Saturday, May 30, 2009
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပပြီးစီးခြင်း
Posted by yahutha at 11:36 AM 0 comments
Labels: သတင်း
Wednesday, May 27, 2009
၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ
Posted by yahutha at 11:20 AM 0 comments
Labels: သတင်း-
Monday, May 25, 2009
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၀င်များ ဟောင်ကောင်တွင် ချီတက်ဆန္ဒပြ (၂၁-၅-၀၉)
Posted by Than Kyaw Htay at 9:25 AM 0 comments
Labels: ဓါတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ နီပေါပြည်သူတွေ မြို့တော် ခတ္တမန္ဒူမှာ ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက်ဆန္ဒပြ (၂၂-၅-၀၉)
Posted by Than Kyaw Htay at 9:14 AM 0 comments
Labels: ဓါတ်ပုံ
Sunday, May 24, 2009
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်ပရောက်မြန်မာတို့ tokyo မြို့  ဆန္ဒပြပွဲ
Posted by yahutha at 10:32 AM 0 comments
Labels: သတင်း ဓါတ်ပုံ
Friday, May 22, 2009
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဂျပန်ရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေဆန့်ကျင်ဆန္ဒပြ
၂၀-၅-၂၀၀၉
နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါသည်။
၂၁-၅-၂၀၀၉
Posted by Than Kyaw Htay at 10:48 AM 0 comments
Labels: သတင်း ဓါတ်ပုံ
Thursday, May 21, 2009
Brussels: EU Call on Burma to Release Aung San Suu Kyi
Posted by Than Kyaw Htay at 11:31 AM 0 comments
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ မတရားဖမ်းဆီးခေါ်ဆောင်ပြီး တ ရားစီရင်သည့် တတိယနေ့မြင်ကွင်း (ပြည်တွင်းဓာတ်ပုံများ)
Posted by Than Kyaw Htay at 10:42 AM 0 comments
Labels: ဓါတ်ပုံ
Myanmar junta closes Suu Kyi's trial again
Myanmar opposition leader Aung San Suu Kyi, rignt shakes hands with a diplomat in this image taken from TV in Yangon Myanmar Wednesday May 20, 2009. Myanmar's military regime opened Aung San Suu Kyi's trial Wednesday to reporters and diplomats, but the unexpected access did not stem criticism that the hearing is a political ploy to keep the pro-democracy leader behind bars through next year's election. (AP Photo/MRTV, via APTN)
Posted by Than Kyaw Htay at 10:00 AM 0 comments
Monday, May 18, 2009
အာဏာပိုင်တို့က အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းများကို ပိတ်ဆို့
မေ ၁၈၊ ၂၀၀၉
မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်းရှိ တရားရုံးတွင် စစ်တင် စစ်ဆေးသည့် ယနေ့ နံနက်ပိုင်းတွင် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းများကို ပိတ်ဆို့ ထားကြသည်။
ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တရားစီရင်မည့်နေ့ဖြစ်ရာ ထိုဒေသအနီးတ၀ိုက်တွင် လက်နက်ကိုင်များ ချထားပြီး လမ်းများကိုလည်း ပိတ်ဆို့ထားသည်ကို တွေ့ရသည်။
“အင်းစိန် ဂုံးကျော်တံတားကို ပိတ်လိုက်တယ်။ သံဆူးကြိုးတွေ ချထားပြီး စစ်သားတွေက စောင့်နေတယ်။ အင်းစိန် လမ်းသစ်ဖက်မှာ စစ်ကား ၁၀ စီးကျော်၊ စစ်သားအပြည့် လက်နက်တွေနဲ့ စောင့်နေကြတယ်” ဟု မျက်မြင်တဦးက ဆိုသည်။
အင်းစိန်နှင့် အနီးတ၀ိုက်က ရပ်ကွက်တခုလျင် စွမ်းအားရှင် ၂ ဦးနှုံး ဆင့်ဆိုထားပြီး အင်းစိန်ထောင် ၀န်းကျင်လုံခြုံရေးအတွက် အရပ်ဝတ်နှင့် ချထားသည်ဟုလည်း ရပ်ကွက်တွင်းသတင်းများကတဆင့် သိရှိရသည်။
Posted by Than Kyaw Htay at 12:39 PM 0 comments
Labels: သတင်း
အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြ
NEJ / ၁၈ မေ ၂၀၀၉
နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။
အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။
(၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။
လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။
နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။
စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
Posted by Than Kyaw Htay at 12:18 PM 0 comments
Labels: သတင်း
အင်းစိန်ထောင်ဗူးဝက ဒေါ်စုကိုချစ်ကြသူများ
Posted by Than Kyaw Htay at 12:04 PM 0 comments
Labels: ဓါတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဂျပန်ရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ၌ ဆန့်ကျင်ဆန္ဒပြ
၁၈-၅-၂၀၀၉
နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါသည်။ ထို့နောက်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်ကြောင်း ငြာချက်ကို မြန်မာသံရုံး (အခွန်ရုံး) မှ တာဝန်ရှိသူများကို ရှေ့ဝင်ပေါက်မှ အော်ခေါ်၍ ပေးအပ်မည်ပြုသော်လည်း သံအမတ်နှင့်တာဝန်ရှိသူများ ထွက်မလာရဲကြ၍ စာတိုက်ပုံးအတွင်းထည့်ထားခဲ့ရပါတယ်။ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်အဖွဲ့အစည်းများနှင့် ဂျပန်ဘုန်းတော်ကြီးများ အယောက် ၄၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
May 18, 2009
東京都品川区ミャンマー大使館
独裁ミャンマー軍事政権より不当に拘束した、民主化運動指導者、アウンサンスーチー氏を 起訴した事に対しミャンマー大使館前で抗議デモが行われた参加者450人以上が抗議活動を行い、早期釈放などを訴えた。
Posted by Than Kyaw Htay at 11:57 AM 0 comments
Labels: ဓါတ်ပုံ-ကိုထွဏ်းမြင့်
ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ခြင်းအပေါ် ဂျပန်ရှိဒီမိုကရေစီအင်အားစုများမှ ပြင်းထန်စွာကန့်ကွက်၊
ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ခြင်းအပေါ် ဂျပန်ရှိဒီမိုကရေစီအင်အားစုများမှ ပြင်းထန်စွာကန့်ကွက်၊
Sunday, 17 May 2009 01:33 administrator
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းတွင်နေအိမ်အကျယ်ချုပ်မှနေ၍ အင်းစိန်ထောင်အတွင်းသို့ ပြောင်းရွှေ့မတရားရုံးတင်စစ်ဆေးသည့်အတွက် ကန့်ကွက်သည့်အနေနှင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက မြန်မာစစ်အစိုးရအခွန်ရုံး(သံရုံး)ရှေ့သို့ စုရုံးသွားရောက်ဆန္ဒပြကြကြောင်း သိရသည်။
ကန့်ကွက်ဆန္ဒပြသူများကလူထုခေါင်းဆောင်အား အင်းစိန်ထောင်သို့မတရားခေါ်ဆောင်ခြင်းနှင့် ပါတ်သတ်၍ တစုံတရာသောသတင်းထုတ်ပြန်ပေးရန် အခွန်ရုံးတာဝန်ရှိသူများအား ဂျပန်ရဲများ၏အစောင့် အကြပ်ဖြင့် သွားရောက်တောင်းဆိုသော်လည်း မည်သို့မျှပြန်လည်ဖြေကြားခြင်း မရှိကြောင်းတွေ့ရပြီး ဆန့်ကျင်သူများက''လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားချက်ခြင်းလွှတ်''ဟု မြန်မာလိုဖြင့်လည်ကောင်း၊ ''မြန်မာသံရုံးမှဒေါ်အောင်ဆန်းစုကြည်သတင်းကို ချက်ခြင်းပြန်လည်ဖြေကြားပါ''ဟုဂျပန်ဘာသာဖြင့်လည်ကောင်း၊ ''င်္Free Free Daw Aung San Suu Kyi''ဟုအင်္ဂလိပ်ဘာသာဖြင့် လည်ကောင်း ဟစ်အော်တောင်းဆိုဆန္ဒပြကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလိုနေအိမ်အကျယ်ချုပ်မှ ပြောင်းရွှေ့ခေါ်ဆောင်သွားခြင်းအပေါ်''ကျနော်တို့ရဲ့ခေါင်းဆောင်ကိုမတရားသဖြင့် နှစ်ရှည်ထောင်ချဖို့အတွက်ကို နအဖကရည်ရွယ်တာပါ။ နိုင်ငံခြားသားတယောက်က စစ်တပ်ရော၊ လုံထိန်းရော၊ ရဲရော၊ ကြံ့ဖွဲ့ရောစတဲ့ နအဖရဲ့အစောင့်အကြပ်တွေကြားထဲက ဝင်ရောက်ခဲ့တာက နအဖမှာသာအဓိကတာဝန်ရှိတာပါ။ လုံခြုံရေးလုပ်တဲ့သူတွေကိုမဖမ်းဘဲ ကျနော်တို့ခေါင်းဆောင်ကိုရုံးတင်စစ်ဆေးတဲ့သဘောက တမင်တကာအမှုဆင်လုပ်တာဖြစ်တယ်။ ဒါမျိုးလုပ်တာက ဘာကိုရည်ရွယ်သလဲဆိုတော့ ကျနော်တို့ခေါင်းဆောင်ကိုနှစ်ရှည်လများထောင်ဒဏ်ချမှတ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်၊''ဟုNLD-LA(JB)၏ ဒု-ဥက္ကဋ္ဌဦးလင်းအောင်မှ၎င်းတို့၏အမြင်ကိုပြောပြသည်။
ဆက်လက်ပြီး''လူထုခေါင်းဆောင်အား မတရားအမှုဆင်ထောင်သွင်းအကျဉ်းချရန် ကြံစည်လုပ်ဆောင်မှုကို ပြင်းထန်းစွာရှုပ်ချကြောင်း၊ နှစ်ရှည်လများစွာမတရားထိမ်းသိမ်းခံနေရ၍ ကျန်းမာရေးအခြေအနေဆိုးရွားကျဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလွန်စွာစိုးရိမ်းပူပန်ကြောင်းနှင့်နအဖစစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်အား ဂျပန်အစိုးရ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ ချက်ခြင်းအရေးယူဆောင်ရွက်ပေးရန်''စသည့် တောင်းဆိုချက်(၃)ခုပါသည့် ကြေငြာချက်တစောင်ကို ဂျပန်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါတောင်းဆိုချက်ဖြင့် နောက်ရက်များ၌မနက်(၁ဝ)နာရီမှ(၄)နာရီအထိ ဆက်လက်ဆန္ဒပြသွားမည်ဟုသိရသည်။
နောက်ဆုံးသတင်းများအရဒေါ်အောင်ဆန်းစုကြည်အားယနေ့မနက်ပိုင်းတွင် အင်းစိန်ထောင်အထူးတရားရုံး၌နေအိမ်အတွင်းအမေရိကန်လူမျိုးတဦးဝင်ရောက်သည့်အမှုဖြင့် ရုံးတင်စစ်ဆေးကြောင်းသိရပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစ၍ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်များနှင့် NLDခေါင်းဆောင်အချို့အား ၄င်းတို့နှင့်မည်သို့မျှမသက်ဆိုင်သည့် ဥပဒေပုဒ်မများဖြင့်မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည့်အတိုင်း နအဖစစ်အစိုးရအနေနှင့်၂ဝ၁ဝရွှေးကောက်ပွဲမတိုင်မှီ လူထုခေါင်းဆောင်အားလည်းယင်းသို့သောရည်ရွယ်ချက်မျိုးဖြင့် လုပ်ဆောင်လိုခြင်းသာဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားများ၏ သုံးသပ်ပြောဆိုမှုများအရသိရသည်။
Posted by Than Kyaw Htay at 8:21 AM 0 comments
Sunday, May 17, 2009
NLD(LA)JB FREE DAW AUNG SAN SUU KYI 2009-5-15 PART 2
Posted by Than Kyaw Htay at 10:24 AM 0 comments
Thursday, May 14, 2009
ဒေါ်စုကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထား၊ ပုဒ်မ ၂၂ ဖြင့် စစ်အစိုးရက တရားစွဲ
14/05/2009 07:59
အင်လျားကန်ကို ရေကူးဖြတ်ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ရန်ကုန်ရှိ အမေရိကန်သံရုံး ဒုတိယအတွင်းဝန် (ကောင်စစ်ဝန်) က မေ ၁၃ ရက်နေ့ ညနေ ၄ နာရီတွင် သွားရောက် တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ- မြန်မာ့အလင်း။
“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက် ......
ဒေါ်စု အမှုနှင့် သူတို့အသံများဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်ခြင်းနှင့် ပတ်သက်၍...
ထိန်းသိမ်းခံ အမေရိကန် လူမျိုးအတွက် အကျိုးဆောင် လိုက်ပါခွင့်ရရေး သံရုံးမှ ကြိုးစားနေရန်ကုန်မြို့ အင်စိန်ထောင် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ထိန်းသိမ်းခံ အမေရိကန်လူမျိုး John William Yettaw အတွက် အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရန် မိမိတို့သံရုံးမှ...
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာစစ်အစိုးရက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တရားစွဲဆိုသည့်အပေါ် အမျိုးသား...
Posted by Than Kyaw Htay at 9:13 AM 0 comments
Labels: သတင်း ဓါတ်ပုံ
Monday, May 11, 2009
ရွေးကောက်ပွဲအနိုင်ရ(၁၉)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ဂျပန်တွင်ကျင်းပပြုလုပ်မည်
၁၉၉၀ပြည့်နှစ်၊မေလ(၂၇)ရက်နေ့တွင်ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၄၈၅)နေရာကျင်းပပေးခဲ့သည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်(၃၉၂)နေရာ ၈၂% ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို ရွေးကောက်ပွဲအနိုင်ရ(၁၉)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပမည်ဖြစ်ပါသဖြင့် အဝေးရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက်။ ။ ၂၇၊မေ၂၀၀၉
နေရာ ။ ။ MIKAWADAI KOEN Hibiya Line ,Oedo Line ထွက်ပေါက် 4A မှထွက်ပြီး မြေပုံအညွှန်းအတိုင်းလာရန်
အချိန် ။ ။ ၂နာရီအရောက်လာပေးကြပါရန်
ဆက်သွယ်ရန်။။။။။။ ဦးသောင်းမြင့်ဦး 090-60408282
ဦးဇော်မင်းထွန်း 080-11370672
国民民主連盟総選挙
勝利記念デモ行進の
お知らせ
国民民主連盟(NLD)は8888蜂起の中、1988年9月27日に結成。
国家法秩序回復評議会(SLORC、軍事政権)が管理するなか、
1990年5月27日に行なわれた国民議会(国会)総選挙で大勝を
おさめ、485議席中の392議席(占有率81%)を獲得した。
総選挙勝利記念日にデモ行進を国民民主連盟(解放地域)日本支部
主催執り行います。
●開催日 :2009年 5月27日(水曜日) ●集合時間 :午後2時 、デモ行進:午後3時~
●集合場所: 港区六本木4丁目2番27号 (三河台公園)
●交通アクセス
東京メトロ日比谷線・都営追大江戸線
六本木駅4a出口より徒歩3分
●お問い合わせ 電話番号
THAUNG MYINT Oo ZAW MIN TUN
タゥンミンウー ゾゥミントゥン
090-6040-8282 080-1137-0672(日本語大丈夫です)
SUNNY KAY THI THEIN
サンニー ケィティティン
090-1655-8770 080-6676-4987(日本語大丈夫です)
皆様の参加を心よりお待ちいたしております。
国民民主連盟(解放地域)日本支部一同
Posted by Than Kyaw Htay at 10:16 AM 0 comments
အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၄)နှစ်မြောက်မွေးနေ့ပွဲ
Posted by Than Kyaw Htay at 10:10 AM 0 comments
Labels: သတင်း-NLD(LA)JBလူငယ်ဌာန
Friday, May 8, 2009
Thursday, May 7, 2009
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား
မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 07 2009
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw သည် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှတဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
မစ္စတာ ဂျွန် ဝီလီယံသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက်ညပိုင်းတွင် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။
သို့သော် နောက်တရက်နံနက် ၅း၃ဝ နာရီတွင် အင်ယားကန်အတွင်း ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သူ့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မစ္စတာ ဂျွန် ဝီလီယံသည် အမေရိကန်ပတ်စ်ပို့ (PP.No-4397677222/28.4.200) ကိုင်ဆောင်ထားသူဖြစ်ပြီး မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု ပါရှိသည်။ ဖမ်းဆီး ရမိစဉ်က နိုင်ငံကူး လက်မှတ်နှင့် ကင်မရာတလုံး၊ ခေါက်ပလာယာ တလက်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည် ဆိုသည်။
Posted by Than Kyaw Htay at 9:51 AM 0 comments
Labels: သတင်း
Wednesday, May 6, 2009
ဆိုင်ကလုန်းနာဂစ်တနှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းပွဲအခမ်းအနား in tokyo shibuya
(၂၀၀၉ ခုနှစ်၊မေလ ၂ ရက်နေ့) စနေနေ့ တွင် United Nations University
国際連合大学本部前
Posted by Than Kyaw Htay at 2:45 AM 0 comments
Monday, May 4, 2009
ဆိုင်ကလုန်းနာဂစ်တနှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းပွဲအခမ်းအနား in tokyo
Posted by yahutha at 8:41 PM 0 comments
Labels: သတင်း ဓါတ်ပုံ
နာမည်ကျော် ဂျပန်အဆိုတော်များမှ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်
သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။
''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။
''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။
ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
Japanese singers SEIKO ITO & TOMOE SAWA 's new cd sold on 1800 yens/disc at TOWER RECORDS 5-2-2009 for nargis fund
Posted by yahutha at 8:40 PM 0 comments
Labels: ဗီဒီယို
မြန်မာပြည်တွင်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ
(၂၀၀၉ ခုနှစ်၊ဧပြီလ ၂၀ ရက်နေ့)
ကျောင်းသားတပ်မတော်ဥက္ကဌ ရဲဘော်ကိုသံခဲ နှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကိုဘိုကြည် နှင့်
အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။
Posted by Than Kyaw Htay at 10:05 AM 0 comments
Sunday, May 3, 2009
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
၃၀.၄.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行いました。
ဓါတ်ပုံ-ကိုထွဏ်းမြင့် ဗီဒီယို-ကိုဆန်နီ
Posted by yahutha at 7:54 AM 0 comments
Friday, May 1, 2009
MAYDAY JAPAN 2009 ဂျပန် နိုင်ငံ အလုပ်သမားနေ့ ချီင်္တက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဦးတင်ဦး/ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး
အကျင်းသား များလွတ်မြောက်ရေး အတွက် ဂျပန် နိုင်ငံ အလုပ်သမားနေ့ ချီင်္တက်ပွဲ သို့ တက်ရောက် လာကြသော လုပ်သားပြည်သူ များထံမှ လက်မှတ် ကောက်ခံ ခဲ့သည်။
ဗီဒီယို-ကိုဆန်နီ
Posted by yahutha at 9:45 PM 0 comments
Labels: သတင်း
Myammar8888(THINGYAN FESTIVAL,TOKYO/ 12-4-2009)-2
Posted by Than Kyaw Htay at 11:07 AM 0 comments
Labels: သင်္ကြန်သီချင်း