Saturday, February 7, 2009

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီ (၇) ဖွဲ့ မှ ပူးတွဲ ထုတ်ပြန်သည့်အထူးကြေငြာချက် ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲအား ကျန်ုပ်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများမှ အောက်ပါအစီအစဉ်အတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊
နေ့စွဲ ----- ၈ - ၂ - ၂၀၀၉ ( တနင်္ဂနွေနေ့ )
အချိန် ----- ညနေ ၆း ၃၀ မှ ၇း ၃၀(ညနေ ၆း၃၀ တွင် လူစုမည် ၇း၀၀ တွင်အခမ်းအနားကျင်းပပြီး၇း၃၀ တွင်ပန်းခြံမှထွက်ခွာလမ်းလျှောက်ဆန္ဒပြကြမည်ဖြစ်ပါသည် )
နေရာ ------ မိနမိ အိုစုကHall အနီးရှိ အိုစုက ပန်းခြံ
ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၉၀-၈၀၂၁-၅၃၈၁။ ၀၉၀-၃၉၁၇-၆၃၅၄
http://nldlajb.blogspot.com/

0 comments: