Friday, September 18, 2009

၂၁နှစ်ကြာစစ်အစိုးရ အာဏာသိမ်းသည့်နေ့ ဆန့်ကျင်ဆန္ဒပြပွဲ


၂၀၀၉ခုနှစ်စက်တင်ဘာလ၁၈ရက်။ ။
ယနေ့မွန်းလွဲ၂နာရီမှ၎နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖအခွန်ရုံးရှေ့တွင်မြန်မာ့ဒီမိုကရေစီအင်အားစုများစုဝေး၍ ဆန္ဒပြပွဲ ကျင်းပခဲ့ပါသည်။၁၉၈၈ခုနှစ်က နဝတစစ်အစီုးရ
အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒ့ပြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးတို့အတွက် ဆန္ဒပြခဲ့ကြပါသည်။ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲံ့အစည်းအသီးသီး၊တိုင်းရင်းသား
အဖွဲ့အစည်းအသီးသီးနှင့်မြန်မာ့ဒီမိုကရေစီအရေးကိုစီတ်ဝင်စားသူဂျပန်လူမျိုးများ၊ APFသတင်းဌာန စသည်အင်အားစုစုပေါင်း ၁၃၀ကျော် တက်ရောက်ခဲ့ကြပါသည်။ဤပွဲတွင် JACကိုယ်စား မိုင်ကျော်ဦးမှတိုင်းရင်းသားများ၊ဒီမိုက
ရေစီအင်အားစုများအကြား နအဖစစ်အစီုးရ၏သပ်လျှိုသွေးခွဲမှုကိုသတိထားကြပါရန်ကို၎င်း၊ကိုဇော်မင်းထွန်းNLD(LA)JBမှ ယခင်နှင့်ယခု့ မြန်မာနိုင်ငံအခြေအနေကွာခြားမှုကို၎င်း၊ကိုမြင့်မောင်LDBနှင့် ဦးဟံသာDFBတို့မှ
၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် မိမိတို့ကိုယ်တိုင်ကြုံတွေ့ခဲ့သောခါးသည်းနာကျည်းမှုများကို၎င်း၊စောမျိုးခိုင်ရှင်း(KNU)မှ မြန်မာပြည်သူများနိုင်ငံခြားမှာအနှိမ်ခံအောက်ကျခံနေရခြင်းမှလွတ်မြောက်ရေးကို၎င်း၊ကို့မြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
မှလက်နက်အားကိုးဖြေရှင်းလိုသူနအဖစစ်အစိုးရနှင့်ပြန်လည်သင့်မြတ်ရေးကြိုးပန်းလိုသူပြည်သူလူထုတို့၏အခြေအနေများကို ဝေဖန်ပိုင်းခြားပြခဲ့ပါသည်၊ကိုထွန်းငြိမ်းNLD(LA)JBမှလည်း၂၁နှစ်ကြာစစ်ကျွန်ဘဝကိုဝေဖန်ပြောကြားခဲ့ပါသည်။။ညနေ၄နာရိတွင်ဆန္ဒပြပွဲပြီးဆုံးခဲ့ပါသည်။လာမည့်တနင်္ဂနွေနေ့စက်တင်ဘာ ၂၀ ရက်နေ့တွင်ဒေါ်အောင်ဆန်းစုကြည်၊
နိုင်ငံရေးအကျဉ်းသားများနှင့်ကျောင်းသားများအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးဆုတောင်းပွဲကို SOBU LINE ,OGIKUBO STATION,NORTH EXIT ရှိခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်မွန်းလွဲ ၂ နာရီခွဲမှစတင်ပြုလုပ်မည်ဖြစ်ရာဒီမိုကရေစီအင်အားစုများ
ပါဝင်ပူးပေါင်းနှိုင်ကြောင်းအသိပေးဖိတ်ကြားအပ်ပါသည်။
စက်တင်ဘာလ၂၇ရက်တွင်လည်း သံဃာတော်ရွှေဝါရောင်တော်လှန်ရေး၊ဂျပန်သတင်းထောက် နာဂအိကင်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲကို UNရုံးရှေ့တွင် JACမှဦးဆောင်ပြုလုပ်မည်ဖြစ်ရာ
အစီအစဉ်အသေးစိတ်ကိုဆက်လက်ကြေငြာပါမည်။


ミャンマー軍事政権か支配して21年が経ちました。未だ独裁軍事政権が支配しています。ビルマ国民は未だ苦しい生活が続いているビルマに何時平和が訪れるのだろ、在日ビルマ人によるミャンマー大使館前で講義デモが行われた。100人以上参加した。

0 comments: