Friday, January 30, 2009
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
Posted by yahutha at 10:18 AM 0 comments
Labels: Slideshow
Wednesday, January 28, 2009
၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု
Posted by yahutha at 9:23 AM 0 comments
Labels: (သုံးသပ်ချက်)
နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသားများရဲ့ နေ့ 
Posted by yahutha at 9:22 AM 0 comments
Labels: ဖိတ်ကြားစာ
Celebrating U Thant's Centennial Anniversary (VOA Burmese)
Posted by yahutha at 9:21 AM 0 comments
Labels: video
ဦးဝင်းတင်ပြောတဲ့ ဦးသန့်
Posted by yahutha at 9:19 AM 0 comments
Labels: ဆောင်းပါး
ပြည်ပရောက် မြန်မာ ညွန့်ပေါင်းအစိုးရ တိုးချဲ့ ဖွဲ့စည်း
Posted by yahutha at 9:17 AM 0 comments
Labels: သတင်း
Saturday, January 24, 2009
ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတဲ့ လောက်ကောင်ကြီးများ.
Posted by yahutha at 9:54 AM 0 comments
Labels: သတင်း
Wednesday, January 21, 2009
ဒေါ်အောင်ဆန်းစုကြည်။ ဦးခွန်ထွန်းဦး။ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ
Posted by yahutha at 9:32 AM 0 comments
Labels: Slideshow
၄၄ ဦးမြောက် အမေရိကန်သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ
အမေရိကန်တွေအနေနဲ့ မိမိနဲ့အတူ နိုင်ငံတာဝန်၊ကမ္ဘာ့တာဝန်ယူရင်း ခေတ်သစ်ထဲကို ၀င်ကြပါစို့
လို့ သမ္မတ ဘရက်ခ် အိုဘားမား (BarackObama) က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်
နိုင်ငံ စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများနဲ့ ကြာမြင့်နေတဲ့ စစ်ပွဲနှစ်ပွဲ ဆင်နွှဲနေရတဲ့အချိန်
အဲဒါတွေကျော်လွှားနိုင်ရေး အမေရိကန်တွေ အတူတကွ လုပ်ဆောင်ကြပါလို့လည်း သမ္မတဖြစ်လာသူ
ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။
ဝါရှင်တန်မြို့တော် အမျိုးသားရင်ပြင်မှာလူတသန်းကျော် တက်ရောက်တဲ့ ပရိသတ်ကြီးကို
အမေရိကန်နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ဘရက်ခ်
အိုဘားမားက အဲဒီလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံ
ရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား သမ္မတ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ လောဘရမ္မက်နဲ့ စုပေါင်းလွဲချော်မှုများကြောင့်
အကျပ်အတည်းဖြစ်ရတယ်၊ အိမ်ဖြူတော်ကိုရော ကွန်ဂရက်စ်လွှတ်တော်ကိုပါ ဒီမို
ကရက်တို့ လွှမ်းမိုးထားတဲ့အချိန် နိုင်ငံရေးအငြင်းပွားမှုတွေ ဘေးဖယ်ထားကာ နိုင်ငံရဲ့
စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်ဖို့၊ အလုပ်အကိုင်သစ်များ ဖန်တီးဖို့ လျှင်မြန်ရဲဝံ့စွာ
လုပ်ဆောင်ကြရလိမ့်မယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါ
တယ်။
နိုင်ငံခြားဝါဒများနဲ့ ပတ်သက်လို့ အီရတ်နိုင်ငံကနေ တာဝန်ရှိစွာထွက်ခွာပြီး အာဖဂန်
နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေရမယ်၊ အမေရိကန်ရဲ့စိတ်ဓာတ်ဟာ ကြံ့ကြံ့ခိုင်မာ
အင်အားကြီးလို့ မဖြိုခွင်းနိုင်ဘူး၊ အဲဒါကြောင့် အကြမ်းဖက်သမားများကို အနိုင်ယူရမယ်
လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။
voaclips
Posted by yahutha at 9:06 AM 0 comments
Labels: video
Tuesday, January 13, 2009
မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများကို ထောက်ခံဆန္ဒပြ၍ အဖမ်းခံရသည့် စင်္ကာပူနိုင်ငံသားနှစ်ဦး (ဗွီဒီယိုသတင်း)
Singaporeans arrested for protest in support of Burmese Activists from choonhiong on Vimeo.
"Two Singapore activists, Seelan Palay and Chong Kai Xiong were arrested by the police for protesting against the denial of work permits to Burmese nationals who had taken part in protests in Singapore against the military regime in Burma."Involves choonhiong.
Posted by yahutha at 9:30 AM 0 comments
Labels: သတင်း
မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ
13 January 2009
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေ
စိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ
ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာ
နိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို
လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို
ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့
အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီး
ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်း
နိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ
ထုတ်ပြန်ခဲ့တာပါ။
ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့
အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကို
မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။
“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစ
လွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့
အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
အခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့
လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရ
တာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်
ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့
စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။
အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း
မြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေ
ဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေ
ကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House
အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်
နိုင်ငံက မလွတ်လပ်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်
တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့
သူမက ဆိုပါတယ်။
“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေး
တွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို
ဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။
အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”
နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြား
သုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာ
ဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ
စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။
လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။
“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်
အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်
ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့
ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”
လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇
သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာ
နိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့
၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်
ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။
http://www.voanews.com/burmese/2009-01-13-voa5.cfm
Posted by yahutha at 9:28 AM 0 comments
Labels: သတင်း
Posted by Than Kyaw Htay at 8:56 AM 0 comments
Monday, January 12, 2009
၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ
၁၉၈၈ခုနှစ်ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမန္တလေး စာပေနှင့်အနုပညာအဖွဲ့ ကထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” အမှတ်စဉ် ၁ မှ ၄အထိ။
၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ တစ်ဝှမ်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာ ပြည်သူပြည်သားများ အားလုံး ညီညာ တက်ကြွစွာနဲ့  တစ်ပါတီအာဏာရှင်စနစ်ကို အတူတစ်ကွ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ကြခဲ့တဲ့အထဲမှာ သမိုင်း အစဉ်အလာ ကြီးမားတဲ့ မန္တလေးမြို့ မှ မန္တလာသူ မန္တလာသားများရဲ့  လှုပ်ရှားဆောင်ရွက်မှုများဟာလည်း အင်မတန်ချီးကျူးဂုဏ်ပြုထိုက်သော ဆောင်ရွက်မှုများ ဖြစ်ပါတယ်။
ကျောင်းသားသမိုင်းလှုပ်ရှားမှု၊ နယ်ချဲ့ ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၊ တစ်ပါတီ အာဏာရှင် စနစ်ပြုတ်ကျရေး လှုပ်ရှားမှုတို့ မှာ ရှေ့ တန်းကနေ ရဲရဲဝန့် ဝန့် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ လူထုဒေါ်အမာတို့ လို အမျိုးသမီးတွေအပါအ၀င် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်လောက်ရတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အမျိုးသားကောင်း အမျိုးသမီးကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာလည်း မန္တလေးမှ ကျောင်းသူကျောင်းသားအပေါင်းဟာ မန္တလေးမှ မြို့ သူမြို့ သားများနဲ့ အတူ တက်တက်ကြွကြွနဲ့  လူတန်းစားပေါင်းစုံ ပါဝင်တဲ့ အထွေထွေ သပိတ်တွေ ဆင်နွဲပြီး၊ တစ်ပါတီ အာဏာရှင်နေ၀င်း ဦးဆောင်တဲ့ မဆလပါတီ ဖြုတ်ချမှုကို ရန်ကုန် အစရှိတဲ့ မြို့ ကြီးနယ်ကြီးများနဲ့ အတူ ဟန်ချက်ညီစွာနဲ့  သမိုင်း တာဝန်ကျေပွန်စွာ လှုပ်ရှား ဆောင်ရွက် ခဲ့ကြတာဟာ သမိုင်းမှတ်တမ်းမှာ မော်ကွန်းတင်ခဲ့ကြပါတယ်။
ယခု ဖေါ်ပြထားတဲ့ - ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော "ရှစ်လေးလုံးသတင်းစာ" များမှာ ကြည့်လျှင် မန္တလေးမြို့ သူမြို့ သားတွေရဲ့  ရှစ်လေးလုံး လှုပ်ရှားမှု ပုံရိပ်များ ထင်ရှားပေါ်လွင်သလို၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့  ညီညာစွာ ပူးပေါင်းလက်တွဲ တော်လှန်မှုကြောင့် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ တစ်ပါတီ အာဏာရှင် ပြုတ်ကျခဲ့စေတဲ့ ပြည်သူ့ အောင်ပွဲ ရရှိခဲ့တာကို တွေ့ ရှိရမှာ ဖြစ်ပါတယ်။
မြန်မာပြည် တစ်ဝှမ်းလုံး မြို့အသီးသီး နယ်အသီးသီးတိုင်းမှာ ကိုယ်မြို့ကိုယ့်ရွာရဲ့  သမိုင်းပေးတာဝန်ကို ကျေကျေ ပွန်ပွန်ဖြစ်အောင် သမိုင်းဂုဏ်ရောင် မညိုးရလေအောင် ပြည်သူ့ အကျိုးကို စွမ်းစွမ်တမာန် ဆောင်ရွက် ခဲ့ကြတာကြောင့် တစ်ပြည်လုံး အုံကြွမှုကို အင်အား အရှိန်အဟုန်ပြင်းစွာနဲ့  ဆင်နွဲနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
"ပြည်တင်းလျှင် မင်း မခံနိုင်" ဆိုတဲ့ စကားနဲ့ အညီ - မြန်မာပြည်သူပြည်သားတွေ နေရာဒေသတိုင်းမှာ မိမိတို့ တာဝန်ကို မိမိတို့  ကျေပွန်စေဖို့ ၊ တစ်ပြည်လုံး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ၊ တစ်မျိုးသားလုံး ကိုယ့်ကျွန်ဘ၀ လက်အောက်မှ ရုန်းထွက်နိုင်ဖို့ ၊ မတရား အုပ်ချူပ်ဖိနှိပ်တဲ့ အာဏာရှင်အစိုးရ ကွယ်ပျောက်စေဖို့  အစရှိတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့ ပြည်သူ ပြည်သားများထဲက မန္တလေးမြို့ သူမြို့ သား အပေါင်းအား ချီးကျူးလေးစား ဂုဏ်ယူမိပါတယ်။
ယခုထိတိုင် မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ပြည်သူကို နေ့ စဉ်နဲ့ အမျှ ဒုက္ခပေးနေဆဲဖြစ်တဲ့ သန်းရွှေဦးဆောင်တဲ့ အာဏာရှင် ဂုတ်သွေးစုတ်တွေကိုလည်း မန္တလေးမြို့ သူမြို့ သားတွေအနေနဲ့  ဆက်လက်ပြီးတော့ တော်လှန်ဆန့် ကျင်ဦးမယ်၊ သမိုင်း အစဉ်အလာ ကြီးမားတဲ့ မန္တလေးမြို့ ရဲ့  ဂုဏ်ရောင်ကိုလည်း ဆက်လက် ထွန်းတောက်စေဦးမယ်၊ တပြည်လုံး အတိုင်းအတာ အနေနဲ့  မန္တလေးမြို့  အပါအ၀င် အခြားသော မြို့ အသီးသီး နယ်အသီးသီးမှလည်း လူထုအုံကြွမှုကြီး ပေါ်ပေါက်စေဦးမယ်ဆိုတာ မလွဲမသွေ ယုံကြည်ပါတယ်။
မန္တလာသူ မန္တလာသားအပေါင်းတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများအား အထူး လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းက မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော "ရှစ်လေးလုံးသတင်းစာ" များ
pdfဖိုင်ဖြင့်ဖတ်ရန်ကလစ်နိပ်ပါအမှတ်စဉ်(၁) pdf *
pdfဖိုင်ဖြင့်ဖတ်ရန်ကလစ်နိပ်ပါအမှတ်စဉ်(၂)

pdfဖိုင်ဖြင့်ဖတ်ရန်ကလစ်နိပ်ပါအမှတ်စဉ်(၃)

3
pdfဖိုင်ဖြင့်ဖတ်ရန်ကလစ်နိပ်ပါအမှတ်စဉ်(၄)

ကိုဒီရေထံမှကူးယူဖော်ပြပါသည်။
Rest of your post
Posted by yahutha at 5:20 AM 0 comments
Labels: ဖတ်ရန်
ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ
NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေးယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအားပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ဖော်ပြထားသည်။
၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက်နေ့ထုတ် ရန်ကုန် ဒီပီအေသတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်ပေးပို့ခဲ့သည့် ကန့်ကွက်စာ အင်္ဂလိပ်ဘာသာပြန်ကိုပါ အဆိုပါ ဘလော့ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ အင်္ဂလိပ်ဘာသာပြန် ဦးဝင်းတင်၏စာကို ဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အန်အယ်လ်ဒီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က အတည်ပြု ပြောကြားသည်။ ထို့ပြင် အဆိုပါစာဖြင့် ဒီပီအေ သတင်းဌာနကို ၎င်း၏ ရန်ကုန်သတင်းထောက်အား အရေးယူရန် အတိုက်အခံများက ဆောင်ရွက်ပေးစေ လိုကြောင်း ဦးဝင်းတင်၏ မိတ်ဆွေများကလည်း ပြောသည်။
ဂျာမနီအခြေစိုက် ဒီပီအေသတင်းဌာနကို အသုံးချပြီး အန်အယ်လ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား ဒီပီအေမှ ဖြုတ်ပြီး နအဖနှင့် မပတ်သက်သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် ဒီပီအေသတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိအားပေးရန်လည်း အဆိုပါ ဘလော့ဆိုက် (http://www.drlunswe.blogspot.com/) တွင် တိုက်တွန်းထားသည်။
ဒီပီအေသတင်းဌာနသို့ ကန့်ကွက်စာ ပေးလိုလျှင် အလွယ်တကူဖြစ်စေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာနမူနာပါ ထည့်သွင်းဖော်ပြထားပြီး အဆိုပါ စာများကို Managing Editor: mccormack.eva-maria@dpa.com နှင့် ဘန်ကောက် ဒီပီအေအယ်ဒီတာ bangkok@dpa.com တို့ထံ ပေးပို့ရန်လည်း ဖော်ပြထားသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။
နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။
ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကလည်း ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင်၊ အန်အယ်လ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။
ဒီပီအေ သတင်းဌာနသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီး တခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကတွင် လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရသည်။
http://www.khitpyaing.org/news/January_09/12-1-09a.php
Posted by yahutha at 5:18 AM 0 comments
Labels: သတင်း
Sunday, January 11, 2009
၂၀၀၈ ခုနှစ်၏ အရေးပါသူများ
Posted by yahutha at 8:49 AM 0 comments
Labels: အထူးကဏ္ဍ
Saturday, January 10, 2009
ဦးခွန်ထွန်းဦးနှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရန် တောင်းဆိုဆန္ဒပြပွဲနှင့် ဆုတောင်းပွဲအခမ်းအနား
၉.၁.၂၀၀၉
ဦးခွန်ထွန်းဦးနှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရန် တောင်းဆိုဆန္ဒပြပွဲနှင့် ဆုတောင်းပွဲအခမ်းအနားကို ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ( SND Japan ) နှင့် သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (SSND Japan ) တို့မှ Shibuya ရှိ ကုလသမဂ္ဂ ( UN )ရုံးရှေ့ တွင်ပုးပေါင်းကြီးမှုးကျင်းပခဲ့ရာ ဒီမိုကရေစီ အဖွဲ့အစည်းအသီးသီးမှ လူပေါင်း၈၀ကျော် လာရောက်ပူးပေါင်း ပါဝင်ကြပြီး ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက်ဆုတောင်းကြပါသည်။ အခမ်းအနားကိုညနေ ၄ နာရီမှာပြီးဆုံးခဲ့ပါသည်။
သတင်း။ လူငယ်ဌာန(nld)
Posted by yahutha at 9:18 PM 0 comments
Labels: သတင်း
Sunday, January 4, 2009
Saturday, January 3, 2009
Independence Day Statement by Free Burma Federation
Posted by yahutha at 6:20 AM 0 comments
Labels: ကြေညာချက်
Thursday, January 1, 2009
၂၀၀၉ ထဲ ဆန္ဒပြမှုထပ်လုပ်မယ်လို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး အင်အားစုများက ပြောဆို
31 December 2008
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် လုပ်ဖို့ အစိုးရကို ဖိအားပေးရေး ဆန္ဒပြမှုတွေကို အခု နှစ်သစ်ကူးပြီး နောက်ပိုင်း ဆက်လုပ်သွားမယ်လို့ ရာထူးကနေဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်န၀ပ်ကို လိုလားသူတွေက ပြောလိုက်ပါတယ်။
တက်ဆင်လိုလားတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်ကို နှစ်ရက်ကြာ ပိတ်ဆို့ အပြီး အင်္ဂါနေ့တုန်းကတော့ လူစုခွဲ ခံခဲ့ရပါတယ်။ ဒီဆန္ဒပြသူတွေကြောင့်ပဲ ထိုင်းဝန်ကြီးချုပ်သစ် အဘီဆစ် ၀တ်ချာချီဝဟာ ပါလီမန်မှာ သူ့ရဲ့ မူဝါဒ ဆိုင်ရာ မိန့်ခွန်း မပေးနိုင်ပဲ နိုင်ငံခြားရေး ၀န်ကြီးရုံးကို ပြောင်းရွှေ့ပြီး အစိုးရမူဝါဒ ရှင်းပွဲလုပ်ရပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီမဟာမိတ်အဖွဲ့လို့ ပြောတဲ့ ဒီ ဆန္ဒပြသူတွေဟာ မစ္စတာ အဘီဆစ်ကို ပါလီမန် ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ဆုံချိုင်း အစိုးရအဖွဲ့ကို ဖျက်သိမ်းဖို့ တရားရုံး ဆုံးဖြတ်ချက်ချခဲ့တာ အပေါ် ဒေါသ ထွက်နေကြပါတယ်။
ထိုင်းမှာပြီးခဲ့တဲ့ လတွေအတွင်း တက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေက လအတန်ကြာ ဆန္ဒပြ အစိုးရ အဆောက်အဦးတွေကို သိမ်းပိုက်ခဲ့တာကြောင့် အစိုးရအဖွဲ့ဟာ ပျက်သလိုဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လ အတွင်းကတော့ ဆန္ဒပြသူတွေဟာ နိုင်ငံတကာ လေဆိပ်တွေကို ၀င်ရောက်စီးနင်းခဲ့တာကြောင့် တင်းမာမှု အဆိုးဆုံးဖြစ်ခဲ့ပြီး၊ ဒီနောက် တရားရုံးဆုံးဖြတ်ချက်ကြောင့် ၀န်ကြီးချုပ်ဆုံချိုင်းနဲ့ အစိုးရအဖွဲ့ ဖျက်သိမ်း လိုက်ရပါတယ်။
http://www.voanews.com/burmese/2008-12-31-voa1.cfm
Posted by yahutha at 12:56 AM 0 comments
Labels: သတင်း