Saturday, 28 February 2009
၂၇.၂.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၆၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件に因り100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員さん達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至ってません。 ミャンマー大使館前で行われ参加者は100人以上が参加致しました。ディペーイン日を国民民主連盟(解放地域)日本支部が執り行いました
Friday, February 27, 2009
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ディペーイン事件から69ヶ月
Posted by Than Kyaw Htay at 10:03 AM 0 comments
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
Posted by yahutha at 9:30 AM 0 comments
Wednesday, February 25, 2009
၉၄နှစ်မြောက် ဗိုလ်ချူပ်မွေးနေ့
ဗိုလ်ချူပ်ကို လေးစားတန်ဖိုးထားကြတဲ့ သင်္ကေတ
မြန်မာဝတ်စုံပြည့်နဲ့ မြန်မာဆန်တဲ့ ဗိုလ်ချူပ်
ဗိုလ်ချူပ်မှာ ရှိတဲ့ တစ်ထည်တည်းသော ၀တ်စုံကောင်းတစ်စုံတဲ့ London ရောက် ပုံရိပ် (၁၉၄၇ ဇန်န၀ါရီ)
စကားလက်ဆုံကျနေတဲ့ ဗိုလ်ချူပ်
ဗိုလ်ချူပ်ရဲ့ ပွင့်လင်းရိုးသားတဲ့ အပြုံး
ပြည်သူကို သားသမီးပမာ ရင်ဝယ်ထားပြီး တစ်သားတည်းနေတဲ့ ဗိုလ်ချူပ်
မောင်မယ်စုံတွဲ
ဗိုလ်ချူပ်နဲ့ လက်တွဲဖော်
သားတို့ရုပ်ရည် သီတာ မြည်သား ရေကြည် ချမ်းမြ တစ်ပေါက်လေး ကျရုံမျဖြင့်
ပါရမီဖြည့်ဖက်နဲ့ ရင်သွေးလေးတွေ
မိသားစုနဲ့ အတူ
ဗိုလ်ချူပ် ချစ်တဲ့ မြတ်နိုးတဲ့ တွယ်တာတဲ့ မိသားစု
ရင်သွေးလေးတွေနဲ့ ဗိုလ်ချူပ်
ဗိုလ်ချူပ်နောက်ဆုံးပုံရိပ်
သမီးလေးကမေးတော့ မေမေက ဖေဖေ အနားယူနေတယ် သမီးတဲ့
တိုင်းပြည်အတွက် အသက်ပါပေးဆပ်ခဲ့တဲ့ ဗိုလ်ချူပ်ရှိနေတဲ့ နေရာ အာဇာနည်ကုန်း
သားကြီး သြရသနဲ့ သမီးချွေးမ
ဗိုလ်ချူပ်ရင်သွေး သမီးထွေး
ဗိုလ်ချူပ် ပုံရိပ်
အခုဗိုလ်ချူပ်ပုံအစား....တိရစ္ဆာန်ပုံတွေ အစားထိုးလာတော့..
ဗိုလ်ချူပ် ဘာပြောချင်နေတာလဲ
ဗိုလ်ချူပ်သာ အသက်ထင်ရှားရှိနေသေးမယ်ဆိုရင်..ဒီနေ့ဟာ ၉၄နှစ်ပြည့်ပြီ...ငြိမ်းချမ်းတဲ့ ဘုံဘ၀မှာ..ရှိနေမယ့် ဗိုလ်ချူပ်ကို ဦးညွတ် ဂုဏ်ပြုပါတယ်။
Posted by Than Kyaw Htay at 10:28 AM 0 comments
Labels: ဓာတ်ပုံ
စတုတ္တအကြိမ်မြောက် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုတ်ရှားမှု့  ...
