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနား...
- ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်...
- သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မ...
- အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်...
- ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ
- ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။
- ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသားလူငယ်များအဖွဲ့ချုပ်(...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေး...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ကန့်ကွက်ဆန္ဒပြပွ...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖ...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဥ...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖ...
- JAC-MOVEMENTS
- - ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့ တွေ့...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစီ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဆွေးနွေးပွ...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဥ...
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- သန်းရွှေအရေးပေါ်ဆေးဝါးကုသမှုခံယူရ
-
▼
November
(28)