Tuesday, March 31, 2009
နိုင်ငံရေးအကျဉ်းသား အားလုံး လွတ် မြောက်ရေး တောင်းဆိုမှုကို ထောက်ခံ ၀န်းရံကြ
Posted by Than Kyaw Htay at 10:09 AM 0 comments
Labels: ဓာတ်ပုံ
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
Tuesday, 31 March 2009
မှတ်ချက်။။ မြန်မာသံရုံး(အခွန်ရုံး)မှ ဒီပဲယင်းလုပ်ကြံမှကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့်နိုင်ငံတော်အလံကိုတိုင်ဝက်လွှင့်တင်ထားသလား(သို့မဟုတ်)ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ ရှောသွား၍ နိုင်ငံတော်အလံကိုတိုင်ဝက်လွှင့်တင်ထားသလားစဉ်းစားစရာပါ
၃၀.၃.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部が執り行いました。
Posted by Than Kyaw Htay at 9:42 AM 0 comments
Monday, March 30, 2009
(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား(၂ )
Posted by yahutha at 12:03 AM 0 comments
Labels: ဗီဒီယို
Saturday, March 28, 2009
၆၄ ကြိမ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့
Posted by Than Kyaw Htay at 10:38 AM 0 comments
Labels: tw23tinwin
ファシスト革命記念日
၂၇.၃.၂၀၀၉တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။
သစ္စာအဖွဲ့သူအဖွဲ့သားများတက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
Posted by Than Kyaw Htay at 10:13 AM 0 comments
Labels: သတင်း-သစ္စာ လူငယ်ဌာန
တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်ရောက်မြန်မာဒီမိုကရေစီလုပ်ရှားသည်အဖွဲ့စည်အသီးသီးများမှ ပူးပေါင်း၍ ကျင်းပခဲ့
Sunday, 29 March 2009
၂၇.၃.၂၀၀၉တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်ရောက်မြန်မာဒီမိုကရေစီလုပ်ရှားသည်အဖွဲ့စည်အသီးသီးများမှ ပူးပေါင်း၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၆၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ファシスト革命記念日
Posted by Than Kyaw Htay at 9:13 AM 0 comments
Wednesday, March 25, 2009
UN Special Rapporteur on Human Rights in Burma (VOA Burmese)
မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးလ် ကင်တာနား(Tomas Ojea Quintana) က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၁၈ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ (Switzerland) ဂျနီဗာ (Geneva) မြို့  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းရင်း မစ္စတာ ကင်တားနား အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
In a report to be presented to the U.N. Human Rights Council in Geneva, UN special rapporteur on human rights in Burma Tomas Ojea Quintana urged the military junta to release all political prisoners.
Posted by tw23tinwin at 1:46 AM 0 comments
Posted by Than Kyaw Htay at 10:50 AM 0 comments
Labels: ဗီဒီယို
Global Campaign for Free Political Prisoners (VOA Burmese)
Burmese democracy groups start a global campaign for freedom of political prisoners in Burma. Thailand based Assistance Association for Political Prisoners (Burma) has organized a global signature ...
Posted by tw23tinwin at 1:41 AM
Posted by Than Kyaw Htay at 10:40 AM 0 comments
Labels: ဗီဒီယို
Tuesday, March 24, 2009
2009 Thingyan
၁၂ရက် ၄လ ၂၀၀၉ခုနှစ်
(၁၈)ကြိမ်မြောက် မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော်ကို တိုကျိုမှာ နာမည်ကြီး လူသိများတဲ့ ပန်းခြံ INOKASHIRA KOEN မှာ ကျင်းပမှာ
ဖြစ်ပါတယ်။
Posted by Than Kyaw Htay at 11:29 AM 0 comments
Labels: သတင်း-သစ္စာ လူငယ်ဌာန
၂၂ရက် ၃လ ၂၀၀၉ခုနှစ် သစ္စာ တော်လှန်ရေး မဂ္ဂဇင်း၏ ညှိနိုူုူင်းဆွေးနွေးပွဲ
Posted by Than Kyaw Htay at 11:20 AM 0 comments
Labels: သတင်း-သစ္စာ လူငယ်ဌာန
Sunday, March 22, 2009
ကိုဇာဂနာ့ မိခင် ဈာပနအခမ်းအနားမှ ဓါတ်ပုံများ
Posted by yahutha at 7:16 AM 0 comments
Labels: ဓာတ်ပုံ
Saturday, March 21, 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြန်ဆုံးလွတ်မြောက်ရန် ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်း
နေအိမ်အကျယ်ချုပ်ကျနေသည့် သူရဦးတင်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊သံဃာတော်အရှင်သူမြတ်များ၊ ယုံကြည်ချက်ကြောင့် နအဖ အကျဉ်းထောင်များအတွင်း၌ မတရားဖမ်းဆီးခြင်းခံနေရသည့် ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျီုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် NLD(LA)JB မှ ဦးဆောင်၍ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်းခြင်း လှုပ်ရှားမှုအား ဒီကနေ့(၂၀-၀၃-၂၀၀၉)နေ့လည်၁နာရီမှ ညနေ ၄နာရီအထိ ဂျပန်နိုင်ငံတိုကျိုမြို့ ရှင်ဂျုကုဘူတာ တောင်ဘက်ထွက်ပေါက်ရှေ့တွင်ကောက်ခံခဲ့ရာ လက်မှတ်ပေါင်း၃၀၀ ခန့်ရရှိခဲ့ပါသည်။ မနက်ဖြန် (၂၁-၀၃-၂၀၀၉)ရက် အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ပါသည်။
アウンサンスーチー氏と全ての政治囚の釈放を求めるため署名活動
Posted by Than Kyaw Htay at 9:16 AM 0 comments
Thursday, March 19, 2009
Wednesday, March 18, 2009
ဂျပန်က မြန်မာကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး
ဂျပန်က မြန်မာကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး
မုံပီး အင်္ဂါနေ့၊ မတ်လ 17 2009 17:48 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်သော မြန်မာက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ဂျပန်အစိုးရက မြန်မာအရာရှိများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပေးနေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
မြန်မာစစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီသို့ ပြောင်းလဲရေး လမ်းပြမြေပုံကို ထောက်ခံသည့် အစိတ်အပိုင်းအဖြစ် မြန်မာအရာရှိ ၅ ဦးကို ရွေးကောက်ပွဲကျင်းပပုံနှင့် စပ်လျဉ်းသည့် သင်တန်းကို ဂျပန်က ပေးနေခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲများကို ဘယ်လိုဘယ်ပုံ ကျင်းပရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ သင်တန်းတရပ်ကို မြန်မာစစ်အစိုးရက စေလွှတ်တဲ့ အရာရှိ ၅ ဦးကို ပေးနေတယ်ဆိုတာ ကျမ သိပါတယ်” ဟု မြန်မာ့သတင်းကွန်ယက် (ဂျပန်) (Burma Information Network – Japan) ၏ ဂျပန်လူမျိုး လှုပ်ရှားတက်ကြွသူ ယူကီ အာကီမိုတို (Yuki Akimoto) က မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲကို ဂျပန်က အင်တိုက်အားတိုက် ထောက်ခံနေခြင်းကို တွေးမိသည့်အခါ အလွန်ဝမ်းနည်းရကြောင်း သူမက ဆက်ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။
လမ်းပြမြေပုံကို ထောက်ခံသည့်မူဝါဒအား ဂျပန်က တလျှောက်လုံး ကိုင်စွဲလာခဲ့သဖြင့် ယခုလို လျှို့ဝှက်သင်တန်း ပေးနေသည့် သတင်းများ ပေါ်ထွက်လာသည့်အပေါ် မြန်မာ့အရေး အကဲခတ်များကမူ မအံ့သြကြပါ။
လွပ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်က တိုက်တွန်းနေပြီး ထိုသို့ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း ယုံကြည်လျက်ရှိသည်ဟု အာကီမိုတိုက ပြောသည်။
သို့သော် အာရှတိုက်၏ ခိုင်မာတောင့်တင်းဆုံး ဒီမိုကရေစီ နိုင်ငံကြီးအနေဖြင့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကို သေချာစွာ အနီးကပ် လေ့လာသင့်ကြောင်းနှင့် အားလုံး ပါဝင်နိုင်သည့် ဖြစ်စဉ်တရပ် ပေါ်ထွန်းလာရေးအတွက် တိုက်တွန်းသင့်ကြောင်း သူမက ပြောဆိုသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းရာ ဂျပန်ဓာတ်ပုံသတင်းထောက် ကင်ဂျီနာဂါအိ (Kenji Nagai) ပစ်ခတ် သေဆုံးခဲ့ရပြီးနောက် မြန်မာပြည်၏ တုန်လှုပ်ခြောက်ခြားဖွယ် လူ့အခွင့်အရေး အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ပြောလာရန် ဂျပန်အစိုးရအပေါ် စစ်အစိုးရ၏ အပြုအမူနှင့် စပ်လျဉ်းသည့် ဖိအားအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော် နာဂါအိ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် ဂျပန်၏ စုံစမ်းစစ်ဆေးမှုသည် အချက်အလက် အနည်းငယ်သာ ရရှိဖော်ထုတ်နိုင်ခဲ့ပြီး၊ သတ်ဖြတ်သူများအပေါ် အပြစ်ပေးခြင်းနှင့် ပတ်သက်သည့် တရားဝင် ကြေညာချက် မရရှိဘဲ ပြန်လာခဲ့ရသည်။
သတင်း လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော အဖွဲ့များ အပါအဝင် ကမ္ဘာတဝှမ်းလုံးမှ သတင်းစာဆရာများက နာဂါအိအား သတ်ဖြတ်သည့် အဖြစ်မှန်ကို ဖော်ထုတ်ရေးနှင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရေးအတွက် မြန်မာအစိုးရအား ဖိအားပေးရန် ဂျပန်အစိုးရကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ဤနောက်ခံ အကြောင်းအချက်များကို ဆန့်ကျင်ပြီး ဂျပန်သည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး မှန်သမျှကို လူသိရှင်ကြား ကြေညာပြောကြားခြင်း မပြုဘဲ ‘ခပ်မဆိတ် သံတမန်ရေး’ (Quiet Diplomacy) ကိုသာ တလျှောက်လုံး ကျင့်သုံးခဲ့သည်ဟု ယခုရက်သတ္တပတ်ကုန်က ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပသော မြန်မာ့အရေး နိုင်ငံတကာကွန်ဖရင့်ကို ဦးဆောင်ကျင်းပသူ ပါမောက္ခ ချိုစိန်ယာမာဟာတာ (Chosein Yamahata) က ပြောသည်။
ဂျပန်သည် မြန်မာနှင့် ဆက်ဆံရေးကို ခပ်မဆိတ်သာနေလိုပြီး အနောက်နိုင်ငံများပုံစံ ပိတ်ဆို့အရေးယူမှုကိုလည်း မကြိုက်၊ ဒေသတွင်းနိုင်ငံများ၏ ချဉ်းကပ်မှုပုံစံဖြစ်သော အပြုသဘောဆက်ဆံရေး မူဝါဒကိုလည်း နှစ်သက်ခြင်း မရှိဟု ပါမောက္ခ ယာမာဟာတာ က ပြောသည်။
မြန်မာနိုင်ငံအကြောင်း သတင်းအချက်အလက်များ အနည်းအကျဉ်းသာ ရရှိခြင်းကလည်း ဂျပန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်ရေးအတွက် နားဝင်အောင် ပြောဆိုရာတွင် အခက်အခဲ ဖြစ်နေရခြင်း၏ အကြောင်းအချက် တခုဖြစ်သည်ဟု သူက ဆိုသည်။
“ဒီကွန်ဖရင့်က မြန်မာနိုင်ငံအကြောင်း ဂျပန်ပြည်သူတွေ အကြားမှာရော၊ အစိုးရကရော ပိုမိုနားလည် သိရှိလာစေဖို့ အဓိက မီးမောင်းထိုးပြနိုင်အောင် ကျင်းပတာပါ” ဟု မြန်မာ့အရေး ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများ၊ သံတမန်ဟောင်းများ၊ ပညာရှင်များနှင့် တတ်သိပညာရှင်များ တက်ရောက်ခဲ့သည့် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ကွန်ဖရင့်ကို ရည်ညွှန်းပြောကြားသွားသည်။
ကွန်ဖရင့်သည် ဤသို့သော ကိစ္စရပ်မျိုးအတွက် ပထမဆုံးကျင်းပသော အစည်းအဝေးဖြစ်ပြီး၊ ပွဲစီစဉ် ကျင်းပသူများအနေဖြင့် မြန်မာ့အရေးကို ပိုမိုနားလည် သဘောပေါက်လာစေရန် အလားတူပွဲများကို ဆက်လက် စီစဉ် ကျင်းပသွားမည်ဟု သူက ပြောသည်။
ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍ
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံကို အကူအညီငွေပမာဏ ယန်းငွေ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ ၁၈ ဒဿဿမ ၂ သန်း) ပေးအပ်ခဲ့သည့် ဂျပန်သည် မြန်မာ၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်သည်။ အကူအညီအများစုကို လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီပုံစံဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နာဂိုယာကွန်ဖရင့်သို့ တက်ရောက်လာသော ဘားမားကင်ပိန်း (ယူကေ) ၏ ညွှန်ကြားရေးမှူး မာ့ခ်ဖားမားနား (Mark Farmaner) က မြန်မာ့အပြောင်းအလဲ ဖြစ်စဉ်တွင် ဂျပန်နိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြောသွားသည်။
ဂျပန်နိုင်ငံသည် အာရှတွင် တရုတ်ကို ချိန်ခွင်လျှာညှိနိုင်ပြီး၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သည့် တခုတည်းသော နိုင်ငံဟု သူက ပြောသည်။
သို့သော် ဂျပန်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒမှာ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးရာတွင် တဖြေးဖြေး ယိုယွင်းလာနေသည်ဟု သူက ဆိုသည်။ ဂျပန်သည် စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံနေပုံ ရသည်ဟုလည်း ဆိုလိုက်သည်။ အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အုပ်စိုးမှုကို ခိုင်မာအမြစ်တွယ်အောင်လုပ်မည့် လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်လည်းဖြစ်သည်။
ဂျပန်ပြည်သူများအတွင်း၌ အစိုးရအပေါ် ဖိအားပေးနိုင်ရန်အတွက် မြန်မာပြည်အကြောင်း နားလည်သဘောပေါက်မှုက အားနည်းနေသည်ဟု ဖားမားနားက ဆက်ပြောသည်။
ဂျပန်၏ ဝန်လေးနေမှု
မြန်မာပြည်အကြောင်း အဖြစ်မှန်များကို သိရှိနားလည်စေနိုင်သည့် သင့်တော်ကောင်းမွန်သော သတင်းအချက်အလက်များ မရရှိခြင်းကလည်း မြန်မာစစ်အစိုးရကို ဆက်လက်ထောက်ခံပေးနေသည့် အချက်တချက်ဖြစ်ကြောင်း ဖားမားနား က ပြောသည်။
ဂျပန်သတင်းစာများကလည်း မြန်မာနိုင်ငံအကြောင်း ဖော်ပြသတင်းပေးမှု အလွန်နည်းပြီး၊ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရန် ရန်ကုန်ရှိ ဂျပန်သံရုံးကိုသာ အားကိုးနေရသည်ဟု အာကီ မိုတိုက ပြောသည်။
ဂျပန်အစိုးရက မြန်မာအတိုက်အခံများနှင့် ဆက်ဆံရန်ကိုလည်း ဝန်လေးလျက်ရှိပြီး အစိုးရအရာရှိများနှင့်သာ ထိတွေ့ဆက်ဆံလိုသည်။ မြန်မာ့ရေးရာ မူဝါဒကို အဖြစ်မှန်များနှင့် ခပ်ဝေးဝေး ထားလိုသည်ဟုလည်း သူမက ပြောသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းရင်းမြစ်တွေ တိုးချဲ့ဖို့ဟာ ဂျပန်အစိုးရအတွက် အလွန်အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်” ဟု ဖာမားနားက ပြောသည်။
ထို့ပြင် ဂျပန်ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေများကို လက်လှမ်းမီ သိရှိနေသင့်ပြီး၊ သို့မှသာ အစိုးရ၏ မူဝါဒနှင့်စပ်လျဉ်း၍ ဖိအားများ ပေးနိုင်မည်ဟုလည်း သူက ဆိုသည်။
“အခုအထိတော့ မြန်မာ့အရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဂျပန်ပြည်သူတွေဆီက ဘယ်လိုဖိအားမျိုးမှ ဂျပန်အစိုးရ မရသေးဘူးလို့ ကျနော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း သူနှင့် အခြားလုပ်ဖော်ကိုင်ဘက် တက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံ အခြေအနေကို ပိုမိုသိရှိနားလည်လာစေရန် ဂျပန်လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြား လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သူက ပြောသည်။
သူတို့စကား“နိုင်ငံရေး လမ်းညွှန်မြေပုံ (၇) ချက်ကို အကောင်အထည် ဖော်ရာမှာ အဓိပ္ပါယ် ပြည့်ဝစေဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားလုံး ကို ပါဝင်ခွင့်ပြုဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲအတွင်း အားလုံး ပါဝင် မဲပေးခွင့်ရဖို့၊ ဝင်ရောက် အရွေးခံနိုင်ကြဖို့၊ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။”
တောမတ်စ် အိုဟေး ကွင်တားနားကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
Posted by Than Kyaw Htay at 10:51 AM 0 comments
Labels: 1998 - 2008 Mizzima News
၁၄ရက် ၁၂လ ၂၀၀၈ခုနှစ် သစ္စာ တော်လှန်ရေး မဂ္ဂဇင်း၏ ညှိနိုူုူင်းဆွေးနွေးပွဲ
Posted by Than Kyaw Htay at 9:07 AM 0 comments
၂၂ရက် ၂လ ၂၀၀၉ခုနှစ် သစ္စာ တော်လှန်ရေး မဂ္ဂဇင်း၏ ညှိနိုူုူင်းဆွေးနွေးပွဲ
Posted by Than Kyaw Htay at 9:07 AM 0 comments
Labels: Slideshow
Tuesday, March 17, 2009
တံတားနီအရေးအခင်း ၂၁နှစ်မြောက်နှစ်ပတ်လည်နေ့
အာဏာရှင်အစိုးရ၏မတရားရိုက်နှက် သတ်ဖြတ်မှုကြောင့် ကျောင်းသားများသွေးမြေကျခဲ့သော တံတားနီအရေးအခင်း ၂၁နှစ်မြောက်နှစ်ပတ်လည်နေ့ ကိုဒီကနေ့ (၁၆-၃-၂၀၀၉) တိုကျို ရှိနာဂါရှိ နအဖ အခွန်ရုံးရှေ့တွင် ဂျပန်ရောက်မျီုးချစ်မြန်မာများ အဖွဲ့အစည်းအသီးသီး ပူးပေါင်ကျင်းခဲ့ပါသည်။
Posted by Than Kyaw Htay at 10:09 AM 0 comments
Sunday, March 15, 2009
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ(Tokyo-Japan in MINAMI GOTANDA ပန်းခြံ)
Posted by yahutha at 2:49 AM 0 comments
Saturday, March 14, 2009
"အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့" ပွဲသိမ်းတိုက်ပွဲခေါ်၂၀၀၉ သင်္ကြန်သံချပ်များ
အိန္ဒိယ ရောက် ဒီမိုကရေစီ အင်အားစုများ၏ "အောင်ပွဲဆင်ဖို့  ထောင်ထဲဝင်စို့" သံချပ်များ (2009 သင်္ကြန်)
Posted by yahutha at 11:25 PM 0 comments
Labels: သံချပ်များ
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ
မတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်(သောကြာနေ့)
လွန်ခဲေ့ သာ အနှစ်နှစ်ဆယ်အချိန်က မတ်လ (၁၃)ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံ မဆလတပါတီအာဏာ
ရှင်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှု ဖုံးကွယ်လိမ်ညာမှုတွေကို စက်မှုတက္ကသိုလ်ကျောင်းသားများ သွေးမြေကျပြီး
ကျောင်းသားကိုဖုန်းမော် အသက်နဲ့ရင်းနှီး မတရားမှုတွေကို ဖေါ်ထုတ်ခဲ့တာဟာ ယခုဆိုလျှင် အနှစ် (၂၀) တိုင်ခဲ့ပါပြီ၊
မဆလအစိုးရမှ ပြည်သူတွေအပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး
ဆိတ်သုဉ်းပျောက်ကွယ်နေရခြင်း ကို မီးမောင်းထိုး ပြသခဲတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရ တဲနေ့ရက်ကို မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် အကြိမ် (၂၀)မြောက် ရှိခဲ့ပါပြီ၊
မြန်မာနိုင်ငံ. လက်ရှိအခြေအနေအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ။ တရားဥပဒေမဲမှုတွေ။ မတရား
ဖမ်းဆီးမှုတွေ။ လူတန်းစားအလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ။ လူသားတဦး အဖြစ်
အသက်ရှင်ရပ်တည်နေမှုကို ဟန့်တားနှောင့်ယှက်မှုများအား လက်ရှိစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း
လုပ်ဆောင်နေမှုများကို ဂျပန်ပြည်သူပြည်သားများ သိရှိနားလည်လာစေရန် ဒီကနေ့ နေ့လည် ၂နာရီခွဲတွင် ရှီဘူယ။ မီယာရှိတာပန်းခြံ။ (Shibuya ဘူတာအနီး Miyashita Koen)မှစတင်ကာ UNရုံးရှေ့မှဖြတ်၍ ချီတက်ဆန္ဒပြ ခဲ့ရာ
ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ဂျပန်လူမျီုးများစုစုပေါင်း ၄၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ပါသည်။
ဗီဒီယို ကိုဆန်နီ သတင်း-NLD(LA)JBလူငယ်ဌာန
Posted by yahutha at 11:17 AM 0 comments
Friday, March 13, 2009
Burma: It Can't Wait- Myanmar Celebrity Campaign PSA Montage
Posted by Than Kyaw Htay at 8:51 PM 0 comments
၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နှင့် ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
Saturday, 14 March 2009
၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နှင့် ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်တွင်
ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
1988 March12,13 RIT Documents
Posted by Than Kyaw Htay at 8:15 PM 0 comments
Labels: ၈၈မှတ်တမ်း- NLD(LA)JB လူငယ်ဌာန
ဦးဝင်းတင်. ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ဒီမိုကရေစီအင်အားစုများသို့
Saturday, 14 March 2009
ဦးဝင်းတင်. ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ဒီမိုကရေစီအင်အားစုများသို့
ကျနော် ပြောချင်တာကတော့ ကျနော်တို့ ထောင်ထဲမှာ ကျနေချိန်မှာ ကျနော်တို့ကို မမေ့ကြဖူး။ နိုင်ငံတကာကနေ ၀ိုင်းရံကြ
တယ်။ အားပေးကြတယ်။ ကျနော်တို့ရဲ့ ဂုဏ်ပုဒ်တွေကို မြင့်မားသထက် မြင့်မားအောင် မြဝင့်တင်ပေးကြတယ်။ ကျနော်တို့ရဲ့ မွေးနေ့တွေကို
ကျင်းပပေးကြတယ်။ ကျနော်တို့လွတ်မြောက်ရေးဆုတောင်းပွဲတွေ လုပ်တယ် စတဲ့ ဒီလိုလုပ်ငန်းတွေ လုပ်တာဟာ ကျနော်နဲ့ပတ်သက်လို့
မဟုတ်ဘူးဗျ၊ အလွန်ကောင်းတယ်လို့ ကျနော်ပြောချင်တယ်၊ ကျနော်နဲ့ပတ်သက်လို့ ကျနော်ပြောတာ မဟုတ်ဘူး၊ ဘာဖြစ်လို့ အလွန်
ကောင်းသလဲဆိုတော့ ဒီလိုဗျာ- ကျနော်တို့ ဒီထောင်ထဲမှာ ခင်ဗျားတို့ အပြင်ကလူတွေတောင်မှ နားလည်ကောင်းမှ နားလည်နိုင်မယ်
ဗျ၊ ဒီထောင်ထဲတို့ ဘာတို့ထဲမှာ နေရတဲသူ တွေက အလွန်ကို ဆိုးဝါးပါတယ်၊ အလွန်ကို ကြပ်တည်းပါတယ်၊ အဲဒီ အခါမှာ ကျနော်တို့ကို
တိုင်းပြည်က မေ့ထားမယ်။ ကျနော်တို့ကို ပစ်ပယ်ထားမယ်၊ ကျနော်တို့ရဲ့ ပါတီအဖွဲ့ အစည်းများ။ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ဖေါ်
ကိုင်ဖက်များ။ ရဲဘော်ရဲဘက်များကနေပြီးတော့ ကျနော်တို့အပေါ် သတိမရကြဘူး။ သို့မဟုတ် ကျနော်တို့ခံစားမှုတွေကို လျစ်လျှူရှူ့
ထားကြမယ်ဆိုရင် မသိကျိုးကျွန်ပြုနေကြမယ်ဆိုရင် ကျနော်တို့မှာ ဘယ်လိုမှ ဆက်ပြီးတော့ ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့
မဖြစ်နိုင်ဘူးဗျ၊ ဥပမာ ကျနော်ဆိုရင် နှစ်ပေါင်းနှစ်ဆယ်ကာလမှာ နိုင်ငံတကာကနေ ဘယ်လိုမြှေက်စားကြတယ်။ ဘယ်လိုအားပေးကြ
တယ်ဆိုတာ ကျနော်ကြားနေရတယ်၊ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့  နိုင်ငံရေးအင်အားစုတွေ။ နိုင်ငံရေးရဲဘော်ရဲဘက်တွေ။ နိုင်ငံရေး
မိတ်ဆွေတွေကနေပြီး ကျနော်အပေါ် ဘယ်လောက် ၀ိုင်းဝန်းစောင့်ရှောက်ကြတယ်ဆိုတာ သိနေတဲအ ခါကြတော့ ကျနော် အသက်ရှင်
နေတာ၊ ကျနော် ထောင်ထဲရောက်တဲအ့ ချိန်မှာ အသက် (၆၀) ရှိပြီဗျ၊ ကျနော် လွတ်လာတဲ့အခါမှာ အသက် (၈၀)လောက် ရှိပြီဆိုတဲ့
အခါကျတော့ ဒီကာလကို ကျော်ဖြတ်ဖို့ သာမန်အားဖြင့် မလွယ်ဘူး၊ ခုနကပြောတဲ့ အားပေးမှု မြှောက်စားမှု ချီးမြှင့်မှုတွေ ၀ိုင်းဝန်းမှုတွေ
ကြောင့်သာ ဒီလို အသက်ရှင်နေရတာလို့ ကျနော် ပြောချင်တယ်၊ ဒါ တခု ပြောချင်တာ၊
နောက်တခုကတော့ ဒီ ဂျပန်မှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများကို ကျနော်ပြောချင်တာကတော့ ကျနော်တို့ အဲဒီလို
ကူညီနေတာတွေဟာ ထောင်ထဲကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည်။ ဦးတင်ဦး။ ဦးဝင်းတင် ဒီလိုပုဂ္ဂိုလ်မျီုးကိစ္စလောက်ကို မကဘူး။ ခုဟာက
အလွန်ကို ကြီးမားကျယ်ပြန့်တဲ့ အနေအထားကို ရောက်နေပါတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါကို အထူးဂရုပြုမိကြပါလို့၊
ဒါကတော့ လူတိုင်းသိပြီးသားဖြစ်ရင်လည်း ဖြစ်နေမှာပဲ၊ ဖြစ်တဲ့ကြားက ကျနော်ထပ်ပြီး ပြောချင်ပါတယ်၊ ဒီလို နိုင်ငံရေးဖိနှိပ်မှုတွေ။
ချုပ်ချယ်မှုတွေ စစ်တပ်ရဲ့စိုးမိုးမှုတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက်တောင်မှ ဆိုးဝါးနေပါတယ်၊ အလွန့်အလွန်ကို ဆိုးဝါးပါတယ်
ဆိုတာ ကျနော် ထပ်ပြီးတော့ ဂျပန်မှာ ရောက်နေတဲ့  နိုင်ငံရေးအင်အားစုများကို ကျနော် ပြောချင်ပါတယ်၊ အလားတူပဲ ကျနော်တို့တွေ
ထောင်ကျထောင်ကျခဲ့သလို ထွက်လာထွက်လာသလိုပေါ့၊ အထွက်အထိပ်ရောက်နေတဲဟာတွေလည်း အများကြီး ရှိပါတယ်၊ ဥပမာ
မင်းကိုနိုင်တို့လို ကိုကိုကြီးတို့လို ဌေးကြွယ် မြအေး ဂျင်မီတို့စတဲ့ နိုင်ငံရေးအင်အားစုအသစ်တွေ စသည့်ဖြင့် နောက်တခါ ဦးခွန်ထွန်းဦး
တို့လို ပုဂ္ဂိုလ်မျီုးတွေ။ စိုင်းညွှန့်လွင်လို ပုဂ္ဂိုလ်မျီုးတွေ။ ဆေထင်လို တိုင်းရင်းသားခေါင်းဆောင်တွေ။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ။
နိုင်ငံရေးလှုပ်ရှားမှုအင်အားစုတွေ။ ဒီမိုကရေစီအင်အားစုတွေလည်း ထောင်ထဲမှာ အများကြီး ရှိနေပါတယ်၊ ကျနော်တို့ခံရတယ်ဆိုတာ
ခင်ဗျားတို့ သတိတရနဲ့ ကျနော်တို့ကိစ္စကို မျက်ခြေမပြတ်စောင်ကြည့်ပြီးလုပ်တယ်ဆိုတဲ့အချိန်မျိုးတုန်းက ထောင်ထဲမှာ နိုင်ငံရေးအကျဉ်း
သား တထောင်လောက်ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်၊ အခု ဒီနေ့ နိုင်ငံရေးအကျဉ်းသားဟာ နှစ်ထောင် ကျော်နေပြီ မဟုတ်လား၊
ကျနော် ပြောချင်တာကတော့ ဂျပန်မှ ရဲဘော်များ မိတ်ဆွေများ ခင်ဗျား။ ဒီမိုကရေစီအင်အားစုများခင်ဗျား။ ဒီကနေံ
မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုတွေ။ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ။ နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးမှုတွေဟာ ခါတိုင်းခါတိုင်း
နှစ်တိုင်းနှစ်တိုင်း လွန်ခဲ့တဲ့ နှစ်ကာလများကထက် အဆများစွာ ဆိုးရွားနေပါတယ်၊ အဲဒီအတွက် ပုဂ္ဂိုလ်များကို မမေ့ကြပါနဲ့၊ ကျနော်တို့
တိုင်းပြည် အတွင်းကလည်း မမေ့ပဲနဲ့ ဒီပပုဂ္ဂိုလ်များအတွက် အကျဉ်းကျနေတဲပုဂ္ဂိုလ်များအတွက် ၀ိုင်းဝန်းစုစည်းပြီး တတ်နိုင်တဲ့နည်းနဲ့
ဆောင်ရွက် သလိုပဲ။ အပြင်မှာ ရောက်နေတဲ့  ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများကလည်း ဒီပုဂ္ဂိုလ်များအတွက်
ဆောင်ရွက်ကြပါလို့ ကျနော် တိုက်တွန်းပါတယ်၊
ဦးဝင်းတင်(၀၃-၀၃-၂၀၀၉)
Labels: သတင်း-NLD(LA)JBလူငယ်ဌာန
Posted by Than Kyaw Htay at 11:40 AM 0 comments
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ
Saturday, 14 March 2009
မတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်(သောကြာနေ့)
လွန်ခဲေ့ သာ အနှစ်နှစ်ဆယ်အချိန်က မတ်လ (၁၃)ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံ မဆလတပါတီအာဏာ
ရှင်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှု ဖုံးကွယ်လိမ်ညာမှုတွေကို စက်မှုတက္ကသိုလ်ကျောင်းသားများ သွေးမြေကျပြီး
ကျောင်းသားကိုဖုန်းမော် အသက်နဲ့ရင်းနှီး မတရားမှုတွေကို ဖေါ်ထုတ်ခဲ့တာဟာ ယခုဆိုလျှင် အနှစ် (၂၀) တိုင်ခဲ့ပါပြီ၊
မဆလအစိုးရမှ ပြည်သူတွေအပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး
ဆိတ်သုဉ်းပျောက်ကွယ်နေရခြင်း ကို မီးမောင်းထိုး ပြသခဲတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရ တဲနေ့ရက်ကို မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် အကြိမ် (၂၀)မြောက် ရှိခဲ့ပါပြီ၊
မြန်မာနိုင်ငံ. လက်ရှိအခြေအနေအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ။ တရားဥပဒေမဲမှုတွေ။ မတရား
ဖမ်းဆီးမှုတွေ။ လူတန်းစားအလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ။ လူသားတဦး အဖြစ်
အသက်ရှင်ရပ်တည်နေမှုကို ဟန့်တားနှောင့်ယှက်မှုများအား လက်ရှိစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း
လုပ်ဆောင်နေမှုများကို ဂျပန်ပြည်သူပြည်သားများ သိရှိနားလည်လာစေရန် ဒီကနေ့ နေ့လည် ၂နာရီခွဲတွင် ရှီဘူယ။ မီယာရှိတာပန်းခြံ။ (Shibuya ဘူတာအနီး Miyashita Koen)မှစတင်ကာ UNရုံးရှေ့မှဖြတ်၍ ချီတက်ဆန္ဒပြ ခဲ့ရာ
ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ ၁၅၀ကျော် ပူးပေါင်းပါဝင်ခဲ့ပါသည်
Labels: ဓါတ်ပုံ-ထွဏ်းမြင့် သတင်း-NLD(LA)JBလူငယ်ဌာန
Posted by Than Kyaw Htay at 11:25 AM 0 comments
Sunday, March 8, 2009
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ
Monday, 9 March 2009
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက်
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ
လွန်ခဲေ့ သာ အနှစ်နှစ်ဆယ်အချိန်က မတ်လ (၁၃)ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံ မဆလတပါတီအာဏာ
ရှင်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှု ဖုံးကွယ်လိမ်ညာမှုတွေကို စက်မှုတက္ကသိုလ်ကျောင်းသားများ သွေးမြေကျပြီး
ကျောင်းသားကိုဖုန်းမော် အသက်နဲ့ရင်းနှီး မတရားမှုတွေကို ဖေါ်ထုတ်ခဲ့တာဟာ ယခုဆိုလျှင် အနှစ် (၂၀) တိုင်ခဲ့ပါပြီ၊
မဆလအစိုးရမှ ပြည်သူတွေအပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး
ဆိတ်သုဉ်းပျောက်ကွယ်နေရခြင်း ကို မီးမောင်းထိုး ပြသခဲတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရ တဲနေ့ရက်ကို မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် အကြိမ် (၂၀)မြောက် ရှိခဲ့ပါပြီ၊
မြန်မာနိုင်ငံ. လက်ရှိအခြေအနေအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ။ တရားဥပဒေမဲမှုတွေ။ မတရား
ဖမ်းဆီးမှုတွေ။ လူတန်းစားအလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ။ လူသားတဦး အဖြစ်
အသက်ရှင်ရပ်တည်နေမှုကို ဟန့်တားနှောင့်ယှက်မှုများအား လက်ရှိစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း
လုပ်ဆောင်နေမှုများကို ဂျပန်ပြည်သူပြည်သားများ သိရှိနားလည်လာစေရန် ချီတက်ဆန္ဒပြ ဖေါ်ထုတ်ကြမည်
ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန်၊
မှတ်ချက်၊ ၊ မြန်မာပြည်အတွင်း ဆုံးရှူံးနေရတဲ့ လွတ်လပ်ရေး။ လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းတိုက်ပွဲ
ဝင်ရင်း စစ်အုပ်စု. မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက်
လက်မှတ်ရေးထိုးတောင်းဆိုကြမည်ဖြစ်ပါ၍တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးကြပါရန်၊
ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ
နေ့ရက် ၊ ၊ မတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်(သောကြာနေ့)
အချိန် ၊ ၊ နေ့လည် (၂)နာရီ။ (၂နာရီခွဲတွင် စတင်ထွက်မည်။)
နေရာ ၊ ၊ ရှီဘူယ။ မီယာရှိတာပန်းခြံ။ (Shibuya ဘူတာအနီး Miyashita Koen)
ဆက်သွယ်ရန်
၀၈၀-၁၁၃၇-၀၆၇၂။ ၀၈၀-၁၁၂၆-၃၅၀၀။ ၀၈၀-၃၄၂၄-၂၇၅၉။ ၀၉၀-၄၂၂၁-၁၉၈၈။ ၀၈၀-၃၅၄၉-၁၄၆၆။
Labels: သတင်း NLD(LA)JB လူငယ်ဌာန
Posted by Than Kyaw Htay at 11:23 AM 0 comments