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွလူငယ်များသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုသဖြင့် လူထုတရပ်လုံးသိရှိနိုင်မည့် နေရာ များစွာတွင် လိုက်လံ လှုံဆော်လျှက်ရှိနေပါသည်။
ယခု ၂၄ ရက်နေ့ ညဘက်တွင်လည်း ဒဂုံမြို့နယ် ကျောင်းတော်တော်များများတွင် နိုင်ငံရေး အကျဉ်းသားများစွာ ပါဝင်သော ပို့စကဒ်နှင့် F B F ၊ B D C ၊ လူထု တရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့များ၏ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုမှူ့များအပေါ် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိုးဆော်စားများကိုလည်း လိုက်လံ ကပ်ခဲ့ပါတယ်။
ထို့သို့ကပ်ခဲ့ ခြင်းအားဖြင့် မနက်ပိုင်း ကျောင်းရှေ့များတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ တွေ့ရှိကြရပြီး တချို့မိဘများမှ အဲဒါ နင်တို့ ရောက်မဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုမင်းကိုနိုင်ပေါ့၊ ခုတော့ ဟိုကောင်တွေ ယုတ်မာလို့ ထောင်ထဲ ပြန်ရောက်နေပြန်ပြီလေ ဆိုတာမျိုး တွေ ပြောနေကြပါတယ်။
ကျနော်တို့ နအဖ စစ်အစိုးရကို အလိုမရှိတဲ့ တက်ကြွ လူငယ်တွေဟာ ဘယ်လောက်ပဲ ဖမ်းနေပါစေ၊ ဘယ်လောက်ပဲနှိပ်စက် နေပါစေ ၊ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆနဖေါ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါခင်ဗျာ-
မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
Posted by Than Kyaw Htay at 9:29 AM 0 comments
Labels: သတင်း
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
Wednesday, 25 February 2009
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၂၇.၂.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
Posted by Than Kyaw Htay at 8:09 AM 0 comments
Labels: သတင်း
Monday, February 23, 2009
လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
ဗီဒီယို-ကိုဆန်နီ
မတရားဖမ်းဆီးခံထားရသောသံဃာတော်အရှင်သူမြတ်များနှင့်ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦးနှင့်မင်းကိုနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းးသားအားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးဆန္ဒပြု တောင်းဆိုပွဲကို ၂၃-၂-၂၀၀၉ ရက် တွင် ရှိနဂါဝါ ရှိမြန်မာသံရုံး(အခွန်ရုံး)ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဓါတ်ပုံ-ထွဏ်းမြင့်
Posted by yahutha at 11:06 PM 0 comments
ဖမ်းဆီးခံသံဃာတော်အရှင်သူမြတ်များနှင့်ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်နှင့်မင်းကိုနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းးသားအားလုံးလွတမြောက်ရေး လက်မှတ်ထိုဆန္ဒပြု
Tuesday, 24 February 2009
မတရားဖမ်းဆီးခံထားရသောသံဃာတော်အရှင်သူမြတ်များနှင့်ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦးနှင့်မင်းကိုနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းးသားအားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးဆန္ဒပြု တောင်းဆိုပွဲကို ၂၃-၂-၂၀၀၉ ရက် တွင် ရှိနဂါဝါ ရှိမြန်မာသံရုံး(အခွန်ရုံး)ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
アウンサンスーチー氏と全ての政治囚と学生リーダの釈放を求めるためのサインキャンペーン
Posted by Than Kyaw Htay at 11:01 AM 0 comments
ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံ ပြောဆိုခြင်းအပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ
ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
(ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်
၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံ ပြောဆို မှု နှင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည် မည်သည့် အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစား သုံးသပ် ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေ ဖြစ်တယ်၊ ဒီအခြေခံ ဥပဒေ ဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေး ကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ ကောင်း တာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့ စစ်ဦစီးချုပ် ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ် နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာ မှ ဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံ ပြောဆို လိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကို အားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။
Posted by Than Kyaw Htay at 9:58 AM 0 comments
Labels: အဆုံးအထိဆက်ဖတ်ရန်
ပြည်တွင်း အထူးသတင်း ထုတ်ပြန်ချက်
အသေးစိတ်ကို ဖတ်ရှု့ ပါ။ သက်ဆိုင်ရာ သို့ ဖြန့်ဝေနိုင်ပါသည်။
ဒီထုတ်ပြန်ချက် နဲ့ တနေ့ထဲမှာဘဲ စစ်အုပ်စု က အကျဉ်းသား ၆၀၀၀ ကို ပြန်လွှတ်ပေးမယ် လို့ ကြေညာခဲ့တယ်။ ဒီလွှတ်ပေးမဲ့သူတွေထဲ မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါ အတိအကျမသိ ရသေးပါဘူး။
Posted by Than Kyaw Htay at 9:47 AM 0 comments
Labels: သတင်း
အကျဉ်းသား ၆၀၀၀ ကျော်ကို စတင်လွှတ် နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ
ပြန်လည်လွတ်မြောက်လာသေားရဟန်းများပုံနှင့် ဦးတင်လှိုင်ပုံ ထောင်ရှေ့မှစောင့်ဆိုင်းနေသူများပုံ
အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် သတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှု အပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့် အနေနှင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။
ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။
"အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်"ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း"ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်"ဟု ပြောသည်။
ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။
ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။
မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ် အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ် သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။
ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အချို့ လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)၄။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ညိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။မန္တလေး အိုးဘိုထောင် မှလွှတ်ပေးသောအကျဉ်းသား ၄၇ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ပြီး မြစ်ကြီးနားထောင်မှ လွှတ်ပေးသော အကျဉ်းသား ၃၁ဦးတွင် အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဦးဖေစိန်တို့ ပါဝင်သည်ဟု သိရပါသည်။
Posted by Than Kyaw Htay at 9:13 AM 0 comments
Labels: Labels: ဓါတ်ပုံ-ရွှေနန္ဒ သတင်း-၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန်
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တောင်ဒဂုံ (၁၉) ရပ်ကွက် အထက (၂) ကျောင်းရှေ့ ခြံစည်းရိုးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုများ အား ပို့စကဒ်နှင့် ထုတ်ပြန်ကြေငြာချက် များ ကို လိုက်လံ ကပ်ခြင်း ဖြန့်ဖြူးခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့အတူ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေငြာချက်များအား လိုက်လံ ကပ်ခြင်း ဖြန့်ဖြူးခြင်များကို အကောင်းဆုံးမြေသြဇာ ရဲဘော်များမှ တတိယ အကြိမ်ပြုလုပ် လှုပ်ရှားခဲ့ပါသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ကျောင်သားများ၊ ဈေးသည်များနှင့် ကျောင်းသားမိဘများမှ ဖတ်ရှု့ခွင့်ရရှိခဲ့ပြီ။း မနက်(၉) နာရီကျော်တွင် ရပ်ကွက် အာဏာပိုင်များမှ လိုက်လံ သိမ်းဆည်းသွား ပါသည်။
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ
Sunday, 22 February 2009
Posted by Than Kyaw Htay at 8:47 AM 0 comments
Labels: သတင်း
Friday, February 20, 2009
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဂျပန်အစိုးရအား တောင်းဆိုဆန္ဒပြပွဲ
၁၂-၂-၂၀၀၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး
အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ
ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင်တောင်းဆိုဆန္ဒပြခဲ့ကြရာ လူ၁၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ပါသည်။
アウンサンスーチー氏と全ての政治囚の釈放を求めるためのデモを国会議事堂前で行った
Posted by Than Kyaw Htay at 10:54 AM 0 comments
