Friday, March 13, 2009

ဦးဝင်းတင်. ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ဒီမိုကရေစီအင်အားစုများသို့

Saturday, 14 March 2009
ဦးဝင်းတင်. ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ဒီမိုကရေစီအင်အားစုများသို့

ကျနော် ပြောချင်တာကတော့ ကျနော်တို့ ထောင်ထဲမှာ ကျနေချိန်မှာ ကျနော်တို့ကို မမေ့ကြဖူး။ နိုင်ငံတကာကနေ ၀ိုင်းရံကြ
တယ်။ အားပေးကြတယ်။ ကျနော်တို့ရဲ့ ဂုဏ်ပုဒ်တွေကို မြင့်မားသထက် မြင့်မားအောင် မြဝင့်တင်ပေးကြတယ်။ ကျနော်တို့ရဲ့ မွေးနေ့တွေကို
ကျင်းပပေးကြတယ်။ ကျနော်တို့လွတ်မြောက်ရေးဆုတောင်းပွဲတွေ လုပ်တယ် စတဲ့ ဒီလိုလုပ်ငန်းတွေ လုပ်တာဟာ ကျနော်နဲ့ပတ်သက်လို့
မဟုတ်ဘူးဗျ၊ အလွန်ကောင်းတယ်လို့ ကျနော်ပြောချင်တယ်၊ ကျနော်နဲ့ပတ်သက်လို့ ကျနော်ပြောတာ မဟုတ်ဘူး၊ ဘာဖြစ်လို့ အလွန်
ကောင်းသလဲဆိုတော့ ဒီလိုဗျာ- ကျနော်တို့ ဒီထောင်ထဲမှာ ခင်ဗျားတို့ အပြင်ကလူတွေတောင်မှ နားလည်ကောင်းမှ နားလည်နိုင်မယ်
ဗျ၊ ဒီထောင်ထဲတို့ ဘာတို့ထဲမှာ နေရတဲသူ တွေက အလွန်ကို ဆိုးဝါးပါတယ်၊ အလွန်ကို ကြပ်တည်းပါတယ်၊ အဲဒီ အခါမှာ ကျနော်တို့ကို
တိုင်းပြည်က မေ့ထားမယ်။ ကျနော်တို့ကို ပစ်ပယ်ထားမယ်၊ ကျနော်တို့ရဲ့ ပါတီအဖွဲ့ အစည်းများ။ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ဖေါ်
ကိုင်ဖက်များ။ ရဲဘော်ရဲဘက်များကနေပြီးတော့ ကျနော်တို့အပေါ် သတိမရကြဘူး။ သို့မဟုတ် ကျနော်တို့ခံစားမှုတွေကို လျစ်လျှူရှူ့
ထားကြမယ်ဆိုရင် မသိကျိုးကျွန်ပြုနေကြမယ်ဆိုရင် ကျနော်တို့မှာ ဘယ်လိုမှ ဆက်ပြီးတော့ ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့
မဖြစ်နိုင်ဘူးဗျ၊ ဥပမာ ကျနော်ဆိုရင် နှစ်ပေါင်းနှစ်ဆယ်ကာလမှာ နိုင်ငံတကာကနေ ဘယ်လိုမြှေက်စားကြတယ်။ ဘယ်လိုအားပေးကြ
တယ်ဆိုတာ ကျနော်ကြားနေရတယ်၊ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့  နိုင်ငံရေးအင်အားစုတွေ။ နိုင်ငံရေးရဲဘော်ရဲဘက်တွေ။ နိုင်ငံရေး
မိတ်ဆွေတွေကနေပြီး ကျနော်အပေါ် ဘယ်လောက် ၀ိုင်းဝန်းစောင့်ရှောက်ကြတယ်ဆိုတာ သိနေတဲအ ခါကြတော့ ကျနော် အသက်ရှင်
နေတာ၊ ကျနော် ထောင်ထဲရောက်တဲအ့ ချိန်မှာ အသက် (၆၀) ရှိပြီဗျ၊ ကျနော် လွတ်လာတဲ့အခါမှာ အသက် (၈၀)လောက် ရှိပြီဆိုတဲ့
အခါကျတော့ ဒီကာလကို ကျော်ဖြတ်ဖို့ သာမန်အားဖြင့် မလွယ်ဘူး၊ ခုနကပြောတဲ့ အားပေးမှု မြှောက်စားမှု ချီးမြှင့်မှုတွေ ၀ိုင်းဝန်းမှုတွေ
ကြောင့်သာ ဒီလို အသက်ရှင်နေရတာလို့ ကျနော် ပြောချင်တယ်၊ ဒါ တခု ပြောချင်တာ၊
နောက်တခုကတော့ ဒီ ဂျပန်မှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများကို ကျနော်ပြောချင်တာကတော့ ကျနော်တို့ အဲဒီလို
ကူညီနေတာတွေဟာ ထောင်ထဲကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည်။ ဦးတင်ဦး။ ဦးဝင်းတင် ဒီလိုပုဂ္ဂိုလ်မျီုးကိစ္စလောက်ကို မကဘူး။ ခုဟာက
အလွန်ကို ကြီးမားကျယ်ပြန့်တဲ့ အနေအထားကို ရောက်နေပါတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါကို အထူးဂရုပြုမိကြပါလို့၊
ဒါကတော့ လူတိုင်းသိပြီးသားဖြစ်ရင်လည်း ဖြစ်နေမှာပဲ၊ ဖြစ်တဲ့ကြားက ကျနော်ထပ်ပြီး ပြောချင်ပါတယ်၊ ဒီလို နိုင်ငံရေးဖိနှိပ်မှုတွေ။
ချုပ်ချယ်မှုတွေ စစ်တပ်ရဲ့စိုးမိုးမှုတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက်တောင်မှ ဆိုးဝါးနေပါတယ်၊ အလွန့်အလွန်ကို ဆိုးဝါးပါတယ်
ဆိုတာ ကျနော် ထပ်ပြီးတော့ ဂျပန်မှာ ရောက်နေတဲ့  နိုင်ငံရေးအင်အားစုများကို ကျနော် ပြောချင်ပါတယ်၊ အလားတူပဲ ကျနော်တို့တွေ
ထောင်ကျထောင်ကျခဲ့သလို ထွက်လာထွက်လာသလိုပေါ့၊ အထွက်အထိပ်ရောက်နေတဲဟာတွေလည်း အများကြီး ရှိပါတယ်၊ ဥပမာ
မင်းကိုနိုင်တို့လို ကိုကိုကြီးတို့လို ဌေးကြွယ် မြအေး ဂျင်မီတို့စတဲ့ နိုင်ငံရေးအင်အားစုအသစ်တွေ စသည့်ဖြင့် နောက်တခါ ဦးခွန်ထွန်းဦး
တို့လို ပုဂ္ဂိုလ်မျီုးတွေ။ စိုင်းညွှန့်လွင်လို ပုဂ္ဂိုလ်မျီုးတွေ။ ဆေထင်လို တိုင်းရင်းသားခေါင်းဆောင်တွေ။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ။
နိုင်ငံရေးလှုပ်ရှားမှုအင်အားစုတွေ။ ဒီမိုကရေစီအင်အားစုတွေလည်း ထောင်ထဲမှာ အများကြီး ရှိနေပါတယ်၊ ကျနော်တို့ခံရတယ်ဆိုတာ
ခင်ဗျားတို့ သတိတရနဲ့ ကျနော်တို့ကိစ္စကို မျက်ခြေမပြတ်စောင်ကြည့်ပြီးလုပ်တယ်ဆိုတဲ့အချိန်မျိုးတုန်းက ထောင်ထဲမှာ နိုင်ငံရေးအကျဉ်း
သား တထောင်လောက်ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်၊ အခု ဒီနေ့ နိုင်ငံရေးအကျဉ်းသားဟာ နှစ်ထောင် ကျော်နေပြီ မဟုတ်လား၊
ကျနော် ပြောချင်တာကတော့ ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ခင်ဗျား။ ဒီမိုကရေစီအင်အားစုများခင်ဗျား။ ဒီကနေံ
မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုတွေ။ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ။ နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးမှုတွေဟာ ခါတိုင်းခါတိုင်း
နှစ်တိုင်းနှစ်တိုင်း လွန်ခဲ့တဲ့ နှစ်ကာလများကထက် အဆများစွာ ဆိုးရွားနေပါတယ်၊ အဲဒီအတွက် ပုဂ္ဂိုလ်များကို မမေ့ကြပါနဲ့၊ ကျနော်တို့
တိုင်းပြည် အတွင်းကလည်း မမေ့ပဲနဲ့ ဒီပပုဂ္ဂိုလ်များအတွက် အကျဉ်းကျနေတဲပုဂ္ဂိုလ်များအတွက် ၀ိုင်းဝန်းစုစည်းပြီး တတ်နိုင်တဲ့နည်းနဲ့
ဆောင်ရွက် သလိုပဲ။ အပြင်မှာ ရောက်နေတဲ့  ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများကလည်း ဒီပုဂ္ဂိုလ်များအတွက်
ဆောင်ရွက်ကြပါလို့ ကျနော် တိုက်တွန်းပါတယ်၊
ဦးဝင်းတင်(၀၃-၀၃-၂၀၀၉)
Labels: သတင်း-NLD(LA)JBလူငယ်ဌာန

0 comments: