
မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်
မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်၏။ ယင်းသို့နေထိုင်ခဲ့ကြရာ၌ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်စသည့် ခေတ်အသီးသီးကို ဖြတ်ကျော်ခဲ့ကြသည်။
လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း
ကုန်းဘောင်ခေတ်ဦးကာလ ၁၈၂၄ ခုနှစ်တွင် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းပိုင်ဆိုင်မှုပြဿနာကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် စစ်ပွဲကို ရန္တပိုစာချုပ်ဖြင့် အဆုံးသတ်ခဲ့ရာ စာချုပ်အရ ရခိုင်နှင့်တနင်္သာရီနယ်များကို စတင်လက်လွှတ်ခဲ့ရ၏။
တစ်ဖန် ၁၈၅၂ ခုနှစ်တွင် ချန်ပီယံနှင့်မိုးနတ်သင်္ဘောကပ္ပတိန်နှစ်ဦးအား ရန်ကုန်မြို့ဝန်က ဒဏ်ရိုက်ရာမှ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြန်၏။ မင်းတုန်းမင်း နန်းတက်စတွင် စစ်ပွဲအဆုံးသတ်ခဲ့သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုလုံးကို ဗြိတိသျတို့က အဓမ္မသိမ်းယူခဲ့ကြ၏။
သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် တတိယကျူးကျော်စစ်ပွဲကို ဆင်နွှဲခဲ့ကြပြန်ကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ကြသည်။ ၁ ဇန်န၀ါရီ ၁၈၈၆ တွင် မြန်မာနိုင်ငံအား ဗြိတိသျအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းလိုက်ရာ ထိုစဉ်ကာလမှစ၍ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
သူ့ကျွန်မခံလိုသူများ
မြန်မာနိုင်ငံနယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်စတွင် နယ်ပယ်အသီးသီးမှ သူ့ကျွန်မခံလိုသူ မျိုးချစ်အင်အားစုများက ရရာလက်နက်စွဲကိုင်လျက် အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျတို့သည် နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများအား အိန္ဒိယမှစစ်တပ်များကိုပင် ခေါ်ယူကာ ၁၀ နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။
မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး
၁၈၂၆ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးစက ရခိုင်ဒေသကို အနောက်ဘင်္ဂလားပြည်နယ် ကော်မရှင်နာမင်းကြီး၏ လက်အောက်၌လည်းကောင်း ၊ တနင်္သာရီဒေသကို ၀န်ရှင်တော်မင်းကြီးတစ်ဦး၏ လက်အောက်၌လည်းကောင်း၊ ထားရှိခဲ့သည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံအောက်ပိုင်းကို ခရိုင်ဝန်ရှင်တော်မင်းကြီးတစ်ဦးအား ခန့်အပ် အုပ်ချုပ်စေခဲ့သည်။ ယင်းနောက် ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံး ဗြိတိသျအောက်သို့ ကျရောက်သွားသောအခါ မဟာဝန်ရှင်တော်မင်းကြီးတစ်ဦးကို သီးခြားခန့်အပ် အုပ်ချုပ်စေခဲ့၏။
မဟာဝန်ရှင်တော်မင်းကြီးလက်အောက်တွင် ခရိုင်ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့အုပ်၊ ရွာသူကြီးစသည်ဖြင့် ရာထူးအဆင့်ဆင့် ခန့်အပ်ထားရှိပါသည်။ ယင်းမဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးမှာ ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။
ဒုတိယဘုရင်ခံအုပ်ချုပ်ရေး
၁၈၉၇ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်သည့်စနစ်မှ အိန္ဒိယအင်ပါယာ၏ ပြည်နယ်ကြီးတစ်ခုအဖြစ်သတ်မှတ်ကာ ဒုတိယဘုရင်ခံတစ်ဦး ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ဒုတိယဘုရင်ခံအား အကြံပေးရန် အဖွဲ့ဝင် ၉ ဦးပါ ဥပဒေပြုကောင်စီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ယင်းအဖွဲ့မှာ မည်သည့်အခွင့်အာဏာမျှ မရရှိခဲ့ပေ။ ၁၉၁၅ ခုနှစ်တွင် အိန္ဒိယကောင်စီအက်ဥပဒေအရ မင်းတိုင်ပင်အမတ်များကို ၂၈ ဦးအထိ တိုးမြှင့်လိုက်၏။
ဝိုင်အမ်ဘီအေမှဂျီစီဘီအေသို့
၁၉၀၆ ခုနှစ်တွင် ခေတ်ပညာတတ်လူငယ်အချို့၏ ဦးဆောင်မှုဖြင့် ခရစ်ယာန်လူငယ်အသင်းကို အတုယူလျက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို တည်ထောင်ခဲ့ကြသည်။ ယင်းအသင်းမှာ တစ်စတစ်စ တွင်ကျယ်ပြန့်လာကာ မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘာသာရေးအသင်းများပါ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ၀ိုင်အမ်ဘီအေနှင့် အလားတူအသင်းများ စုစည်းထားသောအဖွဲ့ကြီးမှာ နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေးအတွက် ရည်မှန်းလျက် ဂျီစီဘီအေခေါ် မြန်မာလူမျိုးအသင်းများ၏ မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနှစ်၌ပင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သော ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ဒိုင်အာခီမှသည် ၉၁ ဌာနအုပ်ချုပ်ရေးဆီသို့
၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီခေါ် ဒွိသန္တကအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ယင်းအုပ်ချုပ်ရေးကာလမှာ ၁၉၃၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။ ထိုအတောအတွင်း မြန်မာနိုင်ငံကိုအုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးရေးအတွက် ဆာဂျွန်ဆိုင်မွန်စုံစမ်းရေးကော်မရှင်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဒိုင်အာခီအုပ်ချုပ်ရေးကာလအတွင်း မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ်ထက်သန်လာခဲ့ကြရာ ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့သည့် နည်းတူတောင်သူလယ်သမား အရေးတော်ပုံကြီးလည်း ပေါ်ပေါက်လာခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း မြန်မာတို့၏ နိုးကြားတက်ကြွမှုများကို လမ်းလွှဲသည့်အနေဖြင့် အိန္ဒိယ-မြန်မာ၊ တရုတ်-မြန်မာ အဓိကရုဏ်းများကို ဖန်တီးခဲ့ကြသည်။ ယင်းသို့သောအခြေအနေ၌ပင် ၁၉၃၆ ခုနှစ်တွင် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့၏။
ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး
ဆိုင်မွန်ကော်မရှင်က ဒိုင်အာခီထက် တစ်ဆင့်သာသောအုပ်ချုပ်ရေးစနစ်မျိုး တီထွင်ပေးအပ်သင့်ကြောင်း အစီရင်ခံချက်အရ ဥပဒေပြုကောင်စီအစည်းအဝေးတွင် အိန္ဒိယမှခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ခွဲရေးတွဲရေးနှင့်ပတ်သက်သော ပြဿနာတစ်ရပ် ပေါ်ပေါက်လာတော့သည်။
ဤသို့ဖြင့် ၁ ဧပြီ ၁၉၃၇ တွင် မြန်မာနိုင်ငံကို သီးခြားခွဲထုတ်ကာ ၉၁ ဌာနအုပ်ချုပ်ရေးကို ချမှတ်ကျင့်သုံးခဲ့သည်။ တစ်နှစ်နီးပါးအကြာ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်မှသည် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအဖြစ်သို့တိုင် ပမာဏကြီးမားစွာ ပေါ်ပေါက်လာခဲ့ရ၏။ ယင်းအရေးတော်ပုံကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော တတိယကျောင်းသားသပိတ်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။
ရဲဘော်သုံးကျိပ်
နိုင်ငံရေးစိတ်ဓာတ်နိုးကြားတက်ကြွလာကြသည့် မြန်မာလူငယ်များသည် ၁၉၃၉ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို လျို့ဝှက်စွာဖွဲ့စည်းကာ မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်းဦးစီးသော မြန်မာလူငယ် ၃၀ တို့ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့၌ လျို့ ၀ှက်စွာ စစ်ပညာသင်ယူခဲ့ကြ၏။
ဂျပန်ခေတ်ကာလ
ရဲဘော်သုံးကျိပ်ဦးဆောင်သော ဘီအိုင်အေတပ်များသည် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာကာ ၁၉၄၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ကို ဗြိတိသျတို့လက်မှ ပြန်လည်သိမ်းပိုက်ခဲ့၏။ ဂျပန်ခေတ်ကာလအတွင်း ၁ သြဂုတ် ၁၉၄၃ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း အစစ်အမှန်လွတ်လပ်ရေး မဟုတ်ပေ။ သို့ဖြင့် ၂၇ မတ် ၁၉၄၅ တွင် မြန်မာ့တပ်မတော်နှင့် မျိုးချစ်အင်အားစုတို့က ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ခဲ့ကြ၏။
လုံးဝလွတ်လပ်ရေးသို့
ဂျပန်များ မြန်မာမြေပေါ်မှ ဆုတ်ခွာသွားပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ရောက်ရှိလာကာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြပြန်သည်။ ထို့နောက် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံဆာဒေါ်မန်စမစ် ရောက်ရှိလာကာ စက္ကူဖြူစာတမ်းအရ မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့၏။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဖဆပလကကြီးမှူး၍ စက္ကူဖြူစာတမ်းကို ကန့်ကွက်ခဲ့ရာ ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာပြီးနောက် ဖဆပလမှ ဦးဆောင်၍ လွတ်လပ်ရေးတောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၇ ဇန်န၀ါရီ ၁၉၄၇ တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ဗြိတိသျတို့ထံမှ အာဏာလွှဲပြောင်းရယူနိုင်ရေးအတွက် ပြင်ဆင်ကြသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ဆဲကာလ၌ပင် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ သို့သော် တိုင်းရင်းသားလုပ်သားပြည်သူများ၏ သွေးစည်းညီညွတ်စွာကြိုးပမ်းမှုများကြောင့် ၄ ဇန်န၀ါရီ ၁၉၄၈ တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
သွေးနှင့်ချွေးနှင့်ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ထိမ်းသိမ်းစောင့်ရှောက်ကြရန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ပါသည်။
ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်(မြဟန်)
၂။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း(ဖိုးအောင်လေး)
၃။ မြန်မာ့နိုင်ငံရေးသမိုင်း(ဦးလေးမောင်)
http://www.first-11.com/ မှကူးယူဖော်ပြသည်။
Posted by minyannaing
Monday, January 4, 2010
သွေးနှင့်ချွေးနှင့် ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေး
Posted by Than Kyaw Htay at 8:28 AM 0 comments
Labels: ဆောင်ပါး
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ
မြန်မာသက္ကရာဇ် (၁၃၀၉) ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ ၊ တနင်္ဂနွေ နေ့ ကောင်းမြတ်သော မင်္ဂလာအချိန်အခါ၌ ဤ ငါတို့ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီနှင့် တရားမျှတပြီး လုံးဝလွတ်လပ်သော ပြည်သူ့အချုပ်အခြာအာဏာပိုင်ပြည်ထောင်စုသမတ နိုင်ငံတော် ကြီး အဖြစ်သို့  ရောက်စေသတည်း။ (အာဏာရှင်စနစ်ဆိုးလက်အောက်မှ လွတ်မြောက်ပါစေ)
Posted by minyannaing
Posted by Than Kyaw Htay at 8:10 AM 0 comments
Labels: video
ယနေ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သော အခမ်းအနားဓာတ်ပုံမှတ်တမ်း...(၁)
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 7:58 AM 0 comments
Labels: ဓာတ်ပုံ
Sunday, January 3, 2010
မင်္ဂလာပါရှင် နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့... လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်။
၂၀၁၀ခုနှစ်အတွက်တော့ LAN PYA KYE အမည်နဲ့ ပြက္ခဒိန်လေးတစ်စောင်ထုတ်ဖြစ်ပါတယ်။မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့နေ့တွေဆိုတာ ရှိပါတယ်။ အခုမြန်မာပြည်မှာ လက်ရှိနိုင်ငံတော်အာဏာကို နှစ်ရှည်လများ မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေဟာ မြန်မာ့သမိုင်းဝင်နေ့ရက်အချို့ ကို ပျောက်ပျက်သွားအောင် မှေးမှိန်သွားအောင် ကြိုးစားနေကြပါတယ်။ (ဥပမာ..အာဇာနည်နေ့ လိုမျိုးပေါ့)။ အခုခေတ် မြန်မာပြည်က ကလေးတွေဆိုရင်''အာဇာနည်'' ဆိုတာကို အဆိုတော်တစ်ဦးရဲ့ နာမည်ကလွဲလို့ မသိတော့တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။အလွန်ကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်ပါ။ ဒီလိုပဲ စစ်အာဏာရှင်တွေဟာ အသစ်ဖြစ်ပေါ်လာတဲ့ မြန်မာ့သမိုင်းမှာ ဘယ်လိုမှဖျောက်ဖျက်လို့မရတဲ့ သွေးစွန်းနေ့ရက်တွေကိုလည်း အသိအမှတ်ပြုဖို့ နေနေသာသာ အနက်ရောင်အာဏာနဲ့ လွှမ်းခြုံပြီး သမိုင်းမတွင်အောင်၊ လူတွေမေ့သွားအောင် အတင်းကို ဖျောက်ဖျက်နေပါတယ်။ ဖွံဖြိုးတိုးတက်တဲ့ ပြည်ပနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေရဲ့  လစဉ်လတိုင်းလိုလို လှုံ့ဆော်မှုကြောင့် မြန်မာ့သမိုင်းဝင်နေ့ဟောင်း၊နေ့သစ်တွေကိုမမေ့ကြဘူးဆိုပေမယ့် ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မတရားနှိပ်စက်ဖမ်းဆီးမှုတွေအောက်မှာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာပြည်တွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နယ်စပ်မှာအလွန်တရာမှ ဆင်းရဲနွမ်းပါးချို့တဲ့စွာဒုက္ခသည်အဖြစ်ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအဖို့တော့ ဒီလိုနေ့မျိုးတွေကိုသတိထားမိချင်မှ ထားမိဖြစ်ကြပါလိမ့်မယ်။မိမိတို့ရဲ့မျိုးဆက်သစ်ကလေးသူငယ်များကိုလည်း နားလည်အောင်ပြောပြဖို့အခြေအနေလည်း ရှိချင်မှရှိပါလိမ့်မယ်။အဲသည်လို လိုအပ်ချက်လေးတစ်ခုလိုဖြစ်နေတာလေးကို ကျမတို့အနေနဲ့ ဖြည့်စည်းပေးချင်တဲ့ဆန္ဒဖြစ်မိလို့ပါပဲ။ဒါနဲ့ပဲ နီးစပ်ရာဆွေမျိုးမိတ်ဆွေများကို အကူအညီတောင်းပြီး ကလေးသူငယ်များပါ စိတ်ဝင်စားပြီး နားလည်မှတ်သားလွယ်မယ့် ပြက္ခဒိန်အနေအထားမျိုးဖြစ်အောင်တတ်နိုင်သမျှ ကြိုးစားထားပါတယ်။လိုအပ်ချက်တွေကတော့ ရှိနေမှာပါ။သေချာပါတယ်။လိုအပ်ချက်တွေအတွက်လည်း အားလုံးကိုတောင်းပန်ရင်း အပြုသဘောဆောင်တဲ့ဝေဖန်အကြံပေးမှုများကိုလည်းတောင်းခံပါတယ်။ဒီပြက္ခဒိန်ကို မြန်မာပြည်တွင်းနဲ့ နယ်စပ်များအထိပို့မှာဖြစ်ပါတယ်။မေတ္တာနဲ့ကူညီပို့ပေးချင်တဲ့မိတ်ဆွေများကိုလည်း ကြိုဆိုပါတယ်။ဒီပြက္ခဒိန်ဖြစ်မြောက်ရေးအတွက်ကူညီပေးတဲ့ ဂျပန်လူမျိုးမိတ်ဆွေများ၊မြန်မာနိုင်ငံသားမိတ်ဆွေများ၊မမြင်ဖူး မတွေ့ဖူးပေမယ့် အားလုံးအတွက်သဘောထားကြီးစွာနဲ့သတင်း၊ဓါတ်ပုံများကိုအင်တာနက်စာမျက်နှာများပေါ်မှာလွတ်လပ်စွာ ကူးယူအသုံးပြုခွင့်ပေးထားတဲ့ မြန်မာနိုင်ငံသား ညီအကိုမောင်နှမအားလုံးကို လေးလေးနက်နက်ကြီးကို ကျေးဇူးတင်ပါတယ်။နှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။ နန္ဒာ
Posted by Aye Nandar Aung
Posted by Than Kyaw Htay at 10:05 AM 0 comments
Saturday, January 2, 2010
မြန်မာ့ လွတ်လပ်ရေးနှင့် လွတ်လပ်ရေး အရယူပေးခဲ့ကြသူများအား အလေးပြု ဂုဏ်ပြုအပ်ပါသည်။
ဂုဏ်ပြုကဗျာ
ဟိုရှေးယခင် အရှင်များနဲ. ၊
ကိုယ့်ထီးကိုယ့်နန်း ရွှင်လန်းပျော်။
ကျူးကျော်ရန်ရှာ မိစ္စာများကြောင့်၊
တိုင်းတစ်ပါးအောက် ရောက်ခဲ.သနော်။
အမေကျော်ကာ ဒွေးတော် မလွမ်းနဲ.၊
တို.ပြည်တစ်ဝှမ်း သာလို.မော်။
ပထွေးကိုနော် အဖေမမှတ်နဲ.၊
အသဲမှာ ဆက်ဆက်မှတ်ထားနော်။
တို.ဘိုးဘွားတွေ တိုက်ခဲ့ပေးလို.၊
လွတ်လပ်ရေးဟာ ရခဲ.သနော်။
တိုင်းကျော်ပြည်ကျော် ဆင်ယဉ်နွှဲလို.၊
ပျော်ပွဲရွှင်ပွဲ ခြိမ့်သဲပျော်။
မှန်းမျှော်ရည်ကာ လွတ်လပ်ရေးနေ.၊
ကမ္ဘာတည်သရွေ. မေ့မရသနော်။
မေ့မရသနော် မေ့မရသနော်။
(ဒီအပေါ်က ကဗျာလေးကတော့ လွတ်လပ်ရေးရပြီး တိုင်းရင်းသားတွေ ပျော်နေကြတဲ့
ကဗျာလေးပါနော်)။
ဆောင်းနှင်းမြူတို. မှုန်ကာမှိုင်း၊
နယ်ရပ် ရှစ်ခွင်တိုင်း။
ရပ်တိုင်းရွာတိုင်း နွှဲပျော်၇ွှင် ၊
အိုးစည်ဒိုးပတ် လွင်။
လွတ်လပ်သဘင် ဆင်ယဉ်နွှဲ၊
အောင်လံ လေမှာဝဲ။
လက်တွဲညီကြ သားချင်းတွေ၊
လွတ်လပ်ရေး အမွေ။
ဇန်န၀ါရီ (၄) ၇က်နေ.၊
တစ်သက် တို.မမေ့၊
အလေးပြုပါပေ.။
(ဒီကဗျာလေး နှစ်ပုဒ်နဲ. လွတ်လပ်ရေးကို ရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ၊ ကျ ဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏ ….. )။
ဤ ကဗျာ လေးအား ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်။
Read More ...
Thank ...
checkFull("post-" + "1643064452500726290");
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 9:06 PM 0 comments
Labels: ကဗျာ
(aljazeera) Scepticism over Myanmar polls
One of the political events anticipated in 2010 is the elections promised by Myanmar's military government.
The polls scheduled to take place later this year would be the first in decades.
But while the military rulers say people will be allowed to have their say, many remain sceptical that the polls will pave the way to democracy and change.
Steve Chao reports.
Posted by ဒီမိုဝေယံ
Posted by Than Kyaw Htay at 8:05 AM 0 comments
Labels: video
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ .....
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ .....
ပေးပို့ ပေးသော ဒီမိုဝေယံအား ကျေးဇူးတင်ပါသည်.။
Posted by မြတ်လေးငုံ
Posted by Than Kyaw Htay at 7:52 AM 0 comments
Labels: စာစောင်
poster1.jpg)