Labels: သတင်း-NLD(LA)JB လူငယ်ဌာန
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဂျပန်အစိုးရအား တောင်းဆိုဆန္ဒပြပွဲ
Friday, 20 February 2009
၁၉-၂-၂၀၀၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး
အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ
ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန်နိုင်ငံ၏လွှတ်တော်ရှေ့တွင်တောင်းဆိုဆန္ဒပြခဲ့ကြရာ လူ၁၅၀ကျော် ပူးပေါင်းပါဝင်ခဲ့ပါသည်။
アウンサンスーチー氏と全ての政治囚の釈放を求めるためのデモを国会議事堂前で行った
Posted by Than Kyaw Htay at 10:37 AM 0 comments
Labels: သတင်း-NLD(LA)JB လူငယ်ဌာန
Wednesday, February 11, 2009
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဂျပန်အစိုးရအား တောင်းဆိုဆန္ဒပြပွဲ
Tuesday, 10 February 2009
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး
အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ
ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင်တောင်းဆိုဆန္ဒပြကြမည်ဖြစ်ပါသောကြောင့်အောက်
ပါအတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊
နေ့စွဲ ----- ၁၂ - ၂ - ၂၀၀၉ ( ကြာသာပတေးနေ့ - (၆၂နှစ်မြောက်ပြည်ထောင်စုနေ့ )
အချိန် ----- ညနေ ၃း ၀၀နာရီ မှ ၄း ၀၀ နာရီအထိ
နေရာ ------KASUMIKASEKI EKI (A-4 , A-8)ထွက်ပေါက်အနီးရှိ
ဂျပန်နိုင်ငံခြားရေးရုံးရှေ့
လမ်းညွှန် --- MARUNOUCHI LINE , HIBIYA LINE , CHIYODA LINE
ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။
၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၈၀-၂၀၁၆-၄၇၇၈ ။ ၀၉၀-၃၉၁၇-၆၃၅၄ ။ ၀၈၀- ၆၅၀၇-၃၈၀၇
Posted by Than Kyaw Htay at 7:33 AM 0 comments
Labels: သတင်း သန်းကျော်ဌေး
Monday, February 9, 2009
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲ
၈-၂-၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီ (၇) ဖွဲ့ မှ ပူးတွဲ ထုတ်ပြန်သည့်အထူးကြေငြာချက် ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်၍ဒီကနေ့ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ၇း၀၀ တွင်အခမ်းအနားကျင်းပပြီး၇း၃၀ တွင်ပန်းခြံမှထွက်ခွာလမ်းလျှောက်ဆန္ဒပြခဲ့ကြရာ လူပေါင်း ၅၀၀ကျော် ဆန္ဒပြခဲ့ကြပါသည်။
Posted by Than Kyaw Htay at 7:02 AM 0 comments
၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ
၈-၂-၂၀၀၉
ဂျပန်နိုင်ငံတိုကျိုမြို့ ရှိ မီနာမီအိုစုက ခန်းမတွင် ညီညွတ်သောတိုင်းရင်းသားအဖွဲ့ အစည်း(ဂျပန်)ကဦးဆောင်၍ (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ သည်။အဖွဲ့အစည်းအသီးသီးမှ အမှာစကားပြေားကြားပြီးနောက် မြန်မာတိုင်းရင်းသားအသီးသီး၏ ရိုးရာယဉ်ကျေးမှုအကများနှင့်ဖျော်ဖြေခဲ့ပါသည်။
Posted by Than Kyaw Htay at 6:18 AM 0 comments
Sunday, February 8, 2009
(၆၂ ) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား
(၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ
တိုကျိုမြို့ MINAMI OTSUKA HALL
JR. OTSUKA EKI (MINAMI EXIT)
sunday , 8 February 2009 တွင် ကျင်းပခဲ့ ပါသည်။
Posted by Than Kyaw Htay at 9:01 AM 0 comments
Labels: သတင်း သန်းကျော်ဌေး
Saturday, February 7, 2009
I.C (ironcross) MUSIC BAND အဖွဲ့  ဂျပန်နိုင်ငံတိုကျိုမြို့ သို့ လာရောက်ဖြေဖျော် မည်
Posted by yahutha at 7:29 PM 0 comments
Labels: ကြော်ငြာ
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီ (၇) ဖွဲ့ မှ ပူးတွဲ ထုတ်ပြန်သည့်အထူးကြေငြာချက် ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲအား ကျန်ုပ်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများမှ အောက်ပါအစီအစဉ်အတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊
နေ့စွဲ ----- ၈ - ၂ - ၂၀၀၉ ( တနင်္ဂနွေနေ့ )
အချိန် ----- ညနေ ၆း ၃၀ မှ ၇း ၃၀(ညနေ ၆း၃၀ တွင် လူစုမည် ၇း၀၀ တွင်အခမ်းအနားကျင်းပပြီး၇း၃၀ တွင်ပန်းခြံမှထွက်ခွာလမ်းလျှောက်ဆန္ဒပြကြမည်ဖြစ်ပါသည် )
နေရာ ------ မိနမိ အိုစုကHall အနီးရှိ အိုစုက ပန်းခြံ
ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၉၀-၈၀၂၁-၅၃၈၁။ ၀၉၀-၃၉၁၇-၆၃၅၄
http://nldlajb.blogspot.com/
Posted by Than Kyaw Htay at 7:12 AM 0 comments